29 May 2010

ရီးရဲလ်မက်ဒရစ်သို့ သွားတော့မည်ဖြစ်သဖြင့် မျက်ရည်များနှင့် မာတာရာဇီအား ကြေကွဲဖွယ်နှုတ်ဆက်ခဲ့သည့် စပါယ်ရှယ်ဝမ်း မော်ရင်ဟို



အင်တာမီလန်အသင်း ချန်ပီယံလိဂ်ဖလားကြီးအား အနိုင်ရရှိခဲ့ပြီးနောက် မော်ရင်ဟို၏ စိတ်ခံစားမှုကိုပြသသည့် အံ့အားသင့်ဖွယ် ဗီဒီယိုဖိုင်တစ်ခုအား အီတလီသတင်းစာ ၀က်ဘ်ဆိုက် တွင်ဖေါ်ပြခဲ့ခြင်းဖြင့် အဆိုပါ သတင်းသည် ညတွင်းခြင်းပင် ဘောလုံးလောက၌ အုတ်အော်သောင်းတင်းဖြစ်စေခဲ့သည်။


အဆိုပါ ဗီဒီယိုတွင် ပြီးခဲ့သည့်တစ်ပါတ် မက်ဒရစ်ဖိုင်နယ်တွင် အင်တာမီလန်အသင်းသည် ဘိုင်ယန်မြူးနစ်အသင်းအား အနိုင်ရရှိခဲ့ပြီးနောက် တည်းခိုရာ ဟိုတယ်သို့ပြန်ရန် မော်ရင်ဟိုသည် သူ၏ဒရိုက်ဘာမောင်းသော ကားအတွင်းသို့ဝင်ရောက်ခဲ့သည့် ပုံရိပ်မှ စတင်ခဲ့သည်။ သို့သော် ကားထွက်ပြီး ခဏမှာပင် အဆိုပါကားသည် ရပ်တန့်သွားခဲ့ပြီး ထိုကားအတွင်းမှ စပယ်ရှယ်ဝမ်းသည် ပြန်ထွက်လာခဲ့ပြီး နံရံတစ်ခုကို ကျောပေးပြီး ရပ်နေသည့် အင်တာမီလန်အသင်း နောက်ခံလူ မာတာရာဇီရှိရာသို့ လမ်းလျှောက်ပြီး ပြန်လာခဲ့သည်။

မော်ရင်ဟိုသည် မာတာရာဇီအား ပွေ့ဖတ်ပြီး စက္ကန့်အတော်ကြာအောင် ၎င်းတို့နှစ်ဦးစလုံး ရှိုက်ငိုနေခဲ့သည်။ ၎င်းတို့ လမ်းမခွဲခင်အချိန်အထိ မာတာရာဇီသည် ၀မ်းနည်းကြေကွဲစွာဖြင့် သူ့၏ဆရာ၏ ကျောအား လက်ဖြင့်ရိုက်ပုတ်ငိုကြွေးခဲ့သည်။

မော်ရင်ဟိုသည် သူ၏ကားရှိရာသို့ လှည့်ထွက်သည့် အချိန်တိုင်အောင် ၎င်း၏သွင်ပြင်သည် အလွန်အမင်းဝမ်းနည်းနေသည့် သွင်ပြင်ဖြစ်နေခဲ့ပြီး မျက်ရည်များနှင့် ပြည့်နေသည့် သူ၏ မျက်နှာအား ဖုံးကွယ်ရန် ကြိုးစားခြင်းမပြုခဲ့ပေ။ ထို့နောက် သူ၏ကားရှိရာသို့ပြန်သွားခဲ့ပြီး ဒရိုင်ဘာခေါ်ဆောင်ရာသို့ လိုက်ပါသွားခဲ့သည်။

အဆိုပါ ချယ်လ်ဆီးနည်းပြဟောင်းသည် လာမည့်ရက်အနည်းငယ်တွင် ရီးရဲလ်နည်းပြသစ်အဖြစ်တရားဝင်မြင်တွေ့ရတော့မည်ဟု ခန့်မှန်းခြင်းခံနေရသော်လည်း သူ့အနေဖြင့် အင်တာအသင်းအား စွန့်ခွါခြင်းသည် ငွေကြေး(သို့မဟုတ်)အသင်းနှင့် အောင်မြင်မှု မရရှိခြင်းကြောင့် မဟုတ်ပဲ သူ့အနေဖြင့် အီတလီတွင် မည်သည့်လေးစာမှုမှ မရရှိခဲ့ခြင်းကြောင့်သာဖြစ်ကြောင်းကို အခုဗီဒီယိုဖိုင်က ရှင်းရှင်းလင်းလင်း သက်သေပြလျှက်ရှိသည်။

မော်ရင်ဟိုအင်တာမီလန်အသင်းသို့ စတင်ရောက်ရှိခဲ့သည့်နှစ်တွင် အသင်းသည် အီတလီအမှတ်ပေးဖလားနှင့် အီတလီစူပါဖလားတို့အား ဆွတ်ခူးရရှိခဲ့ပြီး ယခုနှစ်တွင်လည်း စံချိန်တင် ဖလား(၃)လုံးဆွတ်ခူးရရှိသည်အထိအောင်မြင်ခဲ့သည်။ သို့သော်မော်ရင်ဟိုသည် အီတလီ မီဒီယာ၊ အီတလီဘောလုံးအဖွဲ့ချုပ် အရာရှိကြီးများနှင့် ခါးသီးသည့် ဆက်ဆံရေးရှိနေခဲ့သည်။

မော်ရင်ဟိုသည် ပွဲကြီးကြပ်ခွင့် ပိတ်ပင်ခြင်း ခံရသည့် ပြစ်ဒါဏ်အပါအ၀င် ငွေကြေးပြစ်ဒါဏ်များ မကြာခဏ ချမှတ်ခြင်းခံခဲ့ရခြင်းသည် အင်တာမီလန်အသင်းနှင့် အီတလီဘောလုံးလောကအား စွန့်ခွါခြင်း၏ အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားခဲ့သည်။

Credit : http://mutdfan.com/

Bookmark and Share

Leave a comment for this post!

Original Template by Dicas Blogger. Developed by Tavoyan.
Back to top