
လေးကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ကို ဘန်းဒုန်ယမ်းမြန်မာဒုက္ခသည်စခန်း၌ ယနေ့နံနက်တွင်ကျင်းပခဲ့သည်။
ယင်းအခမ်းအနားသို့ ထားဝယ်အမျိုးသားနှစ်ရာကျော်တက်ရောက်ခဲ့ပြီး စခန်းတွင်နေထိုင်ကြသည့် မွန်၊ ဗမာ၊ ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
အခမ်းအနားဖြစ်မြောက်ရေးစီစဉ်သူ ကိုဘထူးလေးက “ဒီနှစ်မှာတော့ အရင်နှစ်ထက်ပိုထူးခြားလာတာက ပြည်ပနိုင်ငံတွေမှာလည်း ကျင်းပမယ့်သတင်း ကျနော်တို့ကြားသိခဲ့ရပါတယ်” ဟု ဆိုပါသည်။
သူ့အပြောအရ ဗမာ့တပ်မတော်တွင်ထင်ရှားသူ ထားဝယ်အမျိုးသားဗိုလ်မှူးကြီးဗထူး ကွယ်လွန်သည့်နေ့ရက်ကို ထားဝယ်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့သည်။
ဗိုလ်မှူးကြီးဗထူးသည် ဖက်ဆစ်ဂျပန်ခေတ်တွင် ငှက်ဖျားရောဂါဖြင့် မြန်မာပြည်အထက်ပိုင်း ဒေသတစ်နေရာ၌ ၁၉၄၅ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။
ယခုထားဝယ်အမျိုးသားနေ့တွင် ဗိုလ်မှူးကြီးဗထူး ရုပ်ပုံပါတီရှပ်အင်္ကျီများ ဖြတ်ဝေခဲ့သည်လည်း တွေ့ရှိရသည်။
မြန်မာစစ်အစိုးရမှ ထားဝယ်ဒေသများအတွင်း ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှုကြောင့် ဒေသခံများ ဘန်းဒုန်းယမ်းဒုက္ခသည်စခန်းသို့ ထွက်ပြေးလာကြခြင်းဖြစ်သည်ဟု စခန်းနေထားဝယ်အမျိုးသားများက ပြောဆိုနေကြသည်။
ဘန်းဒုန်ယမ်းဒုက္ခသည်စခန်းတွင် ဒုက္ခသည်ဦးရေ လေးထောင်ကျော်ရှိရာ တတိယနိုင်ငံသို့ထွက်ခွာရန် စောင့်ဆိုင်းနေသူများဟု သိရသည်။
မူရင်းသတင်း - http://freeburma-freeburma.blogspot.com/2010/06/blog-post_4882.html
ဆက်စပ်သတင်း - http://monnews.org/bu/?p=137
03 June 2010
ထားဝယ်အမျိုးသားနေ့ ဘန်းဒုန်ယမ်းတွင် ကျင်းပ
Posted by ထားဝယ်သား at 12:41 PM
Labels: ဗိုလ်မှူးဗထူး, မှတ်တမ်းမှတ်ရာ, သတင်း
Related Posts:
Subscribe to:
Post Comments (Atom)

ဟဲးလဲးမုဘဲန ဒ၀ယ်အမျိုးသာနေ့ကို လေးခီမြွတ်ကိုကျင်းပနိုင်ဘီ အခုဆို ကိုထွန်လွင်ဘဲ့ဦဆွန်နေဘက်န ဟူးအရင်ဒူးကဆိုဦးသန်းညွန့်ဆရညဂီးဘဲ့န
Post a Comment