Friday, May 28, 2010

လူငယ်၊ ဘလော့ခ်နှင့် လူထုဂျာနယ်လစ်

"စာနယ်ဇင်း ကျင့်ဝတ်တွေ ရေးခဲ့သလို ဘလော့ခ်ဂါ ကျင့်ဝတ်ဆိုပြီး ရေးပါဦး ခင်ဗျ။ အခု ဘလော့ခ်တွေ သိပ်များလာပြီး တချို့က မဟုတ်မဟတ်တွေချည့် ရေးနေကြတယ်"လူငယ် စာနယ်ဇင်းသမားလေး တစု ရောက်လာပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ စာနယ်ဇင်း ကျင့်ဝတ်တွေ အကြောင်း အမြဲလိုလို ရေးနေတာကြောင့် ခုလို ပြောလိုက်တာပါ။ အင်တာနက် ဝက်ဘ်ဆိုက်တွေ ဘလော့ခ်တွေကို စောင့်ကြည့်ဖတ်႟နေသူ ဖြစ်တော့ သူတို့ပြောသလို ဘလော့ခ်တွေ သောင်းချီ ရှိနေတာ တွေ့ရပါတယ်။...