Tuesday, October 30, 2012

ထားဝယ်ရိုးရာသပိတ်မျှောပွဲ (သီတင်းကျွတ်) ကဗျာ


 Zaw Min Facebook မှကူးယူတင်ပြသည်။

ထားဝယ်ဘိမျှောပွဲ....။
ရှမ်းကာလ...မိုးသာထမှာ..
လဂီးက..ထိန်ထိန်သာ..
ရှင်ဥပဂုတ်...ဘိမျှောပွဲ....
ထားဝယ်မြို့မှာ..ခြိမ့်ခြိမ့်သဲ...

ရှိုယှဉ်စောင်လင်..ဘိထဲပြင်..
တံခွန်..ကောက်ကား...ထိုးကာထား..
ဖြွန်းတိုင်..မွီးတိုင်...ထွန်းကာကိုင်..

ထားဝယ်ပျို...ချော။
ဘိကိုမျှော
လိုက်ကေ့ဇား...ကွန်းဇမား။

ခုတန်ဒဲ့ပေါင်...နင်သိလား...
ပိုင်ရှင်ပြောဒယ်ဝါး...
မြောဂန်းခါးဘေးက..ဖေါင်းဂီးကလောင်း...
ဘိမျှောလို့....ရရာကွန်း။

(စကားပြန်)
ထားဝယ်သပိတ်မျှောပွဲ
မိုးသောက်ဦးယံကာလမှာ...လမင်းကြီးကထိန်ထိန်သာ
ရှင်ဥပဂုတသပိတ်မျှောပွဲ...ထားဝယ်မြို့မှာ..ခြိမ့်ခြိမ့်သဲ

အချိုအချဉ်..ဆွမ်းစုံလင်ဖြင့်...သိပိတ်ထဲမှာပြင်ဆင်။
တံခွန်တိုင်တွေနဲ့အမွှေးတိုင်အလင်းတိုင်အစုံအလင်နဲ့
ထွန်းလင်းကာ..သပိတ်လေးကိုကိုင်...

ထားဝယ်သူအပျိုချော...သပိတ်ကိုမျှော
လိုက်ကြည့်လို့..အလွန်ကောင်းတယ်လေး။

အခုတင်တဲ့ပုံ...သင်သိလားလို
ပုံလေးတင်ထားတဲ့ပိုင်ရှင်ကမေးလာပါတယ်။
သူကပြောပါတယ်။
ကမြောကင်းတံတားဘေးနားက..
ဘုန်းတော်ကြီးကျောင်းက
နေရာလေးဟာသပိတ်မျှောလို့အလွန်ကောင်းတယ်လို့ဆိုပါတယ်.......................

STOCKS NEWS THAILAND-Italian Thai up; rules out need for capital increase


http://in.reuters.com/article/2012/10/29/markets-thailand-stocksnews-idINL3E8LT11G20121029


Mon Oct 29, 2012 10:00am IST
 
Shares in builder Italian-Thai Development Pcl rose as much as 1.5 percent, outpacing construction shares and the broader market, after the management told analysts it had no plans to raise capital to fund the Dawei project in Myanmar.

Italian Thai shares were up 0.5 percent at 4 baht, climbing at one point to 4.06 baht, the highest since Feb. 22. Its smaller peers Ch Karnchang and Sino-Thai Engineering and Construction each lost almost 1 percent.

The benchmark SET index was down 0.3 percent.
"Management stated that ITD does not plan to increase its capital any time soon despite its debt-equity ratio of 3:1 and signifcant capex requirements to build the project in Myanmar," the broker said in a report dated Oct. 26

To raise funds for the project, it plans to start selling land in the Dawei industrial estate in 2013, selling a stake in its huge potash mine in Thailand, getting the Thai government to invest up to 75 percent of the infrastructure projects and borrowing from JBIC and Thai banks, the broker said.

Italian Thai shares have risen 11 percent so far in 2012, underperforming a 70 percent gain in Sino Thai and a 25 percent rise in the SET index, amid concerns over its stretched balance sheet and potential capital increase.

1121 (0421 GMT)
(Reporting by Viparat Jantraprap in Bangkok; Editing by Sunil Nair; viparat.jantraprapaweth@thomsonreuters.com)

Myanmar's Dawei developer to promote light industry

http://in.reuters.com/article/2012/10/30/myanmar-thailand-dawei-idINL3E8LU38D20121030


BANGKOK | Tue Oct 30, 2012 4:52pm IST
 
Oct 30 (Reuters) - The Thai developer of the $50 billion Dawei economic zone in Myanmar plans to invest more than 1 billion baht ($32 million) on infrastructure to help attract light industry amid uncertainty over the project.
The plan includes building a 33-megawatt power plant plus road and water systems on the 633 rais (101 hectares) of land designated for light industry, Somchet Thinaphong, managing director of Dawei Development Co, told Reuters on Tuesday.
"We are arranging land area of 633 rais for the light industries. For heavy industry, we are still working on that," Somchet said.

He said the company had already lined up companies keen to invest in the light industry zone. He declined to give names.
Somchet said the small power plant would use natural gas as fuel and Italian-Thai Development, Thailand's largest construction firm and the parent of Dawei Development, was working on how to supply the gas.
Italian-Thai has been struggling to find backing for the 250 sq km (100 sq mile) complex, which was planned to include a deep-sea port, steel mills, refineries, a petrochemical complex and power plants.

Italian-Thai has said it aimed to conclude financial plans for the project by the end of this year.
But it has struggled to find $8.5 billion to finance infrastructure and utilities under the first phase and the governments of Thailand and Japan have stepped in to keep it afloat.
In September sources said Thai banks would provide short-term loans before an expected Japanese loan of up to $3.2 billion could be secured.

A lack of basic infrastructure such as roads and ports have made it difficult for the Dawei project to get off the ground, CIMB Securities said in a research note.
In May the Thai government approved a budget of $1.1 billion for infrastructure inside Thailand that would link up with the zone, including a four-lane highway to the border and homes for Thais who would work in the zone.

Ministers and senior officials from Thailand and Myanmar are due to meet in Bangkok on Nov. 7 to discuss the project, with the new Thai road, energy and the planned deep-sea port on the agenda. ($1 = 30.75 Baht) (Reporting by Pisit Changplayngam; Writing by Khettiya Jittapong; Editing by Jeremy Laurence)

ထူးထူးခြားခြား ထားဝယ်မုန့်ဟင်းခါး


ရွှေဝယ်ပြည်

www.ourtavoy.blogspot.com  မှကူးယူဖော်ပြသည်


မုန်းဟင်းခါးဆိုတာဟာ ဗမာနိုင်ငံ တနံတလျားမှာ နယ်တိုင်းနယ်တိုင်း ချက်ပြုတ်စားသောက်ကြတဲ့ စားစရာတမျိုးပါ။ ချက်ပြုတ်ပုံကလည်း မတိမ်းမယိမ်းပါပဲ။ ဒါပေမဲ့ ထားဝယ်မုန့်ဟင်းခါးကတော့ အများမတူ တမူးထူခြားလျက်ရှိပါတယ်။ မုန်းဟင်းခါးကို ထားဝယ်လိုနဲ့ (မုက္လွန်းဆီ) လို့ ခေါ်ပါတယ်၊ ထားဝယ်ရိုးရာ စားစရာတွေကို ကျွမ်းကျွမ်းကျင်ကျင် ချက်တတ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး၊ ထားဝယ် မုန့်ဟင်းခါး ဟာ ဟင်းနှစ်မျိုးနဲ့ ရောစပ်ပြီး စားသောက်ရတာပါ၊ ဟင်းရည်နှစ်မျိုးကတော့ မုန့်ဟင်းခါးရည်ဆိုတာက တမျိုး၊ မုန့်လက်သုပ်ရည်ဆိုတာကတမျိုးဖြစ်ပါတယ်၊ မုန့်လက်သုပ်ရည်ဟာ ချဉ်ပြုံးပြုံးလေးနဲ့ သောက်လို့ ကောင်းပါတယ်။ မုန့်တီကိုတော့ ထားဝယ်လို (မုဗန်) လို့ခေါ်ပါတယ်။ ချက်တဲ့အခါမှာ အိုးနှစ်အိုးနဲ့ သီခြားချက်ရပါတယ်။

မုန်ဟင်းခါးရည်ချက်ပုံကတော့….
ငှက်ပျောအူ နုနုလေးတွေကို နူးနေအောင် ပြုတ်ထားရပါတယ်။ (ရခိုင်ငှက်ပျော) ပြုတ်ပြီးရင် အရည်ကို စစ်ထားရပါတယ်။ မုန့်ဟင်းခါးရည် ချက်မည့်အိုးထဲမှာ ဆီးထည့်ရပါတယ်၊ ဆီပူလာတော့ နနွင်း ထည့်ရ ပါတယ်၊ ဆင့်သင့်ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ဂျင်း (ချင်း)၊ စပါးလင် (ဗျစ်သွန်ဗန်) ကိုဆီသတ်ပေးရပါ တယ်။ ဆီသတ်ပြီးရင် ငါးပုတ်ခြောက်ကို ထည့်ရပါတယ်။ သမအောင် ရောမွေပေးရပါ တယ်။ ပွက်ပွက် ဆူလာတဲ့အခါမှာ ငှက်ပျောဖတ်တွေကို ထည့်ရပါတယ်။ ဆား၊ ဟင်းချိုမုန့်တို့ကိုတော့ လိုအပ်သည် ထက် လျှော့ချပြီးထည့်ပါတယ်။ အရသာတွေ ရလာတဲ့အခါမှာ ကညင်ရွက် (လန်ဂေါ်ရွက်) ကို ထည့်ရ ပါတယ်။ တချို့ကတော့ ကညင်ရွက် (လန်ဂေါ်ရွက်) အရင့်ကိုလည်း နူးအောင်ထည့်ချက်ပါတယ်။ နာနာလေး မွေပေရပါတယ်။ အရည်ဟာ ပျစ်နှစ်နေပါတော့တယ်။ ပျစ်နှစ်လာပြီဆိုရင်တော့ မုန့်ဟင်းခါးရည် တမျိုး ရရှိပြီဖြစ်ပါတယ်။

မုန့်လက်သုပ် ဟင်းရည်ချက်နည်းကတော့….
ချိုတဲ့ပင်လယ်ငါးကို သုံးကြပါတယ်။ ငါးကွမ်းညှပ်၊ ငါးမု၊ ငါးရွှေ၊ ငါးမာန်း စတဲ့ ပင်လယ်ငါးတွေကို သုံးပြုပါတယ်။ ချက်ပြုတ်မယ့်ငါးကို တုံးကြီးကြီးတုံးရပါတယ်၊ သန့်စင်အောင် ရေဆေးပါ၊ ငါးတုံးတွေကို ဆားနယ်ပြီး အုန်းရည်(ပုန်းရည်) ထားဝယ်လို (အောင်းရယ်)နဲ့ ထည့်ပြုတ်ရပါတယ်။ ကျက်ပြီဆိုရင် အအေးခံရပါတယ်၊ ငါးများကိုအရိုးနွာရပါတယ်။ ကြက်သွန်ဖြူ၊ စပါးလင် ဂျင်းတွေ ကိုဆီ သတ်ပြီး ပြန်ချက် ရပါတယ်။ ကြက်သွန်နီဥတွေကို ကြီးရင် နှစ်ခြမ်းခွဲ သေးရင်အလုံးလိုက်ထည့်ပြီး ချက်ရပါတယ်၊ ပွက်ပွက် ဆူလာပြီဆိုရင်တော့ မုန်လက်သုပ်ဟင်းရည် တမျိုးရရှိပါပြီ။

ဟင်းရည်နှစ်မျိုးတည်းနဲ့ မပြီးသေးပါဘူး၊ အကြော်၊ မန်ကြည်းသီးချဉ်ရည်၊ ငံပြာရည်၊ ငရုတ်သီးမှုန့်၊ ဆီကျက် (ကြက်သွန်ဖြူဥတုံးကလေးများကို ဆီသတ်ထားသည်) ပဲမှုန့် စသည်တို့နဲ့ ရောထည့်ပြီး ဟင်းရည်နှစ်မျိုးနဲ့ စားရပါတယ်။

တမူးထူးခြားနေတဲ့ ထားဝယ်မုန့်ဟင်းခါးကို ထားဝယ်ကိုရောက်ရင် မဖြစ်မနေ စားသုံးမြည်းစမ်း ကြည့်ကြပါလို့ မိတ်ဆက်ပါရစေ။

Sunday, October 28, 2012

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ငါးဖမ်း စည်းကမ်း တင်းကျပ်ရန်လို

http://www.myanmar.mmtimes.com/index.php/business/1683-2012-10-17-08-00-26.html
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းနီးငါးဖမ်း လုပ်ငန်းခွင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းနီးငါးဖမ်း လုပ်ငန်းခွင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)
တနင်္သာရီတိုင်းဒေသကြီးတွင် ငါးမဖမ်း ရရာသီဖြစ်သော ဇွန်၊ ဇူလိုင်နှင့် ဩဂုတ် သုံးလတာ
ကုန်ဆုံးအပြီး ကမ်းဝေးငါးဖမ်း ရေယာဉ်များသည် ကမ်းနီးတွင် ဖမ်းဆီး ခြင်းများ ပြုလုပ်ခြင်း
ကြောင့် ကမ်းနီး ငါးဖမ်း ရေလုပ်သားများအခက်အခဲနှင့် ရင်ဆိုင်နေရသောကြောင့် စည်းကမ်း
ပိုမို တင်းကျပ်ပေးပါရန် တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံလွှတ်တော်ကိုယ်စားလှယ်
ဦးတင်စိုးက မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ်တွင် ကျင်းပသော မြန်မာနိုင်ငံရေလုပ်သားငယ်
များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။

"ကမ်းဝေး ငါးဖမ်းရေယာဉ်တွေက ကမ်းနီးမှာလာပြီး ဖမ်းတဲ့အတွက် ကမ်းနီးမှာ လုပ်ကိုင်စား
သောက်နေကြ တဲ့ ရေလုပ်သားငယ်တွေအတွက် ငါးဖမ်း ကိရိယာတွေ ပျက်စီးဆုံးရှုံးရတဲ့အ
ပြင် ငါးသယံဇာတလည်း ဆုံးရှုံးပါတယ်။ ပျက်စီးသွားတဲ့ ငါးဖမ်းကိရိယာတွေ အတွက်လည်း
အလျော်မပေးဘူး" ဟု ဦးတင်စိုးက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေလုပ်သားငယ်များသည် တစ်ဦးချင်း ၀င်ငွေနည်းပါးခြင်း
ကြောင့် ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်း နိမ့်ကျမှုများ ကြုံတွေ့လာရကြောင်း
လည်း ၎င်းက ပြောသည်။

"လက်ရှိ ရင်ဆိုင်နေရတာတွေကို နိုင်ငံတော်နဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းတွေကနေ ကူညီ
ဖြေရှင်းပေး ဖို့ မျှော်လင့်ပါတယ်။ ရေလုပ်သားငယ် တွေရဲ့ ဘ၀ကိုအာမခံချက်ပေးနိုင်မယ့် အဖွဲ့
အစည်း၊ ကော်မတီတွေ လိုအပ်လာ ပါပြီ" ဟု ၎င်းက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ တိုင်းဦးစီးမှူးဒေါက်တာ ညွန့်ဝေက ရေချို၊ ရေငန်
ငါးဥပဒေများ ပြဋ္ဌာန်းထားခြင်းသည် စည်းကမ်း ဖောက်ဖျက်သူများကို ဖော်ထုတ် အရေးယူရန်
ဖြစ်ကြောင်း ပြောသည်။

ငါးမဖမ်းရ ရာသီသတ်မှတ်ခြင်းခံရ သည့် တစ်ခုတည်းသောဒေသဖြစ်သော တနင်္သာရီတိုင်းဒေ
သကြီးအတွင်း ငါးဖမ်းကွက် ၅၂ ကွက်ရှိရာ အကွက် ၃၀ မှာ ငါးမဖမ်းရရာသီ သတ်မှတ်ချက်
တွင် ပါဝင်ခဲ့ခြင်းကြောင့် ရေလုပ်သားငယ်များ ငါးမဖမ်းရကာလအတွင်း အဆင်ပြေစေ ရန်အ
တွက် မြင်းကောင်ရေ ၂၅ ကောင် အောက်၊ လှေအရှည်ပေ ၃၀ အောက် စက်ဖြင့် မိရိုးဖလာ
ငါးဖမ်းလှေများကို ငါးရက်မှ ခုနစ်ရက်ကြား ငါးဖမ်းခွင့်ပြုခဲ့ ခြင်း ဖြစ်သည်။

"သတ်မှတ်ထားတဲ့အချိန်မှာတော့ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ ကမ်းနီးမှာ ၀င်ရောက်တာ
သက်သာပေမယ့် ငါး မဖမ်းရရာသီကုန်ဆုံးသွားတဲ့အချိန် မှာတော့ ကမ်းနီးမှာကမ်းဝေးရေ
ယာဉ် တွင်လာဖမ်းတာတွေ၊ လှေကြီးတွေက လှေငယ်တွေကို အနိုင်ကျင့်တာတွေ ဖြစ်လာ
တယ်။ ကမ်းဝေးလှေတွေရဲ့ စည်းကမ်းထိန်းသိမ်းရေးကို ခုထက်ပိုပြီး တင်းကျပ်ဖို့ လိုလာပြီ။
ကမ်းနီးရေလုပ် သားငယ်တွေရဲ့ဘ၀ လုံခြုံရေးအတွက် ကို ပိုပြီးဆောင်ရွက်ပေးသင့်တယ်" ဟု
ဒေါက်တာညွန့်ဝေက ပြောသည်။

ကမ်းနီးတွင် ထိုသို့ကမ်းဝေးရေယာဉ် များ ၀င်ရောက်ဖမ်းဆီးခြင်းဖြင့် ရေလုပ် သားငယ်တို့၏
ငါးဖမ်းကိရိယာများ ပျက်စီးစေသည့်အပြင် ကမ်းနီးပင်လယ် ပြင်ကြမ်းပြင်ကိုပါ ထိခိုက်စေနိုင်
ကြောင်း လည်း ၎င်းက ပြောသည်။

"တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ရော၊ ပြည်ထောင်စုအဆင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်
ကြီးဌာနအနေနဲ့ပါ စီမံချက် တွေရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန ကနေ ကမ်းနီးရေတိမ်
ပိုင်းအထိ စည်းကမ်း ကြပ်မတ်ပေးဖို့ ပြည်ထောင်စုအစိုးရ အဖွဲ့က ညွှန်ကြားထားတာတွေ
လည်း ရှိတယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင်ဒုဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြီးခဲ့ သည့် ငါးမဖမ်းရရာ
သီသုံးလကို တနင်္သာရီ တိုင်းတွင် သတ်မှတ်ခဲ့သော်လည်း အခြား ပြည်နယ်များတွင် ၀င်
ရောက်ဖမ်းဆီးနေ သောကြောင့် တစ်စိတ်တစ်ဒေသသာ အောင်မြင်မှုရရှိခဲ့ပြီး တနင်္သာရီတိုင်း
ဒေသကြီးတွင် တရွတ်ဆွဲငါးဖမ်းလုပ်ငန်း များမှာ မပြုလုပ်သင့်တော့ကြောင်း ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ကမ်းဝေးငါးဖမ်းရေလုပ်သား ၄၂,၄၄၆ ဦး နှင့် ကမ်းဝေးငါးဖမ်း
ရေယာဉ် ၁,၁၁၉ စင်းရှိ ပြီး ကမ်းနီးရေလုပ်သား ၁၇,၄၄၀ နှင့် ကမ်းနီးရေယာဉ် ၁၁,၆၁၈ စင်း
ရှိသည်။

မြန်မာနိုင်ငံရှိ ရေလုပ်ငန်းထွက်ကုန် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်မှာ တနင်္သာရီတိုင်းဒေသ
ကြီးမှ ထွက်ရှိခြင်း ဖြစ်ပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်စုစုပေါင်းတန်ဖိုး အမေ
ရိကန်ဒေါ်လာ ၁၄၁ သန်းခန့်တင်ပို့ နိုင်ခဲ့သည်။

ကော့သောင်း ကျောက်မီးသွေးစက်ရုံ ထောက်ခံပွဲ NLD နှင့် ကြံ့ခိုင်ရေး ပါတီဝင်များ ပါဝင်



ထားဝယ်၊ အောက်တိုဘာ ၂၈

မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့တွင် စတင်စမ်းသပ် လည်ပတ်နေပြီဖြစ်သော ၈ မဂ္ဂါဝပ်ရှိ ကျောက်မီးသွေး စက်ရုံကို ထောက်ခံပွဲတစ်ရပ်ပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ပါဝင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လျှပ်စစ်မီတာခ ဈေးနှုန်း ပိုမို သက်သာစွာဖြင့် သုံးစွဲနိုင်ရေးအတွက် ဆန့်ကျင်မှုများနှင့် ကြုံတွေ့နေသော ယင်း စက်ရုံကို ပလုံးတုံတောင်းကျေးရွာမှ ရွာခံများနှင့် ပူးပေါင်း ထောက်ခံဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ယင်းဆန္ဒပြပွဲ ဦးဆောင်သူ ဦးခင်အောင်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်ပွဲကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ကော့သောင်းမြို့မရပ်ကွက်တစ်ခုဖြစ်သော ပိတောက်ရွှေဝါရပ်ကွက်၊ Garden ဟိုတယ် အနီးရှိ စည်ပင်ရုံးအနီမှ စတင်ထွက်ခွာပြီး မြို့မရပ်ကွက်(၅) ကွက်သို့ နှစ် နာရီခန့်အကြာ လှည့်လည်ခဲ့သည်။

စက်ရုံကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ရပ်ကို အောက်တိုဘာ ၁၆ ရက်နေ့တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ဦးဆောင်ပြုလုပ်ခဲ့ပြီး ယင်းဆန့်ကျင်ပွဲတွင် NLD မပါရှိခဲ့ပေ။

ကော့သောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်သည် ကော့သောင်း ကျောက်မီးသွေး စက်ရုံကိစ္စတွင် ပါဝင်ပတ်သက်ခြင်းမရှိဟု အောက်တိုဘာလ ၃ ရက်နေ့တွင် မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်မှ ကြေညာချက် ထုတ်ပြန်ထားသည်။

“ပါတီဝင်တွေပါပေမဲ့ ပါတီကိုကိုယ်စားပြုပြီးပါဝင်တာမဟုတ်ဘူး၊ ကျေးရွာလူထုအကျိုး အတွက်ပါဝင်တာပါ” ဦးခင်အောင် ကဆိုသည်။

ယင်း ထောက်ခံ ဆန္ဒပြပွဲကို ကျောက်မီးသွေး စက်ရုံလည်ပတ်နေသော သန်းဖြိုးသူ ကုမ္ပဏီ ကမကထပြုမှုဖြင့် ပြုလုပ်သည်ဟု စွပ်စွဲချက်များ ရှိသော်လည်း စက်ရုံမန်နေဂျာ ဦးလှမော်က ယင်းသတင်း မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။ 
 
Dawei Watch/ The Voice Daily Newsletter

Saturday, October 27, 2012

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထားဝယ်၌ ဆွေးနွေး

http://burma.irrawaddy.org/archives/23912

တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပူးပေါင်း ဆောင်ရွက်နိုင်မည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခွင့်အလမ်း ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ တခုကို ထားဝယ်မြို့တွင် ယနေ့ ကျင်းပကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေသူများ
အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေသူများ

ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) နှင့် နိုင်ငံတကာ ရေအောက် သယံဇာတ ထိန်းသိမ်းရေး (FFI) အဖွဲ့တို့ က ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။
ထားဝယ် ဒေသတွင်းရှိ လူထုအခြေပြု လူမှုရေး အဖွဲ့အစည်းများ၊ ရပ်မိရပ်ဘများ၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ တာဝန်ရှိသူများ အပါအဝင် နိုင်ငံရေးပါတီ ၄ ခုက အဖွဲ့ဝင် ၁၅၀ ခန့်တက်ရောက်ခဲ့ပြီး စာတမ်း ၇ စောင်ဖတ်ကြားခြင်းနှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း BANCA (ဘန်ကာ)အဖွဲ့က ပြောပြသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲတွင် ဘန်ကာနှင့် ဥရောပအခြေစိုက် FFI အဖွဲ့တို့ တနင်္သာရီတိုင်းအတွင်း အဏ္ဍ၀ါ ထိန်းသိမ်းရေး လုပ်ငန်းများ စတင်လုပ်ဆောင်နိုင်ရန် တိုင်းအစိုးရအဖွဲ့၊ ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ကြောင်း ဘန်ကာအဖွဲ့ ဥက္ကဌ ဒေါက်တာ ထင်လှက ဧရာဝတီသို့ ပြောသည်။
ယနေ့ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ထားဝယ် တက္ကသိုလ် စိတ်ပညာဌာနမှ နည်းပြတဦး ဖြစ်သူ ဆရာ ဦးဇော်သူရကလည်း “သူတို့လုပ်ငန်းတွေ မစရသေးဘူး။ စမှာကို သူတို့က သဘာဝထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး knowledge (ဗဟုသုတ) စပေးပါတယ်။ နောက် FFI အကြောင်း စတင် မိတ်ဆက်ရှင်းလင်းတာ။ ဒါကတော့ ထားဝယ်မှာ ပထမဆုံး ဆွေးနွေးပွဲပါပဲ။ အောက်တိုဘာ ၂၉ ရက် မြိတ်မြို့မှာ လုပ်မယ်လို့ ပြောပါတယ်” ဟု ပြောပြသည်။

သစ်တောရေးရာဌာနမှ ညွှန်ကြားရေးမှူးက သစ်တောနှင့်ပတ်သက်ပြီး ၎င်းတို့ လုပ်ဆောင်နေသည်များကို တင်ပြခြင်း၊ မွေး၊ ရေလုပ်ငန်းမှ ငါး သယံဇာတ ထိန်းသိမ်းရေးအကြောင်း၊ FFI က ဒါရိုက်တာ မစ္စတာ ဖရန့်မုန်းဘတ်က ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိန်းသိမ်းရေးအတွက် တွဲလုပ်သွားမည့် အရာများအကြောင်း၊ ဒေါက်တာ ထင်လှက မြန်မာတနိုင်ငံလုံးတွင် ဘန်ကာအဖွဲ့မှ လုပ်ဆောင်နေသည့် အကြောင်းအရာများကို ဒေသခံများထံ တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘန်ကာသည် ဇီဝမျိုးကွဲ ထိန်းသိမ်းရေး စစ်တမ်းများကို ၂၀၀၂ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ဒေသတွင်း တရားဝင် အန်ဂျီအိုအဖြစ် ရပ်တည်ခဲ့သည်။ ရေအောက်မျိုးကွဲများ များပြားသည့် င၀န်မြစ် ထိန်းသိမ်းရေး၊ မုတ္တမ ပင်လယ်ကွေ့ တဝိုက် မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့တွင် ရေတိမ်ဒေသ ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီး ရခိုင်ဒေသတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကွန်ရက်(MERN) နှင့် ပူးတွဲ လုပ်ဆောင်လျက်ရှိသည်။
အရှေ့တောင် အာရှတွင် ဒုတိယအကြီးဆုံး နိုင်ငံဖြစ်သည့် ဇီဝမျိုးကွဲစုံလင် ကြွယ်ဝသော မြန်မာပြည်တွင် ဘန်ကာ အဖွဲ့သည် FFI နှင့်အတူ ချင်းနှင့် ကချင်ပြည်နယ်တို့ရှိ လူထုအခြေပြုအဖွဲ့များအား သစ်တောနှင့်သဘာဝထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု အရည်အသွေးများ မြှင့်တင်ပေးသည့် လုပ်ငန်းများလည်း လုပ်ဆောင်နေသည်။

မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စုပေါင်းသစ်ပင်စိုက်ခြင်း၊ ရှားပါးမျိုးစိတ်များ ထိန်းသိမ်းခြင်း၊ တံငါရွာများသို့ ကွင်းဆင်းသွားရောက်ကာ ငါးဖမ်းနည်းပညာများ၊ တံငါရွာများရှိ အမျိုးသမီးများအတွက် တဖက်တလမ်း ဝင်ငွေရှာနိုင်သော နည်းလမ်းအကူအညီနှင့် အသေးစားချေးငွေ အထောက်အပံ့ပေးခြင်းများ လုပ်ဆောင်ရန် စီစဉ်ထားသည်ဟု FFI က ဆိုကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများက ပြောသည်။

“FFI ရည်ရွယ်ချက်တွေကတော့ ကောင်းတယ်။ ဒါပေမယ့် ဒီမှာရှိတဲ့ တချို့ဖွံ့ဖြိုးရေးတွေက သူတို့ပြောတဲ့ စံနှုန်းနဲ့ရပါ့မလား။ ဥပမာ သူတို့ပြောတဲ့ ဂျာမနီက ကျောက်မီးသွေးစက်ရုံတွေ တအားကောင်းတယ် ပြောတယ်။ ကျနော်တို့ဆီမှာ လာလုပ်မယ့် ကျောက်မီးသွေးစက်ရုံက တရုတ်က လုပ်မှာ။ အဲဒါကို ကျနော်တို့ ဘယ်လို လက်ခံပေးမလဲ။ ကျနော်တို့ တိုးတက်မှုကို မကန့်ကွက်ဘူး။ အဲ့ဒီ နောက်မှာ ကပ်ပါလာမယ့် ညစ်ညမ်းစက်ရုံတွေ ကျနော်တို့ မလိုချင်ဘူး” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ထားဝယ် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုသန်းဝင်းက ဆိုသည်။
ငါးဖမ်းလုပ်ငန်းနှင့် ကမ်းပါးပြိုပျက်ခြင်း ကာကွယ်ရန် နည်းပညာများဖြင့် မည်ကဲ့သို့ ထိန်းသိမ်းရမည်တို့ကို ဒေသခံများနှင့် ဖလှယ်ရန် လာမည့် နိုဝင်ဘာ ၄ ရက်တွင် တံငါလုပ်ငန်းလုပ်ကိုင်သော စမ်းလှမ်းရွာ၊ ဆီစစ်ရွာ စတဲ့ တံငါရွာများသို့ သွားရောက်မည် ဖြစ်ကြောင်းလည်း သိရသည်။

ဘန်ကာသည် ရပ်ဆိုင်းထားရသော ကချင်ပြည်နယ်ရှိ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်း(EIA) ကို အဓိက လုပ်ဆောင်ခဲ့သော အဖွဲ့ဖြစ်ပြီး စာမျက်နှာ ၉၀၀ ရှိ အစီရင်ခံစာ တစောင်လည်း အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့ထွက်ပေါ်ခဲ့သည်။ ထိုအစီရင်ခံစာတွင် မြစ်ဆုံဆည် စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူထုအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိနိုင်သည်ဟု ပြောဆိုထားသော်လည်း စီမံကိန်းအား ဆက်လက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် တည်ဆောက်ရေးတွင်လည်း သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုဆန်းစစ်ခြင်း (EIA) နှင့် လူမှုဘဝအပေါ် အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းတို့ကို ယခုနှစ် မကုန်ခင် လုပ်ဆောင်သွားရန် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မည်သည့်အဖွဲ့က တာဝန်ယူ လုပ်ဆောင်နေကြောင်း မသိရပေ။

ဒေါက်တာ ထင်လှကမူ ယခုအချိန်ထိတော့ သက်ဆိုင်ရာ ကုမ္ပဏီဘက်က ကမ်းလှမ်းလာမှု မရှိသေးသည့်အတွက် EIA/SIA ဆန်း စစ်မှုများကို ၎င်းတို့အဖွဲ့မှ လုပ်ဆောင်မှာ မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။
BANCA အဖွဲ့ ဥက္ကဌ ဒေါက်တာ ထင်လှ
BANCA အဖွဲ့ ဥက္ကဌ ဒေါက်တာ ထင်လှ

“ကျနော်တို့က အဏ္ဏ၀ါ ထိန်းသိမ်းရေးတွေ လုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံ တောင်ဘက်ပိုင်း ကို ခြေလှမ်းစလာတာပါ။ ထားဝယ်ရေနက် စီမံကိန်းနဲ့ ဆက်စပ်မှု မရှိပါဘူး” ဟု ဒေါက်တာ ထင်လှက ဆိုသည်။

ထိုစီမံကိန်းနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် ဒေသခံများနှင့် အစိုးရ၊ ကုမ္ပဏီတို့အကြား နားလည်မှု လွဲမှားနေရသည်ဟု ယူဆကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လိုအပ်သကဲ့သို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုများလည်း ပိုမို လုပ်ဆောင်ရန်လိုကြောင်း သူက ဆိုသည်။
စီမံကိန်းဧရိယာ စတုရန်းမိုင် ၂၅၀ ကျော်ဖြင့် အကောင်အထည်ဖော်ဆောက်လုပ်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လိုအပ်သော အခြေခံအဆောက်အအုံများကို ၂၀၁၅ ခုနှစ်တွင် အပြီးဆောက်လုပ်ရန် အီတာလျံ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (ITD) က ခန့်မှန်းထားသည်။ ၂၀၁၀ ပြည့်နှစ်က သဘောတူခဲ့သည့် ထိုစီမံကိန်း အစအဖြစ် မြန်မာနှင့် ထိုင်းနိုင်ငံကို အလွယ်တကူ ဆက်သွယ်နိုင်မည့် ထားဝယ်-ကန်ချနဘူရီ ကားလမ်းကို ဖောက်လုပ်နေပြီး ထိုကားလမ်းဖောက်ခြင်းနှင့် စီမံကိန်းကွပ်ကဲရေးရုံးအတွက် အဆောက်အအုံများ ဆောက်လုပ်ခြင်းတို့တွင် ဒေသခံရွာသားများ၏ ဥယျာဉ်ခြံမြေများ ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

လမ်းဖောက်လုပ်သည့်အတွက် သီဟိုနှင့် ရာဘာ အဓိက စိုက်ပျိုးသော ဒေသခံများ၏ ခြံမြေများ ဖျက်ဆီးခံရသကဲ့သို့ ထိုဥယျာဉ်ခြံများ၏ ကာလပေါက်ဈေးထက် လျော်ကြေး လျှော့ပေးသည့်အတွက် အများစုက လက်မခံကြောင်းလည်း ရေဖြူမြို့နယ် မင်းဒပ်ရွာကျောင်း ဆရာတော် ဦးဥတ္တမက ဧရာဝတီသို့ ပြောသည်။

မင်းဒပ်ရွာအပါအ၀င် ရေဖြူမြို့နယ်ရှိ ရွာ ၉ ရွာ၊ ရေနက်ကွင်း ဧရိယာ နဘုလယ်ဒေသရှိ ရွာ ၅ ရွာတို့အား ပြောင်းရွှေ့ နေရာချရန် ရွာသစ်များ ဆောက်လုပ်လျက်ရှိကြောင်းလည်း သိရသည်။
ယခုနှစ် မကုန်ခင်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်းဧရိယာတွင်းရှိ ရွာတချို့ စတင်ပြောင်းရွှေ့မည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရေဖြူမြို့အပိုင် နဘုလယ်ဒေသရှိ မူးဒူးရွာမှာ ပထမဆုံး ပြောင်းရွှေ့ခံရမည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း အာဏာပိုင်များဘက်က တရားဝင် ထုတ်ပြန်ခြင်း မရှိသေးချေ။

မူးဒူးရွာမှ ၂ မိုင်ကျော်အကွာရှိ ပြောင်းရွှေ့နေရာချမည့် ရွာသစ်သည် လယ်မြေဖြစ်သည့်အတွက် သောက်သုံးရေရရှိမှုနှင့် ဥယျာဉ် စိုက်ပျိုးမြေ အခက်အခဲရှိနိုင်ကြောင်း ထားဝယ်ဒေသဖွံ့ဖြိုးရေးအသင်း အဖွဲ့ဝင်များက ပြောဆိုကြသည်။

Friday, October 26, 2012

အဓိပ္ပါယ် တလွဲကောက်ခံရသော ဆိုရိုး/စကားပုံများ


http://kominhtet.blogspot.com

ကမ္ဘာပေါ်ရှိ လူမျိုးစုအသီးသီးတွင် ယင်းတို့ရိုးရာအလိုက် အစဉ်အလာအရ သုံးနှုံးပြောဆိုကြသော “ဆိုရိုးစကား” များနှင့် အဖြစ်အပျက်တစ်ခုကို ပုံပမာခိုင်းနှိုင်းကာ တင်စားပြောဆိုကြသော “စကားပုံ” များဟု နှစ်မျိုးနှစ်စားရှိကြောင်း စာဖတ်သူတိုင်း သိကြပြီးဖြစ်သည်။ ယင်းဆိုရိုးစကား/ စကားပုံများအနက် အချို့စကားပုံ/ဆိုရိုးစကားများမှာ သက်ဆိုင်ရာ လူမျိုးစုအတွင်း အသုံးများလာရာမှ တွင်ကျယ်ကာ နောင်လာနောင်သားများအတွက် မှတ်သားဖွယ်၊ လိုက်နာဖွယ်များအထိ ဖြစ်လာရသည်။ သို့သော် အချို့စကားပုံးများမှာမူ သက်ဆိုင်ရာလူမျိုးစုအတွင်း ဖြစ်ပေါ်သည်မဟုတ်ဘဲ အခြားလူမျိုးစုတစ်ခုခုက ထိုလူမျိုးစုတို့အကြောင်းကို မြင်တွေ့ကြားသိရပြီး သမုတ်ခေါ်ရိုးပြုကြရာမှ ပေါ်လာခြင်းဖြစ်ကြောင်း နားလည်ရသည်။

ထို့အပြင် စကားပုံနှင့် ဆိုရိုးစကားအချို့မှာမူ သက်ဆိုင်ရာလူမျိုးစုအတွင်း စတင်ပေါ်ပေါက်လာသည်လော? သို့မဟုတ် အခြားလူမျိုးစုတစ်ခုခုက သတ်မှတ်သုံးနှုံးခဲ့ကြသည်လော? တိတိကျကျ ပြောဆိုဖို့ရာ ခက်လှသည်ကိုလည်း တွေ့နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းသို့သော ဆိုရိုး/စကားပုံများတွင် သက်ဆိုင်ရာလူမျိုးစုက သတ်မှတ်ထားသော အဓိပ္ပါယ်နှင့် အခြားလူမျိုးစုတို့က သတ်မှတ်ထားသော အဓိပ္ပါယ်ဟု အဓိပ္ပါယ်နှစ်မျိုး ရောနှောပါဝင် နေတတ်သောကြောင့်ဖြစ်သည်။ ဒီနေရာမှာ စကားပုံနှစ်ခုကို ဥပမာအဖြစ် ထုတ်နှုတ်ပြောပြချင်သည်။

(၁) ကုလားမနိုင်၊ ရခိုင်မဲ/ ကုလားမနိုင်၊ ရခိုင်မေး
(၂) ထားဝယ်ရိုး ကြက်သူခိုး/ ထားဝယ်အရိုး ကြပ်ခိုး

မြန်မာတို့နေ့စဉ်ပြောဆိုသုံးနှုံးနေကြသော စကားများတွင် အထက်ပါ စကားနှစ်မျိုးအနက် ပထမအမျိုးအစားကို လူအတော်များများ ပြောဆိုနေကြသည်ကို ကြားသိနိုင်သည်။ တစ်စုံတစ်ယောက် စိတ်ဆိုးဒေါသထွက်သောအခါ “ခုတ်ရာတခြား၊ ရှရာတခြား” ဟူရာ၌ကဲ့သို့ ဒေါသဖြစ်သူက သူတကယ်စိတ်ဆိုးနေသူအပေါ် သူ့ဒေါသကို မပြ၀ံ့သောကြောင့်ဖြစ်စေ၊ မပြလိုသောကြောင့်ဖြစ်စေ မဆီမဆိုင် အနားရှိ နိုင်လောက်သော သူတစ်ယောက်ယောက်အပေါ် အခြောက်တိုက် ရန်မယ်ရှာကာ ဆူဆဲမာန်မဲမှုမျိုးကို ပြုတတ်သည်။ ယင်းအဖြစ်အပျက်သည် အစိုးရရုံးများမှာသော်၎င်း၊ ပုဂ္ဂလိကရုံးများမှာသော်၎င်း အခါအားလျော်စွာ ဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။

ယင်းသို့သော အပြုအမူမျိုးကို အလုပ်ရှင်ကိုယ်တိုင်လည်း ပြုလုပ်လေ့ရှိသည်မဟုတ်၊ အောက်လက်ငယ်သားတို့ကလည်း ပြုလုပ်ကြသည်တော့မဟုတ်။ အလုပ်ရှင်နှင့် အောက်လက်ငယ်သားတို့အကြား တာဝန်ရှိသူ တစ်စုံတစ်ယောက်မှာ ယင်းအပြုအမူများ မကြာခဏဖြစ်လေ့ဖြစ်ထရှိသည်ကို တွေ့မြင်နိုင်သည်။ ဥပမာ-သက်ဆိုင်ရာ လုပ်ငန်းတစ်ခုရဲ့ မန်နေဂျာဆိုပါတော့။ သူ့ကို သူ့အထက်အရာရှိ၊ သို့မဟုတ် လုပ်ငန်းရှင်က အကြောင်းတစ်မျိုးမျိုးကြောင့် အပြစ်တင်ကျိမ်းမောင်းသောအခါ သူ့အထက်အရာရှိ/လုပ်ငန်းရှင်ကို ပြန်မပြောဝံ့သောကြောင့် တစ်စုံတစ်ရာတုန့်ပြန်ခွင့်မရသောအခါ ထိုသူများရှေ့တွင် ထွက်လာသော ဒေါသကို မျိုသိပ်ထားရင်း အောက်လက်သားများနှင့် တွေ့သောအခါမှ ယင်းမျိုသိပ်ထားသောဒေါသ ယိုစီးပေါက်ထွက်လေ့ရှိသည်။

ယင်းသို့သော အဖြစ်အပျက်မျိုးကို ဘေးလူများက “ကုလားမနိုင်၊ ရခိုင်မဲ” သည်ဟု အမှတ်ပြုထားသည်။ ရခိုင်ပြည်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်ချင်းစပ်သဖြင့် နှစ်ပြည့်တစ်ပြည်ကဲ့သို့ တစ်ဘက်ကမ်းမှ ကုလားများလည်း ၀င်ရောက်နေထိုင်နေကြရာ ကုလားတစ်ဝက် ရခိုင်တစ်ဝက်ကဲ့သို့ ဖြစ်နေသည်။ တစ်စုံတစ်ယောက်သောသူက ကုလားများနှင့် ခိုက်ရန်ဖြစ်သောအခါ အများစုဖြစ်သော ကုလားများကို နိုင်လောက်သောအခြေအနေမရှိသဖြင့် အနည်းစုဖြစ်၍ နိုင်လောက်သောရခိုင်လူမျိုးများကို မဲ၍ ဖိသည်ဟု ဆိုလိုဟန်ရှိသည်။ ကျနော်ငယ်စဉ်တုန်းကလည်း အမေဆူသောအခါ အမေ့ကို တစ်စုံတစ်ရာပြန်မပြောသော်လည်း ညီမငယ်များကို စိတ်တိုတိုနှင့် နိုင်စားလေ့ရှိသည်။ ယင်းသောအခါ အမေသည် “ကုလားမနိုင်၊ ရခိုင်မဲ” ဟုပြောလေ့ရှိသည်ကို မှတ်မိသေးသည်။ သို့သော် ယင်းသို့ မြန်မာလူမျိုးများ နားလည်နေသော ယင်းဆိုရိုးစကားအဓိပ္ပါယ်ကို ရခိုင်လူမျိုးများက လက်ခံကြပါ၏လော? အများစုလက်ခံမည် မထင်ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့မှာလည်း ထိုဆိုရိုးအတွက် သူတို့အဓိပ္ပါယ်နှင့် သူတို့ရှိနှင့်ပြီးဖြစ်သောကြောင့်တည်း။

ငယ်စဉ်ကျောင်းသားဘ၀မှာ ရှိခဲ့ဖူးသော မိတ်ဆွေအပေါင်းအသင်းများအနက် ရခိုင်ပြည်နယ်မှ ကျောင်းသားများလည်း အတော်များများ ပါဝင်သည်။ ကျနော့်တပည့်များနှင့် သူငယ်ချင်းအများစုသည် ရခိုင်လူမျိုးများဖြစ်ကြသည်။ လုပ်ဖေါ်ကိုင်ဖက်များ၊ ကောင်းတူဆိုးဖက်များဖြစ်ကြသည်။ အချို့မှာ နိုင်ငံရေးဝါသနာအလွန်ကြီးသူများလည်း ဖြစ်ကြသည်။ အထူးသဖြင့် ရခိုင်လူမျိုးများအပေါ် မှတ်ချက်တစ်ခုပေးပါ-ဟုဆိုလာလျှင် ကျနော်ပေးမည့်မှတ်ချက်သည် “ရခိုင်လူမျိုးများသည် လူမျိုးရေးစိတ်ဓာတ်အလွန် ပြင်းထန်သူများဖြစ်ကြသည်” ဟူသတည်း။ မြန်မာနိုင်ငံတွင် ရခိုင်လူမျိုးများလောက် လူမျိုးရေးစိတ်ဓာတ်ပြင်းထန်သော လူမျိုးများ ရှားပေလိမ့်မည်။ ရခိုင်လူမျိုးများ လူမျိုးရေးစိတ်ဓာတ်ပြင်းထန်းရခြင်းအကြောင်းများတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဖြတ်ကျော်ဝင်ရောက်လာသော ကုလားများသည်လည်း အကြောင်းတစ်ခု ဖြစ်ဘွယ်ရှိသည်။ ဤပို့စ်တွင် ယင်းအကြောင်းများကို အကျယ်/အရှည်မရေးလိုပြီ။

အထက်ပါဆိုရိုးစကားကို ပြန်ဆက်ရပါမူ---အကယ်၍ တစ်စုံတစ်ယောက်သောသူသည် ရခိုင်လူမျိုးတစ်ယောက်ယောက်ရှေ့တွင် အထက်ပါအတိုင်း “ကုလားမနိုင်၊ ရခိုင်မဲ” ဟုပြောဆိုခဲ့သော် ထိုသူ့ကို ရခိုင်လူမျိုးများက ကျေနပ်ကြမည်မဟုတ်။ သို့မဟုတ် ယင်းစကားပုံကို “ကုလားမနိုင် ရခိုင်မေး” ဟု ပြင်ပေးပါလိမ့်မည်။ ကျနော်ကိုယ်တိုင် ယင်းသို့ ပြင်ပေးခြင်းကို ခံခဲ့ရဖူးသည်။ အတူနေသူငယ်ချင်းများအနက် ကိုမြတ်ခိုင်သည် လူပိန်သလောက် လေထွားသောသူဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သုံးသပ်ကြည့်က ရုပ်ပိုင်းဆိုင်ရာတွင် လေနှင့် အရိုးသာများ၍ နာမ်ပိုင်းဆိုင်ရာတွင်မူ ဒေါသနှင့် အကြွားသာ များလေသည်။ သူ့အကြောင်းမသိသူတစ်ဘက်သားကို ဆယ်မိနစ်လောက်အတွင်း ကျအောင် ပြောနိုင်စွမ်းရှိသည်။ ကျနော်ကိုယ်တိုင် ကျခဲ့ဖူးကြောင်း ရိုးသားစွာ ၀န်ခံပါသည်။ ကိုမြတ်ကျော်ရှေ့တွင် “ကုလားမနိုင်၊ ရခိုင်မဲ” ဟူသောစကားကို အမှတ်တမဲ့ ပြောခဲ့ဖူးသည်။ ကိုမြတ်ကျော်က မကျေနပ်။ သို့သော်လည်း စိတ်ဆိုးဟန် တစ်စုံတစ်ရာမပြပဲ ရှင်းပြသည်။

ယင်းဆိုရိုးစကားမှာ မြန်မာလူမျိုးတို့ အဓိပ္ပါယ်အကောက်လွဲနေခြင်းသာဖြစ်ကြောင်း၊ အမှန်အဓိပ္ပါယ်မှာ “ကုလားမနိုင်၊ ရခိုင်မေး” သာဖြစ်ကြောင်းပြောသည်။ သူကဆက်လက်၍---ရခိုင်လူမျိုးများသည် ကုလားများနှင့် ရာစုနှစ်ပေါင်းများစွာ အတူနေလာကြရသဖြင့် အခါအားလျော်စွာ တိုက်ရ ခိုက်ရသည်များလည်းရှိရာ ကုလားများကို အနိုင်ရဖို့အရေး အစဉ်သဖြင့် နည်းလမ်းများကို ကြံဆထားကြရကြောင်း၊ ထို့ကြောင့် ကုလားကို အနိုင်ရနိုင်သည့် နည်းလမ်းများသည် ရခိုင်လူမျိုးစုတွင် အမြဲတမ်းအဆင်သင့်ရှိနေကြောင်း၊ ကုလားများနှင့် ခိုက်ရန်ဖြစ်ဖွယ်တစ်စုံတစ်ခုရှိသဖြင့် အနိုင်ရလိုသောသူသည် ရခိုင်လူမျိုးများကို မေးကြရကြောင်း ပြောပြကာ ယင်းသို့သောအကြောင်းကြောင့် အထက်ပါ ဆိုရိုးနှစ်မျိုးအနက် “ကုလားမနိုင်၊ ရခိုင်မဲ”သည်မှား၍ “ကုလားမနိုင် ရခိုင်မေး”သည်သာ မှန်ကြောင်း ရှင်းလင်းကာ နိဂုံးချုပ်သည်။ သူရှင်းပြမှ ကျနော်လည်း ယင်းအဓိပ္ပါယ်ကို ကောင်းစွာနားလည်လာရတော့သည်။ ယင်းအတွက် ကိုမြတ်ကျော်ကို ကျေးဇူးတင်ပါ၏။

နောက်တစ်မျိုးမှာ ထားဝယ်လူမျိုးတို့၏ စကားပုံနှင့် မြန်မာလူမျိုးတို့ နားလည်နေသော အဓိပ္ပါယ်ဖြစ်သည်။ တစ်ခါက ကျနော်သည် ကျနော့်ပါမောက္ခနှင့် အတူလမ်းလျှောက်သွားစဉ် ဘာကိုအကြောင်းပြုလိုက်မှန်းမသိ။ ပါမောက္ခက ကျနော့်ကို “မင်းတို့ ထားဝယ်လူမျိုးတွေက မရိုးသားတဲ့နေရာမှာတော့ ဆိုရိုးစကားတောင်တွင်တယ်ကွ” ဟုကောက်ကာငင်ကာပြောသဖြင့် “ဘယ်လိုတွင်တာလဲ ခင်ဗျား” ကျနော်က ပြန်မေးရာ “ထားဝယ်ရိုး ကြက်သူခိုး” ဆိုတာ မင်းလည်း သိသားပဲကွ” ဟု ဆရာက ဖြေသည်။ ဆက်လက်၍ “မင်းတို့ထားဝယ်လူမျိုးတွေ ဘယ်လောက်ရိုးသားတယ်ပြောပြော၊ ကြက်တော့ အနည်းဆုံး ခိုးကြသေး ဆိုပဲကွ” တဲ့။ ကျနော့်ရင်ထဲမှာ အောင့်သီးအောင့်သက်ခံစားလိုက်ရကြောင်း ရင်ဖွင့်ပါသည်။ မည်သူမဆို ကိုယ့်ကိုဖြစ်စေ၊ ကိုယ့်အမျိုးကို ဖြစ်စေ “မရိုးသားဘူး” ဟု အပြောခံရ သတ်မှတ်ခံရသောအခါ နာကျင်ကြလိမ့်မည် ထင်ပါသည်။ သို့သော် ကျနော့်ရင်က နာကျင်မှုကို ကျနော့်ဆရာရှေ့မှာ ဖွင့်မပြခဲ့ပါ။ သူ့ပြောစကားကို မသိမသာပဲ မှတ်ထားလိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က ဆရာကို ပြန်ချေပနိုင်သည့် စကားလုံးလည်း ကျနော့်မှာ အဆင်သင့်မရှိ။ ဆရာပြောသမျှ ရေငုံနှုတ်ပိတ် နေခဲ့ရသည်။ သို့သော် “ဒီစကားအမှန်ပဲလား” ကျနော်သိချင်လှသည်။

တစ်နေ့ မောင်းမကန်ရွာမှ ရန်ကုန်တွင် ပြောင်းရွှေ့နေထိုင်သော အိမ်နီးချင်း အမေကြီး ဒေါ်အိုကြည်နှင့်တွေ့သောအခါ ယင်းဆိုရိုးစကားသည် အမှန်ဖြစ်ပါသလော? မေးကြည့်ရာ အမေကြီးခမျှာ မျက်လုံးပြူးသွားလေတော့သည်။ “ဟဲ့ သားငယ် (အမေကြီးက ကျနော့်ကို ချစ်သဖြင့် သားငယ်-ဟုသာခေါ်လေ့ရှိသည်) ဆိုရိုးစကားက အဲလို မဟုတ်ဘူးကွဲ့၊ အဲဒါ မြန်မာလူမျိုးတွေ အကြားမှား၊ အမှတ်မှားဖြစ်ပြီး ကိုယ်လိုရာ အဓိပ္ပါယ်ကို ဆွဲပြောနေကြတာ၊ အမေတို့ ထားဝယ်ရိုးရာအစဉ်အလာ ပြောရိုးဆိုစဉ်စကားပုံက “ထားဝယ်အရိုး၊ ကြပ်ခိုး” ကွဲ့၊ ဆိုရိုးစကားလည်း မဟုတ်ဘူး၊ အဲဒါ “စကားပုံ” လို့ခေါ်တယ်။ ရိုးသားမှုကို ပုံပြုတင်စားပြီး တွင်လာတဲ့ စကားပဲ၊ မြဲမြဲမှတ်ထား သားငယ်ရဲ့” ဟု အမေကြီးက ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်သည်။

ထို့ပြင် သူက ဆက်လက်ပြီး “အမေတို့ ထားဝယ်သူ ထားဝယ်သားတွေ ဘယ်လောက်ရိုးသားတယ်ဆိုတာကို အဲဒီစကားပုံနဲ့တင် တော်တော် ဂုဏ်ယူထိုက်နေပြီ သားငယ်ရ၊ “ကြပ်ခိုးစင်” ဆိုတာ သားငယ်သိတယ်မဟုတ်လား၊ အမေတို့ထားဝယ်က အိမ်တိုင်းမှာ ရှိတာပေါ့၊ အဲဒီပေါ်မှာ အခြောက်ခံဖို့ ထင်းအစိုတွေ၊ တစ်ခါတစ်ခါ မခြောက်သေးတဲ့ ငါးအစိုတွေ တင်တင်ထားရတယ်၊ ကြပ်ခိုးစင်ပေါ်တင်ထားရင် ရေရှည်လည်းခံတယ်၊ ပြီးတော့ ကြပ်ခိုးဆိုတာ အမေတို့ ရိုးရာဗမာ့ဆေးနည်းမှာ ဆေးအမယ်တစ်ခုပဲကွဲ့၊ ထားဝယ်လူမျိုးတွေရဲ့ ရိုးသားမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ထားဝယ်လူမျိုးတစ်ယောက်ယောက်သေတဲ့အခါ အရိုးကိုယူပြီး ကြပ်ခိုးစင်ပေါ်တင်ထားရတယ် လို့ဆိုလိုတာ သားငယ်ရဲ့၊ မင့် ဆရာနဲ့တွေ့ရင် အမေပြောသလို ပြန်ပြောပြလိုက် ကြားလား သားငယ်” ဟု စိတ်ပါလက်ပါ ရှင်းပြလိုက်သည်။ ကျနော်လည်း အဲဒီအခါကျမှပဲ ဘ၀င်တွေ ဘာတွေကျပြီး စိတ်သက်သက်ရာ ရသွားတော့သည်။ သို့သော် စကားမစပ်သဖြင့် ဆရာ့ကို တစ်ခါမှ ပြန်ရှင်းပြခွင့် မရှိ။ နောင်လည်း ရှင်းပြနိုင်တော့မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ကျနော့်ဆရာသည် ၂၀၀၅-ခုနှစ်က ဆုံးပါးသွားရချေပြီတည်း။

အထက်ပါ ဆိုရိုးစကားနှင့် စကားပုံများနည်းတူပင် သက်ဆိုင်ရာလူမျိုးစုက သတ်မှတ်ထားသော အဓိပ္ပါယ်က တစ်မျိုး၊ အခြားလူမျိုးစုများက နားလည်ထားသော အဓိပ္ပါယ်တစ်မျိုးအားဖြင့် အဓိပ္ပါယ်နှစ်မျိုးထွက်သော စကားပုံများလည်း အများအပြားပင် ရှိနှင့်ဦးမည်ဖြစ်သည်။ အကယ်၍ ယင်းသို့သော ဆိုးရိုး/စကားပုံများကို ပြောခွင့်၊ သုံးခွင့်ကြုံသဖြင့် ပြောရ၊ သုံးရတော့မည့်အခါမှာ အလွန်သတိထားသင့်ကြောင်း တင်ပြလိုရင်း ဖြစ်သည်။ လူမျိုးစုတစ်ခုခု၏ စကားပုံ/ဆိုရိုးများကို မိမိတို့နားလည်ထားသည့်အတိုင်း ထိုလူမျိုးများရှေ့တွင် ပြောဆိုသုံးနှုံးမိပါက သက်ဆိုင်ရာလူမျိုးစုတို့၏ ဂုဏ်သိက္ခာကို ထိပါးသကဲ့သို့ဖြစ်တတ်ကြောင်း ကျနော့်ကိုယ်တွေ့နှင့် ယှဉ်ကာ တင်ပြလိုက်ရပါသတည်း။

ထားဝယ်သားတို့၏ထားဝယ်စကား

လားလာမျော

http://kominhtet.blogspot.com

ကျနော်ငယ်စဉ် ရွာမှာ ကျောင်းသားဘ၀က (အခုလဲ ကျောင်းသားဘ၀က မလွတ်သေး) အမေဆူတဲ့အခါ အများဆုံး ကြားခဲ့ရတဲ့ စကားကတော့“လားလာမျော” ဆိုတဲ့ စကားပါပဲ။ အဲဒီတုန်းကတော့ ဒီစကားရဲ့ အဓိပ္ပါယ်ကို ကိုယ့်ဒေသသုံးမို့ အတန်အသင့် နားလည်ခဲ့ပေမဲ့ လေးလေးနက်နက် တစ်ခါမှ မတွေးခဲ့မိကြောင်း ၀န်ခံပါရစေ။ အမေက သူ့စကားနားမထောင်ပဲ၊ အိမ်မှာမနေပဲ ရွာထဲလျှောက်လည်ပြီး ပြန်လာတဲ့အခါတိုင်းလောက်နီးပါး “နံလော လားလာခဲ မျောနေ၊ အီမှာဂို နေ--ာ့မား” (မင်းတော့ လျှောက်သွားနေတာပဲ၊ အိမ်မှာတောင် မနေဘူး) လို့ ဆီးဆူတတ်ပါတယ်။ ဒီစကားအတိုင်းဆိုရင် “လားလာမျော”ရဲ့ အဓိပ္ပါယ်ဟာ “လျှောက်လည်နေတယ်” လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်မူရင်း အဓိပ္ပါယ်တော့ မဟုတ်သေးပါဘူး။

တစ်ခါတစ်လေကျပြန်တော့ ပြောတာနားမလည်တဲ့အခါ “လားလာမျော--ား၊ ဟဲ့ယာလဲ နားမ္လယ်--” (အလားအလာမရှိတဲ့ကောင်၊ ဘာမှ နားမလည်ဘူး) လို့ ဆူတတ်ပါသေးတယ်။ ဒီစကားအရ “လားလာမျော”ရဲ့ မူရင်းအဓိပ္ပါယ်ထွက်လာပါတယ်။

လားလာ = အလားအလာ၊ ကြီးပွါးချမ်းသာခွင့်နိုင်တဲ့ အခွင့်အလမ်းများ
မျော = မျောပါသွားသည်၊ ဆုံးရှုံးသွားသည်။
လားလာမျော = အနာဂတ်မှာကြီးပွါးနိုင်တဲ့ အလားအလာများ ရေစုန်မျောပါသွားသည်။

မိခင်တိုင်း မိခင်တိုင်း သားသမီးတွေကို ချစ်ကြတာ ထုံးစံပါပဲ။ အဲဒီအချစ်ကြောင့်ပဲ မိဘတော်တော်များများဟာ သူတို့သားသမီးတွေရဲ့ နောင်ရေးကို အမြဲနီးပါး တွေးနေတတ်ကြပါတယ်။ သူတို့ကိုယ်တိုင် ပညာတတ်ကြီးတွေ ဖြစ်ချင်မှ ဖြစ်ကြပေမဲ့ သူတို့သားသမီးတွေကိုတော့ ပညာတတ်ကြီးဖြစ်စေချင်ကြပါတယ်။ သူတို့ကိုယ်တိုင် ကြွယ်ဝချမ်းသာသူတွေ ဖြစ်ချင်မှ ဖြစ်ကြပေမဲ့ သားသမီးတွေကိုတော့ သူတို့မျက်မှောက်မှာဖြစ်စေ၊ မျက်ကွယ်တဲ့အခါဖြစ်စေ ကောင်းစားစေချင်၊ ချမ်းသာစေချင်၊ ကြီးပွါးစေချင်ကြပါတယ်။ ဒါဟာ မိဘမေတ္တာရဲ့ သရုပ်အမှန်တွေပါပဲ။ အဲဒီစိတ် အဲဒီမေတ္တာကို အခြေခံပြီး သားသမီးတွေ အချိုးမကျတဲ့အခါ၊ ပြောစကားနားမထောင်တဲ့အခါ ကရုဏာဒေါသ-ဆိုသလို မချင့်မရဲဖြစ်ပြီး ဆူတာ ငေါက်တာတွေလဲ ရှိလာတတ်ပါတယ်။

အဲဒီလို ဆူစရာငေါက်စရာရှိလာတဲ့အခါ ကိုယ့်ဒေသအလိုက်၊ ကိုယ့်လူမျိုးအလိုက်သုံးစွဲရတဲ့ ဘာသာစကားတွေနဲ့ ထိထိမိမိ ဆူပူတတ်ကြပါတယ်။ တစ်ခါတလေ အမေက “နံဟယ်ရွှတ်သွားနေ---ယ်၊ လားလာခဲမျောနေ--ီက” (မင်းဘယ်လျှောက်သွားနေတာလဲ? အလားအလာတွေ မျှောပစ်နေတာပဲ) ဆိုပြီးလဲ ဆူငေါက်တတ်ပါတယ်။ ဒီစကားမှာပါတဲ့ လားလာမျောရဲ့ အဓိပ္ပါယ်ကတော့ တကယ့်ကို ဆိုလိုချင်တဲ့ အဓိပ္ပါယ်ပါပဲ။ ကြိယာပုဒ်အနေနဲ့ သုံးထားတာ တွေ့နိုင်ပါတယ်။ အထက်မှာပြောခဲ့တဲ့ အဓိပ္ပါယ်ချင်းတူပေမဲ့ ဒီဝါကျမှာ တိုက်ရိုက်အားဖြင့် အလားအလာတွေ မျှောပစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို တိုက်ရိုက်ယူနိုင်ပါတယ်။

တစ်ခါတရံကျတော့ အမေက “လားလာမျော--ား၊ ဟယ်နား သွားလွမ့်နေ--ယ်” (အလားအလာမရှိတဲ့ကောင်လေး၊ ဘယ်နားသွား အလေလွင့်နေတာလဲ?) လို့လဲ ဆူတတ်ပါသေးတယ်။ ဒီဝါကျမှာတော့ “လားလာမျော” ဟာ အလားအလာမရှိသူ ဆိုတဲ့ နာမ်ပုဒ်ကို တိုက်ရိုက်ရပါတယ်။ အဲဒီတော့ လားလာမျော-ဆိုစကားလုံးကို ထားဝယ်သူ ထားဝယ်သားများက ကြိယာပုဒ်အဖြစ်ရော၊ နာမ်ပုဒ်အဖြစ်ပါ အသုံးပြု ပြောဆိုကြကြောင်း နားလည်နိုင်ပါတယ်။ ဒီဝါကျကိုပဲ နောက်တစ်မျိုးအဓိပ္ပါယ်အနေနဲ့ ဒီလိုနားလည်နိုင်ပါတယ်။ “အလားအလာမရှိသူ၊ အလေလွင့်နေသူ” ဆိုပြီး အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။ ဒီအဓိပ္ပါယ်အရ လားလာမျော-ဆိုတာ အလေလွင့်သူလို့ တိုက်ရိုက်အဓိပ္ပါယ်ရပါတယ်။

လွင့်ဂျာ-ဆိုတဲ့ ရခိုင်စကားနဲ့ ခပ်ဆင်ဆင်တူမယ်လို့ ယူဆရပါတယ်။ မြန်မာစကားမှာ ဒီလိုနေရာမျိုးမှာ ကျနော်တို့ ထားဝယ်သားတွေ ပြောသလိုမပြောကြပါဘူး။ “မင်းဘယ်သွား အလေလိုက်နေတာလဲ” လို့ပြောကြမှာပါ။ ဒါကြောင့် လားလာမျောဟာ ဒီဝါကျမှာ မြန်မာလိုစဉ်းစားရင် အပိုသက်သက်ဖြစ်လာပါတယ်။ ဒါပေမဲ့ မြန်မာစကားအရ ပိုသလိုဖြစ်နေပေမဲ့ ထားဝယ်စကားအရတော့ လားလာမျောဟာ နောက်ပြောမည့် “ဘယ်သွားလေနေသလဲ” ဆိုတဲ့ စကားကို ပိုပြီး အဓိပ္ပါယ်ရှိစေတဲ့ ၀ိသေသနလို ဖြစ်လာပြန်ပါတယ်။ စကားအသွားအလာအရ အထူးပြုပုဒ်တစ်ခုမဟုတ်ပေမဲ့ နောက်ဝါကျကို လေးနက်စေတဲ့ ပုဒ်စုတစ်ခုအနေနဲ့ မှတ်ယူနိုင်ပါတယ်။ မြန်မာဝါစင်္ကတွေနဲ့ စဉ်းစားရင်တော့ အာလုပ်ပုဒ် တစ်ခုအနေနဲ့ မှတ်ယူနိုင်ပါတယ်။

အထက်ပါ စကားစဉ်အရ ထားဝယ်သူ ထားဝယ်သားတွေသုံးတဲ့ လားလာမျောရဲ့ အဓိပ္ပါယ်တွေဟာ
(၁) လျှောက်လည်နေသည် (ကြိယာပုဒ်)၊
(၂) အလားအလာမရှိသူ (နာမ်ပုဒ်)
(၃) အလားအလာကို မျှောပစ်သည် (ကြိယာပုဒ်)
(၄) အလေလွင့်သူ (နာမ်ပုဒ်) နဲ့
(၅) နောက်ဝါကျပါစကားလုံးများကို အားဖြည့်ပေးတဲ့ အာလုပ်ပုဒ်
ဆိုတဲ့ အဓိပ္ပါယ်တွေ ရကြောင်း သိနိုင်ပါတယ်။

ဒီကဏ္ဍမှာ အချိန်ရရင်ရသလို ကျနော်တို့ ထားဝယ်သူထားဝယ်သားတွေရဲ့ စကားအသုံးနှုံးနဲ့ စိတ်ဝင်စားဘွယ်ရာလေးတွေကို အလျှင်းသင့်သလို တင်ပြပေးသွားမှာဖြစ်တယ်။ စိတ်ဝင်စားသူများ ဗဟုဿုတအဖြစ်လေ့လာနိုင်ပါကြောင်း။

Thursday, October 25, 2012

လူမျိုး စကားနဲ့ စာပေ သို့မဟုတ် သွေးကပြောတဲ့ စကား အပိုင်း (၅)

http://www.tavoyanvoice.com/?p=1170

ကမ္ဘာပေါ်မှာ ရှိတဲ့လူမျိုးစုအားလုံးမှာ ကိုယ်ပိုင်စကားဆိုတာ ရှိကြပါတယ်။ ကိုယ်ပိုင်စကားမရှိပဲနဲ့ လူမျိုး တစ်မျိုး ဆိုတာလဲရှိလာမယ်လို့ မထင်မိပါဘူး။ ပြီးတော့ လူမျိုးစုအတော်များများဟာလဲ ကိုယ်ပိုင် စကား ကို မြတ်မြတ်နိုးနိုး နဲ့ပြောနေကြတဲ့အပြင် သူတို့ရဲ့ကိုယ်ပိုင်စကားတွေကို ပြန့်ပွါးအောင်လဲ ကြိုးစားကြ ပါတယ်။ ဥပမာ ပြင်သစ်၊ ဂျာမဏီ၊ စပိန်စတဲ့ နိုင်ငံတို့လိုပေါ့။ အဲဒီနိုင်ငံများဟာ သူတို့စကားကိုပဲ လူသား အားလုံးက ပြောရမယ် သုံးရမယ်လို့ ယူဆထားတဲ့ နိုင်ငံများပါ။ ဒါကြောင့်လဲပဲ သူများစကားကို အဓိက မထားပဲ ကိုယ်ပိုင်စကားပြောပြီး ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ကမ္ဘာပေါ်မှာ အချိန်အတော်ကြာကြာ ရပ်တည် ခဲ့တာပါ။ ဒါပေမယ့် ခေတ်တွေရဲ့ပြောင်းလဲလာတဲ့ သဘာဝက အင်္ဂလိပ်စကားကို တောင်းဆို လာ တာကြောင့် အင်္ဂလိပ်စကားကို မဖြစ်မနေသင်လာရပါတယ်။ ဒါကလဲ စီးပွါးရေး ဆက်သွယ်ရေးစတဲ့ အသက်ရှင်သန်မှုအတွက် လုပ်ရတဲ့အခြေအနေကြောင့်ပါ။ သူတို့အားလုံးမှာ တူညီတဲ့ ရည်မှန်းချက် ကတော့ အင်္ဂလိပ်စကားကို ရှင်းရှင်းလင်းလင်းနဲ့ ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်အောင် ပါပဲ။ နောက်ထပ်တူညီတဲ့ အချက်တစ်ခု ကတော့ အင်္ဂလိပ်စကားကို ကောင်းကောင်းပြောတတ်ကြပေမယ့် ကိုယ်ပိုင်စကားကို မမေ့အောင် ထိန်းသိမ်းထားနိုင်ခြင်းပါပဲ။ ဒါကြောင့်လဲပဲ သူတို့တွေဟာ မိခင် ဘာသာ စကား ပြင်သစ် စတာမျိုးကို ဖေါ်ပြပြီး ကျန်တဲ့ဘာသာစကားများကိုတော့ ကျွမ်း ကျင်စွာ ပြောတတ်ရေး တတ်တယ်ဆိုတာမျိုးကို ဖေါ်ပြလေ့ရှိပါတယ်။ ဒါက မိခင်ဘာသာစကားကို ဘယ်လောက်တန်ဖိုးထား တယ်ဆိုတာကို သူတို့ရဲ့စိတ်က အလိုလိုဖေါ်ပြနေတဲ့ အခြေအနေပေါ့။


မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးများလဲ ကိုယ်ပိုင်စကားနဲ့ ရှင်သန်နေကြတာမို့ စာမတတ်ရင်သာနေမယ် ကိုယ့်စကားကိုတော့ တကယ့်ကို တန်ဖိုးထားတာကို တွေ့ရပြန်ပါတယ်။ စာရေးသူအနေနဲ့ တွေ့ဖူးတဲ့ တိုင်းရင်းသားများ ဆိုရင် ရှမ်း၊ ပအိုဝ်၊ ရခိုင်၊ ကရင် အမျိုးမျိုးနဲ့ မွန် ပြီးတော့ ကယား၊ ကချင်နဲ့ ချင်းလူမျိုးတို့ပါပဲ။ သူတို့ဟာ မြန်မာစကားနဲ့ မြန်မာစာကို တတ်အောင်ကြိုးစားရင် ရန်ကုန်နဲ့ မန္တလေးနယ်တွေကို စီးဆင်းလာတဲ့ လူမျိုးတွေပါပဲ။ သူတို့တွေဟာ မြန်မာစကားနဲ့ မြန်မာစာကို တကယ်တတ်ကျွမ်းသွားကြပေမယ့် သူတို့ရဲ့ကိုယ်ပိုင်စကားကိုတော့ မေ့သွားတာမျိုး မပြောတတ်တာမျိုးကို မတွေ့ဖူးပါဘူး။ ဘွဲ့ရပြီး အလုပ်ဝင်နေသူများ လုပ်ငန်းချဲ့ပြီး အောင်မြင်နေသူများလဲ ကိုယ်ပိုင်စကားကို လုံးဝမေ့သွားတာမျိုး မရှိကြပြန်ပါဘူး။ ဒါဟာ မိခင်ဘာသာစကား (အမေ့လျှာ= Mother tongue) ကို မဖြတ်တဲ့ သဘောပါပဲ။ တကယ်တော့ အမေ့စကား အမေ့လျှာကို မဖြတ်တာဟာ သဘာဝကျပါတယ်။ မွေးကတည်းက ပါလာတဲ့ လျှာဟာအစာရဲ့အရသာကို ခံစားဖို့ပါ။ လျှာမရှိဘူးဆိုရင် အရသာကိုဘယ်လိုမှ ခံစားနိုင်မှာ မဟုတ်ဘူးဆိုတာကို တော့ စာဖတ်သူများလက်ခံမယ်ထင်ပါရဲ့။ မူရင်းဖြစ်တဲ့ အမေ့လျှာကိုဖြတ်ပြီး လျှာအတုနဲ့လူလုပ်ရင်း အရသာခံမယ်ဆိုရင် တော့ အရသာအတုကိုပဲ သုံးဆောင်ရလိမ့်မယ်ဆိုတာ ယုံမှားစရာ မရှိပါဘူး။ စာဖတ်သူများကရော အရသာအစစ်ကို ခံစားသုံးဆောင်ချင်တာလား သို့မဟုတ် အတုကိုပဲ မက်မောစွာ ခံစားကြမှာလား။

စာရေးသူတွေ့ဖူးတဲ့ လူမျိုးတွေထဲမှာ ကိုယ့်စကားကို တကယ်တန်ဖိုးထားပြီး မပျောက်ပျက်အောင် ထိန်းသိမ်း ထားသူများဟာ တိုင်းရင်းသားများသာဖြစ်ပြီး လူမျိုးကြီးလို့ခံယူထားတဲ့ မြန်မာနဲ့ လူမျိုးကြီးရဲ့အဆက်အနွယ်လို့ ယူဆထားတဲ့ ထားဝယ်များဟာ တိုင်းရင်းသားများလို ကိုယ့်စကားကို တန်ဖိုးထားတာမျိုး မတွေ့ရသလောက်ပါပဲ။ စာဖတ်သူများတိကျတဲ့ အကြောင်းပြချက်များကို လိုချင်ပါသလား။ စာရေးသူမှာ တိကျတဲ့အကြောင်းပြချက်နဲ့ သာဓကတွေရှိပါတယ်။ ဆက်လက်ပြီးသာ ဖတ်ရှုသွားပါ။

ခေတ်ပညာတတ်မှ ဘ၀မှာတင့်တယ်မယ်လို့ယူဆထားတဲ့ မြန်မာများဟာ (သူတို့အသုံးကတော့ ရွှေမြန်မာပေါ့) အင်္ဂလိပ်စာကို ကျွမ်းကျင်အောင်ကြိုးစားကြပြီး နိုင်ငံခြားတက္ကသိုလ်များမှာပါ ဆက်လက်ပညာသင်နိုင်အောင် လုပ်နေကြတာကို တွေ့ဖူးပါတယ်။ တချို့ကတော့ နိုင်ငံခြားပြောင်းရွှေ့နေထိုင်ကြပြီး နောက်မျိုးဆက်သစ်များကို နိုင်ငံခြားမှာပဲ မွေးကြတာမျိုး ရှိပါတယ်။ အဲဒီလိုလူတွေမှာ တွေ့ရတတ်တဲ့ အခြေအနေတွေကတော့ မြန်မာစကားကို တန်ဖိုးမထားတော့ပဲ အင်္ဂလိပ်စကားကိုပဲ ထယ်လဲပြောနေတာကို တွေ့ရပါတော့တယ်။ မိဘများကလဲ ကိုယ့်စကားကို တန်ဖိုးထားရမယ်လို့ ပြောမယ့်အစား ကိုယ့်သားသမီး အင်္ဂလိပ်စကားပြောတာကို မီးလောင်ရာလေပင့် လုပ်ပေးတာ မျိုးကိုပါ တွေ့ရပြန်ရော။ ဟုတ်တယ် ကျနော် ကျမတို့ရဲ့ သားသမီးများက မြန်မာစကားကို ကောင်းကောင်းနားမလည်ဘူး ကျောင်းမှာက အင်္ဂလိပ်စကားပဲပြောကြတော့ အင်္ဂလိပ်စကားပဲပြောတတ်တော့တယ်လို့ ဂုဏ်ယူစွာပြောတတ်ပြန်ပါတယ်။
တကယ်တော့ ကိုယ်ဟာ ဘယ်လိုလူမျိုးလဲဆိုတာကို ကောင်းကောင်းနားလည်ထားဖို့ပါပဲ။ စာရေးသူရဲ့အမြင်ကို ပြောပြတာထက် ကြားခဲ့ကြုံခဲ့ရတဲ့အဖြစ်လေးကိုပဲ စာဖတ်သူများကို အသိပေးပါရစေ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကကို မသွားခင်တုန်းက အင်္ဂလန်ကိုသွားခဲ့တယ်ဆိုတာ စာဖတ်သူများသိမှာပါ။

အင်္ဂလန်ခရီးစဉ်တစ်ခုမှာ မြန်မာသတင်းသမားများနဲ့ တွေ့ဆုံပွဲတစ်ခုမှာပေါ့။ သတင်းသမား တယောက်စီကို မေးခွန်းတစ်ခုစီ မေးခွင့်ပေးပါတယ်။ စည်းကမ်းကတော့ မြန်မာစကားနဲ့ပဲ မေးရမယ်တဲ့။ ဒါပေမယ် VOA က မြန်မာသတင်းထောက် (အမျိုးသမီး) တစ်ယောက် က အင်္ဂလိပ်စကားနဲ့မေးဖို့ တောင်း ဆို ပါတယ်။ နိုင်ငံခြားမှာ အနေကြာတာရယ် မြန်မာစကားပြောနေကျ မဟုတ်တာရယ် ကြောင့် မြန်မာ စကားနဲ့မေးတာထက် အင်္ဂလိပ်စကားနဲ့မေးတာကို ပိုအဆင်ပြေကြောင်းပါ ထပ်လောင်း ရှင်းပြပါ တယ်။ ဒေါ်အောင်ဆန်း စုကြည်ဘာပြောမယ်လို့ စာဖတ်သူများထင်ပါသလဲ။ နိုင်ငံခြားဘာသာစကား တတ်တာကို ဂုဏ်ယူရမှာဖြစ်ပေမယ့် ကိုယ်မိခင်ဘာသာ စကားမေ့သွားတာတော့ ဂုဏ်ယူစရာ မဟုတ်ပါဘူးတဲ့။ မြန်မာနိုင်ငံသားမှန်ရင် မြန်မာစကားပြောကို ပြောတတ်ရမယ်ပေါ့။

သတင်းထောက်မှာ တကယ့်ကိုအားကျဂုဏ်ယူရမယ့်အဖြစ်လေးတစ်ခုကို ဒေါ်အောင်ဆန်းစုကြည် အမေရိကကို ရောက်တော့မှ သိရပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကခရီးစဉ်မှာ လဲ VOA သတင်းဋ္ဌာနကို သွားလည်ပတ်ပါတယ်။ အဲဒီမှာ အင်္ဂလန်တုန်းက သတင်းမေးခဲ့တဲ့ သတင်းထောက်လဲပါတာပေါ့။ သတင်းထောက်က ဂုဏ်ယူစွာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတဲ့ စကားကတော့ အမေစုရေ…. အရင်က ကျမ မြန်မာစကား ကောင်းကောင်းမတတ်ပေမယ့် အခုဆိုရင် စကားအပြင် စာပါဖတ်တတ်နေပြီရှင့်တဲ့။ သတင်းထောက်ရဲ့ စိတ်ကိုတော့ ချီးကျူးမိတာ အမှန်ပါ။ အပြောခံခဲ့ရတာကို အပြစ်လို့မမြင်ပဲ အမှန်လို့လက်ခံပြီးရအောင် ကြိုးစားတဲ့ စိတ်ဓာတ်လေးက ချစ်စရာပါ။
မြန်မာတွေဖြစ်နေသလို ထားဝယ်များလဲဖြစ်နေတာကို စာရေးသူကြုံရဖူးပါတယ်။ ထားဝယ်မိသားစု (အနည်းစု) များဟာ သူတို့သားကို ပြုစုပျိုးထောင်တဲ့နေရာမှာ လွဲသွားတာလေးကို ပြောပြချင်တာပါ။ မိသားစုတစ်စုပြောတဲ့ စကားကကျမသား မြန်မာစကားမပီပဲနဲ့ မြန်မာကြားမှာ စကားပြောနေတာ အရမ်းရှက်တာပဲတဲ့။ ဒါကြောင့် သားကို မြန်မာစကားပီပီသသ ပြောတတ်အောင် မြန်မာစကားပဲ ပြောခိုင်း ထားပါသတဲ့။“  တကယ်တော့ စကားဆိုတာ ဆက်သွယ်တဲ့နေရာမှာ လူသိအောင်လုပ်ပေးတဲ့ သင်္ကေတ တစ်ခုသက်သက်ပါ။ ဒီထက်ဘာမှ မပိုပါဘူး။ စကားကို ပီပီသသပြောတတ်မှ လူနားလည်တယ်ဆိုတာလဲ မဟုတ်ပါဘူး။ ဆိုလိုချက်ကို အပြောခံရသူသိရင်ပြီးတာပါပဲ လူကြီးလူကောင်းဖြစ်သူများဟာ စကားပီတယ် မပီဘူးဆိုတာကို ဘယ်တော့မှ မပြောကြပါဘူး။ သူတို့ကောင်းကောင်းသိပါတယ်။
အခုဆက်သွယ်လာသူဟာ သူတို့လို မိခင်ဘာသာစကားပြောတတ်သူ မဟုတ်ဘူးဆိုတာကိုပေါ့။

“စကားအသုံးအနှုံးမှားရင်တော့ လူကြီးသူကောင်းများက ပြင်ပေးတတ်ပါတယ်။ အပြစ်တော့မပေးတတ်ပါဘူး ဒါက လူကြီးလူကောင်းများမှာ ရှိတတ်တဲ့ အကျင့်ကောင်းတစ်ခုပါ။”
ကိုယ်ပြောချင်တဲ့အကြောင်းအရာတစ်ခုကို သူတို့သိရင်ပြီးသွားတဲ့ကိစ္စမှာ ဘာဖြစ်လို့ ကိုယ့်မိခင်ဘာသာစကားကို မေ့လိုက်ရမှာတဲ့လဲ။ သူများစကားကို ပီပီသသပြောတတ်တာဟာ ဂုဏ်ယူစရာပါ။ ဒါပေမယ့် ကိုယ်ပိုင်စကားကို မပြောတတ်တာ မေ့သွားတယ်ဆိုတာဟာ ဂုဏ်ယူစရာတစ်ခု မဟုတ်ပါဘူး။

တချို့ထားဝယ်များ ပြောတဲ့စကားကို ကြားမိတာလေးရှိပါသေးတယ်။ ရန်ကုန်မှာနေတာကြာလို့ ထားဝယ်စကား မေ့သွားတယ်ဆိုတာမျိုးပေါ့။ စာဖတ်သူများကို စာရေးသူရဲ့ အတွေ့အကြုံလေးကို အသိပေးလိုက်ပါရစေ။ စာရေးသူလဲ ကံကောင်းထောက်မစွာနဲ့ ရန်ကုန်မှာကြီးပြင်းလာခဲ့ရသူပါ။ လူကြီးတွေရဲ့အမြင်ကျယ်မှုကြောင့် ထားဝယ်တွေနဲ့ ဝေးတဲ့နေရာမှာနေပြီး မြန်မာများနဲ့ပဲ ပေါင်းသင်း ဆက်ဆံခဲ့ရပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ မိခင်ဘာသာစကားဖြစ်တဲ့ ထားဝယ်စကားကို မေ့သလိုဖြစ်သွားပါတယ်။ မြန်မာကြားမှာနေတာကြာတော့ ကိုယ့်စကားကို အသုံးချဖို့ အခွင့်အရေး မရတာကြောင့်ပေါ့။ မိတ်ဆွေများကလဲ စာရေးသူကို ထားဝယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ မြန်မာတစ်ယောက်လို့ပဲ ထင်ခဲ့ကြတာပါ။ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် မြန်မာကြားမှာ ကြီးပြင်းခဲ့တဲ့ စာရေးသူဟာ ထားဝယ်စကားကို တကယ့်ကို ကောင်းကောင်း မပြောတတ်ခဲ့ပါဘူး။

ဒါပေမယ့် အသားထဲမှာ စီးနေတဲ့ သွေးဟာ ထားဝယ် မိဘများရဲ့သွေးပဲဖြစ်တာမို့ စာရေးသူထားဝယ်စကားကို ပီပီကြီးကိုပြန်ပြော တတ်ခဲ့သူပါ။ လွယ်လွယ်နဲ့တော့ ရခဲ့တာ မဟုတ်ပါဘူး။ ကျင့်ခဲ့ရသလို အချိန်တွေလဲ ယူခဲ့ရပါတယ်။ လိုချင် ဖြစ်ချင်တဲ့စိတ်က အရာရာကိုရအောင် စွမ်းဆောင်ပေးခဲ့တယ်ပြောရင် ရမယ်ထင်ပါတယ်။ စာရေးသူဟာ ထားဝယ် များနဲ့အတူ သုံးနှစ်လောက် ထားဝယ်စကားကိုပြန်သင်ရင်း ပြောရင်းနဲ့ မိခင်လျှာကိုပြန်တပ်ခဲ့ရသူပါ။အခုဆို မြန်မာစကားမပီတော့တဲ့ ထားဝယ်သားကြီးဖြစ်နေပြီလေ။ မိခင်စကားကို ဂုဏ်ယူဆဲပါ။ဘာဖြစ်လို့လဲဆိုတော့ မိခင်ကို ချစ်လို့ပါပဲ။

စာရေးသူတွေ့ရဖူးတဲ့ ထားဝယ်သားကြီးအကြောင်းကို စာဖတ်သူသိအောင် ပြောခွင့်ပြုပါဦး။ ထားဝယ်သားကြီးဟာ ထားဝယ်ကနေ ရန်ကုန်ကိုပြောင်းသွားတဲ့ နှစ်တွေဟာ ဆယ်စုနှစ်များစွာကိုကျော်လို့ သမီးရဲ့ခေါင်းပေါ်မှာ ရှိတဲ့ ဆံပင်တောင် ဆေးဆိုးစရာမလိုပဲ အဖြူရောင်သန်းနေပါပြီ။ ဒါပေမယ့် ထားဝယ်သားကြီးကတော့ ထားဝယ်မြေ ထားဝယ်စကား ထားဝယ်ယဉ်ကျေးမှုကို အသက်လောက်ချစ်ခင်နေဆဲဆိုတာ သူပြောနေတဲ့စကားက သက်သေခံနေပါတယ်။ ထားဝယ်သားကြီးမှာ သမီးများနဲ့ သားဆိုတာရှိပါတယ်။ “သူ့ရဲ့သီအိုရီကတော့ ထားယ်ဖြစ်နေလို့ ကိုယ့်ဟာကိုယ်အပြင်မှာ ဘယ်လိုစကားမျိုးကိုပဲ သုံးခဲ့သုံးခဲ့ အိမ်ရောက်ရင်တော့ ထားဝယ်စကားပဲ ပြောရမယ်တဲ့လေ။ တကယ်လဲ ကျင့်သုံးခဲ့သူပါ။ သူရဲ့သားသမီးတွေထဲမှာ ထားဝယ်ကို မရောက်ဖူးသေးတဲ့ သူများရှိသေးတယ်ပြောရင် စာဖတ်သူများ အံ့သြမလားပဲ။ ထားဝယ်ကို တစ်ခါမှ မရောက်ဖူးပေမယ့် ထားဝယ်စကားကို ကောင်းကောင်း ပြောတတ်နေတယ်ဆိုတာကတော့ သေချာမက သေချာနေပါတယ်။
“ထားဝယ်သားကြီး ဂုဏ်ယူစွာပြောတတ်တဲ့ စကားကတော့ သူပြောလိုက်တဲ့စကားကို ကြားပြီးသူ့ကို ထားဝယ်သားပါလို့ လူတွေသိသွားရင် အရမ်းဂုဏ်ယူပါသတဲ့။” စာဖတ်သူများကရော ဘယ်လိုသဘောရှိပါသလဲ။ တကယ်တော့ လူမျိုးတစ်မျိုး ဆက်လက်ရှင်သန်အောင်ဆိုရင် စကားဟာ တကယ့်ကိုအရေးကြီးပါတယ်။ စာမရှိတာက စကားမရှိတာလောက် အရေးမကြီးပါဘူး။ စကားဆိုတာရှိနေသရွေ့ စာဆိုတာ အချိန်မရွေးဖေါ်ထုတ်လို့ရတယ်ဆိုတာကို စာဖတ်သူများ မမေ့ပါနဲ့။
စာရေးသူနဲ့ စာဖတ်သူများ ကိုးကွယ်နေတဲ့ ဗုဒ္ဓရဲ့ အတွေးအခေါ်နဲ့ အလုပ်လေးတွေကိုပါ မျှလိုက်ပါရစေဦး။ ဗုဒ္ဓရဲ့ လမ်းစဉ်ကိုကြည့်မယ် ဆိုရင် လောကတ္ထစရိယ=လူသားများကောင်းကျိုးရစေဖို့၊ ဉာတတ္ထစရိယ= ဆွေမျိုးများ ကောင်းကျိုးရစေဖို့နဲ့ ဗုဒ္ဓတ္ထစရိယ=ကိုယ်တိုင်သိဖို့များပါပဲ။ နောက်ကနေပြန်ကြည့်မယ်ဆိုရင် လူသားအကျိုး ဆွေမျိုးအကျိုးကို ဆောင်ဖို့ဆိုရင် ကိုယ်တိုင်ကျင့်ပြီးသိနေရမှာပါ။ ဗုဒ္ဓဟာ လူသားများအပေါ်မှာ အလေးထားခဲ့သလို ဆွေမျိုးများအပေါ်မှာလဲ အလေးထားခဲ့တယ်ဆိုတာ လွန်ခဲ့တဲ့နှစ် (၂၆၀၀) လောက်ဖြစ်ခဲ့ အဖြစ်အပျက်တွေက သက်သေပြလျက်ရှိပါတယ်။ ဗုဒ္ဓလက်ထက်တော်တုန်းက သာဝတ္ထိပြည့်ရှင် ကောသလ မင်းကြီးဆိုတာ ရှိခဲ့ဖူးပါတယ်။ သာကီနဲ့ အမျိုးတော်ချင်လွန်းတဲ့ မင်းကြီးရဲ့ဆန္ဒက အမှားတစ်ခုကို မွေးဖွားပေးလိုက်သလို ဖြစ်သွားပါတယ်။

သာကီရဲ့ထုံးစံက အမျိုးမတော်သူနဲ့ အမျိုးတော်အောင်လုပ်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့တဲ့ လူမျိုးများပါပဲ။ ဒါကို စောင့်လေမျိုးနွယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အာဏာစက်ကြီးတဲ့ မင်းကြီးနဲ့ ဆန့်ကျင်ဘက် မလုပ်ချင်တဲ့ သာကီများဟာ ကျွန်မနဲ့ ရခဲ့ဖူးတဲ့ သမီးတစ်ယောက်ကို မင်းကြီးထံ အပ်နှံလိုက်တာပေါ့။ မွေးလာတဲ့ သားလေးက ၀ိဋ!ူဘ တဲ့လေ။ သားတော်လေးရဲ့ အမျိုးသာကီကို တွေ့ချင်တဲ့စိတ်ကတား မရဆီးမရပေါ့။ အရွယ်ရောက်တဲ့အချိန် သွားလည်တော့ သူထိုင်ခဲ့တဲ့နေရာကို နွားနို့နဲ့ ဆေးခဲ့တဲ့အချိန်ကစပြီး ရန်ငြိုးဖွဲ့တော့တာပါပဲ။ ပြီးတော့ သာကီတွေကို အမျိုးဖြုတ်ဖို့ အမြဲစဉ်စားနေသူပေါ့။ တစ်ရက် သာကီတွေကို သုတ်သင်ဖို့ရည်ရွယ်ချက်နဲ့ ကပိလ၀တ္ထုကိုအသွားမှာ ဗုဒ္ဓက နေပူလမ်းမှာ စောင့်နေပါသတဲ့။

မင်းသားလေးတွေ့တော့ မေးတာပေါ့ နေဟာပူပါတယ် ဘာလို့နေပူထဲနေရပါသလဲလို့လေ။ ဖြေကြားတဲ့ စကားလေးကတော့ နေရဲ့ အပူထက် ဆွေမဲ့မျိုးမဲ့တဲ့အရိပ်က ပိုပူပါသတဲ့ ဆိုလိုတာက ဆွေရိပ်မျိုးရိပ်ဟာ ပိုမိုအေးမြတယ်ပေါ့။ မင်းသားလေးလဲ အမျိုးကိုမထိစေလိုတဲ့စိတ်ကြောင့် ဒီလိုမိန့်ကြားတာနေမှာလို့ သဘောပေါက်ပြီး ပြန်လှည့်သွားပါသတဲ့။ (ကံကုန်တဲ့တစ်နေ့မှာတော့ မင်းသားလေးရဲ့လက်ချက်နဲ့ သာကီများအမျိုးတုန်းသွားရတာပေါ့။) ကိုယ့်အမျိုးကို ကာကွယ်ရမယ်ဆိုတာ စောင့်လေမျိုးနွယ်ဆိုတဲ့ အဆုံးအမနဲ့ သတိပေးခဲ့ပါတယ်။ ကိုယ့်ရဲ့အမျိုးကိုစောင့်ဖို့ ဆိုရင် ကိုယ်ပိုင်စကားကို မမေ့အောင်ထိန်းသိမ်းရမှာဖြစ်သလို ကိုယ်ပိုင်ယဉ်ကျေးမှုကိုလဲ တန်ဖိုးထားရမှာပါ။ ဖြည့်သင့် တာကိုဖြည့်တဲ့အတွက် ဆောင်သီလ ရှောင်သီလ ဆိုပြီး နှစ်ပါးရှိတဲ့အထဲမှာ ဆောင်သီလ ကို ပြည့်အောင်ဖြည့်နေ ရာရောက်ပါတယ်။ ကိုယ့်စကား ကိုယ့်ယဉ်ကျေးမှုကို ကိုယ်တိုင်တန်ဖိုး မထားဘူးဆိုရင် ဘယ်သူများတန်ဖိုးထား ဦးမှာတဲ့လဲ။

စကားနဲ့ ယဉ်ကျေးမှုကို တန်ဖိုးထားလိုက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် သွေးရင်းသား ပမာဖြစ်သွားတာမို့ လက်တွဲကူညီသွားဖို့ လိုအပ်လာပါတယ်။ လောကကြီးမှာ တစ်ယောက်ထဲ ရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လက် တွဲသွားမှသာ ပိုမိုအောင်မြင်သူတစ်ယောက်ဖြစ်လာမှာပါ။ ကိုယ့်ရဲ့အတ္တတစ်ခုကိုပဲ ရှေ့တန်းတင်ပြီး I don’t care and I only care my family လို့ မပြောလိုက်ပါနဲ့။ ရပ်ကွက်မှာပဲဖြစ်ဖြစ် မြို့နယ်မှာပဲဖြစ်ဖြစ် ကိုယ့်မိသား စုတစ်စုပဲ နေတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အများနဲ့ပေါင်းနေတဲ့လူသားဟာ အများကိုကူဖို့စိတ်ကို မွေးကိုမွေးရမှာပါ။

မြန်မာများပေါ့လျော့ခဲ့လို့ အခုမြန်မာနိုင်ငံ ရခိုင်ဒေသမှာ ဘာတွေဖြစ်နေတယ်ဆိုတာ စာဖတ်သူများသိမှာပါ။ ကိုယ့်မိသားစုတစ်စုတည်းနဲ့ ရပ်ရွာကိုကာကွယ်လို့ မရဘူးဆိုတာသိထားစေချင်ပါတယ်။ ကိုယ့်မိသားစုအရင်က ထက်ပိုမိုအောင်မြင်ချင်တယ် အေးချမ်းစွာနေချင်တယ်ဆိုရင် အားလုံးနဲ့လက်တွဲနိုင်အောင် ကြိုးစားပါ။ ရှေ့ကမသွားနိုင်ရင် နောက်ကလိုက်ပြီး ထောက်ပံ့ပေးပါ။ ရှေ့ကသွားပြီးလုပ်နိုင်တယ်ဆိုရင်လဲ ရှေ့ကသွားပြီး လမ်းမှန်ရောက်အောင် ပို့ပေးပါ။ ရှေ့ကလဲမသွား နောက်ကလဲမလိုက်ပဲ ကန့်လန့်လုပ်ချင်တဲ့စိတ်ကိုတော့ မမွေးပါနဲ့။

ဒေါ်အောင်ဆန်းစုကြည် အမေရိကမှာ ပြောခဲ့တဲ့စကားလေးတစ်ခုကို ပြန်ကြားယောင်မိတယ်။ တိုးမီးရှို့မီးတော့ မလုပ်ကြပါနဲ့လို့လေ။ ပြီးတော့ ပြည်ပရောက်နေတဲ့ မြန်မာများ စည်းလုံးတယ်ဆိုတာကို မကြားဖူးဘူးဆိုတာလေး ကိုပါပေါ့။ အသိဉာဏ်နဲ့ ကမ္ဘာကြီး တိုးတက်အောင်လုပ်နေပါတယ်ဆိုတဲ့ လူသားများမှာ မြင့်မြတ်တဲ့စိတ်ဓာတ် ဘာဖြစ်လို့မရှိနိုင်ရမှာလဲ။ ရှိအောင်လုပ်ရင် ရှိလာနိုင်တဲ့အရာတစ်ခုကို မသိသလိုလုပ်နေမယ်ဆိုရင်တော့ လူသားတာဝန်မကျေသူလို့ပဲ သတ်မှတ်ရမယ်ထင်ပါရဲ့။ ကိုယ့်မိသားစုနဲ့ ကိုယ့်ဆွေမျိုးတွေ အေးချမ်းစွာဘ၀ကို ဖြတ်သန်းစေချင်တယ်ဆိုရင် အမျိုးချစ်တဲ့စိတ်နဲ့ ကိုယ့်ဘာသာ ကိုယ့်စကား ကိုယ့်ယဉ်ကျေးမှုကို ကာကွယ်ပြီး အချင်းချင်းလက်တွဲသွားဖို့ပဲရှိတာပါ။ “ကမ္ဘာကျော် မာသာထရေစာ ပြောတဲ့စကားလေးကလဲ မှတ်သားစရာပါ။ သူလုပ်နိုင်တာကို သူများမလုပ်နိုင်ဘူးတဲ့၊ သူများလုပ်နိုင်တာကို သူမလုပ်နိုင်ခဲ့ဘူးတဲ့။ ဒါပေမယ့် အချင်းချင်းသာ လက်တွဲလုပ်ဆောင်သွားရင် ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်နိုင်ပါသတဲ့လေ။”
ဗိုလ်မှူး ဗထူး
ဗိုလ်မှူး ဗထူး

စာဖတ်သူရဲ့ အသားထဲမှာ စီးဆင်းနေတဲ့ သွေးဟာ နီရဲပြီး ထားဝယ်သွေးစစ်မယ်ဆိုရင် မျိုးချစ်ပြီး သတ္တိရှိနေမယ်ဆိုတာ စာရေးသူ ရဲရဲကြီး ယုံကြည်ပါတယ်။ ထားဝယ်စကားနဲ့ ထားဝယ်ယဉ်ကျေးမှုကို ထိန်းသိမ်းရင်း အချင်းချင်းလက်တွဲနိုင်သူလို့ပါ ထပ်ဆင့် ယုံကြည်လိုက်ပါတယ်။ ထားဝယ်ထဲမှာ နောက်ဆုံးသူရဲကောင်းဖြစ်တဲ့ ဗိုလ်မှုးဗထူးရဲ့သွေးဟာ ရဲပြီးနီနေပါတယ်။ ဒါဟာ ထားဝယ်သွေးအစစ်ပါ။ ပြီးတော့ အမျိုးကိုလဲ ချစ်ပြီး သတ္တိရှိကြောင်းလဲ ပြသွားပါတယ်။ စာဖတ်သူများကရော ဗိုလ်မှုးဗထူး မွေးဖွားကြီးပြင်းလှုပ်ရှားခဲ့တဲ့နယ်က ထားဝယ်သား မဟုတ်ဘူးလား။ ဘာဖြစ်လို့ သူ့လို သတ္တိရှိပြီး အမျိုးချစ်ကြောင်း ညီညွတ်အောင်လုပ်နိုင်ကြောင်းမပြနိုင်ရမှာလဲ။ စာဖတ်သူသာ ဗိုလ်မှုးဗထူး သုံးခဲ့တဲ့ ထားဝယ်စကားကို သုံးနေသူဖြစ်နေမယ်ဆိုရင်တော့ စာဖတ်သူများလဲ သူရဲကောင်းများပါပဲလေ။
သမိုင်းပေးတာဝန်ကျေသူများဖြစ်ပါစေ
ဦးဉာဏ၀ရ
၁၄၊ ၁၀၊ ၂၀၁၂

ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် သီးနှံများမစိုက်ပျိုးနိုင်၍ နဘုလယ်ဒေသခံအချို့ အခက်ကြုံ

အောက်တိုဘာလ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်းရှိ အီတာလျှံထိုင်းကုမ္ပဏီမှ ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် ဧရိယာထဲတွင် ပါဝင်နေသည့် နဘုလယ်ဒေသခံအချို့သည် စီမံကိန်းများကြောင့် ယခုနှစ် မိုးရာသီကာလမှစတင်ပြီး ရာသီစားသီးနှံများ မစိုက်ပျိုးနိုင်တော့သဖြင့်စားဝတ်နေရေး အခက်ကြုံနေကြလျှက်ရှိသည်။

နဘုလယ်ဒေသမှ မူးဒူး နှင့် မယင်းကြီးကျေးရွာများသို့ ရေနက်ဆိပ်ကမ်းစီမံကိန်းမှ တာဝန်ရှိသူများက လယ်ယာစိုက်ပျိုး မြေများကို ပြောင်းရွှေ့ပေးရန် လာရောက်ပြောကြားသွားသဖြင့် ဒေသခံများက ရာသီသီးနှံများ မစိုက်ပျိုးနိုင်တော့ကြောင်း ထားဝယ်ရေနက်ဆိပ်ကမ်းအရေး လေ့လာစောင့်ကြည့်နေသည့် ထားဝယ်အမျိုးသမီးသမဂ္ဂမှ မလွင်လွင်က ပြောသည်။

မလွင်လွင်က“ဒီနှစ်မှာတော့ သူတို့မြေတွေလည်း ပြောင်းရတော့မယ်။ တချို့မြေတွေဆိုရင်လည်း ရောင်းပြီးသွားပြီ။ တချို့ ကလည်း မသေချာ၊ မရေရာဖြစ်နေတော့ သူတို့ အရင်းအနှီးလုပ်ရတဲ့ဟာတွေက ရှုံးသွားမှာစိုးလို့ဆိုပြီး ဖရဲသီးတွေနဲ့ ဟင်းရွက်တွေ ဘာမှ မစိုက်တော့တဲ့အတွက် ရောင်းစရာမရှိတော့ အခက်ကြုံနေကြတယ်”ဟု ပြောသည်။
နဘုလယ်ဒေသရှိ ကျေးရွာများတွင် ကွမ်းသီး၊ သီဟိုဌ်သီး၊ ပိန္နဲသီး စသည့်သီးနှံများကို စိုက်ပျိုးကြပြီး အဓိကအားဖြင့် ဖရဲသီးကို စိုက်ပျိုးကြကာ မိသားစုတစ်စုလျှင် နှစ်စဉ်ပျမ်းမျှဝင်ငွေ အနည်းဆုံး ကျပ်သိန်း(၃၀)နီးပါး ရရှိကြကြောင်း သိရသည်။

မိုးရာသီသီးနှံအဖြစ် ထွက်ရှိသည့် ဖရဲသီးကို ထားဝယ်မြို့ပေါ်သို့ရောင်းချကြကာ အသက်မွေးဝမ်းကြောင်းပြုနေကြခြင်းဖြစ် သည်။ ယခုနှစ်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်းဆောက်လုပ်ရေးမြေထဲတွင် ၎င်းတို့၏ စိုက်ခင်းမြေများ ပါသွားမည်စိုးသဖြင့် ဖရဲသီးမစိုက်ပျိုးတော့ကြောင်း မူးဒူးရွာမှ ဒေသခံ ဦးအောင်မြင့်က ပြောဆိုထားသည် ကို ထားဝယ်လူထုအသံ သတင်းစာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

“တကယ်ဆို ကျနော်တို့ဘာသာ ကျနော်တို့ အေးအေးလူလူ ကိုယ့်ဘ၀ ကိုယ်ကြောင်းနေတဲ့အချိန်မှာ ဘာမှ ပူစရာမလို ဘူး။ ဒီမရေရာတဲ့ ရေနက်ဆိပ်ကမ်းကြောင့်ပဲ ကျနော်တို့ ရွာသူရွာသားတွေမှာ စီးပွားရေးအရ အခက်အခဲဖြစ်စေတယ်”ဟု ဦးအောင်မြင့်က ပြောဆိုထားသည်။
ထို့အပြင် ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရခေါင်းဆောင်များသာ အကျိုးအမြတ်ရရှိ မည်ဖြစ်ပြီး ဒေသခံများအနေဖြင့် နေ့စဉ် ပူပင်သောကရောက်နေကြရကာ ၎င်းတို့၏နေထိုင်မှုဘ၀ကို စတေးခံရတော့မည့် အလားအလာမြင်တွေနေရကြောင်း ထားဝယ်လူထု့အသံထဲတွင် ရေးသားဖော်ပြထားသည်။

ယခုနှစ် စက်တင်ဘာလက ရေဖြူမြို့နယ်ရှိ ကျေးရွာအချို့တွင် အီတာလျှံထိုင်း ကုမ္ပဏီ၏ ရေနက်ဆိပ်ကမ်း စီမံ ကိန်း အတွက် ကုန်တင်ပစ္စည်းသယ်ဆောင်ရသည့် ကားကြီးများသွားလာမှုကြောင့် ပျက်စီးနေသော လမ်းများကို မပြင်ပေးသဖြင့် ဒေသခံများသွားလာရေး အခက်ကြုံတွေ့ခဲ့ရသကဲ့သို့ ဇူလိုင်လ လယ်ပိုင်းက လည်း ၎င်းဒေသရှိ နေရပ်အိုးအိမ်ပြောင်းရွှေ့ ပေးရမည့် ကလုံးထကျေးရွာမှ ဒေသခံများကလည်း မကျေမနပ် ဖြစ်ခဲ့ကြသေးသည်။

ဇူလိုင်လ ၂၃ရက်နေ့မှ စတင်ပြီး ထိုင်းနိုင်ငံကို အလည်အပတ်ရောက်ရှိသွားသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ်တို့ တွေ့ဆုံကြမှုတွင် ထားဝယ်ရေနက် စီမံကိန်း အမြန်ပြီးစီး အောင်မြင်နိုင်ရေးအတွက် နှစ်ဖက်သဘောတူညီခဲ့ကြသည်။

Thursday, October 18, 2012

ထားဝယ်ဒေသဖွံ့ဖြိုးရေးအတွက် ပါတီနှင့် ကွန်ရက်များဖွဲ့စည်းထူထောင်မည်

Dawei Watch
(From YC)

ထားဝယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းနိုင်ရန်အတွက် ထားဝယ်တိုင်းရင်းသားများပါတီနှင့် ထားဝယ်လူထု အခြေပြုအဖွဲ့များ ကွန်ရက်ကို ထူထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ထားဝယ်ဒေသကပြည်သူတွေရဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်း နိုင်ဖို့အတွက် ထားဝယ်တိုင်းရင်းသားများပါတီကို ထုထောင်သွားမှာပါ။ ၂၀၁၂ မတိုင်ခင်မှာ ပါတီထူထောင်နိုင်အောင် ကြိုးစားသွားမှာပါ။ ထားဝယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေအတွက် ထားဝယ်ပြည်သူတွေနဲ့အတူ လုပ်ဆောင်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် ထားဝယ်ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် ပါတီသာမက အင်အားကြီးလူမှုအဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်၍ ဒေသအရေးပိုမိုလုပ်ဆောင်နိုင်ရန် ထားဝယ်လူမှုအခြေပြုအဖွဲ့အစည်းများကွန်ရက်ကို အောက်တိုဘာလဆန်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

“ထားဝယ်လူမှုအခြေပြုအဖွဲ့အစည်းကွန်ရက်ကို ဖွဲ့စည်းလိုက်ပါပြီ။ ဒီအဖွဲ့က အပတ်စဉ်ပုံမှန်အစည်းအဝေးတွေပြုလုပ်ပြီးတော့ ဒေသအရေးကို ပူးပေါင်းဖြေရှင်းကြမှာပါ။ ပြီးတော့ ဒေသက NGO အဖွဲ့တွေနဲ့လည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ချိတ်ဆက်ပြီး လုပ်ဆောင်သွားမှာပါ။ ပြည်သူတို့ရဲ့ လိုအပ်နေတဲ့ ဆန္ဒတွေအတွက် အတက်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားသွားမှာပါ”ပာု ထားဝယ်လူမှုအခြေပြုအဖွဲ့များကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ထားဝယ်ဒေသ၌ ပါတီကြီးများက ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လယ်ယာမြေကိစ္စရပ်များကို လုပ်ဆောင်လျက်ရှိပြီး အခြား NGO အဖွဲ့အစည်းများက လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

YC


Wednesday, October 17, 2012

လူမျိုး စကားနဲ့ စာပေ သို့မဟုတ် သမိုင်း၏အပိုင်းအစများ အပိုင်း (၄)

 http://www.tavoyanvoice.com/?p=1109

မြန်မာနဲ့ ထားဝယ်လူမျိုးများဟာ ဘယ်လောက်ထိ ရင်းနှီးခဲ့တယ် ဆက်ဆံခဲ့တယ်ဆိုတာကို သမိုင်းကပြောပြနေဆဲပါ။ သမိုင်းကြောင်းများကပြောပြနေတဲ့အကြောင်းတစ်ပိုင်းတစ်စကြောင့် သမိုင်းအစကိုမသိခဲ့တဲ့ ထားဝယ် လူမျိုးများဟာ ထားဝယ်ဟာ မြန်မာလူမျိုးမို့ ထားဝယ်တိုင်းရင်းသား မရှိဘူးလို့ထင်ခဲ့တာဟာ တကယ်တော့ မ ဆန်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထားဝယ်နဲ့ မြန်မာဆက်ဆံရေးဟာ ချစ်ကြည်ရေးဆိုတာထက် သားသမီး ဆွေမျိုးအဖြစ်နဲ့ပါ တည်ရှိခဲ့တာကြောင့်ပါ။ သမိုင်းကိုခံစားကြည့်ရင် ပိုထင်ရှားစွာသိလာပါလိမ့်မယ်။ ဒါဟာလဲ ကောင်းတဲ့ လက္ခဏာတစ်ခုပါပဲ။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အကြောင်းကို လူသားတစ်ယောက်အနေနဲ့ သိကိုသိ ထားသင့်ပါတယ်။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ဆက်ဆံမှုဟာ မိတ်ဆွေ ရင်းနှီးမှုရှိခဲ့တာထက် ထဲဝင်တဲ့ ဆွေမျိုးအနေနဲ့ ရင်းနှီးခဲ့တာဟာ ရင်ကိုပိုမိုနွေးထွေးစေပါတယ်။ ထားဝယ်နဲ့ မြန်မာ ခွဲခြားစရာ မလိုလောက်အောင် သွေးရောခဲ့တဲ့ အကြောင်းဟာ ထားဝယ်သမိုင်းမှာ ရှိနေခဲ့တယ်ဆိုရင် စာဖတ်သူများ လက်ခံနိုင်မယ် ထင်ပါတယ်။ သွေးရောပြီး အမျိုးဖြစ်ခဲ့တယ်ဆိုတာကို သိအောင်လုပ်ထားဖို့လိုအပ်သလို သီးသန့် လူမျိုးတစ်မျိုးအနေနဲ့ ရပ်တည်ခဲ့ ရှင်သန်ခဲ့တဲ့ အကြောင်းကိုပါ သိထားမယ်ဆိုရင် ပိုမိုပြည့်စုံသူတစ်ယောက်ဖြစ်သွားမှာပါ။ ဘယ်လို သွေးရောပြီး အမျိုးတွေဖြစ်ခဲ့တယ်ဆိုတာလေးကို ခဏလောက်ခံစားကြည့်လိုက်ပါဦး။

မုတ္တသုခနဂရမြို့အကြောင်း
ကောဇာသက္ကရာဇ် (၇၂၉) ခုနှစ်မှာ မင်းကြီးစွာစော်ကဲ ဟာ ရတနာပူရ အင်းဝထီးနန်းကို သိမ်းပိုက်ပြီး သားတော်ကြီး တရဖျားမင်းသားကို အိမ်ရှေ့အရာပေးအပ်ခဲ့ပါတယ်။ အဲဒီလိုပေးအပ်ခဲ့တာကြောင့် သားတော်နှစ်ပါးမှာ မသင့်မမြတ်ဖြစ်လာပါတော့တယ်။ သားတော်ငယ် မင်းဆွေကို နှိပ်စက်မှာ စိုးတာကြောင့် ပင်လယ်ကျေး သင်္ဂဇာဆရာတော်ထံ အပ်နှံကာ ပညာသင်ကြားစေပါတယ်။ မင်းဆွေဟာ မင်းသားများတတ်သင့်တဲ့ အဋ္ဌာရသ ပညာဆယ့်ရှစ်ရပ်ကို တတ်မြောက်ပြီးနောက် လက်စွဲတော် ငခင်ညိုနဲ့ ငခင်ဘတို့နဲ့ တိတ်တဆိတ်တိုင်ပင်ကာ မြင်းကိုယ်စီစီးလျက် ဆရာတော်ကျောင်းမှ ထွက်လာခဲ့ကြပါ တယ်။ တောတောင်ရေမြေ အထွေထွေကို ဖြတ်ကျော်ရင်း အချိန်များကိုကုန်လွန်စေကာ အောက်ပြည်တရိုး ပဲခူး၊ မုတ္တမ၊ မောရရွှေမြိုင် (မော်လမြိုင်) ခရိုင်လုံးစုံ မုဒုံတစ်လီ၊ ကျိုက္ခမီတသွယ်၊ ရေးနယ်တစ်လျောက် သွားရင်းရောက်ခဲ့ရပါတော့တယ်။ နောက်ဆုံး ဒူရ ကတိုင်းမြို့ထားဝယ် ဆန်းကြယ်ချောင်းကို သုံးဦးသားရောက်ရှိလာပါတယ်။

ဆန်းကြယ်ချောင်းကို ဖြတ်ကျော်တဲ့အချိန် မင်းဆွေစီးလာတဲ့ မြင်းခြေထောက်မှာ ဆံပင်များလုံးထွေး ရစ်ပတ် ငြိတွယ်နေတာကိုမြင်လို့ မြင်းပေါ်မှဆင်းကာ ဆံပင်ကိုတိုင်းထွာကြည့်တော့ သုံးတောင့်တစ်ထွာ ရှည်သည်ကိုသိရတဲ့အတွက် သုံးတောင့်တစ်ထွာ ဆံကေသာ အဆိုနဲ့ ညီတဲ့ မိန်းမချောလေးဖြစ်မယ်လို့ စိတ်ထဲမှတ်တွေးရင်း ချောင်းတစ်ဖက်သို့ တက်ရောက်ရှာဖွေရာ မနီးမဝေး ကျောက်ဖျာပေါ် ထိုင် ကာ ခေါင်းလျှော်နေတဲ့ မိန်းမချောလေး ကို တွေ့ရလို့ ၀မ်းသာသွားပါတယ်။ ဆံရှည် အမျိုးသမီးမှာ အဖေါ်များနဲ့ ခေါင်းငုံ့ကာ ခေါင်းလျှော်နေတာမို့ မင်းဆွေလာတာကို မသိလိုက်ပါဘူး။ အသံကြားလို့ လှည့်ကြည့်လိုက်တော့ ယောက်ျားတစ်ယောက်ဖြစ်နေတာကို သိတော့ ရှက်မိသွားပါသတဲ့။ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ခွန်းဆက်သရင်း ရင်းနှီးသွားကြတာကြောင့် မင်းသားကို အိမ်ကိုဖိတ်ခေါ်ပါတယ်။ အိမ်ရောက်လို့ တည်းခိုနေတဲ့မင်းသားဟာ ရောက်လာရတဲ့အကြောင်းစုံကို ပြောပြပြီး သမီးကိုသဘောကျကြောင်း မိဘများထံခွင့်တောင်းကာ လက်ထပ်ထိမ်းမြားလိုက်ပါတယ်။

(ဆံရှည်မလေးနေတဲ့ ရွာက ဆန်းကြယ်ရွာပါတဲ့။ အခုဆိုရင် ဆန်းချီရပ်လို့ ခေါ်တဲ့နေရာလို့ မှတ်သားရ ပါတယ်။) မင်္ဂလာဆောင်ပြီးလို့ သုံးနှစ်ခန့်ကြာပြီးနောက် မင်းသားဟာ အင်းဝရွှေပြည်တော်ကိုပြန် ရတော့မယ့် အကြောင်းပြောကာ န၀ရတ်လက်စွပ်ကိုချွတ်ပြီး သားယောကျာ်းလေးမွေးက မင်းသားလေးကို တတ်အပ်တဲ့ပညာများသင်ကြားပေးပြီး န၀ရတ်လက်စွပ်နဲ့ မောင်တော့်ဆီလွှတ်လိုက်ပါ။ သမီးလေးမွေးက န၀ရတ်လက်စွပ်ကို ရောင်းချကာ သုံးစွဲ ပါတော့လို့ မှာတမ်းချွေကာ ငယ်ကျွန် နှစ်ယောက်နဲ့ အတူပြန်သွားပါတော့တယ်။

မင်းသား အင်းဝနေပြည်တော်သို့ပြန်သွားပြီးနောက် သက္ကရာဇ် (၇၅၁) ခုနှစ် တပေါင်းလဆန်း (၅) ရက် ဗုဒ္ဓဟူးနေ့ နေတက် ရေတက်အချိန် ဆံရှည်မလေးမှာ သားယောက်ျားလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။ အဖေက မင်းသားဖြစ်တာမို့ သားတော်ကိုလဲ အလွယ်တကူ မင်းသားလို့ပဲ ခေါ်ကြပါတယ်။ အသက် (၇)နှစ်အရွယ်မှာ ဆန်းကြယ်ကျောင်းဆရာတော်ထံ ပညာသင်ရန် အပ်နှံလိုက်ပါတော့ တယ်။ ကျောင်း တက်နေစဉ် အတွင် လူငယ်သဘာဝ အဖေမရှိတဲ့သား စတဲ့စကားများနဲ့ စနောက်တာကိုခံခဲ့ရပါတယ်။ ခံရတာများလာလို့ အမေ့ရဲ့ သားမြတ်ကို ကိုက်ပြီး အဖေရှိ မရှိမေးရပါတော့တယ်။ အကြောင်းစုံကို သိရပြီးနောက် ဇာတိသွေး ဇာတိမာန်ကြွကာ တစ်နေ့ ဖခင်ထံသွားပြီး ထီးမွေနန်းမွေတောင်းရမယ်လို့ စိတ်ထဲမှတ်ထားလိုက်တယ်။ ဖခင်ဟာ မင်းသားတစ်ပါးဖြစ်ကြောင်း သက်သေအနေနဲ့ န၀ရတ် လက်စွပ်ရှိကြောင်းပြောကာ သားတော်ကိုပဲ ထိန်းသိမ်းခိုင်းထားပါတယ်။ တစ်နေ့မှာ န၀ရတ်လက်စွပ်နဲ့ အတူ သားတော်ကိုလိုက်လာစေချင်ကြောင်းပါ ထပ်လောင်း အသိပေးထားတာပေါ့။

မင်းသားလေးဟာ သူ့ဘ၀ဖြစ်ကြောင်းကို ဆရာတော်အားလျောက်ထားတဲ့အတွက် ဆရာတော်ကလဲ ငါ့တပည့်ဟာ လက္ခဏာနဲ့ပြည့်စုံတဲ့သူတစ်ယောက်မို့ တစ်နေ့မှာ မင်းတစ်ပါးဧကန်ဖြစ်လိမ့်မယ်။ ဒါကြောင့် သူများတွေ အဖမဲ့သားလို့ပြောပြီး ဘယ်လိုပဲအနိုင်ကျင့်ပါစေ သည်းခံပြီးနေရမယ်လို့ ဆုံးမထားပါ တယ်။ ပြီးတော့ အဆင်ပြေတဲ့တစ်နေ့ ဖခင်ထီးနန်းစံရာ အင်းဝနေပြည်တော်ကို လူကြုံနဲ့ထည့်ပေးမယ့် အကြောင်း ပြောထားလိုက်ပါတယ်။

မင်းသားလေးဟာလဲ မျှော်လင့်ချက်ရောင်ခြည်တွေနဲ့မို့ နေ့မနားညမအားကြိုးစားတော့တာပဲ။ အသက် (၁၂) နှစ်ပြည့်ပြီးနောက် တစ်ရက်မှာ စွန်တစ်ကောင်ဟာ ကြက်ငယ်လေးတစ်ကောင်ကိုက်ချီ လာတာ ကိုတွေ့တာ မို့ လေးနဲ့ပစ်ချပြီး ကြက်ငယ်လေးရဲ့အသက်ကို ကယ်ခဲ့ပါသတဲ့။ ကြက်ငယ်လေးဟာ ဘုတ်မွေးရင်သက် တက်နက် မောက်ချွန် မြီးဝန်း တောင်ပံဖြူဆိုတဲ့ ကြက်အင်္ဂါငါးပါးနဲ့ ပြည့်စုံတာ မို့ ရွှေဒင်္ဂါးလို့နာမည်ပေးပြီး သေသေချာချာ မွေးထားပါတော့တယ်။ ကံကြမ္မာရဲ့အပြောင်းအလဲက အင်းဝနေပြည်တော်မှ လာရောက်တဲ့ ပိုးကုန်သည်ကြီး လေးယောက်နဲ့အတူ လိုက်ပါလာတယ် လို့ပြောရမယ်ထင်ပါတယ်။ မင်းသားလေးဟာ ဆရာတော်ကြီးရဲ့ စီစဉ်ပေးချက်အရ ပိုးကုန်သည် ကြီးလေးယောက်နဲ့ အတူ အင်းဝနေပြည်တော်ကို လိုက်ပါသွားပါတော့တယ်။ အင်းဝ မရောက် မီလမ်းတစ်လျောက်မှာ လမ်းခရီးစရိတ်လိုအပ်တဲ့အတွက် ကြက်တိုက်ကာ ငွေရှာခဲ့ရပါတယ်။ ကြက်တိုက်တဲ့အချိန် လောင်းကြေးငွေအဖြစ် န၀ရတ်လက်စွပ်ကို အသုံးချပါတယ်။ မင်းသားရဲ့ကြက်ဟာ အရှုံးကို လုံးဝမကြုံတဲ့ကြက်လို့ ပြောရမယ်ထင်ပါတယ်။ သခင်အတွက် တာဝန်ကျေစွာငွေရှာပေးခဲ့ပါတယ်။ ရှုံးပွဲဆိုတာလဲ တ ကယ်မရှိခဲ့ဖူးဘူးတဲ့။

ကောဇာသက္ကရာဇ် (၇၆၂)ခုနှစ်မှာ ခမည်းတော် မင်းကြီးစွာ စော်ကဲ နတ်ရွာစံသွားလို့ သားတော် တရဖျား ဘုရင်အဖြစ်စိုးစံပါတယ်။ ဆင်ဖြူရှင် တရဖျားလို့လဲ ခေါ်တွင်ပါတယ်။ ဆင်ဖြူမင်းကြီးဟာ နန်းစံသက် (၇)လပဲရှည်ပါ တယ်။ အထိန်းတော်သားက လုပ်ကြံလို့ ကံကုန်ကာ နတ်ရွာစံရရှာပါတယ်။ ဆင်ဖြူရှင်တရဖျားမင်းကြီးနောက် နန်းတက်လာသူကတော့ မင်းဆွေပဲ ဖြစ်ပါတယ်။ မင်းခေါင်ကြီးနာမည်နဲ့ အဘိသိက်ခံခဲ့ပါတယ်။ အဘိသိက်ခံ တောင်ညာစံဒေ၀ီ မိဖုရားကြီးမှာ သားတော်လေးတစ်ပါး ထွန်းကား တာကြောင့် အိမ်ရှေ့စံအဖြစ်ပေးထားလိုက်ပါ တော့တယ်။ အိမ်ရှေ့မင်းသားလေးဟာ ဆံရှည်မသားထက် ငယ်ပေမယ့် အစ်ကိုဖြစ်တဲ့ မင်းသားလေးနဲ့ ရုပ်ခြင်း ခွဲမရအောင်တူပါသတဲ့။ ဆံရှည်မသား မင်းသားလေး အင်းဝနေပြည်တော်ရောက်တာနဲ့ ဖခင်ရဲ့သတင်းကို စုံးစမ်းရင်း ကုန်သည်များနဲ့အတူ ပိုးထည်များကိုလှည့်လည်ရောင်းချပါတယ်။ မင်းသားလေးလဲ အရာရှိသားများ အမတ်ကြီးသားများနဲ့ မိတ်ဖွဲ့ကာ ဂုံညင်းထိုးကစားကြရာ မင်းသားလေးပဲ အနိုင်ရတာများပါသတဲ့။ အမတ်သားနဲ့ အရာရှိသားတို့ကလဲ ပြန်ပြီးအနိုင်ရလိုတာကြောင့် သူတို့မှာရှိတဲ့ နာမည်ကြီးကြက် ရွှေဖလားနဲ့ တိုက်ဖို့စိန်ခေါ် ကြပါတော့တယ်။ မင်းသားလေးလဲ သဘောတူတယ်ပေါ့။ ရွှေဒင်္ဂါး (ထားဝယ်ကြက်) နဲ့ ရွှေဖလား (အင်းဝကြက်) တိုက်ပွဲမှာ ဆံရှည်မသား မင်းသားလေးက လက်ခမောင်းခတ်ပြီး ထားဝယ်သံကြီးနဲ့ အားရပါးရ ဆန်းကြယ်သူ ဆံရှည်မသား ငါ မင်းခေါင်ကြီးသားဟေ့လို့ အော်ပါသတဲ့။ အမတ်များက မင်းသားလေးကို အနိုင်ရတဲ့ကြက်နဲ့အတူ မင်းကြီးဆီကို ဖမ်းခေါ်သွားပါတယ်။

ဘုရင်ကြီးကလဲ သွေးကစကားပြောတယ်ပဲ ပြောရမလားမသိဘူး ဖြစ်ကြောင်း ကုန်စင်သိပြီးနောက် အားလုံးဟာ အမှန်တွေဖြစ်ကြောင်း အမတ်တွေကို ငယ်ဘ၀အခြေအနေကို ပြောပြရင်း သူ့သားအရင်းဖြစ်တယ်ဆိုတာကို လက်ခံလိုက်ပါတယ်။ အသိကြွယ်တဲ့ ဘုရင်ကလဲ နောက်မှရောက်လာတဲ့ အရင်သားဟာ အင်းဝနေပြည်တော်မှာ နေရာမရနိုင်တဲ့အခြေအနေကို သုံးသပ်မိတာကြောင့် မင်းသားလေးကို ဒူရကတိုင်း(ထားဝယ်)ကို ပြန်ပြီး ကောင်းမွန်တဲ့နေရာကိုရှာကို နန်းတော်အသစ်တည်ဆောက်ဖို့မှာကြားရင်း အမတ်လေးယောက်နဲ့ အတူလိုအပ်တာအားလုံး ကို ပေးအပ်ကာ ထားဝယ်ကိုပြန်လွှတ်လိုက်ပါတယ်။ နန်းတော်ပန္နက်ချပြီးတာနဲ့ အမတ်တစ်ယောက်ကို လွှတ်ပြီးသံတော်ဦးတင်စေ အမိန့်ကိုပါ တခါတည်းပေးလိုက်တာပေါ့။

မင်းသားလေးလဲ ထားဝယ်ကိုပြန်ရောက်ပြီးတာနဲ့ မိဘဘိုးဘွားများနဲ့ ဆန်းကြယ်ကျောင်းဆရာတော်ကိုပါ ကန်တော့ပြီး ဖြစ်ကြောင်းကုန်စင် ကို လျှောက်တင်ပါတော့တယ်။ ဆန်းကြယ်ကျောင်းဆရာတော်နဲ့ အမတ်ကြီး လေးယောက်တို့ ညှိနှိုင်းတိုင်ပင်ကာ နန်းတော်တည်ဆောက်ဖို့ မြေနေရာကို ရှာဖွေကြပါတယ်။ ပေါင်းတိုင်းချောင်း စော်ဝချောင်းနဲ့ ကံပေါက်ချောင်း (ယခုထားဝယ်မြစ်) တို့ ဆုံမိရာ မြေအရပ်ဟာ နန်းတော်တည်ဆောက်ဖို့ သင့်တော်တယ်လို့ ဆုံးဖြတ်ရင်း ကောဇာသက္ကရာဇ် (၇၇၉)ခုနှစ် သီတင်းကျွတ်လဆန်း (၁)ရက် ကြာသပတေးနေ့ နေ၀န်းပေါ်ချိန်မှာ နန်းတော် ပဟိုရ်စည် စွယ်တော်စင် မြို့ရိုးတံခါး ကျုံး ဆင်ကျုံးဆိုတဲ့ (၇)နေရာကို တပြိုင်နက် ရွှေပန္နက် ငွေပန္နက်ချကာ မုတ္တသုခနဂရမြို့ကို တည်ထောင်ပါတော့တယ်။ နန်းတော်ရာ ပန္နက်ရိုက်ပြီးတာနဲ့ ဖခင်မင်းကြီးရဲ့ အမိန့်တော်အတိုင်း အမတ်တစ်ယောက်ကို အကြောင်းကြားခိုင်းပြီး (၇) ရက်စောင့်နေပါတယ်။ ဖခင်မင်းကြီးလဲ သားတော်အား ဖခင်နဲ့ နန်းပြိုင်စံစေ ဘွဲ့အမည်တော်ကိုလဲ မင်းတရားလို့ခေါ်တွင်စေ လို့အမိန့် သ၀ဏ်လွှာနဲ့အတူ စစ်တပ်ဗိုလ်မှုး သုံးထောင်ကျော် ဆင်ဖြူတော်တစ်စီး ဆင်ပေါက်ကြီး ငါးစီး မြင်းငါးရာကျော်ကို ချီးမြှင့်လိုက်ပါတယ်။ သားတော်ကို တွင်းရေမသုံးစေပဲ စီးတဲ့ရေသာ သုံးပါစေလို့ အတွင်းစကားမှာလိုက်ပါသေးတယ်။ မင်းသားလေဟာ ဖခင်မင်းကြီးရဲ့အမိန့်တော်အတိုင်း မင်းတရားဆိုတဲ့ဘွဲ့နာမည်ကိုယူကာ မုတ္တသု ခနဂရမြို့ကိုမင်းလုပ်အုပ်ချုပ်ပါတော့ တယ်။ ကျေးဇူး ရှင်ဆရာတော်ကို နန်းဦးတွင် ကျောင်းဆောက်လုပ်ကိုးကွယ်သည့်အပြင် မိဘဘိုးဘွားများကိုလဲ အဆောင်အယောင်များပေးကာ နန်းတွင်းမှာ နေစေပါတယ်။ ဘုရင်မင်းခေါင်ကြီးရဲ့ မိဖုရားကြီးက သူ့သားကိုတော့ နန်းပြိုင်အုပ်ချုပ်ခွင့်မပေးပဲ ကျေးတောသူမရဲ့သားကိုတော့ နန်းပြိုင်စံခွင့်ပေးတယ် ဆိုတဲ့စိတ်နဲ့ မကျေမနပ်ဖြစ်ကာ မင်းတရားကို လုပ်ကြံဖို့ ပုဏ္ဏား (၈)ယောက်ကို ဆုတော် များ ပေးကာစေခိုင်းလိုက်ပါတယ်။ မင်းတရားကလဲ မြို့တော်အသစ်မှာ ပညာရှိပုဏ္ဏားများ အလိုရှိတုန်း ရောက်လာကြလို့ ၀မ်းသာစွာနေရာချပေးပါတယ်။

 ညီလာခံကျင်းပတဲ့တစ်ရက်မှာတော့ မိဖုရားကြီးကြံစည်ထားတဲ့အတိုင်း သားတော် မင်းတရားသည် စီးရေသောက်တာကိုရပ်ပြီး သက်တော်ရှည်စေရန် တွင်းရေသာသောက်သုံးရမယ်လို့ မင်းကြီးကမှာ လိုက်ပါကြောင်း လုပ်ကြံကာလျှောက်တင်ပါတယ်။ မင်းတရားလဲ တကယ်ထင်မှတ်ကာ ရေတွင်းကို အမြန်တူးစေပြီး တွင်းရေကိုပဲ သောက်သုံးပါတော့တယ်။ (ယင်းရေတွင်းကား ရှင်မုတ္ထီးဘုရား သိမ်အနီးမှာ တည်ရှိပြီး မုတ်တွင်းလို့ခေါ်တွင်ကြပါတယ်။) ရက်အနည်းငယ်ကြာလာတော့ ပုဏ္ဏားများ ကြိုတင်ကြံစည်ထားတဲ့အတိုင်း ညတစ်ညမှာ ရေတွင်းထဲ မုတ်ဆေးခပ်ကာ ထွက်ပြေးကြပါတယ်။ မင်းကြီးလဲ မနက်စာပွဲတော် တည်ပြီး သောက်သုံးရေကိုသောက်မိတာနဲ့ သွက်သွက်ခါအောင်ရူးပါတော့တယ်။

ဘုရင်ကိုဆေးခပ်သွားတဲ့ ပုဏ္ဏားများကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပဲ သတ်စေလို့ အမတ်များရဲ့စေခိုင်းချက်ကြောင့် ခြေမြန်စစ်သည်တော်များ လိုက်လံကာ သုတ်သင်ပါတယ်။ လက်ဝဲကျွန်းရွာအနီးမှာ ပင်ပန်းစွာအိပ်ပျော်နေတဲ့ ပုဏ္ဏား (၈)ယောက်ကို မိပါတယ်။ ခြေမြန်တပ်သားများကလဲ အသက်မသေလိုက အမှန်အတိုင်း ပြောစေချင်ကြောင်း ပရိယာယ်နဲ့လှည့်မေးတအခါ သေမှာကြောက်နေတဲ့ ပုဏ္ဏားများက မိဖုရားရဲ့စေခိုင်းချက်ဖြစ် ကြောင်းပြောပါတယ်။ အကြောင်းစုံကိုသိရပြီးနောက် ပုဏ္ဏားများကို သုတ်သင်လိုက်ပါတော့တယ်။ (ပုဏ္ဏားများကို သတ်တဲ့နေရာကို ပုဏ္ဏားသတ်ကုန်းလို့ ယနေ့တိုင်ခေါ်နေဆဲပါပဲ။ အဲဒီကုန်းဟာ လက်ဝဲကျွန်းရွာအနောက် ဖက်လယ်ကွင်းထဲမှာ ရှိပါတယ်။)

ရှင်မုတ္ထီးဘုရား
ရှင်မုတ္ထီးဘုရား

ရူးသွပ်နေတဲ့ မင်းကြီးကို ဘယ်သူမှ ဆေးမကုနိုင်ကြပါဘူး။ ဆရာဖြစ်ခဲ့ဖူးတဲ့ ဆန်းကြယ်ဆရာတော်က ကျောင်း ကိုခဏခေါ်ထားပြီး ၀ံပတိတောင် စောထွတ်တောင် တောင်ဦးတောင် ပကောတောင်နဲ့ ရသေ့တောင်တို့မှာ သီ တင်းသုံးနေကြတဲ့ ရသေ့များကိုပင့်ဖိတ်ပြီး တစ်ပါးလျင် တစ်နပ်စာစီ ဆေးကုပေးကြပါတယ်။ ရောဂါဟာ ရှင်း ရှင်းမပျောက်ပေမယ့် သက်တော့သက်သာလာပါသတဲ့။ (ရသေ့များ တစ်နပ်စာစီကုသသည့်အတွက် ထိုနန်းဦး ရတနာစာစီတောင်ကို တစ်နပ်စာစီတောင် (နပ်စာရီတောင်) လို့ခေါ်ဆိုကြပါတယ်။) ဝေဒီမြို့မှ မောင်ဗအဲရဲ့ ဇနီး စောပညာဟာ ထွက်ပြေးရင် ဘုရင်မဖြစ်လာပေမယ့် မိန်းမသားဖြစ်နေလို့နိုင်ငံကို မအုပ်ချုပ်လိုကြောင်း အမတ်များကို ပြောကြားပါတယ်။ အမတ်များကလဲ သင့်တော်မယ့် မင်းများရှိလေမလားလို့ တွက်ကြည့်ကြတော့ စိတ်ဖေါက်ပြန်နေတဲ့ ဘုရင်အကြောင်းကို သိရပါသတဲ့။ ဒီအကြောင်းကို ဘုရင်မ စောပညာကိုလျောက်တင်ကြတော့ ဆေးကုလို့ရမရ မေးကြည့်ပါတယ်။ သစ္စာရေဆေးတော်နဲ့ ကုသရင်ပျောက်မယ်ဆိုတာကို လျောက်တင်ကြတော့ ဆေးကို စီမံခိုင်းပါတယ်။ ဆေးစီမံပြီးလို့ အမတ်လေးယောက်နဲ့အတူ သင်္ဘောနဲ့ထွက်ခွါလာတဲ့အခါ ဒူရကတိုင်းအ၀င် ရှင်မော်တောင်သို့ရောက်ကာ ဆေးသစ္စာအိုးကိုယူကာ ရှင်မော်ဘုရားတက်ဖူးကြပါသတဲ့။ ဘုရင်မ စောပညာလဲ ဘုရားမှာဆုတောင်းရင်း ဘုရားတပည့်တော်မနဲ့ ပေါင်းဖေါ်ထိုက်ပါက သစ္စာရေတော်ကိုသုံးဆောင်တဲ့ မင်းတရား ရောဂါပျောက်ပါစေသတည်းလို့ အဓိဌာန်ပါသတဲ့။ ရှင်မော်တောင်ခြေရင်းမှာ ရှိတဲ့ကြက်လွတ်ရွာမှ ဆေးသစ္စာအိုးကို ရွှေပေလွှာနဲ့တကွ မျောလိုက်ပါတော့တယ်။ မျောလာတဲ့သစ္စဆေးအိုးဟာ မုတ္တသုခနဂရမြို့ ဆိပ်ကမ်းကိုကပ်ရောက်လာပါသတဲ့။ ရူးနေတဲ့ဘုရင် မင်းတရားကလဲ ရေထဲဆင်းကာ သစ္စာဆေးအိုး (ရွှေသဘောင်္ငယ်နဲ့မျောလိုက်တယ်လို့ ပါရှိပါတယ်။) ကို ဆယ်ယူပြီးသောက်လိုက်တာနဲ့ အရူးများပျောက်သွားပါတော့တယ်။ မင်းကြီး အရူးပျောက်တဲ့ အထိမ်းအမှတ်အနေနဲ့ သက္ကရာဇ် (၇၈၀)ပြည့်နှစ် နယုန်လဆန်း (၈) ရက်နေ့မှာ အရူးပျောက်ဘုရားကြီးကို တည်ထားကိုးကွယ်ပါတယ်။ (အရူးပျောက်ဘုရား သို့မဟုတ် သျှူးကြောက်ဘုရားလို့လဲ ခေါ်ကြပါတယ်။ သစ္စာဆေးအိုးကို ရှင်မုတ္ထီးဘုရားတွင်းမှာ ကြည့်ရှုနိုင်ပါတယ်။)
အရူးပျောက်သွားတဲ့ မင်းကြီးလဲ ဆေးအိုးနဲ့အတူပါလာတဲ့ သ၀ဏ်လွှာကိုဖတ်ပြီးနောက် ကျေးဇူးရှင်ဖြစ်တဲ့ စောပညာရှိတဲ့ ကြက်လွှတ်ရွာကို လိုက်သွားပြီး စောပညာကို သွားတွေ့ပါတယ်။ မိမိကို လက်ဆက်ကာ စိန့်တိုင်း ပြည်မှာ မင်းကြီးအဖြစ်စံစားစေလိုကြောင်း စောပညာရဲ့တောင်းပန်မှုကို ဘုရင်ကြီးလက်ခံကာ စိန့်တိုင်းပြည့်ကို မင်းကြီး မင်းတရား လိုက်ပါသွားသတဲ့။ မုတ္တသုခနဂရမြို့ကိုပြန်ရောက်လာတဲ့ အမတ်များရဲ့ ဖြစ်ကြောင်းကုန်စင် ပြောပြချက်ကြောင့် ဘုရင်မရှိတော့တဲ့အတွက် အမတ်များက လူနေအိမ်စည်ကားရာ ရွာနိဂုံးသို့တဖြေးဖြေး ပြောင်းရွှေ့သွားကြပါတော့တယ်။ အမတ်ကြီး ပညာပဏ္ဍိနဲ့ ပညာသုခမိန် တို့ဆွေမျိုးတစ်စုသာ မုတ္တသုခနဂရမြို့မှာ နေခဲ့ကြပါတယ်။ မိမိတို့ရဲ့ အရှင်သခင်ကို လွမ်းဆွတ်ခြင်း အထိမ်းအမှတ်အနေနဲ့ ပညာပဏ္ဍိအမတ်ကြီးက မုတ္တသုခနဂရမြို့နဲ့ ရွှေဂူတောင်စပ်ကြား ရှိ တောင်ကုန်းပေါ်တွင် စေတီတစ်ဆူ၊ ပညာသုခမိန်အမတ်ကြီးက အရူးပျောက် (ပသျှူးကြောက်) ဘုရားနဲ့ ကျောချင်းကပ်ရုပ်ပွားတော် တစ်ဆူကိုတည်ထားကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မုတ္တသုခနဂရမြို့နာမည်ပျောက်ပြီး မင်းတရား မုတ်ဆေးထိတာကိုအစွဲပြုကာ မုတ်ထီးမြို့ဟု ခေါ်တွင်ရာမှ ယနေ့တိုင် ရှင်မုတ္ထီးလို့ နာမည်တွင်နေပါတော့ တယ်။ (ရှင်မုတ္ထီးသမိုင်းကို သက္ကရာဇ် (၁၂၉၄)ခု ပြာသိုလဆန်း (၁၁) နဲ့ (၁၂)နေ့များမှာ ထားဝယ်မြို့ဇရစ်ရပ် ယူနီဗာဆယ်ဇာတ်ရုံ (အခုရွှေဝယ်သီရိ)ကြီးမှာ ပါဝင်ကပြ ကြောင်းမှတ်တမ်းအရသိရပါတယ်။) (ရွှေဝယ်ဧ ၏ ထားဝယ်သမိုင်းစာအုပ်မှ)
ထားဝယ်တိုင်းရင်းသားများဟာ မြန်မာများနဲ့ပဲ ဆက်ဆံမှုရှိခဲ့တာ မဟုတ်ပါဘူး။ အေဒီ (၁) ရာစုကတည်းက ဘာသာကြောင့် ယဉ်ကျေးပြီးသားဖြစ်တဲ့အပြင် စာကိုပါကောင်းကောင်းရေးတတ်ခဲ့တဲ့ မွန်များနဲ့ပါ ကူးလူးဆက်ဆံမှု ရှိခဲ့ဖူးပါတယ်။ ဒါကြောင့်လဲပဲ ထားဝယ်မင်းများရဲ့ သမိုင်းမှာ မွန်နာမည်နဲ့မင်းများ နေရာယူခဲ့တယ်ထင်ပါ့။ ဖြစ်နိုင်ခြေကို မှန်းကြည့်မယ်ဆိုရင်လဲ ငြင်းစရာကိုမတွေ့မိဘူးဆိုရမှာပါ။ ဟံသာဝတီနေပြည်တော်ကြီး တည်ထောင်နိုင်ခဲ့တဲ့အထိ (ဒုတိယမြန်မာနိုင်ငံတော်တည်နိုင်တဲ့အထိ) တန်ခိုးထွားခဲ့တာကို ကြည့်ရင် သိသာပါတယ် ဟံသာဝတီရဲ့ တန်ခိုးထွားပုံကို လေ့လာကြည့်မိတဲ့အခါ တကယ့်ကို အံ့သြစရာပါပဲ။ ထိုင်းနိုင်ငံအပြင် လာအိုနိုင်ငံ ဆူမတြာကျွန်း (အင်ဒိုနီးရှား)အထိ အာဏာပြန့်နှံခဲ့ပါသတဲ့။ လာအိုမှာရှိတဲ့ အခြေအနေလေးတစ်ခုကို စာရေးသူသိခဲ့ရတာကတော့ လွန်ခဲ့နှစ် (၄၅၀) ကတည်းက ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းကြီးဟာ လာအိုထိ ခြေဆန့်ခဲ့ပါသတဲ့။ လာအိုနဲ့ မြန်မာဆက်ဆံရေး ကောင်းမွန်ခဲ့တဲ့ အခြေအနေကို လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ရှိတဲ့ ၀ပ်အုန်တု ကျောင်းတော်ကြီးထဲမှာ လာအိုမင်းကြီးရဲ့ မိဖုရားရုပ်တုနဲ့ မြန်မာဘုရင် ဘုရင့်နောင်ရဲ့ မိဖုရားရုပ်တုတို့က သက်သေခံလျက်ရှိပါတယ်။ ဒါဆို မွန်နဲ့ ထားဝယ်တို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုရှိခဲ့မယ်ထင်ပါသလဲ။ နှစ်တရာပြည့် မော်ကွန်းအထူးထုတ် ထားဝယ်အသင်းမဂ္ဂဇင်း စာမျက်နှာ (၁၉၀)မှာ စာရေးသူ ထားဝယ် မောင်သန်းဆွေရဲ့ ထားဝယ်နိဒါန်း သို့မဟုတ် ထားဝယ်အတိတ်လမ်းသို့ ပြန်လှမ်းသောအခါ ဆောင်းပါးမှာ ဖေါ်ပြချက်လေးကို မြည်းစမ်းကြည့်လိုက်ပါဦး။
သမန္တမင်းကြီး၏ မိဖုရားမှာ ရေးမြို့တော်မှ မွန်သူဋ္ဌေး အထော်ရာရဲ့ သမီးတော် မယ်စန္ဒာကို စန္ဒာဒေ၀ီ နာမည်နဲ့ မိဖုရားမြှောက်ထားခြင်းဖြစ်သည်။ မိဖုရားကြီး၏ ဆွေတော်မျိုးတော် (၁၀၀) ကျော် သာဂရမြို့တော်သို့ပါလာရာ ဗညားလောတို့ အိမ်ထောင်စုလဲအတူပါလာသည်။ သမန္တရာဇာနှင့် စန္ဒာဒေ၀ီ မိဖုရားတို့တွင် သားသမီးမ ထွန်းကားပါ။ ထားဝယ်ရာဇ၀င် ငါးခုံးမမှ မွေးသည့် ရှင်ဇော ရှင်ဇံမောင်နှမမှာ မောင်ဖြစ်သူ ရှင်ဇံကို ဂေါ ၀ိန္ဒ ရသေ့ကြီးထံမှ တောင်း၍ သမန္တရာဇာက မွေးစားခဲ့သည်။ ဂေါဝိန္ဒရသေ့ကြီးသည် မူလက သမန္တမင်း၏မယ်တော် စုမဒ္ဒီဒေ၀ီ၏မောင် မုဆိုး မောင်နွား ဆိုသူပင်ဖြစ်သည်။ သမန္တမင်းနတ်ရွာစံသောအခါ မွေးစားသား ရှင်ဇံက အရိုက်အရာဆက်ခံခဲ့သည်။ သမ္ဗန်မင်း (သို့) နန္ဒိယမင်းဟု အမည်ခံသည်။ ကော ဇာသက္ကရာဇ် (၁၇၅)တွင် နတ်ရွာစံရာ သားထောက်သမီးခံမရှိသည့်အတွက် အောင်သာဝတီ (ကလိန်အောင်တွင် ခမည်းတော်ထားခဲ့သည် မွန်အမတ် ဗညားဗလက သာဂရတွင်မင်းအဖြစ် ဆက်ခံသည်။ သာဂရမွန်မင်းဆက်သည် ဤမှစသည် လို့ဖေါ်ပြပါရှိချက်ဟာမွန်နဲ့ ထားဝယ်တို့ရဲ့ဆက်ဆံရေးတပိုင်း တစကိုပြောပြလျက်ရှိပါတယ်။ ထားဝယ်သမိုင်းမှာ သစ္စာသိမွန်မင်းများ နေရာယူခဲ့ပုံလေးကို စာဖတ် သူများရိပ်စားမိလောက်ပြီထင်ရဲ့။ ဒါပေမယ့် စာဖတ်သူများ သတိထားရမယ့် အချက်လေးက ထားဝယ်နဲ့မွန်ဟာ ဆက်ဆံရေးတကယ်ကောင်းမွန်ခဲ့ပြီး နှစ်ပေါင်းများစွာ ထားဝယ်များမွန်တို့ရဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ရပေမယ့် ရှေးလူကြီး ထားဝယ်များဟာ ကိုယ်ပိုင်စကားကို မပျောက်ပျက်စေပဲ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းခဲ့တဲ့အဖြစ်လေးပါ။ တကယ့်ကို အတုယူစရာကောင်းလွန်းတဲ့ ရှေးလူကြီးများပါပဲ။ အခုနောက်ပေါ်ထားဝယ်များကရော ရှေးလူကြီးများလောက် စိတ်ထက်သန်မှု ယဉ်ကျေးမှုများကို ကိုယ်ပိုင်အဖြစ် ထိန်းသိမ်းလိုမှုရှိကြပါသေးရဲ့လား။
စာဖတ်သူများသိသင့်တယ် ထင်ရတဲ့အချက်လေးတွေဟာလဲ အတိတ်ရဲ့နေ့ရက်များနဲ့အတူ မှိန်းမှိန်လျက်ရှိပါတယ်။ တကယ်တော့ သမိုင်းဆိုတာ လူသားတစ်ယောက်အနေနဲ့ သိကိုသိထားရမယ့် အဖြစ်အပျက်ပါပဲ။ သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးဟာ လူသားများရဲ့ အားနည်းချက် အားသာချက်ကို ဖေါ်ပြပေးနေသလို အတိတ်ရဲ့အခြေအနေကိုလဲ တစွန်းတစ ထွန်းပြနေတယ်ဆိုရင်လဲ မှားမယ်မထင်ပါဘူး။ စာဖတ်သူများကို သိစေချင်တဲ့အချက်လေးက တကယ့်ကို ထူးခြားပါတယ်။ စာဖတ်သူများ သမိုင်းကိုပြန်လည်ခံစားခြင်းဆိုတဲ့အပိုင်းမှာ စာရေးသူအနေနဲ့ ထားဝယ်မြို့ (သာယာဝတီ) တည်ပုံလေးကို ရေးပြခဲ့ပါတယ်။ ထားဝယ်မြို့ရဲ့ အရှေ့ခြမ်းကို မေးတင်ပြီး တောင်ဖက်ဘုမ္မော်ချောင်းနဲ့ မြောက်ဖက် မြောင်းပုလဲချောင်းတို့ကို ကျုံးကာရံပြီး ပတ်လည်အကျယ်အ၀န်း တာ(၂၄၈)တာ သူရဲခို (၂၅၈၃)လုံး တံခါး (၅)ပေါက် ဗဟိုလမ်းမ (၄)သွယ် အုတ်မြို့ရိုးမြေအ၀င် (၄)ပေ ခွဲ မြို့ရိုးအမြင့် (၉)ပေ မြို့ရိုးအလယ်ဗဟိုတွင် ဇိနသီရိဘုရားကုန်းတော် နဲ့ တန်ဆောင်းတော်ကြီး စသည်ဖြင့် ရေးပြခဲ့ပါတယ်။ အဲဒီထဲမှာ စာဖတ်သူများ သတိထားမိမယ်ဆိုရင် သို့မဟုတ် မေးခွန်းများနဲ့ အလုပ်လုပ်တတ်သူ ဖြစ်ခဲ့ရင် ဇိနသီရိဘုရားကုန်းတော်နဲ့ တန်ဆောင်းတော်ကြီးတို့ကို ဘယ်နေရမှာများတည်ဆောက်ခဲ့ပါလိမ့်ဆိုတဲ့ အတွေးနဲ့အလုပ်ရှုပ်နေဦးမှာအမှန်ပါပဲ။ ဟုတ်ပါတယ်။ အရင်ကလဲ စာရေးသူကိုယ်တိုင်ဖြစ်ခဲ့ဖူးတဲ့ အတွေးမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သမိုင်းဆိုတာ ဖုံးထားလို့ရတဲ့အရာမှ မဟုတ်ပဲလေ။ တစ်နေ့အကြောင်းဆုံရင်တော့ ပေါ်လာစမြဲပေါ့။ စာရေးသူလဲ ကံကောင်းတယ်ပြောရမလားမသိပါဘူး။ သမိုင်းအကြောင်းကိုသိပြီး လူမျိုးစိတ်အ ပြည့်ရှိတဲ့ ထားဝယ်တစ်ယောက်နဲ့ ရင်းနှီးခွင့်ရခဲ့လို့ပါပဲ။ သူရဲ့ သမိုင်းကိုအခြေခံပြီးပြောပြချက်ကို ကြားရတော့ အံ့သြရသလို စိတ်မကောင်းလဲဖြစ်သွားမိတယ်။ အံ့သြတာက ဖြစ်ပျက်ခဲ့တဲ့နေရာက အခုထိရှိနေလို့ပါ။ စိတ်မကောင်းဖြစ်ရတာက အဲဒီနေရာကို ထားဝယ်သားအားလုံး (မြန်မာလဲပါ) မသိပဲနဲ့ ရုံးအဖြစ်အသုံးပြုနေလို့ပါပဲ။ စာဖတ်သူများ ဇိနသီရိဘုရားကုန်းတော် ဆိုတာကို စိတ်ထဲမှန်းကြည့်မိပါရဲ့လား။ ထားဝယ်မြို့တည်တုန်းက တောင်ဖက် ဘုမ္မော်ချောင်းနဲ့ မြောက်ဖက် မြောင်ပုလဲချောင်းကို ကျုံးကာရံပြီး တည်ဆောက်ထားတယ်ဆိုတာ လေးကိုမျက်စိထဲ မြင်ယောင်ကြည့်လိုက်ပါ။ ဇိနသီရိဘုရားကုန်းတော်ဆိုတာ ဘယ်နေရာများဖြစ်မယ်ထင်ပါသလဲ။ ရင်းနှီးခဲ့ရသူထားဝယ်ကြီးရဲ့ပြောပြချက်ကတော့ ဇိနသီရိဘုရားကုန်းတော်ဆိုတာ အခုလက်ရှိအသုံးပြုနေတဲ့ ထားဝယ်ရုံးကြီးနေရာပါတဲ့။ စာရေးသူလဲ ထားဝယ်ကိုရောက်တုန်း လေ့လာကြည့်ပါတယ်။ မြို့ရဲ့ထုံးစံဟာ မြို့လယ်မှာ တောင်ကုန်းရှိစရာအကြောင်း မရှိပါဘူး။ မြန်မာမင်းများရဲ့ ပုဂံကိုလေ့လာကြည့်ပါ။ မြို့ထဲမှာ စေတီပုထိုးကလွဲပြီး ကုန်းဆိုတာမျိုးတကယ်မရှိခဲ့ပါဘူး။ ပြီးတော့ ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးမင်းတည်ခဲ့တဲ့ ရတနာပုံ နန်းတော်ကိုလဲ ခဏလောက်လေ့လာကြည့်လိုက်ပါ။ နန်းတွင်းမှာ ကုန်းတော်ဆိုတာ လုံးဝ(လုံးဝ)မရှိ ခဲ့ပါဘူး။ ဒါဆို ထားဝယ်မြို့ (သာယာဝတီ) ကို တည်ထောင်ခဲ့တဲ့ မင်းနဲလှ ကရောမြို့ထဲမှာ သီးသန့်ကုန်းဆိုတာကို များထားပြီး မြို့တည်လိမ့်မယ်လို့ထင်ပါသလား။ သမိုင်းကတော့ ဖြစ်ကြောင်းကုန်စင်ကို ပြောပြနေဆဲပါပဲ။ ဘုမ္မော်ကနေ မြောင်းပုလဲထိ လမ်းလျောက်ရင်း လေ့လာကြည့်တော့ ရုံးကြီးတည်ထားတဲ့နေရာကလွဲပြီး မြို့ထဲမှာ ကုန်းဆိုတာ တကယ့်ကို မရှိခဲ့ပါဘူး။ ဒါဆို ရင်းနှီးသူထားဝယ်ကြီးပြောတဲ့ စကားဟာမှန်နေပြီပေါ့။ ဖြစ်နိုင်စရာ အကြောင်းတွေကလဲ အမြောက်အမြားရှိနေပါတယ်။ ပထမအင်္ဂလိပ်မြန်မာစစ်ဖြစ်ကတဲက တနင်္သာရီဟာ အင်္ဂလိပ်ရဲ့လက်အောက်ကိုရောက်ခဲ့ရတယ်လို့ မှတ်သားရခဲ့ဖူးပါတယ်။ ရွှေတိဂုံဘုရားကိုတောင် ခံတပ်အဖြစ်အသုံးပြုခဲ့တဲ့ အင်္ဂလိပ်များဟာ ထားဝယ်မြို့မှာ တည်ထားတဲ့ ဇိနသီရိစေတီတော်နဲ့ ဘုရားကုန်းကို ဖြိုပြီး ရုံးအဖြစ် တည်ဆောက်လိမ့်မယ်ဆိုတာတော့ သံသမရှိနိုင်တဲ့ အရာပါ။ ဘုရားမရှိတဲ့လူသားများအတွက် အဆင်ပြေတဲ့နေရာကို သင့်သလိုအသုံးပြုသွားမယ့်အဖြစ်ကိုလဲ လက်ခံပါတယ်။ စာဖတ်သူများလဲ ထားဝယ်ကိုရောက်ခဲ့မယ်ဆိုရင် အာဇာနည်လမ်းပေါ်မှာရှိတဲ့ တောင်ကုန်းလေးပေါ်က ထားဝယ်ရုံးကြီးကို ခဏလောက်လေ့လာကြည့်လိုက်ပါ။ ပြီးတော့ မြို့ထဲမှာ ဘာဖြစ်လို့ ကုန်းတစ်ခုက တည်ရှိဖြစ်ပေါ်နေရတာလဲဆိုတဲ့ မေးခွန်းလေးကိုပါ ခေါင်းထဲကို ထည့်ကြည့်လိုက်ပါ။ အဖြစ်အပျက်အားလုံးကို သမိုင်းက ပြန်ပြောပြသွားပါလိမ့်မယ်။ သမိုင်းကို မသိခဲ့တဲ့အဖြစ်ဟာ တကယ့်ကိုဝမ်းနည်းစရာကောင်းတယ်ဆိုတာကို သမိုင်းအကြောင်းလေ့လာရင် စာဖတ်သူများ သိသွားမှာပါ။ စာဖတ်သူကိုယ်တိုင် လူမျိုးနဲ့ ယဉ်ကျေးမှုကိုလေးစားပြီး သမိုင်းကိုလဲ တန်ဖိုးထားတတ်သွား မှာပါ။ မသိသလိုနေပြီး ဘ၀ကိုဖြတ်သန်းသွားဦးမယ်ဆိုရင်တော့ ဘုရားစေတီနဲ့ ဘုရားကုန်းဖြစ်ခဲ့ဖူးတဲ့ ဇိနသီရိကုန်းတော် ကို ရုံးအဖြစ်အသုံးပြုသလို အဖြစ်မျိုးတွေ ထပ်ဆင့်ပေါ်လာနိုင်သေးတယ်ဆိုတာကို စာဖတ်သူများ သိထားရပါလိမ့်မယ်။ စာဖတ်သူများ ထားဝယ်မြို့လယ်မှာ ရှိနေဆဲဖြစ်တဲ့ ကုန်းတော်တစ်ခုကို အရင်က ဇိနသီရိကုန်းတော်ဖြစ်ခဲ့ပြီး ဘုရားစေတီတည်ရာလို့ရော လက်ခံနိုင်ပါ့မလား။ သမိုင်းကပြောနေတဲ့ သမိုင်းရဲ့ အသံတွေကတော့ အခုတိုင် ပံတင်ထပ်နေဆဲဆိုတာ စာဖတ်သူများကို သိစေချင်ပါတယ်။ စာရေးသူ အရမ်းပြောတာမဟုတ်ပါဘူး။ သမိုင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူပါလို့ အသိအမှတ်ပြုခံရတဲ့ ဒေါက်တာသန်းထွန်းရဲ့ ခန့်မှန်းချက်များပါ။ သူရဲ့ ခန်းမှန်းချက်များကို နှစ်တရာပြည့် မော်ကွန်းအထူးထုတ် ထားဝယ်အသင်းမဂ္ဂဇင်း စာမျက်နှာ (၁၇၈)မှာ ဒီလို လေးဖေါ်ပြထားပါတယ်။
ဒေါက်တာသန်းထွန်းရဲ့ ခန်းမှန်းချက်အရ တနင်္သာရီတိုင်းတွင် လူများစတင်နေထိုင်မှုသည် နှစ်ပေါင်း (၄၀၀၀) ကျော်ခဲ့ပြီဆိုသည်ကို ကျောက်ခေတ်လက်နက်များ၊ လူအသုံးအဆောင်များက သက်သေခံနေပြီဖြစ်သည်။ ထားဝယ်နယ်တွင်လည်း လွန်ခဲ့သော နှစ်ပေါင်း (၄၀၀၀)ကျော်ကတည်းက လူများစတင်နေထိုင်ခဲ့ကြသည်ဟု မှတ်ယူရမည်တဲ့။
၁၉၈၂ ခုနှစ်တွင် ထားဝယ်မြို့နယ်၌ တိုင်းတိုးချဲ့ ဆေးရုံကြီးကို တည်ဆောက်ရန်အတွက် မြေတူးစက်ဖြင့် တူးဖေါ်စဉ်က ကျောက်ခေတ်နှောင်းလက်နက်အချို့ကို ရရှိခဲ့သည်။ လှည်းတစီးတိုက်ခန့်ရှိသည်ဟုဆိုပါသည်။ သတင်းကြား၍ စာရေးသူ (ထားဝယ် မောင်သန်းဆွေ)သွားသောအခါ အင်ဂျင်နီယာနှင့် အလုပ်သမားများက ကျောက်လက်နက်ဟူ၍မသိသဖြင့် လမ်းခင်းရာတွင်ထည့်၍ သုံးလိုက်ပြီဟု ၀မ်းနည်းဖွယ်ရာသိရသည်။ အလုပ်သမာားတချို့လက်ဝယ်ယူထား၍ ကျန်ရှိနေသေးသည့် ကျောက်လက်နက်အချို့ကို ၎င်းတို့ထံမှ ၀ယ်ခဲ့ရသည်။ ထားဝယ်ရှေးဟောင်းပြတိုက်တွင် ပြထားပါသည်လို့ ထားဝယ် မောင်သန်းဆွေက သူ့ရဲ့အတွေ့အကြုလေးကိုပါ ထပ်ဆင့်ရေးပြထားပါသေးတယ်။
သမိုင်းရဲ့ခြေရာနောက်ကိုလိုက်မိတော့ သမိုင်းနောက်ကျမှပေါ်ခဲ့တယ်လို့ထင်ရတဲ့ ထားဝယ်မြို့ကြီးဟာ တကယ့်ကို ရှေးကျလွန်းတဲ့ သမိုင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါလားဆိုတဲ့ အသိပါတိုးသွားပါတယ်။ လူသားရဲ့ သမိုင်းဟာ ချစ်စရာကောင်းပါတယ်။ လူသားရဲ့ယဉ်ကျေးမှုဟာ မြတ်နိုးစရာနဲ့ပြည့်နေပါတယ်။ လူသားရဲ့စကားဟာ နှစ်သက်စရာဖြစ်ပါတယ်။ လူသားရဲ့ စာပေဟာ တွယ်တာစရာကောင်းပါတယ်။ ချစ်စရာ မြတ်နိုးစရာနှစ်သက်စရာ တွယ်တာစရာနောက်ကိုလိုက်နေတဲ့ စာဖတ်သူလူသားများဟာ ဘာဖြစ်လို့ ကိုယ့်သမိုင်း ကိုယ့်ယဉ်ကျေးမှု ကိုယ့်စကား ကိုယ်စာပေကို တန်ဖိုးမထားနိုင်ရမှာလဲ။ တန်ဖိုးသိလူသားများဟာ တန်ဖိုးရှိအောင် ကြိုးစားနေထိုင်ရင်း တန်ဖိုးရှိအရာများကို ရှာဖွေနေကြတယ်လို့ ထင်ပါတယ်။ စာရေးသူအနေနဲ့ စာဖတ်သူများကို တန်ဖိုးရှိရှိနေထိုင်သူများလို့ ယုံကြည်နေမိတာမို့ ကိုယ့်သမိုင်း ကိုယ့်ယဉ်ကျေးမှု ကိုယ့်စကား ကိုယ့်စာပေကို မြတ်နိုးသူများပဲဖြစ်မယ်ဆိုတာကို သံသယမရှိချင်တော့ပါဘူးလေ…….။ ။
သမိုင်းပေးတာဝန်ကျေသူများဖြစ်ပါစေ
ဦးဉာဏ၀ရ
၁၃၊ ၁၀၊ ၂၀၁၂

ကော့သောင်း ကျောက်မီးသွေး စက်ရုံကို စတင် ဆန္ဒပြ

ကော့သောင်းမြို့ တွင် တည်ဆောက်ပြီးစီးခဲ့သည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို ဒေသခံများက ယနေ့ နံနက်ပိုင်းမှ စတင်ဆန္ဒပြနေပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တရားဝင်ပြသခွင့်ရရှိထားသည့် လူဦးရေ ငါးဆယ် အပြင် လာရောက်အားပေးသူ ရာချီသည် စက်ရုံအနီးတွင် လှည့်လည်ဆန္ဒ ထုတ်ဖော် လျက်ရှိကြောင်း ယင်းတို့က ဆိုသည်။




 Source: Dawei Watch

ကော့သောင်း ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံအား ဆန္ဒပြ

ကွန်းချမ်း | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၆ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၃၃ မိနစ် 

စံခလပူရီ (မဇ္ဈိမ) ။       ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ လူနေအိမ်များအနီး တည်ဆောက်ထားသည့်
ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံကို ဖျက်သိမ်းပေးရန် (သို့) အစားထိုး လောင်စာဆီဖြင့် လည်ပတ်
ပေးရန်အတွက် ဒေသခံများက အင်္ဂါနေ့တွင် ပထမဆုံးအကြိမ်အဖြစ် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြခွင့်ရရန် သြဂုတ်လအတွင်းက မြို့နယ်နှင့် တိုင်းသို့ အဆင့်ဆင့် တင်ပြခဲ့သော်လည်း လူဦးရေ များပြားခြင်းနှင့် စီတန်းလှည့်လည်ချိန် ကြာမြင့်၍ ခွင့်ပြုမိန့် မရခဲ့သော်လည်း လူဦးရေနှင့် စီတန်းလှည့်လည်ချိန် လျှော့ချကာ ထပ်မံ တင်ပြပြီးနောက် အောက်တိုဘာလ ၁၃ ရက်နေ့တွင် လူဦးရေ ၅ဝ၊ အချိန် ၃ နာရီ ဝန်းကျင်ခန့်ဖြင့် ခွင့်ပြုမိန့် ရခဲ့ခြင်း
ဖြစ်သည်။

ဆန္ဒပြသူများက “ကျောက်မီးသွေး အလိုမရှိ”၊ “အဆိပ်ရှိ မိုးတိမ်များ အလိုမရှိ”၊ “အန္တရာယ်ကို ခေါင်းပေါ် မရွက်ကြပါ နဲ့” စသည့် ပိုစတာ စာသား ၁၇ မျိုးကို ကိုင်ဆောင်ထားကြပြီး “ကျောက်မီးသွေးစက်ရုံ လုံးဝ (လုံးဝ) ဖျက်သိမ်း
ပေးရေး” ကြွေးကြော်သံများဖြင့် မြို့ပေါ် ၁ဝ ရပ်ကွက်အတွင်း စီတန်းလှည့်လည်ခဲ့ကြသည်။

“ကျနော်တို့က လူလည်း နည်းတယ်။ ရဲတွေကလည်း လုံခြုံရေး ပေးတယ်။ ဘာမှ အနှောင့်အယှက် မရှိပါဘူး။ ချောချောမောမောပါပဲ” ဟု ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူ ကော့သောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကိုသန်းထွန်း က ပြောသည်။

ဆန္ဒပြရာလမ်းတလျှောက်တွင် ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင် အင်အား ၂ဝ က လုံခြုံရေးအတွက် လိုက်ပါ
စောင့်ရှောက်ပေးခဲ့သည်ဟုလည်း ကော့သောင်း မြို့မရဲစခန်းက အတည်ပြု ပြောကြားသည်။

ဆန္ဒမပြမီ တနင်္လာနေ့ ညပိုင်းတွင် ကျောက်မီးသွေးသုံး စက်ရုံ ထောက်ခံကြောင်း နံရံကပ်စာများ လိုက်လံကပ်ထား သည်ကို ရဲများက လိုက်လံခွာယူရခြင်းမှအပ အခြား အနှောင့်အယှက်များ မရှိဟုလည်း ဆိုသည်။

ဆန္ဒပြရာတွင် ပါဝင်သူတဦးက “စက်ရုံက ကျမတို့ ရပ်ကွက်မှာ ရှိတယ်။ ဆိုးကျိုးကို ကြားသိရတော့ ကျမတို့အတွက် စိတ်အနှောင့်အယှက် ဖြစ်တယ်။ ဒါ့ကြောင့် ဒီလို ဆန္ဒပြဖို့ ဖြစ်လာတာ” ဟု ပြောသည်။

ဆန္ဒပြလိုသူ အများအပြား ရှိသော်လည်း လူဦးရေ ကန့်သတ်ထားသည့်အတွက် အခြားသူများ ဆန္ဒပြရာတွင် ပါဝင်နိုင်ခြင်း မရှိဟုလည်း ၎င်းက ပြောသည်။

ရွှေပြည်သာနှင့် အေးရိပ်ငြိမ် ရပ်ကွက်ကြားရှိ သန်းဖြိုးသူ ကုမ္ပဏီ လိမိတက်ပိုင် စက်ရုံသည် လူနေအိမ်နှင့်
ပေအနည်းငယ် သာ ကွာဝေးပြီး သောက်သုံးရေအဖြစ် အားထားနေရသည့် ယင်းဝါ ရေလှောင်တမံနှင့် မိုင်ဝက်ခန့် သာ ကွာဝေးသည့်အတွက် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆန္ဒပြသူများက ဆိုသည်။

၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလကပင် စက်ရုံဆောက်လုပ်ခြင်း ရပ်တန့်ပေးရန် ကန့်ကွက်ခဲ့ပြီး သမ္မတထံသို့လည်း အကြိမ်ကြိမ် အသနားခံ တင်ပြခဲ့ကြသော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်ရုံ တာဝန်ရှိသူများဘက်ကမူ စက်ရုံကို ကောင်းမွန်သည့် တရုတ်နည်းပညာဖြင့် လည်ပတ်မည် ဖြစ်သည့်အတွက် ပတ်ဝန်းကျင် ထိခိုက်မှု မရှိနိုင်ကြောင်း ပြောဆိုခဲ့ပြီး လည်ပတ်ရန် ပြင်ဆင်နေဆဲ ဖြစ်သည်။

ကုမ္ပဏီက မြို့ပေါ် ၁ဝ ရပ်ကွက်သို့ တယူနစ်လျှင် ကျပ် ၂ဝဝ နှုန်းဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဝေမည် ဖြစ်ပြီး စတင် လည်ပတ်ပါက ယူနစ် ၁၅ဝ ကို အခမဲ့ ပေးဝေမည်ဟု ကြေညာထားသည်။ ဒေသခံမျာကမူ လက်ရှိ သုံးစွဲနေရသည့် လျှပ်စစ်ဓါတ်အား နှုန်းထားထက် များစွာ သက်သာသည့်အတွက် လိုလားကြသော်လည်း အန္တရာယ် ကင်းသည့် လျှပ်စစ်ဓါတ်အားကိုသာ လိုချင်ကြကြောင်း ပြောသည်။

လက်ရှိ ကော့သောင်းမြို့တွင် ဖိုးသီးချို (P.T.C ) မီးလင်းရေးမှ တယူနစ်လျှင် ၆ဝဝ ကျပ်ကျော် နှုန်းဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဝေလျက် ရှိသည်။

တနင်္သာရီတိုင်းတွင် မဂ္ဂါဝပ် ၄,ဝဝဝ ထုတ် ထားဝယ်၊ ၈ မဂ္ဂါဝပ်ထုတ် ကော့သောင်းနှင့် ၅ဝ မဂ္ဂါဝပ်ထုတ် မြိတ်
ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ စီမံကိန်း သုံးခု ရှိခဲ့ရာ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ထားဝယ် ရေနက် ဆိပ်ကမ်း၏ အစိတ်အပိုင်း တခု ဖြစ်သည့် ထားဝယ် ကျောက်မီးသွေးသုံး စက်ရုံကို ဇန်နဝါရီ လဆန်းပိုင်းတွင် အစိုးရက ရပ်ဆိုင်းပေးမည်ဟု ကြေညာခဲ့ရသည်။

ကျန်စက်ရုံ နှစ်ခုမှာလည်း ကန့်ကွက်မှုများနှင့် ကြုံနေရဆဲ ဖြစ်ပြီး မြိတ်မြို့၏ အရှေ့ဘက် ၁၇ မိုင်အကွာ လော့လော့
ကျေးရွာ အနီးရှိ ၅ဝ မဂ္ဂါဝပ် ထုတ်လွှတ်မည့် ကျောက်မီးသွေးသုံး စက်ရုံ ဆောက်လုပ်မည့် စီမံကိန်းကိုလည်း ဖျက်သိမ်းပေးရန် ဒေသခံများက သမ္မတထံ နှစ်ကြိမ်တိုင် အသနားခံစာ တင်ပြခဲ့ပြီး ဖြစ်သည်။

ပအိုးဝ် လူငယ်များ အစည်းအရုံးမှ ၂ဝ၁၁ ခုနှစ်တွင် ထုတ်ပြန်သည့် ‘အဆိပ်သင့် တိမ်များ’ အစီရင်ခံစာအရ
မြန်မာနိုင်ငံတွင် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ ခုနှစ်ရုံ ရှိသည့်အနက် မဂ္ဂါဝပ် ၁၂ဝ ထုတ် တီကျစ်နှင့် မဂ္ဂါဝပ် ၃၆၉ ထုတ် မိုင်းခုတ် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံများမှာ လည်ပတ် လျက်ရှိပြီး ကျန် ငါးရုံမှာ လျာထားအဆင့်တွင် ရှိကြောင်း သိရသည်။

Sunday, October 14, 2012

ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းကို ရှုထောင့် လေးခုမှ မြင်ကြည့်ခြင်း


http://www.maukkha.org မှ ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးနှင့် စက်မှုကဏ္ဍတိုးတက်မှုအတွက် ရေနက်ဆိပ်ကမ်း ဟာ ထောက်ပံ့ရေး ဗဟိုချက် အဖြစ် အဓိက အခန်းကဏ္ဍကနေပါဝင်ပါတယ်ဆိုတာငြင်းလို့ မရပါဘူး။
စီးပွားရေးဆိုင်ရာ တိုးတက်မှုကို အထောက်အကူ ပြုပေမဲ့၊ ဆိပ်ကမ်းတည်ဆောက်ရာ ကမ်းခြေတလျှောက် ညစ်ညမ်းမှုကို ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်စေတဲ့အပြင် ဇီဝမျိုးစိတ်တွေ ရှင်သန်နေထိုင် ရာပျောက် ဆုံးမှု၊ ဂေဟ စနစ်ပျက်စီးမှု စတဲ့ ရလဒ်ဆိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် လာရောက် ရင်းနှီးမြုပ်နှံသူတွေ ကလည်း ဒေသရှိ သဘာဝသယံဇာတများကို ဒေသခံတွေရဲ့ အကျိုးစီးပွားအတွက်မဟုတ်ဘဲ  သူတို့ ကိုယ်ကျိုးသက်သက် အမြတ်ထုတ်ဖို့ ရှိနေပါတယ်။
သြစတြေးလျအစိုးရရဲ့ ၂၀၀၆ ခုနှစ်မှာ ထုတ်ပြန်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာတစ်ခုအရ သြစတြေးလျ ရေထုအတွင်း စွန့်ပစ်လိုက်တဲ့ ညစ်ညမ်းရေပမာဏရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဆိပ်ကမ်းရှိ သဘောင်္များနဲ့ ကုန်ပစ္စည်းများမှ လာကြောင်း သိရှိရပါတယ် ။ ဒီညစ်ညမ်းတဲ့ရေထုဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေရုံသာမက ဆိပ်ကမ်း အလုပ်သမားများအပါအ၀င် ကမ်းရိုးတန်း တလျှောက်နေထိုင်ကြသူတွေကို ကျန်းမာရေးထိခိုက်စေတဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ် ။

မြန်မာနိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံအတွက်တော့ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံတည်ဆောက်မှုစီမံကိန်းဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေမှာ ဖြစ်သလို အဆိုပါ ပြောင်းလဲမှုများဟာလည်း အချင်းချင်း အပြန်အလှန်ဆက်စပ်လျက် ရှိပါတယ် ။
မြန်မာအစိုးရဟာ ၂၀၁၀ ခုနှစ်မှာ လယ်သမား ဥယျာဉ်သမား စတဲ့ မြေယာပေါ် မှီတင်းရှင်သန်ကြတဲ့ ရွာသူရွာသားတွေ များစွာနေထိုင်တဲ့ ကျေးရွာတွေမှာ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံ စီမံကိန်းကို စတင်ခဲ့တာဖြစ်ပါတယ် ။ အဆိုပါ စ်ီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက်ကမ်းရိုးတန်းပေါ်မှာရှိပြီး သာယာလှပတဲ့ ထားဝယ်မြို့မှ ၁၈ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။
ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းလို့ အမည်ရတဲ့ အဆိုပါ စီမံကိန်းဟာ ပထ၀ီအနေအထားအရ မြန်မာနိုင်ငံအတွက်သာ မဟုတ်ဘဲ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း အလွန်ပင်အရေးပါလှပါတယ် ။ ကပ္ပလီပင်လယ်အတွင်း တည်ဆောက်မယ့် အဆိုပါဆိပ်ကမ်းဟာ ဥရောပ ၊ အရှေ့အလယ်ပိုင်းနှင့် အင်ဒိုချိုင်းနားတွေကြားမှာ တိုတောင်းလွယ်ကူတဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လမ်းကြောင်းတစ်ခုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။
ကီလိုမီတာပေါင်း မြောက်မြားစွားဝေးကွာသည့် မာလက္ကာ ရေလက်ကြားကို ဖြတ်မည့်အစား အဆိုပါလမ်းကြောင်းကို အသုံးပြုခြင်းဖြင့် အချိန်နှင့် လောင်စာကို သက်သာစေတဲ့အပြင် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ် ။
အခုလို စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ ရသည့် အတွက် ဖွံဖြိုးတိုးတက်သည်ဟုဆို နိုင်ပါသလား။ အဆိုပါ အကျိုးအမြတ်များကိုရော ဒေသခံ လူထုအပါအ၀င် မြန်မာနိုင်ငံသူနိုင်ငံသားများ ဘယ်လောက် ခံစားခွင့်ရကြပါသလဲ။ ဖွံဖြိုးတိုးတက်မှုဟုဆိုရာတွင် စီးပွားရေးတစ်ခုတည်း ဖွံဖြိုးတိုးတက်ခြင်းကို ဆိုလိုခြင်း မဟုတ်တဲ့ အခြားသော လူမှုရေး၊ နိုင်ငံရေး နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်၊ အကျိုးအမြတ်၊ ထိခိုက်မှု ပြောင်းလဲမှုများကို အသေအချာ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

နိုင်ငံရေးရှုထောင့်
ထားဝယ်ဖွံဖြိုးရေး စီမံကိန်းအနေနဲ့ အရေးကြီးဆုံးနဲ့ အထင်ရှားဆုံး ပြဿနာကတော့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို စီမံဆောင်ရွက်တဲ့နေရာမှာ တိကျတဲ့ဥပဒေ ထုတ်ပြန်နိုင်ခြင်းမရှိသေးတာပါပဲ။ အခုလို ဖွံ့ဖြိုးရေး စီမံကိန်းအကြီးကြီးတွေကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမပြုမီ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို လေ့လာဆန်းစစ်တဲ့ ထုတ်ပြန်ချက်တွေ၊ လူမှုရေးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုကို လေ့လာဆန်းစစ်တဲ့ ထုတ်ပြန်ချက်တွေကို အရင်ပြုလုပ်ရမယ်လို့ ဥပဒေကြောင်းအရ ဖော်ပြထားခြင်းမရှိသေးပါဘူး။
ခြုံ၍ပြောရလျှင် ဒေသခံပြည်သူလူထုအတွက် သူတို့မှီတင်းနေထိုင်ရှင်သန်ရာ မြေကိုတောင်မှ ကာကွယ်ပိုင်ခွင့်နှင့် ပိုင်ဆိုင်နိုင်ခွင့်ကို အာမခံနိုင်သည့် ဥပဒေမရှိပါဘူး။ အစိုးရအနေနဲ့ မြေယာတွေကို ပြည်ထောင်စုရဲ့ အကျိုးစီးပွားအတွက် သိမ်းဆည်းနိုင်ကြောင်းကို ဥပဒေကြောင်းအရ အခွင့်အရေးပေးထားပါတယ်။ ဒါဟာ ဒေသခံလူထုအတွက် တုံးအောက်က ဖားသူငယ်ပမာပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ ဘ၀တွေ လူနေမှုစနစ်တွေကို ပြောင်းပြန်ပြောင်းလဲစေနိုင်တဲ့အပြင် မှီတင်းရာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမယ့် စက်ရုံအကြီးကြီးတွေကို ကော်ပိုရေးရှင်းအကြီးစားတွေ တည်ဆောက်ဖို့ ကြိုးပမ်းလာချိန်မှာ ဒေသခံတွေဟာ သူတို့ရဲ့ဘ၀တွေအတွက် ခုခံပိုင်ခွင့်မရှိပါဘူး ။
ထိုင်းအစိုးရရော မြန်မာအစိုးရပါ အဆိုပါ နောက်ဆက်ထိခိုက်ပျက်စီးမှုတွေကို သိပါလျက်နဲ့ စီးပွားရေးအကျိုးအမြတ် တစ်ခုတည်းကိုသာကြည့်တာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုတွေကို မသိသလို လျစ်လျူရှုထားကြပါတယ် ။

စီးပွားရေး ရှုထောင့်
မူဝါဒရေးရာနှင့် နိုင်ငံရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှုမရှိတာဟာလည်း  အခြားသော နိုင်ငံတွေအတွက် မြန်မာနိုင်ငံဟာ ခေါင်းပုံဖြတ်အမြတ်ထုတ်ရာနေရာ တစ်ခုဖြစ်လာအောင် ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ် ။ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတွေက ဒီအချက်ကို အခွင့်ကောင်းယူပြီးတော့ မြန်မာနိုင်ငံအတွင်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်နေကြပါတယ်။
ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ‘အိုင်တီဒီ’ ဟာ မြန်မာ့ဆိပ်ကမ်းမှာ ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံဖို့ ဆောင်ရွက်နေပါပြီ ။အဆိုပါ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံစီမံကိန်းဟာလည်း ထိုင်းနိုင်ငံအတွက် လိုအပ်တဲ့ စွမ်းအင်အပါအ၀င် အခြားစက်မှုကဏ္ဍဆိုင်ရာ အကျိုးအမြတ်တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
ဒီလို စီမံကိန်းတွေကို ထိုင်းနိုင်ငံမှာ ဆောင်ရွက်မည်ဆိုလျှင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလေ့လာဆန်းစစ်ချက် အပါအ၀င် လေ့လာဆန်းစစ်ချက်တွေကို စီမံကိန်းမတိုင်မီပြုလုပ်ရပါတယ် ။ လေထု ရေထုညစ်ညမ်းမှုအပါအ၀င် ဒေသခံလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်စီးနိုင်တယ်လို့ ဒေသခံတွေက ခိုင်ခိုင်မာမာတင်ပြနိုင်ရင် စီမံကိန်းတွေကို လုပ်ပိုင်ခွင့်မရကြပါဘူး။
အခုဆိုရင် အဆိုပါ ထိုင်းကုမ္ပဏီဟာ သူတို့နိုင်ငံမှာ တည်ဆောက်လို့မရတဲ့ ညစ်ညမ်းတဲ့ စက်ရုံတွေပါတဲ့ စီမံကိန်းတွေကို လွတ်လပ်စွာပြောဆိုခွင့်၊ သဘာဝ အရင်းအမြစ်တွေကို စီမံခန့်ခွဲရာမှာ ဒေသခံလူတွေက ပါဝင်ပြောဆို ဆုံးဖြတ်ခွင့် စတဲ့ အခွင့်အရေးတွေ မရှိသေးတဲ့ မြန်မာနိုင်ငံမှာ လာရောက်တည်ဆောက်တော့မှာဖြစ်ပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ အလုပ်အကိုင်အခွင့်အလမ်း မြောက်မြားစွားကို ဖန်တီးပေးမှာမလွဲဧကန် ဖြစ်သလို အဆိုပါဒေသမှာ မှီတင်းနေထိုင်ကြတဲ့ လယ်သမား ဥယျာဉ်သမား ငါးဖမ်းသမားတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေကို ဖျက်ဆီးပစ်မှာလည်း သေချာနေပါတယ် ။
နိုင်ငံခြားမှ ကျွမ်းကျင်အလုပ်သမားမြောက်မြားစွာ ၀င်ရောက်လာပြီး ဒေသခံတွေအတွက်ကတော့ အလုပ်ကြမ်းနှင့် နေ့စား အလုပ်အကိုင်တွေကို ဈေးပေါပေါနဲ့ လုပ်ကိုင်ကြရပါလိမ့်မယ်။ လိုအပ်တဲ့ စွမ်းရည်နဲ့ အရည်အချင်းမရှိဆိုသော အကြောင်းပြချက်ဖြင့် ဒေသခံများအတွက် အနည်းငယ်သော အလုပ်အကိုင်သာ ရနိုင်ပြီး အများစုအတွက်တော့ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့အခြေချနေထိုင်ရပါလိမ့်မယ်။

လူမှုရေးရှုထောင့်
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် အခုဆိုရင်စီမံကိန်း ဧရိယာအတွင်းနေထိုင်တဲ့ လူတွေပြောင်းရွှေ့နေကြရသလို မကြာမီအချိန်အတွင်းမှာလည်း ထောင်သောင်းချီပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။ ဒေသခံတွေဆီက မြေယာတွေကို အတင်းအဓမ္မသိမ်းယူမှုဟာ ထားဝယ်ဒေသမှဒေသခံထားဝယ်လူမျိုးတွေကို မြန်မာနိုင်ငံအခြားဒေသ (သို့မဟုတ်) ထိုင်း နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ကြအောင် ဖိအားပေးလျက်ရှိပါတယ်။
ဒေသခံတွေရဲ့ သဘောဆန္ဒမပါ လျော်ကြေးတစ်စုံတစ်ရာ ပေးအပ်ခြင်းမရှိတဲ့ မြေယာသိမ်းဆည်းမှု ၊ နေထိုင်မယ့် အိမ်ယာဖန်တီးပေးခြင်းမရှိသေးဘဲ အတင်းအဓမ္မရွှေ့ပြောင်းစေမှုတွေက ဒေသခံတွေကို လူမှုရေးဆိုင်ရာ ပြဿနာတွေကြား နစ်မြုပ်စေပါတယ် ။
မြေယာမဲ့ဖြစ်သွားတဲ့ ဒေသခံတွေအတွက် ရရာအလုပ်အကိုင်ကို လုပ်ခနည်းနည်းဖြင့် ၀င်ရောက်လုပ်ကိုင်ကြရ ပါတော့မယ် ။ ဒါဟာ အစိုးရအတွက် စီမံကိန်းတွေကို ဈေးပေါပေါဖြင့် ပြီးမြောက်အောင် လုပ်ကိုင်လေ့ရှိတဲ့ ဗျူဟာတစ်ခုလည်း ဖြစ်နေပါတယ် ။
အခြားထင်ရှားတဲ့ ဆိုးကျိုးကတော့ စက်မှုဇုံမှ ထွက်ရှိလာတဲ့ ဓာတုပစ္စည်းများကြောင့် ဒေသခံလူထုရဲ့ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေခြင်းဖြစ်ပါတယ် ။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ လွတ်လပ်တဲ့ အင်စတီကျူးရှင်းတွေက ပြုလုပ်ထားတဲ့ EIA , SIA , HIA မရှိတဲ့အတွက် မကြာမီ ဒီစီမံကိန်းရဲ့ဘေးထွက်ဆိုးကျိုးတွေကို ဒေသခံ ထားဝယ်လူမျိုးတွေ ခံစားကြရတော့မှာ ဖြစ်ပါတယ် ။
ဥပမာအနေနဲ့ ပြောရရင် ထိုင်းနိုင်ငံရှိ Mab Ta Phut စက်မှုဇုံမှာ စက်ရုံတွေကို လည်ပတ်ပြီး ၁၀ နှစ်အကြာမှာ စက်ရုံက ထုတ်လွှတ်တဲ့ အဆိပ်သင့် ဓာတုပစ္စည်းတွေကြောင့် အဆိုပါဒေသရှိ လေထု၊ ရေထုနှင့် မြေဆီလွှာများ အကြီးအကျယ် ထိခိုက်ပျက်စီးညစ်ညမ်းစေပြီး ဒေသခံများမှာလည်း အသက်ရှုလမ်းကြောင်း ၊ အာရုံကြော ၊မျိုးပွားမှု ၊ ကြွက်သားစနစ်စ တာတွေနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို ခံစားနေရပါတယ် ။ အဆိုးဆုံးကတော့ ကင်ဆာဖြစ်ပွားမှုနှုန်းနှင့် စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်ပွားသည့်နှုန်း အလွန်သိသာစွာ တိုးပွားလာခြင်းပဲ ဖြစ်ပါတယ် ။

သဘာဝပတ်ဝန်းကျင်ရှုထောင့်
စီးပွားရေး တိုးတက်မှုကို ရှေးရှုရင်းဖြစ်ပေါ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေ မရှိသေးတာဟာ မြန်မာနိုင်ငံအတွက် ၀မ်းနည်းစရာကောင်းလှပါတယ် ။ အခုလို ဥပဒေတွေမရှိတဲ့အတွက် ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံတည်ဆောက်မှုဟာလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေကို အဆမတန် တိုးပွားစေမှာ ဖြစ်ပါတယ်။
ဆိပ်ကမ်းတည်ဆောက်ရာ သန့်ရှင်းလှပတဲ့ ကမ်းရိုးတန်းတလျှောက်ဟာ အကျည်းတန်ညစ်ညမ်းသွားပါလိမ့်မယ်။ လယ်သမားတွေနဲ့ ငါးဖမ်းသမားတွေ မှီတင်းရာ ဂေဟစနစ်ဟာလည်း ပျက်စီးပါလိမ့်မယ်။ သဘာဝအတိုင်းတည်ရှိနေတဲ့ သန့်စင်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဟာ ညစ်ညမ်းတဲ့ လေတွေထုတ်လွှတ်တဲ့ လောင်စာသန့်စင်တဲ့ စက်ရုံ၊ ကျောက်မီးသွေးစက်ရုံတွေနဲ့ အစားထိုးခံရပါလိမ့်မယ်။
စီမံကိန်း ဧရိယာအတွင်းသာမက ထိုင်းနိုင်ငံသို့ ဖောက်လုပ်နေသော လမ်းတလျှောက် သစ်ပင်အကြီးအကျယ် ခုတ်လှဲခံရပြီး သစ်တောပြုန်းတီးမှုကို အများကြီးဖြစ်ပေါ်စေပါမယ်။ ဒီသစ်တောတွေဟာ ဒေသခံတွေအတွက်သာမက တစ်ကမ္ဘာလုံးအတွက် အလွန်ကို အရေးပါလှပါတယ်။ သစ်တောတွေက မြေဆီလွှာကို ထိန်းသိမ်းပေးပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး လူတွေအတွက် အသုံးဝင်လှတဲ့ အောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးပါတယ်။ ရာသီဥတုကို ထိန်းညှိပေးပြီး ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချစေနိုင်ပါတယ်။
Rayong ခရိုင်ရှိ Mab Ta Phut ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေကိုလေ့လာကြည့်ရင် ထားဝယ်မှာလည်း အလားတူ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာမယ်ဆိုတာ သေချာနေပါတယ် ။ စက်ရုံတွေကတရားမ၀င် ထုတ်လွှတ်တဲ့ အညစ်အကြေးတွေကြောင့် မြေဆီလွှာတွေ သုံးလို့မရအောင်ပျက်စီးရသလို ရေတွေလည်း သုံးလို့မရအောင် ညစ်ညမ်းကုန်ပါတယ်။
ဒီရေတွေဟာ မြောင်းတွေ ရေကန်တွေမှတဆင့် မြစ်ချောင်းစနစ်ထဲသို့ ရောက်ရှိပြီး စက်မှုဇုံ ဧရိယာအတွင်း နေထိုင်တဲ့ဒေသခံတွေအတွက် အဆိပ်သင့်ရေတွေ ဖြစ်သွားစေပါတယ် ။ ဒါကြောင့် ဒေသခံတွေဟာ သန့်ရှင်းသောရေကို ဈေးကြီးပေးဝယ်သုံးရပါတယ်။ စက်ရုံတွေက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ အလွန်မြင့်မားမှုကြောင့် အက်ဆစ်မိုးများရွာသွန်းသည့်အပြင် သီးနှံများလည်း စားလို့မရ ရောင်းလို့မရဖြစ်အောင် ပျက်စီးသွားပါတယ်။
ဒါကြောင့် အဆိပ်သင့်စက်မှုဇုံစီမံကိန်းဟာ အခုမျိုးဆက်ကိုသာမက နောက်မျိုးဆက်တွေအတွက်ပါ အဖိုးတန်လှတဲ့ ဂေဟစနစ်ကြီးကို ဖျက်ဆီးလျက်ရှိပါတယ် ။

အချုပ်ဆိုရလျှင် ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းဟာ အစိုးရအတွက် အရေးပါတဲ့ ခြေတစ်လှမ်း ဖြစ်ပါတယ်။ ဒေါ်လာသန်းချီတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေနဲ့ နိုင်ငံရဲ့ဖွံဖြိုးတိုးတက်မှုအတွက် အထောက်အပံ့တစ်ခု ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။
သို့သော်ငြားလည်း အစိုးရရဲ့မူဝါဒရေးရာ အားနည်းမှု၊ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းများကို လျစ်လျူရှုမှု၊ ပွင့်လင်းမြင်သာမှု မရှိမှု၊ တာဝန်ယူမှု တာဝန်ခံမှုအားနည်းမှု နဲ့  ၀န်ထမ်းတွေရဲ့ အဂတိလိုက်စားမှုတို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ဆုတ်ယုတ်ပျက်စီးမှုဆိုးကျိုးများဟာ ကောင်းကျိုးထက် ပိုမိုများပြားနေမှာ ဖြစ်ပါတယ်။
ဒါကြောင့် အဆိုပါ ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုံစီမံကိန်းဟာ ရေရှည်ဖွံဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မယ့် အစိမ်းရောင် ဖွံဖြိုးရေး စီမံကိန်းတစ်ခု ဖြစ်စေဖို့ အစိုးရအနေနဲ့  ဒေသခံ လူထုအပါအ၀င် အရပ်ဘက်လူ့အဖွဲ့အစည်းများ ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများ ၊ ပညာရှင်များရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အသေအချာလေ့လာသုံးသပ်ပြီးမှ အကောင်အထည်ဖော် ဆောင်ရွက်ရန် သင့်မသင့် ဆုံးဖြတ်စေလိုပါတယ်။
သုခသခင်