Monday, December 17, 2012

သမ္မ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်တို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး

Monday, 17 December 2012 


 သမ္မ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်တို့သည် ဒီဇင်ဘာလ ၁၇ ရက် (ယနေ့) နံနက် ပိုင်းက မြန်မာနိုင်ငံ ထားဝယ်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရန်အတွက် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်သည် မြန်မာနိုင်ငံ ထားဝယ်သို့ ယနေ့နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြောင်းနှင့် ၎င်းနှင့်အတူ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ လည်း လိုက်ပါလာကြောင်း သိရသည်။ သမ္မ္မတ ဦးသိန်းစိန်သည်လည်း မော်လမြိုင်မြို့မှတစ်ဆင့် ထားဝယ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်တို့သည် နိုဝင်ဘာလ ၁၉ ရက် တွင် (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ Peace Palace အဆောက်အအုံ၌ တွေ့ဆုံရာ၌ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများ၌ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို အဓိကဆွေးနွေး ခဲ့ကြပြီး ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ်လုပ်ဆောင် မည် ဟု နှစ်နိုင်ငံခေါင်းဆောင်များက ထပ်မံ အတည်ပြုခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ထားဝယ်ရေနက်ဆိပ် ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် ရေနက်ဆိပ်ကမ်း၊ ကန်ချနဘူရီ လမ်းပိုင်း၊ ကလုံး ထာ ရေကာတာစီမံကိန်းတို့အား သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ် ချက် (Environmental Impact Assessment-EIA) ပြုလုပ်ရန် အဖွဲ့အစည်းတစ်ခုစီကို ငှားရမ်းထားပြီး လာမည့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း၌ EIA ထွက်ရှိနိုင်ရန် ပြင်ဆင်နေသည်။စီမံကိန်း၏ ကနဦး စက်မှု အိမ် ယာစီမံကိန်း တည်ဆောက်မှုမှာ ၂၀၁၄ ခုနှစ်အစောပိုင်းတွင် ပြီးစီးမည်ဟု ရည်မှန်းထားပြီး စီမံကိန်း၏ ပထမဆင့်မှာ ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။

ထားဝယ် အထူးစီးပွားရေးဇုန်  စီမံကိန်းကြီးတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ စက်ရုံများ၊ ရေနံဓါတု စက်ရုံများ၊ သံမဏိ စက်ရုံများ၊ အလတ်စားနှင့်အသေးစား စက်မှုလုပ်ငန်းများ၊ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံတို့ ပါဝင်မည် ဖြစ်သည်။


ထားဝယ် ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ဆက်သွယ်မည့် ကားလမ်းသည် ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီ အနီးရှိ ဖူနမ်ရွန် ကုန်ပစ္စည်းစစ်ဆေးရေးစခန်းနှင့် ဆက်သွယ်မည်ဟု သိရသည်။ အဆိုပါလမ်းပိုင်း ကနဦး တည်ဆောက်မှုကို ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် စီးပွားရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို EIA ပြုလုပ်ရာတွင် ထိုင်းနိုင်ငံမှ အဖွဲ့ အစည်းသုံးခုကို အပိုင်းလိုက် ငှားရမ်းထားပြီး ရေနက်ဆိပ်ကမ်းကို Team Engineering Group ၊ မြန်မာ နှင့်ထိုင်းနိုင်ငံ ဆက်သွယ်မည့် ထားဝယ်-ကန်ချနဘူရီ လမ်းပိုင်းကို ချူလာလောင်ကွန်း တက္က သိုလ်မှ Enviroment Research Institute၊ ကလုံးထာရေကာတာ စီမံကိန်းကို Pamya Consultant တို့ကို ငှားရမ်း ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် မြောက်ဘက်တွင် ရေဖြူမြို့နယ်၊ အရှေ့ဘက် တွင် ထားဝယ်မြစ်၊ ရေဖြူမြို့နယ်၊ တောင်ဘက်၌ လောင်းလုံမြို့နယ်နှင့် အနောက်ဘက်တွင် ကပ္ပလီပင် လယ်နှင့် ထိစပ်လျက်ရှိပြီး ဧရိယာအကျယ်အ၀န်းမှာ ၂၅၀ စတုရန်းမီတာ (၉၇ စတုရန်းမိုင်) ဖြစ်သည်။


ထားဝယ်အထူးစီးပွားရေးဇုန်သည် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအမှတ် (၈/၂၀၁၁)၊ ပုဒ်မ (၄)အရ အစိုးရအဖွဲ့က သတ်မှတ်ထားသော ဇုန်ဖြစ်သည်။ ယင်းဥပဒေအရ ထားဝယ်အထူးစီးပွားရေးဇုန်တွင် အဆင့်မြင့်နည်းပညာဇုန်များ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဇုန်များ၊ ပို့ကုန်ပစ္စည်း ထုတ်လုပ်မှုဇုန်များ၊ ဆိပ်ကမ်းနယ်မြေဇုန်များ၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန်များ၊ သိပ္ပံနှင့် နည်းပညာသုတေသန ဖွံ့ဖြိုးတိုးတက်ရေးဇုန်များ၊ ၀န်ဆောင်မှုလုပ်ငန်း ဇုန်များ၊ တစ်ဆင့်ခံကုန်သွယ်မှု ဇုန်များနှင့် အစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့်ဇုန်များ ပါဝင်သည်။


ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် အီတာလျံ-ထိုင်းကုမ္ပဏီမှာ ငွေကြေးမလုံလောက် သဖြင့် ထိုင်းအစိုးရမှ ၀င်ရောက်ကူညီပေးထားရသည်ဟု သိရသည်။ သို့သော် ထိုင်းအစိုးရမှ ၀င်ရောက် ကူညီပေးထားသည့် ငွေမှာ နည်းလွန်းနေသဖြင့် ငွေကြေးပမာဏ ထပ်မံလိုအပ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group  မှ ကူးယူမျှဝေသည်။

Thursday, December 13, 2012

ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စ ဆွေးနွေးရန် ထိုင်း ၀န်ကြီးချုပ် မြန်မာပြည်လာမည်

 Source:7 days New Journal
ဘန်ကောက်၊ ဒီဇင်ဘာ - ၁၄

ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်ထရာသည် ထားဝယ်ရေနက်ဆိပ်ကမ်းဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက် ၍ ဆွေးနွေးမှုများ ပြုလုပ်ရန် မြန်မာသို့ တနင်္လာနေ့ (ဒီဇင်ဘာ ၁၇) တွင် လာရောက်မည်ဖြစ်ကြောင်း The Nation သတင်းစာက ရေးသားဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ်ယင်လပ်ခ်၏ ဧည့်သည်တော်အဖွဲ့တွင် လက်ထောက်ဝန်ကြီးချုပ် ကစ်တီရတ်နာရာစန်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ချတ်ချက်စီသီပန်၊ စွမ်းအင်ဝန်ကြီး ပုန်သက်ရွတ်ခ်တာပုန်ပီဆယ်နှင့်အတူ စာနယ်ဇင်းသမားများလည်း ပါမည်ဟု သိရသည်။

ထိုင်းအမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် အာခွန်မ်တမ်ပီတရာ ပိုင်ဆစ် ကလည်း ၀န်ကြီးချုပ် ယင်လပ်ခ်၏ ခရီးစဉ်တွင် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး မြန်မာ-ထိုင်း ပူးတွဲကော်မရှင်၏ ဒုတိယအကြိမ် အစည်းအဝေးကို ကျင်းပမည်ဟုဆိုထားသည်။ ၎င်းက မြန်မာနှင့် ထိုင်းတို့သည် ထားဝယ်အထူးစီးပွားရေးဇုန်အတွက် အပြန်အလှန် ဆွေးနွေးဖလှယ်သွားမည်ဟု ပြောသည်။

Ref : The Nation

Public Meeting: Villagers tell Government they are not happy with Dawei Project

December 9

dawei meeting
Villagers at a public meeting attended by government ministers, political organisations, community groups and developers called for new impact assessments to be carried out on the Dawei Special Economic Zone.

Villagers from Ka Loat Hta made their request at a special meeting at Dawei Town Hall on December 5th. More than 300 people attended the meeting that was organized by the government. Villagers are concerned that they will be relocated because of plans to dam local rivers to provide a reservoir for Dawei deep seaport and industry zone.
The public meeting is the first that government ministers have held with local people in the Na Bu Le area where the deep seaport and a 204.5 square kilometers industry zone will be built.

U Phone Swe, the Deputy Minister for Social Welfare, Relief and Resettlement, chaired the public meeting and said in his opening speech.
“The government is taking responsibility for the people’s security and development. I would like to specially say that we don’t want to see any obstacle stopping the project. This meeting is to try to find ways to resolves the problems.”
U Ka Myint from Ka Loat Hta village addressed the meeting and said.

“We don’t want to make trouble for the government’s economic development. We are asking the government to re-evaluate the building of the dam in the Ka Loat Hta area. We earn our living from agriculture. If the dam is built all our farmland, plantations, the natural environment and the rare wildlife will disappear.”
U Ka Myint said the villagers depend on the forests and the rivers.
“The rivers give life to not only the Ka Loat Hta villagers, but also to the many other villagers who live along the length of the rivers. We urge the government to redo its Environmental Impact and Social Impact Assessments using experts from inside and outside the country.”

The villagers and activists urged the government to rethink its plans to dam the rivers and to find an alternative way that would not destroy the environment.
Attending the meeting was the Chief Minister of Taninthanyi Division U Myat Ko, Dawei based academics, non-governmental organisations, local authorities, members of various political parties, business people, Dawei town elders, village authorities and the Italian-Thai Development Company.
The Dawei Development Project includes a deep seaport, a light and heavy industrial zone, a coal-fired power plant and highways and railway links connecting Dawei to Kanchanaburi on the Thai border.

The Italian-Thai Development Company (ITD) is a Thai owned company that is responsible for developing the $60billion Dawei Development Project. In November the Thai and Burmese governments met to find ways to speed up the project.
It is estimated that 17 villages and as many as 23,000 people will be relocated to three relocation sites – Bawah, Bagawzun and Pantin-inn.
It is planned that the deep seaport and industry zone will be built on native land that belongs to the indigenous Tavoyan people in Na Bu Le, the coastal area in the west of Dawei Town.

At the meeting government officials faced tough opposition and a series of critical questions from local people who will be evicted from their homes. Most of the questions from the public were do with relocation and compensation.
U Soe Win from Htein Gyi village spoke at the meeting and said.
“In my village many people do not want to relocate. They asked me to come here and to ask the authorities that if they do not move out, will the government arrest them? We want to know if there are any laws that allow the government to arrest us for refusing to be relocated.”

U Hlaing Myint, from Mu Doo village who attend the meeting spoke to Karen News.
“Villagers are not satisfied with the compensation offered by the company. The company’s compensation is not fair. Even if they [company] build houses for us in relocation site, they can’t compare to our houses – my house is built on hard sand. The house we are being offered will not last long. We have to move to relocation sites that have no land for our plantations or farmland. We will become landless, unemployed and will face many difficulties. We cannot rebuild our life with the compensation they are offering us – we want a fairer compensation to restart our lives.”
Villager U Hlain Myint said he has 25 acres of cashew nut plantation and it planned that he and other villagers from Mu Doo will be relocated to Bawah, where the ITD company is building new houses for each family. Mu Doo villager will be the first village to be relocated.
At the meeting officials said the lack of compensation was caused by a lack of finance available for the project. Local people said they were not convinced by that argument
Ko Kyaw Kyaw Thet said.

“The company needs to plan in advance for all the compensation costs. They [company] needs to compensate people at the same time. If they [company] don’t have the money it is better they do not invest – they should know this is a big project and the financial needs are big.”
Ko Kyaw Kyaw Thet said the project needed responsible investors and developers.
“From what we have seen from ITD’s actions, shows that they are not a good development model.”
U Aung Myo, representing local people from Na Bu Le at the meeting urged the government to be more open.

“The villagers don’t trust the government. They worry and are concerned about the project, they feel the government is only focused and working for the benefit of the developer. The project needs to be transparent to the public. All plans must be explained and consultation with the people before construction is started.”
U Aung Myo said the government must keep their promises to the local people.
Minister, U Phone Swe, closed the first meeting but said there was a need to have more public consultation to resolve the issues.


Share from Karen News

Wednesday, December 12, 2012

စီမံကိန်းကြီးများကြောင့် ဒေသခံလူ ထုများ၏သဘောထား အပစ်ပယ် ခံရမှုများ SYCB နှင့် NYFထုတ်ပြန်

ဒီဇင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)


ဖွံ့ဖြိုးရေးစီမံကိန်းကြီးများကြောင့် မြန်မာနိုင်ငံရှိ ပြည်နယ် (၇)ခုနှင့် တိုင်းဒေသကြီး (၁)ခုမှ ဒေသခံလူထုများ ၏ ဆန္ဒသဘောထားများ အပစ်ပယ်ခံရမှုနှင့်ပတ်သက် ၍ မြန်မာနိုင်ငံ ကျောင်းသား လူငယ်များကွန်ဂ ရက်- SYCB နှင့် တိုင်းရင်းသားလူငယ်များ အင်အား စု-NYF တို့က ယနေ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန် လိုက်သည်။

ယင်းအစီရင်ခံစာကို “အပစ်ပယ်ခံ”ဟု အမည်ပေးထားပြီး မြန်မာနိုင် ငံရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ သျှမ်းပြည်တောင် ပိုင်းနှင့် တနင်္သာရီတိုင်း တို့တွင် မြန်မာအစိုးရနှင့် နိုင်ငံခြားကုမ္ပဏီ များ၏ ပူးပေါင်း လုပ်ကိုင် သော မဟာစီမံကိန်းကြီးများ ၉ခု ကို ဒေသခံလူထုများအား တိုင်ပင်ခြင်းမရှိဘဲ အကောင် အထည်ဖော် လုပ် ဆောင်ခြင်း ကို ထောက်ပြထားသည်။

ယခု အစီရင်ခံစာ ဖြစ်မြောက်ရန် ဖွံ့ဖြိုးရေးစီမံကိန်းနှင့်ဆက်နွယ်သော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီး ထိခိုက်မှုများ၊ သတင်းအချက်အလက်မှန်များကို ဖုံးကွယ်ထားမှုများ စသည့်တို့ကို SYCB နှင့် NYF တွင် ပါဝင်သည့် အဖွဲ့အစည်း(၉)ဖွဲ့မှ ၂၀၁၂ခုနှစ် ဧပြီလမှ ဇွန်လအထိ ကွင်းဆင်း၍ မှတ်တမ်းကောက် ယူခဲ့ခြင်းဖြစ်သည်ဟု SYCB ၏ အထွေထွေအတွင်းရေးမှူး နော်ဆန်း က ပြောသည်။

နော်ဆန်းက “ဖွံ့ဖြိုးရေးစီမံကိန်းကြောင့် အထူးသဖြင့် တိုင်းရင်းသားဒေသမှာ ဖြစ်ပျက်နေတဲ့ လူထုတွေရဲ့ နစ်နာ မှုတွေကို လက်လှမ်းမီသလောက်ပဲ ကျနော်တို့စုဆောင်းတင်ပြထားတာဖြစ်တယ်။ မြစ်ဆုံကိစ္စ နဲ့ ရွှေ ဂက်(စ်) စီမံ ကိန်းမှာ အဓမ္မခိုင်းစေတာ၊ လယ်မြေသိမ်းတာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်။ ဒါတောင် အခု လက်ပံတောင်း ကြေးနီစီမံကိန်း မပါပါသေးဘူး။ ”ဟု ကေအိုင်စီသို့ ပြောသည်။


ထိုစီမံကိန်းများမှာ ကချင်ပြည်နယ်-မြစ်ဆုံဆည်၊ ကရင်ပြည်နယ်-ဖားအံမြို့ရှိ စီးပွားရေးဇုန်၊ ချင်းပြည်နယ် -တီး တိန်-ရိဒ် လမ်း၊ ရခိုင် ပြည်နယ်-စစ်တွေ ပင်လယ်ဆိပ်ကမ်း နှင့် ရွှေသဘာဝဓါတ်ငွေ့ပိုက် လိုင်း၊ ကရင်နီ(ကယား) ပြည်နယ်-ဘီလပ်မြေစက်ရုံ၊ သျှမ်းပြည်နယ်တောင်ပိုင်း-အထက်ပေါင်း လောင်းဆည်၊ မွန်ပြည်နယ်-ကတိုက် ဆည်နှင့် တနသာင်္ရီတိုင်း-ထားဝယ်ရေနက်ဆိပ်ကမ်းတို့ ဖြစ်သည်ဟု အပစ်ပယ်ခံ အစီရင်ခံစာတွင် ပါရှိသည်။


စီမံကိန်းကြောင့် အတင်းအဓမ္မလုပ်အားစေခိုင်းခြင်း၊ လယ်မြေသိမ်းယူခြင်း၊ အတင်းအဓမ္မရွေ့ပြောင်းခြင်း၊ စစ်တပ်တိုးချဲ့လာခြင်း၊ လုံခြုံရေးတင်းကြပ်ခြင်း၊ မတရားအခွန်ကောက်ခံခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီး ခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်လျှက်ရှိသည်လည်း အစီရင်ခံစာ၌ ထည့်သွင်းထားသည်။


၎င်းအပြင် အစီရင်ခံစာတွင် ဒေသခံ(၂၆၁)အား တွေ့ဆုံမေးမြန်း စစ်တမ်းကောက်ယူခဲ့ပြီး တွေ့ရှိချက် အရ ဒေသ ခံ ၉၀ ရာခိုင်နှုန်းမှာ ၎င်းစီမံကိန်းများနှင့်ဆက်စပ်သည့် သတင်းအချက်အလက် မရရှိခြင်း၊ ၈၀ ရာခိုင်နှုန်းမှာ သတင်းအချက်အလက်ရရှိရန် မည်သို့ဆက်သွယ်ရမည်ကို မသိခြင်း၊ ၄၅ ဒဿမ ၂ရာခိုင်နှုန်းမှာ ဘာမျှ မသိ ခြင်းနှင့် ကောင်းကျိုးသက်ရောက်မှုများကို ခံစားရသူမှာ ၁ရာခိုင်နှုန်းသာ မပြည့်ကြောင်း ဖော်ပြထားသည်။


တဆက်တည်းမှာပင် မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ချင်း အမျိုး သားတပ်ဦး-CNFတို့ ဒီဇင်ဘာ ၉ရက်နေ့၌ တွေ့ဆုံပြီး သဘောတူညီချက် ၆ချက် သဘောတူခဲ့ရာ ချင်းပြည်နယ် အတွင်း ဒေသခံလူထု၏ ဆန္ဒကို ဦးစားပေးဆောင်ရွက်မည့် လွတ်လပ်သောဆန္ဒဖြင့် ထုတ်ဖော်ပြောကြားသည့် သဘောတူခွင့်ပြုချက်(FPIC)ဆိုင်ရာလူ့အခွင့်အရေးကိစ္စ ပါရှိသည်ဟု သိရသည်။


“ဒီသဘောတူညီချက်ဟာ ကောင်းမွန်တဲ့ခြေလှမ်းလို့ ဆိုနိုင်ပေမယ့် FPIC ကို ပြည်တွင်း ဥပဒေတရပ် အဖြစ် ပြဌာန်းပြီးတော့ တပြည်လုံးကျင့်သုံးဖို့ လိုအပ်တယ်”ဟု နော်ဆန်းက ဖြည့်စွက်ပြောဆိုသည်။
ဆက်လက်၍ SYCB နှင့် NYF တို့က ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သက်၍ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် အပါ အ၀င် လုပ်ငန်းရှင်နှင့်ကုမ္ပဏီများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံရေးပါတီ အဖွဲ့အစည်း နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပါဝင်ဆောင်ရွက်ဖြေရှင်းပေးကြရန် တိုက်တွန်းထားသည်။


SYCB နှင့် NYF သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားပြီး လက်ရှိ SYCB တွင် အဖွဲ့ ၁၅ ဖွဲ့နှင့် NYF တွင် အဖွဲ့ ၁၃ဖွဲ့ရှိသည်။ SYCB ကို ၁၉၉၆ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး NYF ကို ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။



ကေအိုင်စီ မှ ကူးယူမျှဝေသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း

 Source: DVB TV News
တင်္နသာရီတိုင်း ထားဝယ်ရေနက်စီမံကိန်း ဆောင်ရွက်ဖို့ အသေးစိတ် အစီအစဉ် တွေနဲ့ ပက်သက်လို့ မြန်မာနဲ့ ထိုင်း နိုင်ငံကြားမှာ သဘောတူ လက်မှတ်ရေးထိုးဖို့ ကြန့်ကြာ ဦး မယ့် အနေအထားမှာ ရှိနေပါတယ်။ အီတာလျံ ထိုင်း ကုမ္ဗဏီက ပြီးခဲ့တဲ့ သြဂတ်လကတည်းမှာ လက်မှတ်ထိုးနိုင်ဖို့ စီစဉ်ခဲ့ပေမယ့် စာချုပ်ပါ အသေးစိပ် အစီအမံ တွေကတော့ လာမယ့် ဖေဖေါ်ဝါရီလထဲမှာ ပြီးစီးမှာ ဖြစ်ကြောင်း ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းမှာ ရေးသားထားပါတယ်။ ထားဝယ်ဒေသ ဖွံ့ဖြိုးရေး ပူးတွဲ စီမံကိန်းမှာ ပါဝင်တဲ့ အသေးစိတ် အချက် အလက် တွေနဲ့ ပက်သက်ပြီး မြန်မာဘက်က သိချင်နေ တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Tuesday, December 11, 2012

ကပ်


သည်မွန်

ထားဝယ်လို ငွေလို့ အဓိပ္ပါယ်ရတဲ့ ပိုက်ဆံကို ပြောတာ မဟုတ်ပါဘူး။

ငွေကြေးကို အခြေတည်စဉ်းစားချက်ကြောင့် “ကပ်” ဆိုက်သလို ဖြစ်နေတဲ့ ရှုမြင်ပုံများ အကြောင်းပါ။

အခုနောက်ပိုင်းမှာ မကြားချင်မှ အဆုံးဖြစ်လာတာက ဖွံ့ဖြိုးရေး ဆိုတဲ့  စကားလုံးဖြစ်ပါတယ်။ ဒါက ပြည်သူတွေရဲ့ သည်းခြေကြိုက် စကား ဖြစ်သလို အသည်းခြေကို ထိခိုက်စေမည့် စကားလည်းဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက်ဆိုတဲ့ စိတ်ကူးကိုယ်စီနဲ့ အလုပ်တွေလုပ်ကြတဲ့ အခါမှာ ချဉ်းကပ်ပုံ အကွဲ၊ စေတနာအကွဲ၊ လုပ်ရည်ကိုင်ရည် အကွဲများကို တွေ့ရပါတယ်။

ချဉ်းကပ်ပုံ အကွဲလို့ ပြောရာမှာ လူသားကို အခြေတည်တဲ့ ချဉ်းကပ်မှုလား။ ငွေကြေးကို အခြေတည်တဲ့ ချဉ်းကပ်မှုလားဆိုတာ အပေါ်မူတည်ပြီး လုပ်ပုံကိုင်ပုံ ကွဲသွားပါတယ်။ ရလာဒ်တွေလည်း ကွဲသွားပါတယ်။ ဒါ့အပြင် ထိခိုက်နစ်နာမှုတွေလည်း အနည်းအများ အလေးအပေါ့ ကွဲပြားတာကို တွေ့ရပါတယ်။

စေတနာ အကွဲဆိုတာကတော့ ဘယ်သူ့အပေါ် စေတနာ ထားသလဲ ဆိုတာ အပေါ် မူတည်ပြီး စေတနာထားတဲ့ သူ အမျိုးအစားအလိုက် လုပ်ပုံကိုင်ပုံတွေ ကွဲသွားပါတယ်။ ပြီးတော့ ဘယ်သူ့ကို သာစေ ဘယ်သူ့ကို နာစေဆိုတဲ့ ကိစ္စတွေ ဆန္ဒတွေနဲ့ လူပုဂ္ဂိုလ်ကို တည်ပြီး စဉ်းစားချက်တွေနဲ့ အလုပ်လုပ်တာကို လေ့လာမိကြမှာပါ။

လုပ်ရည်ကိုင်ရည်အကွဲကကျတော့ စေတနာနဲ့ ချဉ်းကပ်ပုံ ဘယ်လောက်ပဲ ကောင်းပါစေ လုပ်ရည်ကိုင်ရည် အလွဲများကြောင့် ထိခိုက်နစ်နာကြရတာပါ။

ဒီသုံးခုဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေပါတယ်။ ဒါပေမယ့် အခါတော်တော်များများမှာ လေ့လာမိတာက သုံးခုစလုံးကို ချိုးဖောက်တာကို တွေ့ရပါတယ်။ စေတနာအမှားနဲ့ လုပ်ရည်ကိုင်ရည်အမှားက အရမ်းကို ရှင်းလင်းမှုရှိပြီး သိသာရှိပြီး ချဉ်းကပ်ပုံက အခရာချပြီး ရှုပ်လည်း ရှုပ်ထွေးပါတယ်။

လက်ရှိတိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ကြည့်တဲ့ အခါမှာ ချဉ်းကပ်မှု အမှားကြောင့် ဖြစ်တာတွေဆိုတာ ထင်သာမြင်သာ ရှိလှပါတယ်။
ဖွံ့ဖြိုးရေးဆိုတာကို ဘယ်လို မြင်သလဲ။ ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုသလဲ ဆိုတာအပေါ်မူတည်ပြီး အရာ ပေးလိုက်တဲ့ အမှားတွေက စေတနာထားမှု အတိမ်အနက်နဲ့ လုပ်ရည်ကိုင်ရည် ပါးနပ်မှုအပေါ်မူတည်ပြီး ထိခိုက်နစ်နာမှုတွေဖြစ်ကြပါတယ်။

ချဉ်းကပ်မှုအမှားဆိုရာမှာ ဖွံ့ဖြိုးရေးကို အဓိပ္ပါယ်ဖွင့်တာတစ်ခုတည်းမဟုတ်ဘဲ ကိုယ့်ရပ်တည်ချက်ကို ကိုယ်ဘယ်လို အဓိပ္ပါယ်ဖွင့်တယ်။ ပြည်သူဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်တယ်ဆိုတာအပေါ်မူတည်ပြီး ကျန်တာတွေလည်း ကွဲပြားပါတယ်။

လတ်လတ်ဆတ်ဆတ်ပဲ ရှိသေးတဲ့ ဥပမာတစ်ခုက ထားဝယ် စီမံကိန်းကိစ္စ အလုပ်ရုံဆွေးနွေးပွဲမှာ ဒေသခံတစ်ယောက်ပြောတဲ့ စကားမှာ “ ဇီဝမျိုးကွဲ” ဆိုတာပါတော့ ဌာနဆိုင်ရာက တာဝန်ရှိသူတစ်ဦးက ပြောတာက “ဒါက ဒေသခံ ရွာသားတွေ ပြောတဲ့စကားမဟူတ်ဘူး။
တစ်ယောက်ယောက်က ရေးပေးထားတဲ့ ဟာဖြစ်ရမယ်” လို့ ဆိုသတဲ့။
အင်မတန် ၀မ်းနည်းစရာကောင်းတဲ့ ချဉ်းကပ်ပုံမျိုးပါ။

ရွာသားလို့ခေါ်တဲ့ ကျေးလက်နေ ပြည်သူဆိုတာ “ထုံ” ရမယ်။ “အ” ရမယ်။ ပညာမတတ်ရမဘူး။ စကားကို လိပ်ပတ်လည်အောင် မပြောတတ်ရဘူး ဆိုတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ ကြည့်နေတာကို တွေ့ရပါတယ်။

တကယ်တော့ “ဇီဝ မျိုးကွဲ” ဆိုတဲ့ စကားဟာ တစ်လ တစ်ခါလောက် ဂျာနယ် ၀ယ်ဖတ်တဲ့ ပြည်သူတွေတောင် ပြောတတ်တဲ့ စကားပါ။ ဒါဟာ သိပ်ပြီး ပညာရှင်ဆန်တဲ့ စကားမဟုတ်ပါဘူး။ တောတောင်ရေမြေကို ချစ်သူတိုင်းသိတဲ့ စကားလည်းဖြစ်ပါတယ်။

နောက်တစ်ဖက်က စဉ်းစာရင်တော့ ဒါတွေကို ပြည်သူတွေက ပြောတတ်နေတာ၊ ပြောရဲနေတာကို ပြည်သူ့ ၀န်ထမ်းတွေအနေနဲ့ ၀မ်းသာရမှာလို့ ရိုးရိုးသားသား ထင်မိပါတယ်။ ဒါမှသာ တကယ့် အောက်ခြေမှာ ရှိနေတဲ့ ဖြစ်ရပ်အမှန်တွေ၊ ပြည်သူတွေရဲ့ တကယ့် ခံစားချက်တွေကို အရင်းအတိုင်း သိရမှာဖြစ်ပါတယ်။

စားပွဲအဆင့်ဆင့်ကို ဖြတ်လာတဲ့ အစီရင်ခံစာတွေက ပြည်သူ့အသံ အစစ်ကို ကိုယ်စားပြုနိုင်မှု နည်းလွန်းတယ်ဆိုတာ အားလုံးလိုလို သိကြပါတယ်။
ပြီးတော့ “ရန်” “ငါ” စည်းခြားတဲ့ ပြဿနာပါ။ ကိုယ့်နဲ့ အယူအဆမတူသူ၊ ချည်းကပ်ပုံ မတူသူများကို ရန်သူ အဖြစ် မြင်တဲ့ ကပ်ဆိုးပါ။

ဒါက တစ်နိုင်ငံလုံးမှာ တကယ့် ကပ်ဆိုးတစ်ခုလိုဖြစ်နေပါတယ်။

ဖြစ်ရပ်တစ်ခုဖြစ်ရင် နောက်ကွယ်က ဘယ်သူက သွေးထိုးမြှောက်ပင့်ပေးနေတာလဲ။ ဘယ်သူတွေက ဖျက်လိုဖျက်ဆီး လုပ်နေတာလဲ။ ဘယ်သူက ရန်သူလဲဆိုတာကို ကြည့်တတ်တဲ့ ရောဂါပါ။ လောကမှာ အဖြူအမည်း နှစ်ရောင်တည်းသာ ရှိတာမဟုတ်၊ ရန်သူ မိတ်ဆွေ နှစ်မျိုးသာ ရှိတာမဟုတ်ဆိုတာကို လူတိုင်းသိပါလျှက် တကယ့်လက်တွေ့ဘ၀မှာ အဲဒါကို အသုံးမချနိုင်တာကို ၀မ်းနည်းစွာတွေ့ရပါတယ်။

ကိုယ်ပြောတာနဲ့ ပြောင်းပြန်ပြောတဲ့သူကို ကိုယ့်ရန်သူလို့ မြင်ပြီး အဲဒီလူရဲ့ နောက်မှာ သွေးထိုးမြှောက်ပင့်သူ ဘယ်သူရှိတယ်ဆိုပြီး ကြည့်တဲ့ အမြင်၊ ထိန်းချူပ်ထားတဲ့ သူ ဘယ်သူရှိတယ်ဆိုတဲ့ အမြင်ဟာ ကျဉ်းမြောင်းလွန်းပါတယ်။

ဒီမိုကရေစီစနစ်မှာ ဥပဒေပြုသူ၊ အုပ်ချူပ်သူနဲ့ တရားစီရင်သူတွေက အချင်းချင်း ထိန်းညှိကြသလို နောက်ထပ် ထိန်းညှိဖို့ မီဒီယာနဲ့ လူထု လူ့အဖွဲ့အစည်းတွေ ပေါ်လာတယ်ဆိုတာကို နားလည်ထားဖို့လိုပါတယ်။
ဒါမှလည်း မီဒီယာနဲ့ လူထုလူ့အဖွဲ့အစည်းများအပေါ် နိုင်ငံတော်ရဲ့ မဏ္ဍိုင်ကြီး သုံးခုကို ထိန်းညှိဖို့ ရှိနေတာဆိုတဲ့ ချဉ်းကပ်မှုရှိတဲ့ အမြင်မျိုးကိုမြင်နိုင်မှာဖြစ်ပါတယ်။

လူထုလူ့အဖွဲ့အစည်းများပေါ်ပေါက်လာခြင်း အစိုးရတစ်ရပ်အနေနဲ့ မလုပ်နိုင်တဲ့ ၊ ဒါမှမဟုတ် လုပ်ဖို့မေ့နေတဲ့ ကိစ္စတွေကို လုပ်ဖို့ ဖြစ်ပါတယ်။
ထားဝယ်စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာတွေကောင်းကျိုးရနိုင်သလဲဆိုတာကိုတောင် ကွဲကွဲပြားပြား သိခွင့်မရတဲ့ ဒေသခံတွေအတွက် လူထု လူ့အဖွဲ့အစည်းများက အားကိုးရာ ဖြစ်လာပါတယ်။ အနာဂါတ်မှာ ဖြစ်လာမယ့်ဟာတွေကို ကြိုမြင်ခွင့် ရမယ့် ပြတင်းတစ်ချပ်ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၈၈ မျိုးဆက်ကျောင်းသားဖြစ်တဲ့ ကိုကိုကြီးက ပြောပါတယ်။ “ဘာအာဏာမှ မရှိတဲ့ ကျွန်တော်တို့ကို ပြည်သူတွေက ဘာလို့ နေ့တိုင်း ဖုန်းတဂွမ်ဂွမ်နဲ့ တိုင်နေသလဲဆိုတော့ တိုင်စရာ နေရာမရှိလို့ပါ။ သူတို့ အားကိုးတကြီး ပြောပြစရာ နေရာမရှိလို့ပါ။ သူတို့ ပြောပြတာကို အရေးတယူ လေးလေးစားစား ဖြေရှင်းပေးမယ့်သူတွေ နည်းနေလို့ပါ” လို့ ပြောပါတယ်။

ဒီစကားက သက်ဆိုင်ရာ ဌာနဆိုင်ရာက ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရမယ့် ကိစ္စဖြစ်သလို၊ ကိုယ့်နေရာကို ကိုယ် ပြန်ဆန်းစစ်ရမယ့် ကိစ္စလည်း ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။

ခက်တာက အခုအချိန်အထိ ကောင်းတာတွေကိုပဲ အစီရင်ခံစေချင်တဲ့ ရောဂါက တော်တော်ကြီးကို အမြစ်တွယ်နေတဲ့ အခြေအနေပါ။ ဒါကိုလည်း ထားဝယ်စီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲမှာ သတိထားလိုက်မိပါတယ်။ ဒေသခံတွေတင်ပြတဲ့ ကိစ္စတွေ၊ ရင်ဆိုင်နေရတယ်လို့ ဖွင့်ဟနေတဲ့ ဒုက္ခတွေကို စိတ်ရှည်နားလည်စွာနဲ့ နားထောင်ပြီး ဘယ်လို ဖြေရှင်းပေးမလဲလို့ စဉ်းစားနေတာမျိုးမဟုတ်ပဲ ကောင်းတာလေးတွေ ပြောပါဦး လို့ တောင်းဆိုတာကို အံ့သြစွာ တွေ့ရပါတယ်။

တကယ်တော့ အလုပ်ရုံဆွေးနွေးပွဲဆိုတာ ကောင်းချီးမင်္ဂလာပြုတဲ့ ပွဲမဟုတ်။ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ ဖြစ်ပေါ်နေတဲ့ အားနည်းချက်တွေကို ဘယ်လိုဖြေရှင်းမယ်၊ ဘယ်လို ပူးပေါင်းလုပ်ကိုင်ကြမယ် ဆိုတာကို ဆွေးနွေး အဖြေရှာတဲ့ ပွဲမျိုးသာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ လက်ရှိ အပြောင်းအလဲကာလမှာ ကြုံတွေနေရတဲ့ ရခိုင်ကိစ္စ၊ လက်ပံတောင်းကိစ္စ အပါအ၀င် ဖြစ်ပေါ်နေတဲ့ ကိစ္စတော်တော်များများကို ချဉ်းကပ်ပုံ အဟောင်းနဲ့ပဲ ချဉ်းကပ်နေတာကို တွေ့ရပါတယ်။

ကိုယ့်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို မသိတဲ့ အတွက် အထက်အမိန့်ကိုသာ စောင့်ရင်း ပြဿနာတွေ ကြီးသွားတာတွေကို တွေ့ရပြီးဖြစ်ပါတယ်။
အခုထားဝယ်စီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီးလည်း ပါဝင်ပတ်သက်သူတွေအားလုံးက ရှုမြင်မှုအဖုံဖုံနဲ့ တင်ပြ ပြောဆို နေကြခြင်းဖြစ်ပါတယ်။

ဒါကို “ရန်” “ငါ” စည်းခြားပြီး သွေးထိုးမြောက်ပင့်နေတယ် ဖျက်လို ဖျက်ဆီးလုပ်နေတယ်ဆိုတဲ့ ယူဆချက်မျိုးနဲ့ ချဉ်းကပ်နေရင်တော့ အကောင်းဆုံး အဖြေလည်း ထွက်လာမှာမဟုတ်ပါ။
ပြည်သူတွေ အသိအမြင်ကျယ်ဖို့လိုပါတယ်။ ပြည်သူတွေ အသိအမြင်ကျယ်လာတာကို နောက်ကွယ်က သင်ပေးထားတယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုးကို ဒီမိုကရေစီခရီးသွားနေသူအားလုံး လက်ကိုင်မထားသင့်တော့ပါ။

ကမ္ဘာနဲ့အ၀ှမ်းမှာ ရာသီဥတုဘေးတွေ၊ အစာရေစာ ငတ်မွတ်မှုတွေ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေကြောင့် ဘ၀ အရည်အသွေး ကျဆင်းလာတာတွေ စတဲ့ ကပ်ဆိုးတွေ မျိုးစုံ ဆိုက်နေပါတယ်။

မြန်မာနိုင်ငံမှာတော့ အဲဒီကပ်တွေထက် ဆိုးရွားပြီး အပေါ်က ပြောခဲ့တဲ့ ကပ်တွေအားလုံးကို ဖြစ်စေတဲ့ ကပ်ဆိုက်နေပါတယ်။

“ရန်” “ငါ” စည်းခြားတဲ့ကပ်။ “ချဉ်းကပ်ပုံ မှားယွင်းမှု” ဆိုတဲ့ ကပ် ဖြစ်ပါတယ်။

သည်မွန်

From- Dawei Watch

Tuesday, November 20, 2012

ထားဝယ်သားနှင့် နယ်ချဲ့ ဆန့် ကျင်ရေးစိတ်ဓာတ်


by ကျနော် အမုန်းဆုံး ကျနော် ဖေ့စ်ဘုတ်မှပြန်လည်ကူးယူဝေမျှသည်။
 
ထားဝယ်သားတို့ သည် သတ္တိရှိကြ၏၊ ရဲရင့်ကြ၏၊ သစ္စာရှိကြ၏၊ ရိုးသားဖြောင့်မတ်ကြ၏၊ တာဝန်ကျေပွန်ကြ၏၊ ထိုမျှမက လွတ်လပ်ရေးကိုမြတ်နိုးကြသည်။
ထို့ ကြောင့်ပင် မြန်မာဘုရင်များ၏ ကိုယ်ရံတော်အဖြစ် တောင်ထားဝယ်ဗိုလ်၊ မြောက်ထားဝယ်ဗိုလ် ဟု တပ်ဗိုလ်များခန့် ထားခဲ့ ကြသည်။

ထားဝယ်သားတို့ ၏ လွတ်လပ်ရေးမြတ်နိုးစိတ်မှာ ၁၈၂၄ ခုနှစ် အင်္ဂလိပ် ပထမကျူးကျော်စစ် အခါကပင် စတင်ခဲ့ သည်။ထားဝယ်မြို့ ကို သိမ်းသော ဗြိတိသျှတပ်အား မြို့ ဝန်ဦးရွှေလုပ်ကပြန်တိုက်ရာတွင် သစ္စာဖေါက် မောင်တာ ကြောင့် ဦးရွှေလုပ် ကျဆုံးခဲ့ ရသည်။ သို့ သော် ထိုမောင်တာကပင်လျှင် ၁၈၂၆ ခုနှစ်၊သြဂုတ်လ ၉ ရက်မှ ၁၅ ရက်အထိ တစ်ပတ်ကြာ နယ်ချဲ့ အားတော်လှန်တိုက်ခိုက်မှုကို အစပြုခဲ့ ကြောင်း မှတ်တမ်းမှတ်ရာ များကို လေ့လာတွေ့ ရှိခဲ့ ရသည်။

၁၈၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက် နေ့ တွင် ကာနယ် မိုင်းလစ်ဦးစီးသော အင်္ဂလိပ်တပ်များ ထားဝယ်မြို့ ကို အလွယ်တကူသိမ်းယူနိုင်ခဲ့ ခြင်းဖြစ်သည်။

ပထမဦးဆုံး တော်လှန်ပုန်ကန်ခြင်း

     ၁၈၂၆ ခုနှစ်၊သြဂုတ်လ ၉ ရက် နေ့ မှစ ၁၅ ရက်နေ့ အထိ တစ်ပါတ်ကြာတိုက်ပွဲကို ထားဝယ်မျိုးချစ်သွေးသောက်တို့ က အင်္ဂလိပ်တပ်အား တော်လှန်ပုန်ကန်ကြရာ တော်လှန်ရေးရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းနေသဖြင့် လက်နက်ပစ်ပတ်ရာ၌ ခရီးမရောက် အခက်ခဲရှိနေခြင်း၊ သင်္ဘောဆိပ်ရပ်ရှိ စစ်တန်းလျားအား အနီးကပ်တိုက်ခိုက်မီးရှို့ သော်လည်း မိုးရွာသွန်းနေသဖြင့် မီးမလောင်ခြင်း၊ တော်လှန်ရေး ခေါင်းဆောင် မောင်တာ ကျဆုံးခြင်းစသော အကြောင်းများကြောင့် တော်လှန်ရေးအရေးတော်ပုံ ရှုံးနိမ့်ခဲ့ ရလေသည်။

သူပုန်ငနီ

        ၁၈၈၇ ခုနှစ်တွင် သူပုန်ငနီ သည် နယ်ချဲ့ ဆန့် ကျင်ရေးတိုက်ပွဲကို ထားဝယ်မျိုးချစ်သွေးသောက် ၆၀ ကျော်တို့ စုစည်း၍ ကလိန်အောင်ကင်းတပ်၊ လက်ဝဲကျွန်းကင်းတပ်များကို တိုက်ခိုက်လုယူ မီးရှို့ ဖျက်ဆီးခြင်း၊ ရဲဝန်ထမ်းများအား တိုက်ခိုက်သတ်ဖြတ်ခြင်းဖြင့် တော်လှန်ခဲ့ သည်။

ထားဝယ်မြို့ ရဲကင်းစခန်းသည်ပင်လျှင် လုံခြုံမှုမရှိဘဲ သူပုန်ငနီ၏ ရန်ကို တထိတ်တလန့် ဖြစ်နေကြရသည်၊ သူပုန်ငနီအား အရှင်ဖမ်းပေးနိုင်လျှင် ဆိုတော်ငွေ  ၅၀၀ ကျပ်၊ အသေဖမ်းပေးနိုင်လျှင် ဆုတော်ငွေ ၃၀၀ ကျပ်ဟုကြေငြာချက်ထုတ်ပြန်ခဲ့ ကြသည်။

မိချောင်းလှောင်ရွာသား ဒုတိယတောအုပ် ဆေးနီ ၏သစ္စာဖောက်သတင်းပေးမှုကြောင့် သွေးဆေးကန်ကျောင်းအနီးတွင် ဝိုင်းမိပြီး သူပုန်ငနီသည် ရဲတပ်သား ၃ ဦးကို ကျဆုံးစေပြီး အဖမ်းခံခဲ့ ရလေသည်။ သွေးသောက် ၂ ဦးလည်းကျဆုံးခဲ့ ရသည်။ သူပုန်ငနီအား ထားဝယ်မြို့ မဈေးကြီး၌ ကြိုးပေးသတ်စေခဲ့ လေသည်။

သူပုန်ငနီအား ကြိုးပေးသတ်သည့်နေ့ ၌ပင် ထားဝယ်မြို့ သို့ ပို့ ထားခြင်းခံရသော ဆင်ဖြူမရှင် မိဖုရားခေါင်ကြီးနှင့် သမီးတော် စုဖုရားကြီးတို့ အား ရန်ကုန်သို့ သင်္ဘောဖြင့်ပြန်လည်ပို့ ဆောင်စေခဲ့ လေသည်။ သူပုန်ငနီ၏ နယ်ချဲ့ ဆန့် ကျင်တော်လှန်ရေးတိုက်ပွဲ၌ မိဖုရားခေါင်ကြီး၏ အားပေးကူညီဆက်သွယ်မှုရှိသည်ဟု အာဏာပိုင်တိုက ယူဆထားကြသဖြင့် ယခုကဲ့သို့ ထားဝယ်မြို့ တွင်မထားရဲတော့ဘဲ၊ ရန်ကုန်မြို့ မှ တဆင့်  မဒရပ် ၊ရတနာဂီရိ သို့ ပို လိုက်ခြင်းဖြစ်သည်။

နန်းတွင်း၌ တန်းခိုးအာဏာရှိသော ဆင်ဖြူမရှင် မိဖုရားခေါင်ကြီးနှင့် စုဖုရားကြီးတို့ အား ထီးရိပ်နန်းရိပ် နှင့်ဝေးရာ ထားဝယ်မြို့ သို့ ပို့ ထားခြင်းဖြစ်သည်၊ တော်လှန်ပုန်ကန်မှုမပြုနိုင်ရန် စီမံချက်တစ်ခုပင်ဖြစ်သည်။


တော်လှန်ရေးခေါင်းဆောင်ဦးနီ

၁၈၈၅ ခုနှစ် အင်္ဂလိပ်မြန်မာတတိယစစ်ပွဲအပြီး၌ တစ်ပြည်လုံးတွင် သူ့ ကျွန်မခံတော်လှန်ပုန်ကန်မှုပြုနေကြသည့်အချိန် ထားဝယ်နယ်မြေမှလည်း သူ့ ကျွန်မခံစွန့် စားတော်လှန်ခဲ့ သည့် တော်လှန်ရေးခေါင်းဆောင်ကြီး ဦးနီ ကို ကိုလိုနီနယ်ချဲ့ အာဏာပိုင်တို့ က သူပုန်ဟု စွပ်စွဲ၍ လူမြင်ကွင်းတွင် ကြိုစင်တင် သတ်ဖြတ်နှိပ်ကွပ်ခဲ့ ကြလေးသည်။ 

( ထားဝယ်ရေးရာမှတ်တမ်းပဒေသာ- ရတနာ( ထားဝယ်) မှ ကောက်နှုတ်ဖေါ်ပြပါသည်)

ဤသို့ ဖြင့် 

၁ ။ မောင်တာ
၂ ။ သုပုန်ငနီ ( ထားဝယ်မြို့ မဈေးကြီး၌ကြိုးပေးခံရ)
၃ ။ ဦးနီ ( တော်လှန်ရေးခေါင်းဆောင်ကြီး-  သူပုန်ဟု စွပ်စွဲပြီး လူမြင်ကွင်း၌ ကြိုးစင်တင်ခံရ)
ထားဝယ်အာဇာနည် ( ၃ ) ဦး ဆိုလျှင်မှားနိုင်မည်မထင်၊

ဖြည့်စွက်ချက်၊

မြန်မာသက္ကရာဇ်

၁၁၁၅ ခုနှစ် ၊ ဦးအောင်ဇေယျ  ကုန်းဘောင်ခေတ်တည်။  ( သြဥအော်မည် ၊ ကုန်းဘောင်တည်)
၁၁၁၆ ခုနှစ်၊ မင်းနဲလှ ၊ အောင်သာဝတီ ( ထားဝယ်မြို့ ဟောင်းတည်) ( သြဥအော်သည်၊ ထားဝယ်တည်)


အင်္ဂလိပ်ခုနှစ်

၁၈၂၄- ၁၈၂၆ -အဂ်လိပ် ပထမကျူးကျော်စစ်
၁၈၅၂- ဒုတိယကျူးကျော်စစ်
၁၈၈၅-၁၉၀၆ - တတိယကျူကျော်စစ်
၁၈၈၅- သီပေါမင်းပါတော်မူပြီး ကုန်ဘောင်မင်းဆက်ပြတ်၊ မြန်မာမင်းဆက်ပြတ်၊
၁၉၁၄-၁၉၁၈- ပထမကမ္ဘာစစ်ဖြစ်
၁၉၃၉-၁၉၄၅- ဒုတိယ ကမ္ဘာစစ်ဖြစ်။

Dawei partners forge dates for 'core' projects

Roads, port, high-speed rail to be ready by 2015
Published: 20/11/201
PHNOM PENH : Thailand and Myanmar reaffirmed their commitment to the development of the Dawei special economic zone at the Asean summit yesterday.
They aim to complete the first phase of the project by 2015, to coincide with the launch of the Asean Economic Community.

It was the second time the leaders of both countries officially reiterated their commitment to the project, which was initially proposed by a private Thai company in the Myanmar port city a decade ago.

Myanmar and Thailand signed a memorandum of understanding (MoU) governing development in the Dawei special economic zone and related projects on July 23 this year.
Myanmar President Thein Sein met Prime Minister Yingluck Shinawatra for 25 minutes yesterday to discuss the project.

Thein Sein told his Asean and East Asian partners in the Asean Plus Three forum yesterday that his country was encouraging investors to join the project, said Damrong Kraikruan, head of the Department of East Asian Affairs.
During the bilateral meeting, Ms Yingluck updated her Myanmar counterpart on Thailand's strong commitment to the project, Mr Sihasak said, rejecting reports the multi-billion-dollar venture had stalled.

"The MoU was signed, a joint high-level committee met for the first time on Nov 7 in Bangkok and here the president is pleased to hear about a Thai delegation which will visit Dawei next month," Mr Sihasak said.
Sihasak Phuangketkeow, permanent secretary for foreign affairs, said Ms Yingluck would take businessmen and investors to the area next month, and officials hope to make progress in eight areas of cooperation by then.

Committees have been formed to sort out details and proposals that must be submitted to the government in time for the visit.
The panels include a Joint High-level Committee (JHC) co-chaired by Myanmar vice-president Nyan Tun and Thai Deputy Prime Minister and Finance Minister Kittirat Na Ranong; and the Joint Coordinating Committee (JCC) co-chaired by Myanmar Industry Minister Aye Myint and Thai PM Office Minister Niwattumrong Boonsongpaisan.
Six sub-committees have also been established to oversee infrastructure and construction, development of businesses, communities, rules and regulations and financing aspects of the project.

Eight core priority projects for the first phase of the Dawei development, aimed for completion by 2015, are toll roads, a deep-water seaport, industrial estates, power plants, water supply and waste water systems, telecommunications, a high-speed train, and residential communities.

Mr Damrong said the government has not allocated any money for the development.
"The Italian-Thai Development Co has not abandoned the project either. They remain one of the major investors. Subsidiaries of state enterprises are also participating in the projects. In legal terms, this is a private investment project," Mr Damrong said.
He said Dawei would serve as a regional land bridge between the Indian Ocean and the South China Sea.

A domestic port is also proposed for Thilawa, 25km south of Yangon, but that is a separate project.
Myanmar authorities said they were aware they must make sure the two projects would not compete for investment.
Ms Yingluck also made an offer to President Thein Sein that Thailand provide two 120-megawatt gas-turbine power plants, worth 7 million baht, to support Yangon's electricity supply.



Share from Bangkok Post

Friday, November 16, 2012

Thursday, November 15, 2012

ထိုင်းပြည်သူတို့ အခွန်ထမ်းငွေ ထားဝယ်စီမံကိန်း ပုဂ္ဂလိက အကျိုးအတွက် မဟုတ်

 (Dawei Watch) မှတစ်ဆင့်ဖတ်ပြီးပြန်လည်ကူးယူဝေမျှပါသည်။
-------------------------------------------------------------------
(The Voice Weekly Dawei Supplement မှ ကူးယူဖော်ပြသည်)

ပဗီဒါ ပန်နနွန်၊ သီသိနမ် ပွန်ဆပ်ဟိရပ် (ရင်စနိုင်း ဘာသာပြန်ဆိုသည်)


ကွဲပြားမှုများ အမြစ်တွယ်နေသော ထိုင်းနိုင်ငံတွင် မူဝါဒရေးရာ ချမှတ်သူ အနည်းစုမှာ မြန်မာနိုင်ငံ တောင်ပိုင်းရှိ ဒေါ်လာသိန်းသန်းချီ ကြီးမားသည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရေးကို တခဲနက် အားပေးနေကြသည်။

ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်တရာ ဦးဆောင်သည့် အစိုးရအဖွဲ့မှာလည်း ဆိပ်ကမ်းအပေါ် အားကုန် နောက်ခံပေးထားသည်။ ယင်လပ် မတိုင်မီ ၀န်ကြီးချုပ်ဖြစ်သော အဘိဆစ် ဝေ့ချာချီဝ သည် ၂၀၁၀ ခုနစ်က ရုပ်မြင်သံကြား မိန့်ခွန်းတစ်ခုတွင် “ တချို့စက်ရုံတွေက ထိုင်းမှာ ဆောက်လုပ်ဖို့ မသင့်တော်ပါဘူး။ အဲဒါကြောင့် အဲဒီ စက်ရုံတွေကို အဲဒီမှာ (ထားဝယ်) မှာ ဆောက်လုပ်ရမယ်” ဟု ပြောဆိုထားသည်။ ထိုင်းနိုင်ငံ အရှေ့ဘက် ပင်လယ်ကမ်းရိုးတန်းရှိ မတ်တပွတ် (Map Ta Phut) စက်မှုဇုန်ကို ဆန့်ကျင်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူထု ကျန်းမာရေး ကာကွယ်ရေး လှုပ်ရှားမှုများကို တုံ့ပြန်ကာ ပြောဆိုခြင်းဖြစ်သည်။

သို့သော်ငြားလည်း ထားဝယ်ဒေသတွင် ဖြစ်ပွားလာမည့် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများကို ထည့်တွက်ခြင်းမရှိသည့်အပြင် ကျပ်တည်းတဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာ မေးခွန်းများကိုလည်း လျစ်လျူရှုထားသည်။ ယင်လပ် အစိုးရ၏ ထားဝယ်စီမံကိန်းကို ပခုံးလွှဲယူသည့် ဆုံးဖြတ်ချက်မှာ အစုစပ် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းဖြစ်သည့် အီတာလျံ-ထိုင်း အများပိုင် ကုမ္ပဏီ (ITD)။ ယင်း ကုမ္ပဏီ၏ အကျိုးအမြတ်အတွက် ထိုင်းအခွန်ထမ်းများ အပေါ် ၀န်ပိစေသည်။

မြန်မာနိုင်ငံ၏ ဖူးပွင့်စ အပြောင်းအလဲမတိုင်ခင်ကပင် ITD သည် စောစောစီးစီး အကွက်မြင်သူပီပီ ထားဝယ်ဒေသကို ဗဟိုပြုသည့် ၂၅၀ စတုရန်း ကီလိုမီတာ အကျယ်ရှိ မြေပေါ်တွင် ဆောက်လုပ်ရန် ၂၀၀၈ ခုနစ်တွင် မူဘောင် သဘောတူညီမှု ရခဲ့သည်။ ယင်းအချိန်က မြန်မာနိုင်ငံ၏ မသဲကွဲသေးသော စီးပွားရေး နယ်ပယ်ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) ၏ လက်အောက်ရှိ ဖိနှိပ်သော စစ်အစိုးရ နှင့် ပေါင်းကာ စီးပွားရေးလုပ်ကိုင်နေသူများကသာ ကြီးစိုးလေသည်။ မြန်မာနိုင်ငံတွင် ခိုင်မာသည့် အကျိုးမြတ်များသော စီးပွားရေးများ လုပ်ရန် ထိပ်တန်းပုဂ္ဂိုလ်များနှင့် နီးစပ်သည့် အဓိက အဆက်သွယ်များ ရှိရန်သာ လိုခဲ့သည်။

ITD အနေဖြင့် ၎င်း၏ မများလှသော အရင်းအနှီးဖြင့် စီမံကိန်းကို ကနဦးအဆင့်ကို စတင်ရန် ရည်ရွယ်ခဲ့ပြီး အခြားသော ရင်းနှီးမြှပ်နှံသူများ ပါဝင်လာမည်ဟု တွက်ဆခဲ့သည်။ ၎င်းရွေးချယ်ခဲ့သည့် ပြည်တွင်း မိတ်ဖက်မှာ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းဖြစ်သည့် အမေရိကန် ဘဏ္ဍာရေး ဋ္ဌာနမှ အမည်ပျက် စာရင်းဝင်ဆဲ ဦးဇော်ဇော်ဦးဆောင်သည့် မက်မြန်မာ (Max Myanmar) ကုမ္ပဏီဖြစ်သည်။

ထားဝယ်စီမံကိန်း လုပ်ကိုင်ရန် Max Myanmar နှင့် အီတလျံ-ထိုင်း ကုမ္ပဏီတို့ ပူးပေါင်းကာ ဖွဲ့ထားသော ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီအတွက် ရွေးချယ်ထားသော မန်နေဂျာမှာ ဆွန်ချက်သီနာပွန်ဖြစ်သည်။ သူသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ သုဝဏ္ဏဘူမိ လေဆိပ် တည်ဆောက်စဉ် အရှုပ်အရှင်းများ ရှိခဲ့သည့် အစောပိုင်း နှစ်များအတွင်း လေဆိပ် တည်ဆောက်ရေး ကနဦးအဆင့်များကို စီမံခဲ့သည့် အတွင်းလူ ဖြစ်သည်။

Max Myanmar မှာမူ ၂၀၀၇ ခုနစ်တွင် ဗိုလ်ချူပ်ကြီး သိန်းစိန်အစား SPDC မှ ခန့်အပ်လိုက်သည့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် နီးစပ်သည်။ ဗိုလ်ချုပ်ကြီး နှစ်ဦးလုံးပင် အရပ်ဝတ်လဲကာ ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး လွှတ်တော်တွင် နေရာရကာ ဒုသမ္မတနှင့် သမ္မတ အသီးသီး ဖြစ်လာခဲ့သည်။

ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရနှင့် သူ၏အနီးကပ် လုပ်ဖော်ကိုင်ဖက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့၏ မြန်မာ့ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် ဦးတင်အောင်မြင့်ဦး၏ အရေးပါမှုမှာ ဆုတ်ယုတ်လာသည်။ ၎င်းသည် ယခုနှစ် မေလတွင် ရာထူးမှ အနားယူခဲ့သည်။

တချိန်တည်းမှာပင် ထားဝယ်စီမံကိန်းအတွက် ဓါတ်အားပေးမည့် မဂ္ဂါဝပ် ၄၀၀၀ ရှိ ကျောက်မီးသွေးစက်ရုံတည်ဆောက်မှု ကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကြောင့် ရပ်ဆိုင်းခဲ့သည်။ နောက်နှစ်လအတွင်းမှာပင် Max Myanmar မှ စီမံကိန်းမှ နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

ITD အတွက်မူ နိုင်ငံရေး အဆက်အသွယ်များ၏ နောက်ခံဖြင့် ထိုင်းဘတ်ငွေများ အလွယ်တကူရရှိနိုင်ရာမှ မဖြစ်နိုင်သည့် ဘက်သို့ မြန်မြန်ဆန်ဆန်ပင် ရောက်ရှိသွားသည်။ ITD ၏ စီမံကိန်း ကနဦး အဆင့်အတွက်လိုအပ်သော ကန်ဒေါ်လာ ၈ ဒဿမ ၅ ဘီလျံ မပြည့်မီချိန်တွင် ၎င်း၏ ရှယ်ယာ ဈေးနှုန်းများ မတည်မငြိမ်ဖြစ်လာသည်။ စိတ်ဝင်စားသော ရင်းနှီးမြှပ်နှံသူများလည်း လန့်ဖြန့်သွားသည်။

ထိုစဉ် ယင်လပ် အစိုးရ၏ အာမခံချက်ဖြင့် ITD ကို ကယ်မရန် ဖြစ်လာသည်။

ယင်းလပ်အစိုးရသည် ထိုင်း သံတမန်ရေးရာကို နှင့် စီးပွားရေး အားကောင်းမှုကို အသုံးပြုကာ ရရှိထားသော နားလည်မှု စာချွန်လွှာများ ခိုင်မာစေရန် ITD က စတင်ခဲ့သည့် ကိစ္စများကို ပြန်လည် အသက်သွင်းတော့သည်။ အရေးပါသည့် နားလည်မှု စာချွန်လွှာများကို သမ္မတ ဦးသိန်းစိန်၏ ဇူလိုင်လ ဘန်ကောက်သို့ တရားဝင် ခရီးစဉ်နှင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ ရောက်ရှိစဉ် တွေ့ဆုံကာ သဘောတူ လက်မှတ်ထိုးခဲ့ကြသည်။ ကော်မတီခွဲများ ပါဝင်သော အဆင့်မြင့် ပူးတွဲ ကော်မတီ၏ လုပ်ငန်းအ၀၀ကို မြန်မာနိုင်ငံ ဒုသမ္မတနှင့် ထိုင်း ဒု ၀န်ကြီးချုပ်တို့ ဦးဆောင်ကိုင်တွယ်မည် ဖြစ်သည်။

ထိုင်းအစိုးရ၏ စိတ်အားထက်သန်စွာ နောက်ခံပေးမှုနှင့်အတူ ထားဝယ်စီမံကိန်းသည် ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ သို့သော် ယခုပြန်လည် စတင်လာသည့် စီးပွားရေး အစီအစဉ်တွင် ITD ၏ အခန်းကဏ္ဍကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

ထားဝယ်စီမံကိန်း အကောင်အထည်ဖော်ရာတွင် ထိုင်းအစိုးရမှ တာဝန်ခံမည်ဆိုပါက ITD အနေဖြင့် အဓိက ဦးစားပေး အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။ အစိုးရ၏ ရင်းနှီးမြှပ်နှံမှု မူဝါဒမှာလည်း ကုမ္ပဏီများအကြား ကုမ္ပဏီတစ်ခုတည်းကိုသာ ထောက်ပံ့သည့် အဖြစ်ကိုရောက်ပေမည်။ ယင်းကဲ့သို့ ITD ကို ဦးစားပေး ဆက်ဆံမှုသည် ကိုယ့်အကျိုး၊ သူ့အကျိုးကြည့်နေမှုအပေါ် သံသယဖြစ်လာစေနိုင်ပြီး ကိုယ့်ကျင့်တရားဆိုင်ရာ မေးခွန်းများပေါ်လာစေနိုင်သည်။ ITD အား အခွန်ထမ်းပြည်သူများ၏ ဘဏ္ဍာငွေဖြင့် ငဲ့ကြည့်နေစရာ၊ ကူနေစရာ မလိုပေ။ ဆောက်လုပ်ရေး ကုမ္ပဏီကြီး တစ်ခု အနေဖြင့် ကုန်ကျ-အကျိုးအမြတ်နှင့် ရင်းနှီးမြှပ်နှံရေးကို ၎င်းဘာသာ တွက်ချက်မှုခဲ့သည်မှာ ရေရှည် မကြည့်ခဲ့သည့် အမြော်မြင် ကင်းမဲ့မှုပင်ဖြစ်သည်။

အောင်မြင်လာလျှင် ITD အနေနှင့် သူ၏ အကျိုးအမြတ်များကို ထိုင်းအစိုးရနှင့် ထိုင်းပြည်သူလူထုကို ခွဲတမ်းချပေးမည်မဟုတ်မည် ဧကန်ပင်။ ဆက်အောင်မြင်နေလျှင် ရှယ်ယာတန်ဖိုးများတက်လာမည်။ သို့သော် ITD ၏ အနည်းစုသော ရှယ်ယာပိုင်ရှင်များအလွန် ထိုင်းလူထုဆီ ယင်းတို့ စီးဝင်လာမည်မဟုတ်ပေ။

ထို့အပြင် အစိုးရ၏ ITD ကို အကာအကွယ် ပေးမည့် အာမခံငွေများသည့် မှားယွင်းသည့် သာဓက တခုဖြစ်လာမည်ဖြစ်ပြီး မှားယွင်းသည့် အချက်ပြလည်း ဖြစ်သည်။ ခက်ခဲ၍ အကျလွယ်သော ကမ္ဘာလုံးချီ ယှဉ်ပြိုင်နေရသော အခြားသော ထိုင်း နိုင်ငံစုံ အဖွဲ့အစည်းများအတွက်လည်း မမျှတသည့် ကွင်းတခု ဖန်တီးသကဲ့သို့ ဖြစ်စေသည်။

Thai Union Frozen Products (TUF) and Indorama Ventures တို့ကဲ့သို့ အပြိုင်အဆိုင် လုပ်ကိုင်နေရသည့် ထိုင်း နိုင်ငံစုံ ကုမ္ပဏီများမှာ အခွန်ထမ်းပြည်သူများအပေါ် ၀န်ပိုစေခြင်း မရှိဘဲ ကိုယ်တိုင် စွန့်စားကာ အကျိုးမြတ်ရရှိသည်ချည်းဖြစ်သည်။ ဥပမာ ကမ္ဘာ့အကြီးဆုံး ငါးသေတ္တာတင်ပို့သည့် TUF ကုမ္ပဏီဆိုလျှင် ဆိုမာလီကမ်းခြေတွင် ဓါးပြများ ရန်ကို ၎င်းဘာသာ ရင်ဆိုင်ကျော်လွှားခဲ့သည်။ ထိုင်းဘတ်အလွယ်တကူ ရရှိရန် အကြံဖြင့် ကမ္ဘာလှည့် လုပ်ကိုင်နေသော ထိုင်း နိုင်ငံစုံ ကုမ္ပဏီများ အနေဖြင့် ITD အား အစိုးရမှ အာမခံငွေ ပေးခြင်းဖြင့် တဖက်လှည့် မနစ်နာသင့်ပါ။

သမိုင်းကြောင်းအရ ရင်းနှီးကျွမ်းဝင်မှုများ ရှိခဲ့သည့် ထိုင်း (Siamese) တို့၏ နှစ်များသို့ မျှော်ကြည့်လိုက်လျှင် ထားဝယ်၏ ပထ၀ီ စီးပွားရေးမှာ ၎င်း၏ ရှုပ်ထွေးပွေလီသော ပထ၀ီ နိုင်ငံရေးကဲ့သို့ စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ ထားဝယ် သည် ဗမာ (မြန်မာ၏ ယခင်အမည်) နှင့် ထိုင်းအကြား ၁၉ ရာစု အလယ်ပိုင်း တောင်ပိုင်း တနသာင်္ရီဒေသ တခုလုံး ဗမာတို့ ထိန်းချုပ်မှု အောက် မရောက်ခင်အထိ အချိန် အပိုင်းအခြားများကြား တလှည့်စီ ယှဉ်ပြိုင် အုပ်ချုပ်ခံရာ ဒေသ ဖြစ်ခဲ့သည်။ ဗမာ့ တောင်ပိုင်း တပ်မတော်၏ တပ်စွဲရာ နယ်မြေအဖြစ် ၁၇၆၅-၆၇ ခု အယုဒ္ဓယ သို့ တောင်မြောက် ညှပ် ကျူးကျော်တိုက်ရာတွင် ထားဝယ်သည် ယိုးဒယား၏ မြောက်ဘက် ကင်းစခန်းမြို့ဖြစ်သည့် ဖိစနုလွတ်မြို့နှင့် ယှဉ်က ဘန်ကောက်နှင့် ပိုနီးလေသည်။

အသေအချာ ဆိုရလျှင် ထားဝယ် စီမံကိန်းသည် ထိုင်း-မြန်မာ ဆက်ဆံရေးတလျှောက်တွင် ထိုင်း၏ အကြီးဆုံး အသက်သွေးကြော ဖြစ်ရန် အလားအလာရှိသည်။ ထိုင်းနိုင်ငံသည် ထားဝယ်ဒေသအပြင် ရွေ့ပြောင်း လုပ်သားများ၊ သဘာဝ ဓါတ်ငွေ့ တင်သွင်းမှု၊ မူးယစ်ဆေးဝါး နှိမ်နှင်းရေး အစရှိသည့် ကဏ္ဍများတွင် မြန်မာနိုင်ငံကို အမှီသဟဲ ပြုနေရသည်။ အခြားတဖက်တွင် မြန်မာမှလည်း ငွေပေးချေမှု၊ နိုင်ငံခြား ၀င်ငွေ ရရှိမှု၊ ရင်းနှီးမြှပ်နှံမှုနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး အကူအညီများကို ထိုင်းမှ ရရှိနိုင်သည်။

ထိုင်း မြန်မာ နှစ်နိုင်ငံ သည် တရုတ်နှင့် အိန္ဒိယ၊ တရုတ်နှင့် ဂျပန်တို့ကြား အချက်ချာကျ တည်ရှိသည့်၊ အရှေ့တောင်အာရှ ကုန်းမကြီး ၏ မဟာဗျူဟာကျ စင်္ကြန်လမ်းပေါ်တွင် ဖြစ်တည်လျက်ရှိသည်။ အရှေ့တောင် အာရှ ကုန်းမကြီး သည် ပိုမိုချမ်းသာ ကြွယ်ဝပြီး တည်ငြိမ်သော ပထ၀ီဝင် နိုင်ငံရေး အတူတကွ တည်ရှိနိုင်ရေး ၂၁ ရာစုနှစ်လယ်ခန့်တွင် အိန္ဒိယ တိုက်ငယ်နှင့် အရှေ့တောင် အာရှ ရေကြောင်းကို ဖြတ်ကာ မြောက်အရှေ့အာရှ နှင့် ဆက်သွယ်နိုင်မည် ဖြစ်သည်။ လူဦးရေ ၃ ဘီလီယံရှိ ကျယ်ပြန့်လှသည် အာရှဒေသတွင် လာမည့် သုံးရာစုအတွင်း ပဋိပက္ခ သို့တည်းမဟုတ် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တွေ့လာရမည် ဖြစ်သည်။ အရှေ့တောင်အာရှ ကုန်းမကြီးသည် အာရှ၏ အလယ်ဗဟိုတွင် ရှိသည်နှင့် အညီ မြန်မာနှင့် ထိုင်းမှာ ၎င်း၏ အလားအလာရှိသည့် အချက်အချာကျ ပထ၀ီဝင် ထွက်ပေါက် ဖြစ်သည်။

ထားဝယ်မှ ဘန်ကောက်သို့ တဖြောင့်လမ်းသည် အာရှလမ်းမကြီးအတိုင်း ဗီယက်နမ်တောင်ပိုင်း Tuy Hoa တွင် အဆုံးသတ်မည်ဖြစ်ပြီး အကန့်သတ်ရှိကာ ပြွတ်ကြပ်နေသာ (စင်ကာပူနှင့် အင်ဒိုနီးရှားအကြားရှိ) မလက္ကားရေလက်ကြားကို ရှောင်ရှားသွားနိုင်မည်ဖြစ်သည်။ အပြည့်အ၀အကောင်ထည်ဖော်မည် ဆိုပါက မဟာမဲခေါင် ဒေသခွဲအတွင်း ထားဝယ် ဖွံ့ဖြိုးရေး၊ ချဲ့ထွင်ရေးနှင့် ချိတ်ဆက်ရေးသည် ဒဏ္ဍာရီဆန်လှသည့် Kra Isthmus တူးမြောင်း စင်္ကြန်လမ်းကဲ့သို့ အခြားနည်းလမ်းတခု ဖြစ်လာနိုင်သည်။ အရှေ့အာရှနှင့် ထိုင်းအရှေ့ဘက် ကမ်းရိုးတန်းအတွက် ပထ၀ီ စီးပွားရေး အလှည့်အပြောင်းလည်း ဖြစ်လာပေမည်။

[[[ Kra Isthmus ဆိုသည်မှာ အာရှနှင့် မလေးရှားကျွန်းဆွယ်တို့ကို ချိတ်ဆက်ပေးထားရာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်းရှိ သေးငယ်သည့် ကုန်းမြေပိုင်းတစ်ခုဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းဒေသ၏ အရှေ့ဘက်တွင် တည်ရှိပြီး ယင်း Kra Isthmus ၏ အရှေ့ဘက်တွင် ကပ္ပလီပင်လယ် အနောက်ဘက်တွင် ထိုင်းပင်ဘယ်ကွေ့တို့တည်ရှိသည်။ မိစ္ဆာလည်ပင်းဟု နာမည်ကျော်သော ထိုဒေသကို တူးမြောင်းဖောက်၍ ကပ္ပလီပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့ကို ရေကြောင်းအရ ဆက်စပ်ရန် အဆိုပြုခဲ့ဖူးသည်။ ဘာသာပြန်သူ ]]]

ဤအကြောင်းများကြောင့်ပင် ယင်လပ် အစိုးရသည် ထားဝယ်အပေါ် ဗျူဟာကျကျ အားစိုက်ထုတ်နေခြင်း ဖြစ်နိုင်သည်။ သို့သော် ဦးစွာ ဒေသခံများနှင့် နိုင်ငံတကာ ပုဂ္ဂလိက စိတ်ဝင်စားသူများ ရင်းနှီးမြှပ်နှံနိုင်ရန် လုပ်ငန်း ကုန်ကျစရိတ်များ၊ တိကျသော စည်းမျဉ်းများ ချမှတ်ခြင်း၊ ၀င်ရောက်နိုင်မည့် နယ်ပယ်များ ဖန်တီးပေးခြင်း၊ အခြေခံ အဆောက်အအုံများ ဖန်တီးပေးခြင်း စသည့် အခြေအနေများ ဦးစွာ ချမှတ်ပေးရန် လိုသည်။ ထိုမှသာ ရှေ့တွင်ဖြစ်နိုင်ဖွယ်များကို ကြိုထောက်ချင့်ကာ ရေတို ကျင့်ဝတ်နှင့် မညီသော လုပ်ရပ်ဖြစ်သည့် ညစ်ပတ်သည့် အိမ်နီးချင်း အဖြစ်ကို ရှောင်နိုင်ပေမည်။

ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံမှာ တိုက်ရိုက် ပါဝင်ပါသက်မှုကို နည်းစေပြီး မသေချာမှုကို တာဝန်ယူရမည့် အခြေအနေကို ရှောင်ကာ ပွင့်လင်းမြင်သာမှုရှိသည့် သဏ္ဍာန်ဆောင်သင့်သည်။

တနည်းအားဖြင့် ဆိုလျှင် ITD ၏ အဆင့်အတန်းကို ၎င်း၏ ကိုယ်ပိုင် အသုံးစရိတ်ဖြင့် မရှင်းနိုင်သမျှ မည်သည့် ထိုင်းအခွန်ထမ်း၏ ဘဏ္ဍာမျှ မမြှပ်နှံသင့်ပေ။
...................................

ဆောင်းပါးရှင်များ:::
ပဗီဒါ ပန်နနွန် (Pavida Pananond ) သည် ထိုင်းနိုင်ငံ၊ သမ်မဆပ် တက္ကသိုလ်မှ တမားဆပ် စီးပွားရေး ကျောင်း (တမားဆပ် တက္ကသိုလ်) မှ တွဲဘက် ပါမောက္ခဖြစ်သည်။ သီသိနမ် ပွန်ဆပ်ဟိရပ် (Thitinan Pongsudhirak ) မှာ ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်တက္ကသိုလ်၊ နိုင်ငံရေး သိပ္ပံ ဌာန၊ လုံခြုံရေးနှင့် နိုင်ငံတကာ လေ့လာရေး ကျောင်း ၏ ဒါရိုက်တာ ဖြစ်သည်။
....................................
ထားဝယ်စီမံကိန်းတွင် ထိုင်းအစိုးရ၏ ပါဝင်မှု ကုမ္ပဏီ၏ အကျိုးအမြတ်ဖြစ်ထွန်းမှုတို့နှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ ပညာရှင်နှစ်ဦး သုံးသပ်ချက်ဆောင်းပါးကို စက်တင်ဘာ ၁၀ ရက်နေ့က ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည့် No taxpayer money for private gains in Dawei ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။ ယင်းဆောင်းပါးဖော်ပြပါရှိပြီး နှစ်လ အကြာတွင် ထိုင်းအစိုးရအနေနှင့် ထားဝယ်စီမံကိန်းတွင် [ထိုင်းအခွန်ထမ်းပြည်သူများ၏ ငွေကို] ရင်းနှီးမြှပ်နှံမည် မဟုတ်ဘဲ ညှိနှိုင်းပေးသည့် တာဝန်သူယူသွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သည်။
(အယ်ဒီတာ)


PIC: ထားဝယ်-ဘန်ကောက် ကားလမ်းဖောက်လုပ်မည့် ထီးခီး-ဖူနမ်ရွယ် နယ်စပ်ဂိတ် ထိုင်းဘက်ခြမ်း။ ဓါတ်ပုံ - Dawei Watch

ထားဝယ်မာတာပွတ် သင်ခန်းစာ

7Day News Journal Facebook မှတစ်ဆင့်ပြန်လည်ဝေမျှသည်။

ရေးသားသူ- အေးမြကျော်

တစ်ဝီးဝီးလည်နေတဲ့ အားပြင်းပန်ကာနှစ်ခုရဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ကာအသက်ကို တစ်ချက်တစ်ချက် ခပ်ပြင်းပြင်း ရှိုက်ရှုလိုက်ရင်း အသက် (၆၃) နှစ်အရွယ် ထိုင်းအမျိုးသမီးကြီးမီဖဆိုင်ဒွန်ဖယူက သူမအတွေ့အကြုံများကို မြန်မာပြည်ကလာသော သတင်းသမားများကို ဝေငှနေသည်။ သူမတို့နေထိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် သူမအပါအ၀င် အနီးအနား၌ နေထိုင်သော ဒေသခံထိုင်းလူမျိုး ၁၀ ယောက်ကျော်လည်း စုဝေးရောက်ရှိကာ သူတို့ခံစားနေရသော မာတာပွတ်စက်ရုံများ အကြောင်းကို ပြောပြရန် စိတ်ထက်သန်နေကြသည်။

အဖြူရောင်သမ်းနေသော ဆံပင်တိုတိုနှင့် ရှပ်အကျခပ်နွမ်းနွမ်းဝတ်ဆင်ထားသော သူမကရှေ့တွင် ထိုင်နေကြသော ၁၂ ယောက်သော မြန်မာသတင်းသမားများကို “ထားဝယ်မှာ နောင်ဖြစ်လာမယ့် ပြဿနာတွေကို ဖြေရှင်းလို့ရတဲ့ အခွင့်အရေးရှိတယ်။ အဲဒါကတော့ မာတာပွတ်ရဲ့ သင်ခန်းစာကို နမူနာယူဖို့ပဲ” ဟု ဒွန်ဖယူက လက်ကိုမြှောက်ကာပင့်ကာ ပြောသည်။

ထိုင်းအမျိုးသမီးကြီး ဒေါ်ဖယူတို့ နေထိုင်သော နွမ်ဝိုင်းရပ်ကွက် ငါးနေရာမှာ ရယောင်းပြည်နယ်၊ မာတာပွတ်ဒေသတွင်ရှိပြီး ထိုင်းနိုင်ငံ၏ အကြီးဆုံးစက်မှုလုပ်ငန်းစီမံကိန်းကို ကားဖြင့် ၁၀ မိနစ်ခန့်မောင်းလျှင် ရောက်နိုင်သည့်နေရာလည်းဖြစ်သည်။

မာတာပွတ်စက်မှုလုပ်ငန်း စီမံကိန်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ က အစပျိုးခဲ့ပြီး ယခုအခါ မြေဧက ၁၆၀၀ ပေါ်တွင် စက်ရုံပေါင်း ၆၅ ရုံကျော် တည်ဆောက်ပြီးစီး လည်ပတ်နေပြီဖြစ်သည်။ အရှိန်ကောင်းကောင်းလည်ပတ်နေပြီး ထိုစက်ရုံများမှ ထွက်သောမီးခိုးငွေ့များကို မာတာပွတ်ကောင်းကင်တစ်ခွင် အတိုင်းသား မြင်တွေ့နိုင်သည်။
လေထုကို အကြီးအကျယ် ညစ်ညမ်းစေသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဓာတ်အားပေးစက်ရုံ၊ ရေနံဓာတုစက်ရုံ၊ ပလတ်စတစ်စက်ရုံ၊ ကျောက်မီးသွေးစက်ရုံ၊ ရေနံချက်စက်ရုံများက နိုင်ငံဝင်ငွေကို တိုးပွားစေသလို ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခဲ့သလို ကင်ဆာရောဂါဝေဒနာရှင်အသစ်များနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာရှင်အသစ်များကိုလည်း တစ်ပါတည်းဖန်တီးပေးခဲ့သည်။
လွန်ခဲ့သော ၁၀ နှစ်ကာလအတွင်း မာတာပွတ်စက်ရုံများအနီးတွင် နေထိုင်သူများတွင် ကင်ဆာရောဂါများ ဖြစ်ပွားလာပြီး ၁၉၉၇ မှ ၂၀၀၅ ခုနှစ်အထိ ထိုင်းကျန်းမာရေးဌာနက ပြုလုပ်ထားသော စာရင်းများအရ ကင်ဆာဖြစ်ပွားမှုနှုန်းမှာ သုံးဆနီးပါး မြင့်တက်လာပြီး ယခုနောက်ပိုင်းနှစ်များတွင် ဆက်လက်ပြုလုပ်သော စာရင်းအတိအကျမရှိသော်လည်း ကင်ဆာဖြစ်ပွားမှုနှုန်းမှာ ယင်းဒေသတွင် သိသိသာသာမြင့်တက်လာသည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေး လုပ်ငန်းကျွမ်းကျင်သူ မစ္စတာ သာမန်နွန်းအပ်ချရီရာမတ်က မြန်မာသတင်းသမားများကို ပြောကြားသည်။

“မြန်မာမှာလည်း ဆင်တူတဲ့ပြဿနာတွေ ကြုံတွေ့လာလိမ့်မယ်” ဟု မစ္စသာမန်နွန်းက ပြောကြားသည်။
မစ္စတာသာမန်နွန်းဆိုလိုသည်မှာ မြန်မာနိုင်ငံတွင်လည်း ထိုင်းနိုင်ငံ ရယောင်းဒေသရှိ မာတာပွတ်စက်မှုဇုန် စီမံကိန်းကဲ့သို့အလားတူ စီမံကိန်းတစ်ခု ထားဝယ်ဒေသတွင် အစပျိုးနေခြင်းကို ရည်ရွယ်လိုခြင်းဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ သဘောတူညီထားသည့် စီမံကိန်းကို စတင်ရန် မြေနေရာရှင်းလင်းရေးများ၊ ဒေသခံများအား ရွေ့ပြောင်းခြင်းများ စတင်လုပ်ဆောင်နေပြီး အဓိကရင်းနှီးမြှုပ်နှံသော အီတာလျံထိုင်းကုမ္ပဏီက ၂၀၁၉ တွင် စီမံကိန်းအပြီး အကောင်အထည်ဖော်မည်ဟု ပြောထားသဖြင့် ၂၀၁၉ အလွန်တွင် စီမံကိန်းမှာ အကောင်အထည်ပေါ်လာပေလိမ့်မည်။

ထားဝယ်ရေနံဆိပ်ကမ်း စီမံကိန်းတည်ဆောက်ရေးကို စောင့်ကြည့်လေ့လာသူများ အဆိုအရ ထားဝယ်စီမံကိန်းမှာ မာတာပွတ်ထက် ၁၀ ဆကြီးမည့် စီမံကိန်းဖြစ်ပြီး စက်ရုံများမှ စွန့်ထုတ်သော မီးခိုးငွေ့များနှင့် သဘာဝပတ်ဝန်းကျင်သို့ သက်ရောက်ပျက်စီးမှုမှာလည်း အဆပေါင်းများစွာ ပိုများနိုင်သည်ဟု ယင်းတို့က ခန့်မှန်းကြသည်။

ထားဝယ်ရေနက်စီမံကိန်းကို တည်ဆောက်ရန် စတင်သဘောတူစဉ်ကာလက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သော မစ္စတာအဘီဆစ်က ထိုင်းသတင်းဌာနများကို “ထိုင်းနိုင်ငံအတွင်း တည်ဆောက်ရန် မသင့်တော်သော စက်မှုဇုန်များကို ထားဝယ်ဒေသသို့ ပြောင်းရွှေ့တည်ဆောက်သွားရန် ဆုံးဖြတ်လိုက်သည်” ဟု ပြောကြားခဲ့ဖူးသည်။

ရယောင်းဒေသတွင် မွေးကတည်းက နေထိုင်ပြီး အသက် ၆၅ နှစ်ရှိပြီဖြစ်သော နွမ်ဝိုင်းရပ်ကွက် ၅ အုပ်ချုပ်ရေးမှူး ဟူဒုန်ဆလီဖက “အခုကျွန်တော်ကိုယ်တိုင်လည်း ကင်ဆာရောဂါခံစားနေရတယ်။ ဆေးတွေကို ဈေးကြီးပေးဝယ် သောက်နေရတယ်” ဟု သူ၏ ကိုယ်တိုင်တွေ့ကြုံခံစားနေမှုများကို ဝေငှသည်။

သူ၏ အိမ်တွင်းဧည့်သည့်များရှေ့တွင် ချထားသော အားပြင်းလှသည့် ပန်ကာများကို ပိတ်ပစ်၍ မဖြစ်ကြောင်း အဘယ်ကြောင့်ဆိုသော် ပန်ကာလေများက ချဉ်စူးစူးအနံ့အသက်များနှင့် တစ်ချက်တစ်ချက် လေအဝှေ့တွင် အက်ဆစ်နံ့လိုလို စူးရှရှအနံ့များ မရအောင် ကာကွယ်ပေးနိုင်၍ ဖြစ်သည်ဟု သူက ဧည့်သည်များကို ရှင်းပြသည်။

ရယောင်းဒေသမှာ စက်မှုလုပ်ငန်းကြီးများ ရောက်မလာမီက ဥယျာဉ်ခြံစိုက်ပျိုးခြင်း၊ ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးကြသော ဒေသတစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ် ၃၀ ခန့်က နိုင်ငံ၏ အကြီးမားဆုံးသော စက်မှုလုပ်ငန်း စီမံကိန်းကြောင့် ဥယျာဉ်ခြံမြေများစွာ ကွယ်ပျောက်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။ ဒူးရင်း၊ ပင်မှည့်၊ သရက် စသည့်အပင်များ စိုက်ပျိုးကာ ဝင်ငွေရှာဖွေခဲ့သော ထိုဒေသတွင် နှစ် ၃၀ ကြာလာသော ယနေ့အချိန် အခါတွင်တော့ အပင်များမှာ ပိုးကျခြင်း၊ အသီးများအချိန်မတိုင်မီ ကြွေကျခြင်းများ ဖြစ်လာပြီး မဖြစ်ထွန်းတော့ဘဲ ထိုသို့ဖြစ်ရခြင်းမှာ မာတာပွတ်စက်ရုံများမှ ထွက်သော ဓာတုအဆိပ်များကြောင့်ဖြစ်ကြောင်း ဒေသခံများက ထစ်ချယုံကြည်ကြသည်။

“မိုးရေတွေဟာလည်း အရင်လို မသန့်တော့ဘူး။ မိုးရေတွေထဲမှာ မည်းမည်းအဖတ်တွေအမြဲပါတယ်။ မိုးရေထိတဲ့ သူတွေလည်း အရေပြားယားယံတာတွေ အမြဲဖြစ်တယ်” ဟု ရယောင်းဒေသတွင် နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။ ရယောင်းဒေသတွင် စက်ရုံ များ တည်ဆောက်ပြီးနောက်မှ ကိုယ်ခန္ဓာချို့ယွင်းသူများနှင့် မသန်စွမ်းသူများအတွက် နှစ်ဧကကျော်ခန့် ကျယ်ဝန်းမည့် မြေပေါ်တွင် ကျောင်းဆောက်လုပ်ကာ ဖွင့်လှစ်ပေးခဲ့သည်။ ၁၀ နှစ်တာကာလအတွင်း နာမကျန်းဖြစ်သူဦးရေမှာ အဆမတန် မြင့်တက်လာသည့်အတွက် ရယောင်းမှ ဆေးရုံများကို တိုးချဲ့ဆောက်လုပ်လိုက်ရပြီး ဆေးရုံများတွင် ဆေးဝါးမလုံလောက်မှု၊ ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုများ ကြုံတွေ့နေရကြောင်း ရယောင်းဒေသ ပြည်သူ့ကျန်းမာရေးဌာနမှ ကျွမ်းကျင်ဝန်ထမ်းတစ်ဦးက ပြောသည်။
“တစ်ဖက်က စီးပွားရေးတိုးတက်ဖို့ လုပ်သလို တစ်ဖက်မှာလည်း အခြားကျန်းမာရေးနဲ့ အရေးကြီးတဲ့ ကိစ္စတွေရှိသေးတယ်။ ဒါကို အချိုးညီညီလုပ်နိုင်ဖို့ အရေးကြီးတယ်။ မြန်မာအစိုးရအနေနဲ့ ထားဝယ်စီမံကိန်းကို မာတာပွတ်က သင်ခန်းစာကို နမူနာယူပြီး ဆက် လုပ်သင့်တယ်လို့ထင်တယ်” ဟု ယင်းကပင် အကြံပြုပြောကြားသည်။

ထားဝယ်ဒေသတွင် ထိုင်းမှ အဓိကရင်းနှီးမြှုပ်နှံမှု စီမံကိန်းဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုစီမံကိန်း ကနဦးစတင်ပြီး မကြာမီမှာပင် အစိုးရက မဂ္ဂါဝပ် ၄၀၀၀ ကျောက်မီးသွေး လျှပ်စစ်စက်ရုံကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ဧကငါးသောင်းကျော် မြေနေရာပေါ်တွင် အကြီးစားစက်ရုံ အလုပ်ရုံများကို ဆက်လက်တည်ဆောက်သွားမည်ဟု သတင်းထုတ်ပြန်သည်။ အမေရိကန် ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုနှင့် ၁၀ နှစ်တာအတွင်းအပြီး အကောင်အထည်ဖော်သွားမည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသဖြင့် နောင် ၁၀ နှစ်ကျော် ကြာလျှင် ထားဝယ်ကောင်းကင်ပြင်တွင် မာတာပွတ်တွင်ကဲ့သို့ မီးခိုးငွေ့များ ပြန့်ကြဲနေပေလိမ့်မည်။

တစ်ချိန်က ခရီးသွားဆွဲဆောင်မှု တစ်နေရာဖြစ်ခဲ့သော မာတာပွတ်ကမ်းခြေ ပြာလဲ့လဲ့မှ အမည်းဖတ်၊ အမှိုက်များနှင့် နောက်ကျိနေသော ငံပြာရည်ရောင် ပြောင်းသွားသကဲ့သို့ ထားဝယ် မောင်းမကန်ကမ်းခြေ အရောင်ပြောင်းသွားမည်လားဆိုသည်ကတော့ မေးခွန်းတစ်ခု ဖြစ်နေသည်။
မာတာပွတ် ဒေသခံများက နောက်ကျမှသိခဲ့ရသော စက်ရုံအလုပ်ရုံများမှ ဓာတုအဆိပ်များကြောင့် ယင်းတို့၏ ကျန်းမာရေးနှင့် လူမှုဘဝအထွေထွေကို ဆိုးရွားစွာ သက်ရောက်ခဲ့ရခြင်းကို နည်းမျိုးစုံဖြင့် အားအင်ရှိသမျှ တားဆီးခဲ့သော်လည်း နောက်ဆုံးတွင် အားမတန် မာန်လျှော့ခံရကြောင်း ဒေသခံများက မြန်မာသတင်းသမားများကို ပြောသည်။

“မလုပ်ခင်ကတည်းက ဘာမှမလုပ်စေတာကောင်းတယ်။ အကောင်းဆုံးကတော့ တိုင်တစ်တိုင်တောင် လာအစိုက်မခံနဲ့” ဟု ခံပြင်း ဒေါသထွက်နေဟန်ရှိသော ဒွန်ဖယူက မြန်မာသတင်းသမားများမှ တစ်ဆင့် ထားဝယ်ဒေသခံများကို စကားပါးလိုက်ပါသည်။

Wednesday, November 14, 2012

ဘိလပ်ရောက် ယင်လပ် ထားဝယ် ဈေးကွက် တင်ရောင်း

From (Dawei Watch)

ဘန်ကောက်၊ နိုဝင်ဘာ ၁၄

ဗြိတိန်သို့ ရောက်နေရှိသော ထိုင်း ၀န်ကြီးချုပ် ယင်လပ် ရှင်နာဝပ်တရာသည် ထားဝယ်စီမံကိန်း၏ မဟာဗျူဟာနှင့် ယင်းစီမံကိန်းအပေါ်မူတည်၍ ချိတ်ဆက်ဆောင်ရွက်နေပုံကို ဗြိတိန်လုပ်ငန်းရှင်များကို ဆွေးနွေး ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက တောင်ကိုရီးယားသမ္မတနှင့် တွေ့ဆုံစဉ်က လည်း ထားဝယ်စီမံကိန်း၏ အရေးပါပုံကို ယင်လတ်က ထည့်သွင်းပြောဆိုခဲ့သေးသည်။

“ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်ရေးနှဲ့ ချွန်ဘူရီခရိုင်၊ လန်ချဘန် ရေနက်ဆိပ်ကမ်းတို့ မဟာဗျူဟာ ကျကျ ချိတ်ဆက်နိုင်ရေး ကြိုးပမ်းနေပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းပင်လယ်ကွေ့နှင့် အိန္ဒိယ သမုဒ္ဒရာကို ချိတ်ဆက်မည့် ယင်းဆိပ်ကမ်းနှစ်ခုကြား လမ်းနှင့် ရထားလမ်းများကို မြန်မာနှင့် ထိုင်း အစိုးရချင်းက စီစဉ်အကောင်ထည်ဖော်နေသည်။

“ဘန်ကောက်ကနေ အိန္ဒိယ ဆိပ်ကမ်းဖြစ်တဲ့ ချန်နိုင်ကို ကုန်ပစ္စည်းပို့ချိန်ကို တ၀က်လောက်လျော့သွားမယ်။ မလ္လကား ရေလက်ကြားကနေ ၆ ရက် ပို့နေရာကာ ထားဝယ်ရေနက်ဆိပ်ကမ်းကနေ ၃ ရက်ပဲ ကြာမယ်” ဟု သူမက ပြောဆိုသည်။

ဗြိတိန်နှင့် ထိုင်း စီးပွားရေး လုပ်ငန်းရှင်များတက်ရောက်သော ပွဲတစ်ခုတွင် “၂၀၁၃ ထိုင်းနိုင်ငံတွင် အခွင့်အလမ်း များသော နှစ်” ခေါင်းစဉ်ဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လတ်က ဟောပြောခဲ့ခြင်းဖြစ်သည်။

Ref: Bangkok Post

ဖွံ့ဖြိုးမှုကန့်လန့်ကာနောက်က ထိုင်းအရှေ့ပိုင်း အမှိုက်ဇုန်နှင့် အသက်ရှူကျပ်နေသော မဲခေါင်မြစ်စာမျက်နှာများ (၁)

 San Na Yone Facebook Wall မှတစ်ဆင့်ပြန်လည်ဝေမျှပါသည်။
November 12, 2012
 
မီးတောက်မီးလျှံများနှင့် မီးခိုးများတလူလူဖြစ်နေသောခေါင်း တိုင်များမိုးကောင်းကင်ပေါ်ထောင် ထားပြီး ရေဆိုးစွန့်ပစ်မြောင်းများ ဖင်ခုထိုင်ထားသော စက်ရုံများက             လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ အရှေ့ ပိုင်း ရာယောင်းခရိုင် မက်ထဖွတ် ဒေသ၏အမှတ်အသားတစ်ခုဖြစ်နေ ပါပြီ။ ထိုင်းနိုင်ငံ၏ အကြီးဆုံးစက် မှုလုပ်ငန်းဒေသ၊ စက်မှုစီးပွာရေး  ဖွံ့ဖြိုးသောအရပ်ဒေသဟု ဒေသ မျက်နှာစာမှာ နဖူးစည်းတပ်ထား သော်လည်း ဖွံ့ဖြိုးမှုကန့်လန့်ကာ နောက်ကွယ်မှာတော့ အမှိုက်ဇုန် သက်သက်ပါပဲဟု ပျက်စီးဆုံးရှုံးမှု ကြီးလာသောသဘာဝပတ်ဝန်းကျင်   နှင့် လူမှုဘ၀များကို ရင်ဆိုင်လာရ  သည့် ဒေသခံများက ထင်မြင်လာ ကြပါသည်။

၁၉၈၀ပြည့်နှစ်မတိုင်မီက တံ   ငါသည်များနှင့် လယ်သမားများနေ ထိုင်သောကျေးရွာငယ်တစ်ခုအဖြစ် ကနေ ၁၉၈၁ခုနှစ်ကစပြီးအပြောင်း  အလဲဖြစ်ခဲ့ပါသည်။ ထိုင်းအစိုးရက အရှေ့ဘက်ပင်လယ်ဖွံ့ဖြိုးရေးစီမံ ကိန်းဆိုပြီး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ရေနံချက်စက်ရုံ၊ ရေနံဓာတုစက်ရုံ၊ ပလတ်စတစ်စက် ရုံ၊ ကျောက်မီးသွေးစက်ရုံနှင့်အခြား ဆက်စပ်စက်ရုံများပါဝင်သောအကြီး စားစက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်စေခဲ့ခြင်းဖြစ်ကာ မက်ထဖွတ်ဒေသကိုအကြီးအကျယ်  ပြောင်းလဲစေခဲ့ပါသည်။ မြေဧက ၁၆၀၀၀၀န်းကျင်အသုံးပြုထားသော စက်မှုဇုန်မှာ စက်ရုံ၁၀၀ကျော်တည် ဆောက်ထားပြီး ဒေသတွင်းစီးပွား ရေးဖွံ့ဖြိုးတိုးတက်လာသလိုအခြား  တစ်ဖက်မှာလည်း ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်က ဆိုးရွားစွာ ပျက်ယွင်းလာပါသည်။

]]ကမ်းခြေက သုံးလို့မရတော့ ဘူး။ ငါး၊ ပုစွန်၊ ကဏန်းတို့ကို တခြားဒေသက ၀ယ်စားရတယ်။ ကလေးတွေပင်လယ်ရေဆော့ဖို့ အ  ဝေးကိုခေါ်ပြီးဆော့ခိုင်းရတယ်}}ဟု  မက်ထဖွတ်ဒေသခံ မစ္စပချလီက  ပြောပြပါသည်။

မက်ထဖွတ်ဒေသခံတို့ အစဉ် အစိုက် အသုံးပြုလာခဲ့သော လေ၊  ရေ၊မြေအားလုံးညစ်ညမ်းလာခဲ့ခြင်း  ဖြစ်ပါသည်။ ရှူရှိုက်ရသော လေထု အတွင်းညှော်နံများသင်းနေသလို မိုးရေနှင့်ရေတွင်းရေကန်ကရေများ ကိုလည်း သောက်သုံးရန်မ၀ံ့မရဲဖြစ် လာကြပါသည်။ အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါ၊ အရေပြား ရောဂါ၊ သွေးကင်ဆာ၊ အဆုတ် ကင်ဆာစသည့်ရောဂါများဖြစ်ပွား နှုန်းသိသိသာသာမြင့်တက်လာပြီး နောက်ပိုင်း ဒေသခံများက ဖွံ့ဖြိုး သောစက်မှုဇုန်ကြီး၏ ကန့်လန်ကာ နောက်ကွယ်က ညစ်ညမ်းသော အမှိုက်ဇုန်ကြီးကို လူမြင်ကွင်းထဲ ထုတ်ပြရန်ကြိုးစားခဲ့ပါသည်။

]]ထိုင်းအနေနဲ့ တိုးတက်ချင် စိတ်လောသွားတယ်}}ဟု မက်ထ ဖွတ်ဒေသခံ မစ္စတာဆူထက်က ပြောကြားပါသည်။
၁၉၉၇ခုနှစ်ဝန်းကျင်မှစပြီး  စက်မှုဇုန်ကြောင့် မက်ထဖွတ်ဒေသ ၏ သဘာဝပတ်ဝန်းကျင်နှင့် ကျန်း မာရေးချို့ယွင်းမှုသတင်းအချက်အ လက်များကို ထိုင်းမီဒီယာများတွင် ဖော်ပြခဲ့သလို လူထုလှုပ်ရှားမှုများ ကိုလည်း ဆက်တိုက်ပြုလုပ်ခဲ့ပါ သည်။ အဆိုပါ ဖွံ့ဖြိုးရေး စက်မှု ဇုန်နှင့်ပတ်သက်ပြီး အငြင်းပွားမှု များ၊ပြဿနာများဖြစ်ပွားမှုများပြား  လာကာပျက်ယွင်းလာသောသဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘ၀အရေး လှုပ်ရှားသူများကို ဖွံ့ဖြိုးတိုးတက် မှုကို မလိုလားသူများအဖြစ်တံဆိပ် ကပ်လာကြသလို စက်မှုဇုန်နှင့်ပတ် သက်သောတာဝန်ရှိသူများနှင့်  လုပ်ငန်းရှင်များကိုလည်း သဘာဝ  ပတ်ဝန်းကျင်နှင့် ဒေသခံများ၏လူ မှုဘ၀ကိုဖျက်ဆီးကြသူများအဖြစ်  ထင်မြင်ယူဆမှုများဖြစ်လာပါသည်။

သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာသောလူမှုဘ၀တည်ဆောက် ရေးအတွက် တိုက်ပွဲဝင်မှုများက ထိုင်းအစိုးရ၏ အာရုံစိုက်မှုနှင့် အ လေးထားမှုအချို့ကို ရရှိခဲ့သော် လည်း စက်မှုဇုန်ကတော့ တဖြည်း ဖြည်းအရွယ်အစားကြီးမားလာပါ သည်။ ထို့ပြင် မက်ထဖွတ်ဒေသ တွင်သာမကရာယောင်းမြို့အနီးကို ပါ စက်မှုဇုန်ထပ်မံတိုးချဲ့ခဲ့ပါသည်။ လက်ရှိအချိန်တွင် ရာယောင်းစက် မှုဇုန်တွင် အကြီးစားစက်ရုံ၄၀ကျော် လည်ပတ်နေပြီဖြစ်ပြီး ထပ်မံတိုးချဲ့ ရန်အတွက်ပြင်ဆင်မှုကိုတော့ ရာ ယောင်းဒေသခံအချို့ကအပြင်းအထန် ကန့်ကွက်လျက်ရှိပါသည်။

]]အကောင်းဆုံးကတော့ တိုင် တစ်တိုင်တောင်လာစိုက်မခံနဲ့}}ဟု ရာယောင်းမြို့ ၅ရပ်ကွက်မှ ထိုင်း အမျိုးသမီးကြီးတစ်ဦးက ဓာတုဗေ ဒသုံးစက်ရုံစီမံကိန်းများနှင့် ပတ် သက်ပြီးထင်မြင်ချက်ပေးပါသည်။

ထိုင်းအစိုးရအနေနှင့် နိုင်ငံ စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင် နိုင်ရန်အတွက် ထိုင်းအနောက်ပိုင်း နှင့် တောင်ပိုင်းတွင်စက်မှုဇုန်ကြီး များ၊ရေနက်ဆိပ်ကမ်းများထပ်မံတည် ဆောက်ရန်ပြင်ဆင်နေသော်လည်း ဒေသခံများ၏ကန့်ကွက်မှုများကြောင့် အကောင်အထည်ဖော်ရန် အခက် တွေ့နေပါသည်။ အကျိုးဆက် အနေဖြင့် မြန်မာနိုင်ငံရှိ ထားဝယ် ဒေသကို ထိုင်းအစိုးရကမျက်စောင်း ထိုးလာခြင်းဖြစ်ပါသည်။ ၂၀၁၁ခု နှစ် ဇန်န၀ါရီလ ၂၇ရက်နေ့တွင်  ပြ ဋ္ဌာန်းခဲ့သောမြန်မာအထူးစီးပွားရေး  ဇုန်ဥပဒေနှင့် ထားဝယ်အထူးစီးပွား ဇုန်ဥပဒေထုတ်ပြန်ပြီးနောက် အီ တာလျံ-ထိုင်းအများပိုင်ကုမ္ပဏီက  ထားဝယ်အထူးစီးပွားရေးဇုန်စီမံ ကိန်းအကောင်အထည်ဖော်ရန် စတင်ကြိုးစားခဲ့ပါသည်။

စီမံကိန်းစတင်ပြီးမကြာမီ မ ဂ္ဂါဝပ် ၄၀၀၀ထွက်ရှိမည့် ကျောက် မီးသွေးသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းရပ်ဆိုင်း လိုက်ရသည့်အချိန်တွင် PTTအပါ အ၀င် ထိုင်းစက်မှုလုပ်ငန်းကြီးများ နှင့် နိုင်ငံတကာစက်မှုလုပ်ငန်းများ  ၀င်ရောက်ရန် တွန့်ဆုတ်သွားပြီး နောက်ပိုင်း တာဝန်ယူအကောင် အထည်ဖော်မည့် အီတာလျံ-ထိုင်း ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံရန်ငွေ ကြေးအခက်အခဲဖြစ်ပေါ်လာပါသည်။ လက်ရှိအချိန်တွင် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်းအကောင် အထည်ဖော်ရန်အတွက်ထိုင်းအစိုးရ က ငွေကြေးကူညီထောက်ပံ့မှုပေး ထားသော်လည်း ထောက်ပံ့ငွေနည်း ပါးသောကြောင့် ဂျပန်၏ ငွေကြေး ကူညီထည့်ဝင်မှုကို စောင့်မျှော်နေရ ချိန်ဖြစ်ပါသည်။

ထားဝယ်အထူးစီးပွားရေးဇုန် သည် ထိုင်း မက်ထဖွတ်ဒေသတွင်း ရှိ အကြီးစားစက်မှုဇုန်များထက် ၁၀ဆပိုမိုကြီးမားပြီး စီမံကိန်းအား လုံးပြီးစီးပါက စီးပွားရေးဖွံ့ဖြိုးမှု မြင့်မားလာပါမည်။ အလားတူမက် ထဖွတ်ဒေသခံအချို့ပြောသောစက်မှု ဇုန်အမည်ခံ အမှိုက်ဇုန်ကြီး၏ သ ဘာဝပတ်ဝန်းကျင်၊ကျန်းမာရေးနှင့် လူမှုဘ၀အပေါ် သက်ရောက်မှု ဆိုး ကျိုးကလည်းထုထည်ကြီးမားမည် ဖြစ်ပါသည်။

မြန်မာအစိုးရအနေဖြင့် ထား ၀ယ် အထူးစီးပွားဇုန်စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် စိတ်အားထက်သန်လျက်ရှိပြီး လွန် ခဲ့သည့် နိုဝင်ဘာလ ၅ရက်နေ့က ဒုတိယသမ္မတဦးဥာဏ်ထွန်းဦးဆောင် သော အဆင့်မြင့်ကိုယ်စားလှယ်အ ဖွဲ့သွားရောက်ကာ ထားဝယ်အရေး အတွက်သွားရောက်ဆွေးနွေးခဲ့ပါ သည်။ ထိုင်းဝန်ကြီးချုပ် ယင်လတ်  ကလည်း ထားဝယ်ဇုန်တွင် ထိုင်း နိုင်ငံက ကူညီပေးရန် အသင့်ဖြစ်  နေပြီဖြစ်ကြောင်းနှင့် အခြားစီးပွား ရေးနယ်ပယ်များတွင်ထိုင်းလုပ်ငန်း  ရှင်များစိတ်ဝင်စားမှုများအကြောင်း ကို ထည့်သွင်းပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် အကောင် အထည်ဖော်မည့်အခြားအထူးစီးပွား ရေးဇုန်ဖြစ်သောသီလ၀ါနှင့်ကျောက် ဖြူဇုန်များနှင့် အာဆီယံဒေသတွင်း အထူးစီးပွားရေးဇုန်များထက်များစွာ ကြီးမားသည့်ထားဝယ်ဇုန်သည် ၂၀၄ ဒသမ ၅ စတုရန်းကီလိုမီတာ (၅၀၅၃၅ ဒသမ ၀၂ဧက) ကျယ် ၀န်းပြီး ရေဖြူမြို့နယ်မှ ၄၇၉၆၃ ဒသမ ၄၉ဧက၊ လောင်းလုံမြို့နယ် မှ ၂၅၇၁ ဒသမ ၅၃ဧက ပါဝင်မည်  ဖြစ်ပါသည်။ ဇုန်အတွင်း နယ်မြေ ခြောက်ခုခွဲခြားထားပြီး အကြီးစား စက်မှုဇုန် ၂ခု၊ အလယ်အလတ်အ ကြီးစားစက်မှုဇုန် ၁ခု၊ အလတ်စား စက်မှုဇုန်၁ခု၊ အသေးစားစက်မှုဇုန်  ၁ခုနှင့် မြို့ပြလူနေအိမ်ရာ ၁ခုတို့ ကို တည်ဆောက်ရန် လျာထား ကြောင်းမြန်မာအစိုးရ၏ထုတ်ပြန် ချက်များတွင်ဖော်ပြထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ဘီလျံရှိမည်ဖြစ်ပြီး စုစုစီမံ ကိန်းကာလမှာ ၁၀နှစ်လျာထားပါ သည်။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ဆိပ်ကမ်းအလျား ၃၅၀၀မီတာနှင့် အကျယ်၅၀၀မီတာ ရှိမည်ဖြစ်ပြီး တန်ချိန်သုံးသိန်းတင် ပင်လယ်ကူးသင်္ဘောအစင်း ၅၀ တစ်ပြိုင်တည်းဆိုက်ကပ်နိုင်မည်ဖြစ် ပါသည်။ လက်ရှိအချိန်တွင် အထူး  စီးပွားရေးဇုန်ဆိပ်ကမ်းမှ ထိုင်း- မြန်မာနယ်စပ် ဖူနမ်ရွမ်အထိ ၁၃၂ ကီလိုမီတာအကွာအဝေးကို မီတာ ၂၂၀ အကျယ်ရှိ ကားလမ်း၊ ရထား လမ်း၊ဓာတ်အားလိုင်း၊ဓာတ်ငွေ့ပိုက် လိုင်းများပါဝင်သော လမ်းဖောက် လုပ်ရန်မြန်မာဘက်မှပြင်ဆင်နေပြီး ထိုင်းဘက်ကလည်း ဘန်ကောက် မြို့အနီး ဘန်ယန်းမှ ကန်ချနာဘူ ရီ-ဖူနမ်ရွမ်အထိ ၁၇၅ကီလိုမီတာရှိ လမ်းဖောက်လုပ်ပြီးဖြစ်ကြောင်းသိရသည်။

ထားဝယ်ဇုန်နှင့် ရေနက်ဆိပ် ကမ်းအတွက် လိုအပ်သည့်လျှပ်စစ် ဓာတ်အားရရှိရေးအတွက် ကျောက် မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်များတည် ဆောက်မည်ဖြစ်ပြီး ရေအလုံအ လောက်ရရှိရေးအတွက် တလိုင်း ယားချောင်းနှင့် ခမောင်းချောင်းကဲ့ သို့ ချောင်းငယ်များကို လျှိုပိတ်ကာ ဆည်တည်ဆောက်မည်ဖြစ်ပါသည်။

အထူးစီးပွားရေးဇုန်အတွင်း စိုက်ပျိုးရေးထွက်ကုန်အခြေခံစက် မှုလုပ်ငန်းများ၊ အထည်ချုပ်စက်ရုံ များ၊အငယ်စားစက်မှုလုပ်ငန်းများ၊  အီလက်ထရောနစ်လျှပ်စစ်ပစ္စည်း များ၊ ကွန်ပျူတာနည်းပညာသုံး အဆင့်မြင့်စက်ရုံများ၊ သတ္တုနှင့် သတ္တုအခြေခံကုန်ထုတ်စက်ရုံများ၊ စက်ကိရိယာနှင့် အင်ဂျင်စက်ရုံများ၊ စက္ကူစက်ကဲ့သို့ စက်ရုံများပါဝင် မည်ဖြစ်သလို မက်ထဖွတ်ဒေသ၏ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာ ရေးနှင့် လူမှုဘ၀များကို ပျက်စီးစေ ခဲ့သည့် ရေနံချက်လုပ်ငန်း၊ ရေနံ ဓာတုလုပ်ငန်း၊ ကျောက်မီးသွေး စက်ရုံ၊ ပလတ်စတစ်စက်ရုံ၊ ဓာတ် မြေသြဇာစက်ရုံကဲ့သို့ဓာတုဗေဒသုံး  စက်ရုံကြီးများကိုလည်းတည်ဆောက် မည်ဖြစ်ပါသည်။

ထိုင်းအခေါ်]ဒ၀ိုင်}ဟုခေါ်သော ထားဝယ်ဒေသကို စက်မှုဖွံ့ဖြိုးမှု၏ ဆိုးကျိုးဒဏ်ခံစားနေသည့် မက်ထ ဖွတ်ဒေသခံများက စိုးရိမ်ပူပန်နေ ကြပါသည်။ သဘာဝပတ်ဝန်းကျင် နှင့် ကျန်းမာရေး ထိခိုက်ဆုံးရှုံးနိုင် ခြေစစ်တမ်းများပြုလုပ်ရန်၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ် ထုံးလုပ်နည်းများအားကောင်းခိုင် မာအောင်ရေးဆွဲထားရန် အကြံပြု ကြပါသည်။ ထို့အတူ မက်ထဖွတ် ဒေသခံတို့ ထိုင်းအစိုးရကို တိုက်ပွဲ ၀င်ခဲ့ရသောသတင်းအချက်အလက်  ပွင့်လင်းစွာထုတ်ပြန်ပေးမှုကို ရရှိ နိုင်ရေးနှင့် ဒေသခံများပါဝင်ခွင့်ရ ရေးအတွက်ကြိုတင်အားထုတ်ထား သင့်ကြောင်း တိုက်တွန်းခဲ့ပါသည်။

]]စီးပွားရေးတိုးတက်မှုကို မဆန့်ကျင်ဘူး။စီးပွားရေးတိုးတက် ကောင်းမွန်သလို ကျန်းမာရေးကိစ္စ တွေကောင်းမွန်ဖို့လိုတယ်။ မက်ထ ဖွတ်ကို သင်ခန်းစာယူပါ။ထားဝယ် အနေနဲ့ ကိုယ့်ဘက်က အဆင့်သင့် ဖြစ်နေဖို့လိုတယ်}}ဟု ထိုင်းပြည်သူ့ ကျန်းမာရေးဝန်ထမ်း မစ္စတာတမ နွန်က ဆိုပါသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ထားဝယ်အထူးစီးပွားရေးဇုန်သည်  အာဆီယံနိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် တရုတ်(ယူနန်ပြည် နယ်)တို့အတွက် အဓိကအရေးပါ နေသည့် အရပ်ဒေသဖြစ်ပါသည်။ ရေနက်ဆိပ်ကမ်းစီမံကိန်းပြီးစီးပါ က မလက္ကာရေလက်ကြားအပေါ် အားထားရမှုလျော့နည်းသွားမည် ဖြစ်ပါသည်။ ထို့ပြင်တရုတ်၊အိန္ဒိယ နှင့် အာဆီယံနိုင်ငံတို့အကြား ကုန်း တွင်းကူးသန်းရောင်းဝယ်မှုမြင့်တက် လာမည်ဖြစ်ပြီးဒေသတွင်းကုန်ထုတ် လုပ်မှုအတွက် ထားဝယ်ဒေသက အချက်အခြာဖြစ်လာမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေး၊ စက်မှုဖွံ့ဖြိုးရေး အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ၊စက်မှုလုပ်ငန်းများတည်ထောင် လုပ်ကိုင်ခွင့်ပေးရမည်ဖြစ်သော် လည်း အခြားတစ်ဖက်တွင်လည်း  သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံ များ၏လူမှုဘ၀ကို အလေးထားရန် လည်းလိုအပ်ပါသည်။ လာမည့် ၁၀စုနှစ်များအတွင်း ထားဝယ်သည် အနည်းနှင့် အများပြောင်းလဲလာ တော့မည်။ မီးခိုးခေါင်းတိုင်များ၊ ရေဆိုးမြောင်းများနှင့်အတူ မြို့ပြ ဆန်လာတော့မည့် ထားဝယ်ဒေသ အတွက် မက်ထဖွတ်ဒေသခံတို့၏ အမှာစကားက]]မက်ထဖွတ်ကို သင် ခန်းစာယူပါ}}ဟူ၍သာ . . .။
စည်သူအောင်/ Printed By Weekly Eleven News Journal

စိုးရိမ်မှုများကြားက ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း

Thursday, November 08, 2012  အိမ့်သံစဉ်
~
ငြိမ်းငြိမ်း ~
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း တနေရာ (ဓာတ်ပုံ- ဧရာဝတီ)
ထားဝယ်ခရိုင် ရေဖြူမြို့နဲ့ လောင်းလုံမြို့နယ်မှာ တည်ဆောက်မယ့် ထားဝယ်ရေနက်စီမံကိန်း ဧရိယာတွင်းရှိ ရွာ ၁၆ ရွာကို မကြာခင် ပြောင်းရွှေ့တော့မယ် သတင်းတွေ ထွက်ပေါ်နေပြီး ဒေသခံတွေအနေနဲ့ လည်း ရေရေရာရာ မသိရသေးသလို စိုးရိမ်မှုတွေ ရှိနေပါတယ်။ 

စက်မှုဇုန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသခံတောင်သူတွေ အလုပ်အကိုင်ဆုံးရှုံးသွားမှာ၊ ဘိုးဘွား စဉ်ဆက်ဥယျာဉ်ခြံလုပ်ငန်း ကွယ်ပျောက်ကုန်မယ့် စိုးရိမ်ချက်တွေ ရှိနေသလို စီမံကိန်းထဲပါသွားလို့ ဆုံးရှုံးသွားရတဲ့ ဥယျာဉ်ခြံတွေအတွက် ထိုက်သင့်တဲ့လျော်ကြေးမရကြဘူးလို့ ပြောဆိုသံတွေ ကြားနေရ ပါတယ်။ 

အစိုးရကတော့ လမ်းဖောက်တာနဲ့ စီမံကိန်းမြေနေရာရှင်းလင်းမှု၊ အသေးစားစက်မှုဇုန် တည်ဆောက်ရေး စတာတွေကို နှစ်နှစ်အတွင်း အပြီး လုပ်ဆောင်မယ်လို့ ပြောဆိုထားပါတယ်။  ဒီစီမံကိန်း မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်ရေးအတွက် ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေ ခပ်စိပ်စိပ်လုပ်လာပါတယ်။ 

လူဦးရေ သုံးသောင်းကျော်ရှိတဲ့ စီမံကိန်းဧရိယာတွင်းရှိ ရွာများ ရွှေ့ပြောင်းရေးအစီအစဉ် ဆောင်ရွက်ထားမှု၊ ပည်သူများအတွက် လျော်ကြေး အစီအစဉ် နဲ့  စီမံကိန်း လုပ်ငန်းပြီးစီးမှုအခြေအနေတွေအကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြုလုပ်ငန်းအဖွဲ့ (ယာယီ) ဥက္ကဌ ဦးတင်မောင်ဆွေ ကို ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး။         ။ အခုလောလောဆယ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ ဘယ်လောက်ထိ ရောက်နေပါပြီလဲ။ 

ဖြေ။      ။ အခုချိန်မှာ စီမံကိန်းနေရာပြင်ဆင်ခြင်း(site preparation) ပဲ လုပ်ရသေးတယ်။ စီမံကိန်းနဲ့ ပတ်သက်တာတော့ မလုပ်ရသေးဘူး။ site preparation ဆိုတာက စမယ်ဆိုရင်လုပ်လို့ရအောင် အဆင်သင့်ပြင်တဲ့အဆင့်၊ အဲဒါပဲ လုပ်ရသေးတယ်။ 

မေး။ အဲဒါတွေက ဘာတွေပါဝင်လဲ။ 

ဖြေ။ အခု ကျနော်တို့ ဆိပ်ကမ်းစတူးမယ်ဆိုရင် တူးသင်္ဘောတွေ ၀င်လို့ရအောင် မြေရှင်း တာ၊ တောရှင်း တာတွေ လုပ်၊ လမ်းဖောက်တာတွေ လုပ်ရသေးတယ်။ ၂၀၁၄ မှာတော့ အပြီးလုပ်မှာဗျ။ 

မေး။ သတင်းစာမှာ ဖော်ပြထားတာက စက်မှုဇုန်တွေ လုပ်မယ်ဆိုတာလည်းပါတယ်။ ပထမအဆင့်ပေါ့။ စက်မှုဇုန်တွေလုပ်မယ်။ လမ်းတွေဖောက်တယ်ဆိုတာ အီတာလျှံ -ထိုင်း ကုမဏီက အကုန် တာဝန်ယူ တာလား။ 

ဖြေ။ အခုက G-toG လုပ်မှာပါ။ management mechanism မှာလေ။ ကော်မတီဖွဲ့ထားပါတယ်။ အဲဒီ 
ကော်မတီ က လုပ်မယ့် developer ကိုရှာမယ်။ အီတာလျှံ ထိုင်းက လုပ်မယ်ဆိုလည်း ကွန်ထရက်တာ တယောက်အနေနဲ့လည်း သူပါမှာပါ။ ပထမကတော့ developer အနေနဲ့ စီမံကိန်းတခုလုံးကို တာဝန် ယူပြီး လုပ်မယ်ပေါ့။ အခုချိန်မှာက အစိုးရကနေပြီးတော့ အစိုးရနှစ်ခု ဗမာနဲ့ ထိုင်းပေါင်းပြီး လုပ်မယ်။ investor တွေကို စိစစ်ပြီး ရွေးချယ်မယ်။ အီတာလျှံ ထိုင်းက သူ့အနေနဲ့ ကွန်ထရက်တာ တယောက်အနေ နဲ့ ရှယ်ယာ ထဲ့မယ် အရင်းနှီး ထဲ့ပြီး ပါဝင်လုပ်ကိုင်သွားမယ်။ ၂၀၁၄ မှာ ရေနက်ဆိပ်ကမ်း ပထမအဆင့်မှာ လုပ်မယ်။ ကားလမ်းက ယိုးဒယား-မြန်မာ လမ်းကို ၂ လမ်းသွား၊ တဖက် ၂ လမ်းစီပါတဲ့ လမ်းဖောက်နေ တယ်။ နောက် early development မှာ အသေးစား အလတ်စား စက်မှုဇုန်တခုလုပ်မယ်။ လျှပ်စစ် ဓါတ်အား ပါဝါစတေရှင်းတခု ၃၃ မီဂွါဝပ်ရှိတဲ့ ဂတ်စ်တာဘိုင် တခုလုပ်မယ်။ 

မေး။       ပါဝါအတွက်က ဂတ်စ်တာဘိုင်တခုပဲ ဆောက်မယ်ဆိုတော့ အရင်ရွာသားတွေက ဆန္ဒပြထား တဲ့ ကျောက်မီးသွေးစက်ရုံကိုရောဆက်လုပ်ဖို့ ရှိသေးလား။ 

ဖြေ။          ။  နောက်မှ ခင်ဗျ။ ပထမဆင့်မှာတော့ ဂတ်စ်တာဘိုင်ပဲ သွားမယ်။ လောလောဆယ်တော့ မရှိသေးဘူး။ စက်မှုဇုန်တခုအတွက် လုံလောက်တဲ့ ဂတ်စ်တာဘိုင် တခု ကျနော်တို့ လုပ်မယ်။ ကျောက် မီးသွေး စက်ရုံကို ၄၀၀၀ မီဂါဝပ်ကနေ ၄၀၀ မီဂွါဝပ်ဆို လုံလောက်လို့ လုပ်ဖို့ ခွင့်ပြုထားတယ်။ အခုကတော့ petro chemical လုပ်ငန်းတွေ မစသေးပါဘူး။ 


မေး။ စက်မှုဇုန် ပထမအဆင့် အကုန်လုံးက ဘယ်ဒေသတွေမှာလုပ်မှာလဲ။ ဖြေ။ ထားဝယ်အထူး စီးပွားရေးဇုန် နယ်မြေထဲမှာပဲ။ ပဂေါဇွန်းဒေသမှာ လုပ်မယ်။ ပဂေါဇွန်းနယ်မြေမှာ စက်မှုဝန်ကြီးဌာနပိုင် ပဂေါဇွန်းဆီ အုန်းခြံဆိုတာရှိတယ်ဗျ။ စက်မှုဝန်ကြီးဌာနပိုင်မြေမှာ ကျနော်တို့ site clearing စလုပ်နေပြီ။ investors တွေ လည်း အခုလာကြည့်နေပြီ။ ဂျပန်၊ ထိုင်းရင်းနှီးမြှပ်နှံသူတွေရောပေါ့။ 

မေး။ အလုပ်သမားတွေကျတော့ရော နယ်မြေခံတွေကို ငှားတာလား။ ဘယ်ကနေလာကြတာလဲ။ 

ဖြေ။ ကျနော်တို့ ဒေသခံအလုပ်သမားတွေကို ဦးစားပေးတာပေါ့။ သူတို့အရည်အချင်းလိုက်အရပေါ့။ ကျန်တာ ကတော့ migrants ပေါ့။ တခြားဒေသက အလုပ်သမားတွေ။ သူတို့က မြန်မာနိုင်ငံသားတွေပဲ။ အလုပ်သမား ၁၉၀၀ ကျော်လောက်ရှိတယ်ခင်ဗျ။ 

မေး။ အစိုးရပိုင်မြေမှ စက်မှုဇုန်စနေပီဆိုတော့ ဒေသခံတွေ ပြောင်းရွှေ့ဖို့ကရော ဘယ်လိုရှိပါလဲ။ 

ဖြေ။ relocation အတွက်က နောက်လုပ်မယ့် စီမံကိန်းတွေထဲမှာ ပါတယ်။ ရွာအားလုံး ၁၆ ရွာရွှေ့ရမယ်။ petro chemical တို့နောက် ကျန်တဲ့ industrial လာပြီဆိုရင်။ မရွှေ့ခင်မှာ ရွာတွေအတွက် အိမ်တွေကို အရင်ဆောက်ပေးနေတယ်။ ရေတွေ မီးတွေ အရင်ဆုံး သွယ်ပေးမယ်။ အဲဒါတွေအပြင် စိုက်ပျိုး ရေး မွေးမြူရေးပါ။ လုပ်ကိုင်စားသောက်လို့ရအောင်ပါ ဖန်တီးပေးမယ်။ အားလုံးပေးပြီးတော့မှ ကျနော်တို့ က ရွာတွေ ရွှေ့သွားမှာ ဖြစ်ပါတယ်။ 

မေး။ ၁၆ ရွာလုံးကို တနေရာတည်း စုထားမှာလဲ။ ဘယ်လိုစီစဉ်ထားပါသလဲ။ 

ဖြေ။ ၂ နေရာဗျ။ ဒီဘက်က နဘူးလည်ဒေသ ၅ ရွာကို ဘ၀ါဆိုတဲ့ နေရာကို ရွှေ့မယ်။ ထားဝယ်အပြင် ဘက်ပေါ့။ ရေဖြူမြို့ဘက်က ၁၀ ရွာကိုတော့ ပုဂေါဇွန်းဆိုတဲ့ ဇုန်အပြင်ဘက်မှာပဲ။ ကျန်တဲ့ ၁ ရွာက လောင်းလုံ မြို့နယ်က ညောင်ပင်ဆိပ်ရွာကို လောင်းလုံမြို့နယ်ထဲကပဲ ပန်းတင်အင်းရွာကို ရွှေ့မယ်။ ရှိပြီးသားရွာပါ။ ဇုန်နဲ့ကပ်ရက်အပြင်ဘက်မှာပါ။ စုစုပေါင်း လူဦးရေ ၃ သောင်းလောက်ရှိတယ်။ 

မေး။ ပြောင်းရွှေ့နေရာချတာက ပထမအဆင့်မှာပါတာလား။ 

ဖြေ။ ကျနော်တို့ ရွာတွေ ဆောက်ပြီးတာနဲ့ ကျောင်းဖွင့်ချိန်အမှီ ကျနော်တို့ ရွှေ့မှာပါ။ အခုဆိုရင် အိမ် ၃၄၃ လုံး ဆောက်ပြီးပါပြီ။ ဒီနိုဝင်ဘာမှာ စုစုပေါင်း အလုံး ၅၀၀ လောက် ပြီးမှာပေါ့။ ရွာတွေကို အစုလိုက် အစုလိုက် ကျောင်းဖွင့်ချိန်အမှီ ရွှေ့ပေးသွားမှာပါ။ သူတို့နဲ့ ညှိနှိုင်းပြီးတော့။ မေး။ ရွာသားတွေရဲ့ လုပ်ငန်းတွေ အတွက်ရော ဘယ်လိုစီစဉ်ဆောင်ရွက်ပေးမှာပါလဲ။ တောင်သူတွေများတယ် ဆိုတော့လေ။ 

ဖြေ။ အလုပ်အကိုင်ကတော့ သူတို့ကတော့ စိုက်ပျိုးရေးပဲ လုပ်တာဆိုတော့ စိုက်ပျိုးရေးရအောင် ဒီသီးနှံ မဟုတ်တော့ဘဲ။ (ဒေသခံတောင်သူတွေက သီဟိုဋ်၊ ရာဘာ၊ ဆီအုန်း စတဲ့ နှစ်ရှည်သီးနှံတွေ အစိုက် များပါတယ်) တခြားသီးနှံပေါ့။ ဒူးရင်းတို့၊ ကြက်မောက်တို့ မင်းကွတ်တို့ ၀င်ငွေလည်းကောင်းတဲ့ ဟိုက်ဘရစ် (hy-bird) မျိုးတွေပေါ့။ ကျနော်တို့ ထိုင်းနိုင်ငံက အင်ပို့လုပ်ပြီး ၀ယ်ပေးတယ်။ ၀ယ်ပေးပြီး သူတို့ကို စိုက်ပေးမယ်။ နောက် သူတို့မှာ လျော်ကြေး ရထားတဲ့ငွေတွေ ရှိမယ်ခင်ဗျ။ အဲဒီငွေတွေနဲ့ ၀ယ်ပြီးတော့ ဇုန်အပြင်ဘက်မှာ စိုက်မှာပေါ့။ သူတို့မှာရှိတဲ့ မိသားစုတွေထဲက အလုပ်ပေး မယ် လေ။ ယောက်ျားရော၊ မိန်းမရော၊ နောက်တခုက အမျိုးသမီးတွေအတွက်ကျ အိမ်တွင်းမှု စက်မှု လုပ်ငန်း ဆိုတာ ရှိတယ်။ domestic industry ဆိုတာပေါ့။ အိမ်ထဲမှာပဲ စက်မှုဇုန်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ လုပ်ပြီး ဇုန်ထဲကို သွင်းဖို့လေ။ နောက်တခုက လူများလာတဲ့အတွက် အရောင်းအ၀ယ် လုပ်ငန်း တွေ ဈေးရောင်းတာတွေ လုပ်နိုင်တယ်။ 

မေး။            ။ ရွာသားတွေစိုက်ပျိုးရေးအတွက် ခုနကပြောတဲ့ ဒူးရင်းတို့ ကြက်မောက်တို့ ထိုင်းကနေ ၀ယ်ပြီးတော့ မျိုး ပေးမယ်လို့ ပြောတာလား။ 

ဖြေ။             ။ မျိုး ပေးမယ်ခင်ဗျ။ အဲဒါ အိမ်တိုင်းမှာ ပါတယ်။ မိသားစု နှစ်ရှည်ဝင်ငွေရအောင်၊ အိမ်တိုင်း အိမ်တိုင်းမှာ ထဲ့ပေးမယ်။ ဒါပေမယ့် mass production အတွက်ကျ မျိုးရှာပေးမယ်။ ကိုယ့်ဟာကို ၀ယ်ရမယ်။ သူတို့ အရင်းအနှီး စိုက်ရမှာပေါ့။ ကျနော်တို့ နည်းပညာဖြန့်ဖြူးမယ်။ ပိုးသတ်ဆေး ဘယ်လို သုံးရတယ် ဆိုတာ လိုက်ကြည့်မယ်။ ကူညီပေးမယ်ပေါ့။ 


မေး။ စက်မှုဇုန်ပြင်ပမှာ တောင်သူတွေ စိုက်ပျိုးဖို့ ချထားမယ်ဆိုတော့ သူတို့အတွက် စိုက်ပျိုးမြေဧကကို ခွဲတမ်းနဲ့ ပေးတာလား။ ဒါမှမဟုတ် ဘယ်လိုပုံစံမျိုးနဲ့ ပေးသွားမှာလဲ။ ဖြေ။ လောလောဆယ်တော့ သူတို့ လိုချင်တယ် ဆိုရင် တိုင်းဒေသကြီးအစိုးရက စီစဉ်ထားတယ်ခင်ဗျ။ အိမ်ထောင်စု တခုချင်းအတွက်ကို လိုအပ်တဲ့ စိုက်ပျိုးမြေ၊ လယ်စိုက်ပျိုးသူအတွက် လယ်မြေပေါ့။ 


မေး။        ။ အခု သူတို့ကို ရွှေ့ပေးမယ့်ရွာသစ် ၂ ရွာက ဘယ်လောက်လောက်ကျယ်ပါလဲ။ သူတို့အတွက် လုံလောက်တဲ့ အကျယ်အ၀န်းရှိပါသလား။ ရွာတွေဆို ကျယ်ကျယ်ဝန်းဝန်းရှိတယ်လေ။ အားလုံးကို စုထား လိုက်မယ် ဆိုရင် ဘယ်လိုအခက်အခဲတွေ ရှိနိုင်ပါသလဲ။ ဖြေ။ အခု ကျနော်တို့က သေချာကို မြို့ပြ စီမံကိန်း (town plan) ဆွဲပြီးတော့ မြို့ပုံစံ လုပ်ပေးတာ၊ မြေကွက် ၁၀၀ - ၈၀ အကျယ်ပေါ့။ ကျယ်ပါတယ်။ အဲဒီမှာ ကွန်ကရစ် တိုက်အိမ်လေးပေါ့။ 


မေး။ သူတို့ကို လျော်ကြေးတွေက ရထားတဲ့အထဲက ၀ယ်ရမယ်ဆိုတော့ လျော်ကြေးပေးထားပြီးသားလား။ 

ဖြေ။ မပေးရသေးဘူး။ သူတို့ကို ရွှေ့မယ်ဆိုရင် လက်ရှိ ရှိနေတဲ့ ရွာတွေကို လျော်ကြေးပေးရအုံးမှာ။ ရွာတွေ စိုက်ပျိုးခြံတွေကိုလေ။ 

မေး။ ဒီလျော်ကြေးကို အစောဆုံး ဘယ်အချိန်မှာ ပေးမှာလဲ။ 

ဖြေ။ အဲဒါကတော့ ရွှေ့မှ။ အခုရေနက်ဆိပ်ကမ်းဆောက်မယ့်နေရာ၊ လမ်းဖောက်မယ့် နေရာ အဲဒီနေရာတွေကို လျော်ကြေး ပေးပြီးသွားပြီ။ ရွာတွေ ရွှေ့မယ်ဆိုရင် လက်ရှိ ရွာနေရာကို ကျနော်တို့ လျော်ကြေးပေးရမယ်။ ပေးတဲ့အခါ stateholders အကုန်လုံး ပါပြီး စံဈေးနှုန်းတခုသတ်မှတ်ပြီး အားလုံး မျှမျှ တတလေး ဖြစ်အောင် လုပ်ပေးပြီး လျော်ကြေးပေးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ မပေးရသေးဘူး။ 

မေး။                ။ ဒီလမ်းဖောက်တဲ့နေရာက အပင်တွေ ပျက်စီးသွားတဲ့ လူတွေအတွက်ကျတော့ရော။ 

ဖြေ။ အဲဒါတွေက ပေးပြီးပြီခင်ဗျ။ ညှိနှိုင်းတယ်။ သူတို့ ကျေနပ်တဲ့ဈေး အရ လျော်ကြေးပေး တယ်။ နောက် စီမံကိန်း အရ လမ်းဆိုတော့ လမ်းဖောက်တာပေါ့။ 

မေး။       ။ ဒါပေမယ့် တချို့ လျော်ကြေးမရသေးဘူးလို့ ပြောဆိုနေတာတွေ ရှိပါတယ်။ ဘယ်လိုဖြေရှင်းပေး ပါလဲ။ 

ဖြေ။     ။ အဲဒါကျတော့ တချို့လူတွေက ဒေသခံ မဟုတ်တော့ဘူး။ ၀ယ်ရောင်း သမားတွေ ဖြစ်တဲ့အခါ ကျတော့ ကျနော်တို့ ပေးတဲ့ ဈေးနှုန်းကို လက်မခံနိုင်ဘူး။ ဥပမာ တဧကကို ၁၀ သိန်းလောက်ပေးတယ် ဆိုရင် သူတို့က တဧကကို သိန်း ၃၀ လောက် လိုချင်တယ်။ အဲလိုမျိုး ကျနော်တို့က မပေးနိုင်ဘူး။ ကျနော်တို့ သတ်မှတ်ထားတဲ့ စံဈေးနှုန်းတိုင်းပဲ ပေးလို့ရတယ်။ ခုနက လူမျိုး ရှိပါတယ်။ အဲလိုလူတွေ ကျတော့ ငွေ ကို ဘဏ်ထဲမှာ ထဲ့ထားတယ်။ ဒေသက သတ်မှတ်ထားတဲ့ စံဈေးနှုန်းတိုင်း လက်ခံနိုင်ရင် ကျနော်တို့ ထုတ်ပေးမယ်။ လက်မခံရင်တော့ ငွေက ဘဏ်ထဲမှာပဲ ရှိနေတယ်။ သူ့ရဲ့ ဘေးဘယ်ညာခြံတွေလည်း တူတူပဲလေ။ ပတ်ဝန်းကျင်မှာ သတ်မှတ်ထားတဲ့ ဈေးအတိုင်းပဲ ရမှာပေါ့။ အဲဒါထက်တော့ ပိုတောင်းလို့ မရဘူးပေါ့။ တချို့ခြံတွေလည်း ရှိပါတယ်။ ညှိနှိုင်းလို့ မရဘူးပေါ့။ ဥပမာ ဆီအုန်းခြံတွေ ဘာတွေ ကျတော့ ဈေးနှုန်းမသတ်မှတ်ရသေးဘူး။ အဲဒါတွေကျတော့ ကျနော်တို့ မထိသေးဘူး။ အဲဒီဟာကျတော့ ကျနော်တို့က ကျွမ်းကျင်တဲ့အဖွဲ့တွေ ဗဟိုကလာပြီး အဖွဲ့ဖွဲ့၊ စံ ဈေးနှုန်းတခုသတ်မှတ်ပြီး မှ ချေပေးမှာပေါ့။ 


မေး။        ။ ဟုတ်ကဲ့။ အလုပ်သမားတွေကို လုပ်ငန်းခွင်အသစ်မှာ ဒေသခံတွေ အလုပ်လုပ်ချင်တဲ့ လူတွေကို အလုပ်ပေးမယ်ဆိုတော့ လုပ်ခ သတ်မှတ်ထားတာမျိုး ရှိပြီလား။ ကုမ္ပဏီက ပေးတဲ့ဈေးနှုန်းအတိုင်းပဲလား။ 

ဖြေ။      ။   ရှိတယ်။ အခု မြန်မာနိုင်ငံမှာ အနည်းဆုံး လုပ်ခ ဥပဒေဆိုတာ ထွက်လာလိမ့်မယ်။ ဒီဥစ္စာကို ကျနော်တို့ စောင့်နေတယ်။ လောလောဆယ်မှာ တနေ့ကို ၃၅၀၀ ကျပ်ပေးတယ်။ အိုဗာတိုင် မပါဘူး။ ၈ နာရီ အလုပ်လုပ်ရင်။ အိုဗာတိုင်က ၂ နာရီရတယ်။ ၁ နာရီကို ၈၀၀ နဲ့ ၂ နာရီဆိုတော့ ၁၆၀၀ ကျပ်ပေါ့။ ပေါင်းတော့ ကျပ် ၄ ထောင်ကျော် ၅ ထောင်နီးပါးရတယ်။ ဒါက basic အခြေခံအဆင့်ပေါ့။ ကျွမ်းကျင်မှုအလိုက် ကျွမ်းကျင်လုပ်သား ပန်းရံ စသဖြင့် လုပ်တတ်တဲ့သူက ၇ ထောင် ၈ ထောင် ရကြပါတယ်။ ဒါပေမယ့် ထိုင်းလုပ်သားတွေနဲ့ ယှဉ်ရင်တော့ ကျနော်တို့က အရမ်းကို နည်းနေသေးတယ်။ ထိုင်းအလုပ်သမားတွေက နိုင်ငံခြားက လာလုပ်တယ်ဆိုတော့ (basic pay) အခြေခံရတာတော့ အတူတူပဲ။ ဒါပေမယ့် allowance တွေပိုသွားတယ်။ နေထိုင်စရိတ်၊ စားစရိတ် အဲဒါတွေ ပေါင်းလိုက်တဲ့ အခါကျ တော့ ပိုသွားတယ်။ အခု ကုမဏီနဲ့ ညှိထားတာ အခြေခံလစာကို ၃၅၀၀ ကနေ ၄၅၀၀ အထိ တိုးပေးဖို့။ အလုပ်ချိန် ၈ နာရီကိုလေ။ လက်ရှိ တိုးပေးလိုက်လို့ ရှိရင် ဥပဒေက မထွက်သေးတော့ အနည်းဆုံးလုပ်ခ ဥပဒေကို ကျနော်တို့ စောင့်နေတယ်ခင်ဗျ။ ဒီဟာကို ကြည့်ပြီး ပေးသွားမှာ ဖြစ်ပါတယ်။ 

မေး။          ။ အနည်းဆုံးလုပ်ခဥပဒေက အမျိုးသားလွှတ်တော်မှာဆို ဆွေးနွေးတဲ့အခါမှာ လုပ်ခတွေကို ဒေသအလိုက် သတ်မှတ်ဖို့ ပြောပါတယ်။ အခု ဒီစီမံကိန်းမှာ တာဝန်ယူသူတယောက်အနေနဲ့ အနိမ့်ဆုံး လုပ်ခ သတ်မှတ်ချက်တွေက ဘယ်လို ရှိသင့်တယ် ထင်ပါလဲ။ အခု ထားဝယ်မှာ ပေးတဲ့ ဈေးနှုန်းက ရန်ကုန်မှာ မရတော့လေ။ 

ဖြေ။                ။ မရဘူး။ ကျနော်တို့က နှိုင်းယှဉ်ပြတယ်လေ။ (ထိုင်းနိုင်ငံဘက်ခြမ်း) မဟာချိုင်မှာဆို ဘယ်လောက် ရတယ်၊ မဲဆောက်ဆို ဘယ်လောက်ရတယ်။ ဘန်ကောက်မှာဆို ဘယ်လောက်ရတယ်၊ နောက် ထားဝယ်ဒေသမှာ စည်ပင်သာယာက ဘယ်လောက်ပေးတယ်၊ အဲဒီ rate တွေကို ကျနော် တို့ ကြည့်လိုက်တယ်ဗျ၊ အဲလောက်ထိတော့ နည်းလို့တော့ မရဘူး။ ဒီမှာ အနည်းဆုံး အဲလောက် ပေးရ မှာပေါ့။ ဒေသနဲ့ကိုက်တဲ့ လုပ်ခလစာမျိုး ရသင့်တယ်။ ဒီမှာက အခြားဒေသထက်စာရင် အများကြီးများ တယ်။ ဒီမှာက မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ တနေကုန် မြေပဲနှုတ်ရင် ၈၀၀ ပဲရတယ်။ ဒီမှာက ၃၅၀၀ ရတဲ့အ တွက် တနေကုန် ၈၀၀ ပဲ ရခဲ့တဲ့အလုပ်သမားတွေက ဒီမှာ လာလုပ်တာ သူတို့အတွက် ပို အဆင်ပြေ တယ်။ ထားဝယ်ဒေသခံတွေကျတော့ ၃၅၀၀ က နည်းနေပြန်ရော။ ထိုင်းမှာ သွားလုပ်တဲ့ အခါကျတော့ အနည်းဆုံး ဘတ် ၄၀၀-၅၀၀ ရတာကိုး။ ဒီကလုပ်ခက ဘတ်နဲ့ဆို တရာလောက်ပဲ ရတော့ မကိုက်ဘူး။ အဲဒါမျိုးတွေ ကျနော်တို့ ညှိပေးရတယ်။ 

မေး။           ။ အခုလောလောဆယ် လုပ်ငန်းတွေ မှာ မြန်မာပြည်အလယ်ပိုင်းဒေသတွေက အလုပ်သမား တွေက ပိုများသလား။ 

ဖြေ။        ။ မများဘူး။ တူတူလောက်ပဲ။ ဒါ migrant လေဘာပေါ့။ စီမံကိန်းစပြီဆိုရင်အလုပ်သမား ထောင် နဲ့ သောင်းနဲ့ချီ ရောက်လာမှာပဲ။ 

မေး။             ။ ထိုင်းနဲ့ မြန်မာအလုပ်သမား အချိုးအစားက ဘယ်က ပိုများပါသလဲ။ 


ဖြေ။                ။  မြန်မာက ပိုများတယ်ခင်ဗျ။ သုံးပုံပုံ ၂ ပုံလောက်ရှိတယ်ခင်ဗျ။ မြန်မာလုပ်သား များပါတယ်။ 

မေး။                 ။  နိုင်ငံခြားရင်းနှီးမြှပ်နှံမယ့်သူတချို့က ထားဝယ်ဆိပ်ကမ်းမှာ infrastructure မလုံလောက်မှုတွေက သူတို့အတွက် အခက်အခဲ ရှိတယ်လို့ ပြောကြတယ်။ စိုးရိမ်ကြတယ်။ ဒီလိုဆိုတော့ အခု အကောင်အထည်ဖော်မှုပိုင်းမှာ နှောင့်နှေးမှုတွေ ရှိလား။ 

ဖြေ။      ။ အင်ဖရာစထရပ်ချာမရှိဘဲနဲ့ ရင်းနှီးမြှပ်နှံမယ့်သူ ဘယ်လိုမှ မလာဘူးလေ။ အဲဒါတော့ သိတယ်။ အခုထိ ပထမအဆင့်ကို ၂၀၁၄ မတိုင်ခင်မှာ အပြီးလုပ်ရမှာ။ ၂၀၁၅ မှာ ထိုင်းမြန်မာဆက်သွယ်မယ့် ကားလမ်းကြီး ပြီးသွားမယ်။ ပထမအဆင့်- မီးတို့၊ ရေ၊ ဆက်သွယ်ရေးကွန်ယက်အဆင့်တွေ ပြီးသွားပြီ။ ဒါဆို လာပြီး မြှပ်နှံလို့ရမှာပါ။ 


ဧရာဝတီ မှကူးယူမျှဝေသည်။

လာမည့်နှစ် ထားဝယ်စီမံကိန်း တစ်ရွာသာ ကနဦးပြောင်းရွေ့ရမည်

ထားဝယ်၊ နိုဝင်ဘာ ၉

ထားဝယ်စီမံကိန်းကြောင့် ပြောင်းရွှေ့ရန် ရာထားခံရသည် ကျေးရွာပေါင်း ၁၆ ရွာအနက် လာ မည့်နှစ် ကျောင်းဖွင့်ရာသီအချိန်တွင် ကျေးရွာ တစ်ရွာသာ ကနဦး ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း ထားဝယ် စီမံကိန်းလုပ်ငန်း အထောက်အကူပြုအဖွဲ့ ဥက္ကဌ ဦးတင်မောင်ဆွေက ပြောကြားသည်။

လာမည့် ၂၀၁၃ ဇွန်လခန့်တွင် ထားဝယ်စီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာပေါင်
း၁၆ ရွာမှ ဒေသခံ သုံးသောင်းကျော် ပြောင်းရွှေ့ပေးရမည်ဟု နိုဝင်ဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် ဧရာဝတီ သတင်း ဌာန တွင် ဖော်ပြထားသော်လည်း ဦးတင်မောင်ဆွေက ထိုသို့ပြောဆိုခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အိမ်အလုံး ၃၄၃ လုံးသာ တည်ဆောက်ပြီးစီးပြီဖြစ်သည့်အတွက် ကျေးရွာ တစ်ရွာ (သို့မဟုတ်) အများဆုံး နှစ် ရွာခန့်ကိုသာ ၂၀၁၃ ခုနှစ် ပထမ နှစ်ဝက်အတွင်းတွင် ပြောင်းရန် အဆင် သင့်ဖြစ်မည်ဖြစ်ကြောင်း ဦးတင်မောင်ဆွေက ဆိုသည်။

“ဇုန် ( အထူးစီးပွားရေးဇုန်) ကလည်း လက်ရှိမလုပ်သေးဘူးလေ။ ဆိုတော့ ရွာတွေ သူဟာနဲ့ သူ နေ လို့ရပါသေးတယ်” ဟု ဦးတင်မောင်ဆွေက ပြောသည်။

အထူးစီးပွားရေးဇုန်တွင် ရင်နှီးမြှပ်နှံမည့်သူများရှိလာမှသာလျှင် စက်ရုံတည်ဆောက်မည့် နေရာအလိုက် တစ်ခုချင်း ဖြည်းဖြည်းချင်း ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း၊ ယခုနှစ်ကုန်တွင် ပြန်လည်နေရာချ ထားရေး အတွက် အိမ် အလုံး ၅၀၀ ခန့်သာ ပြီးမည်ဖြစ်ကြောင်း၊ ပြန်လည်နေရာချထားရေးနေရာများတွင် ရေမီး အစုံဖြစ်မှ သာလျှင် ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။

ထားဝယ်စီမံကိန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ထိုင်း-မြန်မာပူတွဲကော်မတီ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

“ဒု ၀န်ကြီးတွေ အများကြီးပါတယ်ဆိုတော့ လုပ်ငန်း ပိုသွက်လာမှာပေါ့” ဟု ဦးတင်မောင်ဆွေက မှတ်ချက်ပြုသည်။

ထားဝယ် စီမံကိန်းကို ၂၀၀၈ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ပြီး ယခုနှစ်ကုန်တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းကို စတင်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ကနဦး တည်ဆောက်မည့် အသေးစားနှင့် အလတ်စား စက်ရုံများအတွက် ဧက တစ်ရာကျော် ရှိသည့် မြေနေရာကို စတင်ရှင်းလင်းနေပြီဖြစ်သည်။

Dawei Watch

တနင်္သာရီမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအနီး ဘောလူးချောင်းတွင် ရွှေတုံးရွှေခဲများ တွေ့ရှိသည်ဆိုသောကြောင့် ရွှေရှာသူများပြားလာ၊ ကချင်ပြည်နယ်မှ ရွှေရှာသူနှင့် ဒေသခံရွှေရှာသူ ဦးရေ တစ်သောင်းကျော်အထိရှိ

http://www.news-eleven.com/index.php?option=com_content&view=article&id=16389:2012-11-14-05-17-49&catid=45:2009-11-10-07-45-41&Itemid=113  



November 14, 2012  (Eleven Media Group)
ha-14-11-3
ဘောလူးချောင်းတစ်လျှောက်၌ ရွှေလာရောက်ရှာသူများအား တွေ့ရစဉ်
တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအနီး တနင်္သာရီမြစ်၏ ချောင်းလက်တက်တစ်ခုဖြစ်သော ဘောလူးချောင်းတစ်လျှောက်တွင် ရွှေရှာနေသူ များတွင် ရွှေတုံး၊ ရွှေခဲများတွေ့ရှိနေရကြောင်း သိရသည်။
ယခုလက်ရှိ ဘောလူးချောင်း၌ ရွှေလာရောက်ရှာသူများတွင် မြန်မာပြည်မြောက်ပိုင်းရှိ ကချင်ပြည်နယ်မှ ရွှေရှာသူ အများဆုံးလာရောက်လုပ်ကိုင်နေကြပြီး ဒေသခံရွှေရှာသူများဖြင့်ဆိုလျှင် လူဦးရေတစ်သောင်းကျော် အထိ ရှိနေကြောင်း၊ ရွှေရှာသည့် ရွှေအဆိုင်း ၄၀ ကျော်ရှိပြီး တစ်ဆိုင်းလျှင် လူ ၂၀ ခန့် ၀င်ရောက်လုပ်ကိုင်ကြ ကြောင်း၊ ဘောလူးချောင်းမှာ တနင်္သာရီမြစ်လက်တက်တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံနယ်စပ်ဘက်သို့ သွယ်တန်းနေ ကြောင်း၊ အဆိုပါနေရာမှာ သင်္ဘောဦး ကျေးရွာအုပ်စုအတွင်း ပါဝင်ကာ တနင်္သာရီမြို့နယ်မှ ရေလမ်းခရီး ၁၂ နာရီ သွားရကြောင်း သိရသည်။
“ကျွန်တော်တို့ သွားရောက်လုပ်ကိုင်တာကတော့ အခုဆိုရင် လေးလကျော်သွားပြီ ရွှေတွေကတော့ အတုံးလိုက်အခဲလိုက် တွေ့ရတယ်။ ကချင်ပြည်နယ်ဘက်က ရွှေရှာတဲ့မုဆိုးတွေ ပြောပြချက်အရဆိုရင် သူတို့ လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလိုရွှေအတုံးအခဲ တွေ့ရတဲ့ ဘောလူးချောင်းလိုနေရာမျိုးကို မတွေ့ဖူး ကြောင်း၊ သူတို့တောင်အံ့သြမိကြောင်း ပြောပါတယ်။ ပုံမှန်အတိုင်းဆိုရင် ချောင်းတစ်လျှောက်မှာ ရွှေကျင်တဲ့ အပြားတွေနဲ့ အမှုန်လေးတွေကို ကျင်ယူရပေမယ့် ဒီမှာကတော့ ရေပန်းနဲ့ကမ်းပါးတွေ၊ တောင်စောင်းတွေကို ထိုးချလိုက်ပြီး အောက်ကိုကျလာတဲ့ အနည်တွေထဲမှာ ရွှေတွေကို ကောက်ယူတဲ့ပုံမျိုးဖြစ်နေပါတယ်။ အဲဒီထဲမှာ တစ်နိုင်တစ်ပိုင်လေးတွေလည်း ရွှေကျင်တဲ့အပြားလေးတွေနဲ့ လိုက်ကျင်တာတောင် တစ်နေ့ကို အတော်လေး တွက်ခြေကိုက်ပါတယ်။ ကချင်ပြည်နယ်ဘက်က ရွှေရှာတဲ့ အမျိုးသမီးကြီးတစ်ယောက်မှာလည်း ပိဿာနဲ့ချီပြီး လေးတဲ့ ရွှေတုံးကြီးကို ရသွားသလို ဓာတ်ဗူးအရွယ်လောက်ရှိတဲ့ ရွှေတုံးကြီးကို ရသွားတဲ့သူတွေလည်း ရှိတယ်။ သိရသလောက်ကတော့ ရွှေအချိန် ၆၀ ကျပ်သားကျော်အထိ အတုံးကြီးတွေရနေတာလည်း ရှိတယ်” ဟု ဘောလူးချောင်းတွင် သွားရောက်ရွှေရှာနေသူ တနင်္သာရီဒေသခံတစ်ဦးက ပြောသည်။
ha-14-11-4
ဘောလူးချောင်းတစ်လျှောက်မှ ရရှိခဲ့သော ရွှေတုံးရွှေခဲများကို တွေ့ရစဉ်
ရွှေရှာသူများတွင် နေကြာစေ့အရွယ် ရွှေတုံးလေးများလည်း အများအပြားရနေကြောင်း၊ ရွှေအရည်အသွေး မှာ ၁၅ ပဲရည်ရှိကာ လာရောက်ဝယ်ယူသူများလည်းရှိကာ တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းဝန်းကျင် ဈေး ပေးဝယ်နေကြောင်း သိရသည်။
“အခုဆိုရင် တနင်္သာရီမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ လူငယ်၊ လူလတ်ပိုင်းအတော်များများ ရွှေရှိတဲ့ အဲဒီ နေရာကို သွားရောက်နေကြပြီး ရတဲ့လူတွေလည်းရှိသလို မရတဲ့လူတွေလည်းရှိတယ်လို့ သိရတယ်။ ရွှေရှာတဲ့ နေရာမှာ ရွှေအကြောင်းနားလည်တဲ့သူက လိုက်ပြပြီး ရွှေထွက်တယ်လို့ယူဆရတဲ့နေရာကို ပြနိုင်ရင် ဒီမှာရှိတဲ့ ဥယျာဉ်ရှင်ကို ငွေသိန်းဆယ်ဂဏန်းအထိပေးပြီး လုပ်ခွင့်ယူရပါတယ်။ ဒီနားမှာရှိတဲ့ တစ်နိုင်တစ်ပိုင်ဒေသခံ လက်ကျင်သမားတွေက ဒီနေရာကို ၀င်လို့မရတော့ပါဘူး” ဟု သတ္တုအကြောင်းကျွမ်းကျင်သူ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ထားဝယ်ရိုးရာ ၀တ်စားဆင်ယင်မှု ပြိုင်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်


ထားဝယ်၊ နိုဝင်ဘာ ၁၄ (Dawei Watch)

မိဘမဲ့နှင့် ချို့တဲ့နွမ်းပါး ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရန်အတွက် ပထမဆုံး ထားဝယ်ရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲနှင့် အနုပညာစွမ်းရည်ပြပွဲရန်ပုံငွေ ပွဲတော်ကို ထားဝယ်မြို့တွင် ဒီဇင်ဘာ လကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်သည်။

ထားဝယ်ဒေသတွင် ရက်လုပ်သောချည်ထည်များဖြင့် ထားဝယ်ရိုးရာဝတ်စုံများကို ပွဲတက်ဝတ်စုံအဖြစ် ဝတ်ဆင်လာစေရန်၊ မိမိဒေသက ရက်လုပ်သောချည်ထည်များကို ခေတ်မီလှပသောဝတ်စုံများ ချုပ်လုပ်ပြီးရိုးရာမပျက်ဝတ်ဆင်နိုင်သည့် အကြောင်း လူအများ သိလာစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ ထားဝယ်မြို့တော်ခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းပွဲဖြစ်မြောက်ရေးအတွက် အကျိုးဆောင်လုပ်ကိုင်နေသည့် ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေး (CDP) အဖွဲ့မှ ဦးအောင်ဖြိုးဝင်း ကပြောကြားသည်။

အဆိုပါပွဲပြုလုပ်ရန် ကျင်းပရေး ခန့် မှန်းကုန်ကျစရိတ်မှာ သိန်း ၃၀ ဝန်းကျင်ခန့် ကုန်ကျမည် ယင်းအဖွဲ့က ခန့်မှန်းထားသည်။

ကုန်ကျစရိတ်များအတွက် ဒေသအတွင်းရှိ ထားဝယ်ရိုးရာနှင့်ပတ်သက်၍ စိတ်ပါဝင်စားအားပေးသူများနှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များထံမှ အကူအညီတောင်းခံမည်ဖြစ်ပြီး ရရှိလာသောအကျိုးအမြတ်များကို ကလေးသူငယ်ဖွံ့ ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် အသုံးပြုမည်ဖြစ်ကြောင်း ဦးအောင်ဖြိုးဝင်း ကဆက်လက်ပြောကြားသည်။

အဆိုပါပွဲတွင် ဝတ်စားဆင်ယင်မှုပြိုင်ပွဲအပြင် ထားဝယ်ရိုးရာသံချပ်၊ ကလေးသူငယ်များ၏ ဖျော်ဖြေမှု၊ ထားဝယ်ရိုးရာ ရေအိုးရွက်အက စသည့်ရိုးရာဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်သည်။

ထားဝယ်ရိုးရာဝတ်စုံကို မိမိကိုယ်တိုင် မမြင်ဖူးဘဲ ယခုကဲ့သို့ ထားဝယ်ရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲ ကျင်းပသဖြင့် အလွန်စိတ်လှုပ်ရှားမိကြောင်း ထားဝယ် နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောကြားသည်။

“ထားဝယ် ရိုးရာဝတ်စုံကို အရင်ကလိုမ၀တ်ကြတော့ဘူး။ ဒါပေမယ့် ခေတ်မီ ဒီဇိုင်း နဲ့ ပြိုင်ပွဲလုပ်ရင် အမြင်တစ်မျိုးနဲ့ လှပါလိမ့်မယ်။ အခြားဝတ်စုံတွေလို ၀တ်လာပါလိမ့်မယ်”ဟု ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ကျောင်းသူတစ်ဦးက သုံးသပ်ပြော ကြားသည်။

ထားဝယ်မြို့တွင် ရိုးရာ လက်မှု ယက္ကန်းရက်လုပ်နေသူမှာ လေးဦးခန့်သာကျန်ရှိတော့ပြီး လူတစ်ယောက်တစ်နေ့ ရက်လုပ်လျှင်နှစ်ကိုက်ခန့် သာပြီးစီးသည်။

ထားဝယ်ရိုးရာလက်မှုရက်ကမ်းပညာသင်ယူရာတွင် အသေးစိတ်သင်ယူရသောကြောင့် နှစ်ချီ၍သင်ယူရပြီး ရိုးရာကိုထိန်းသိမ်းသည့် အနေဖြင့်သာ ယက္ကန်း ရက်လုပ်လုပ်နေခြင်းဖြစ်ကြောင်း ထားဝယ်မြို့မှ ယက္ကန်းပညာရှင် ဒေါ်အေးမူကဆိုသည်။

”တို့  သက်ရှိသရွေ့တော့ ထိန်းသိမ်းသွားမယ်။ နောက် မျိုးဆက်သစ်တွေ မရှိတော့တာကြောင့် စိတ်မကောင်းဖြစ်မိတယ်”ဟု ၎င်းကဆိုသည်။

ထားဝယ်လုံချည်မှာ ယခင်ကာလများက နာမည်ကျော်ခဲ့သော်လည်း ယခုအချိန်တွင် သိရှိသူနည်းပါးနေပြီဖြစ်သည်။



ဒေါ်အောင်ဆန်းစုကြည် ထားဝယ်သို့ စည်းရုံးရေးခရီး လာရောက်စဉ်က ထားဝယ်လုံချည်ဝတ်ဆင်ခဲ့သည်။ ဓါတ်ပုံ AFP

ထားဝယ်စီမံကိန်းဧရိယာအတွင်း ပြောင်းရွှေ့ရန်အတွက် ကျေးရွာ တရွာတည်းသာ ဆွေးနွေးနိုင်သေး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ဧရိယာအတွင်း ရှိ ကျေး ရွာများတွင် ပြောင်းရွှေ့ရန်အတွက် ယနေ့ထိ မူးဒူးကျေးရွာသားတွေနဲ့သာ ဆွေးနွေးထားပြီး ကျန် တဲ့ ကျေး ရွာသားတွေနဲ့ ဆွေးနွေး အကြောင်းကြားခြင်း မရှိသေးကြောင်း သိရသည်။

ဘဝါကျေးရွာရှိ ပြန်လည်နေရာချထားရေးအတွက် နေအိမ်အချို့ကို တွေ့ရစဉ်
ဘဝါကျေးရွာရှိ ပြန်လည်နေရာချထားရေးအတွက် နေအိမ်အချို့ကို တွေ့ရစဉ်

“မူးဒူးရွာ တစ်ရွာတည်း
တောင်မှ မနဲကြိုးစားဆောင်ရွက်နေရတာ ကျန်တဲ့ရွာတွေ အတွက် ဆိုရင် နောက် ထပ် ၆ နှစ် လောက်အတွင်းမှာ ပြောင်းရွေ့မဲ့ကိစ္စ ဆောင်ရွက်ဖို့ မဖြစ်နိုင်ပါဘူး၊ နေစရာလဲမရှိသေးဘူး၊ အိမ်ခြံလျော်ကြေးတွေအတွက် လုံးဝကို မဆွေးနွေးရသေးဘူး။ တောခြံကိစ္စလောက်သာ လျော်ကြေး ကိစ္စ ရောင်းဝယ်ကိစ္စ ဖြစ်ကြသေးတယ်” ဟု ယမင်းကြီးကျောင်း ဆရာတော် ဦးသြဘာသက ထားဝယ် လူထုအသံသို့ မိန့်ကြားခဲ့ပါသည်။

မူးဒူးရွာတွင် ရွာသားအချို့က ဒီလောက်လျော်ကြေးနဲ့ တစ်အိမ်တည်းကျန်တဲ့အထိတောင် မပြောင်းနိုင်ဘူး လို့ ပြောဆိုနေကြပြီး၊ မယင်းကြီးရွာတွင်လည်း တိုက်ပေးမယ် ကားပေးမယ်ဟု ပြောဆိုပြီး စည်းရုံးနေသော် လည်း ရွာသား ၅ ဦးလောက်သာ ခေါင်းညိတ်သဘောတူကြသည်။ ကျန်တဲ့ကျေးရွာသားများက သဘော တူခြင်း မရှိပေ။ ဒါကြောင့် ၂၀၁၃ ဇွန်လတွင်မူးဒူးတစ်ရွာတည်းသာ ပြောင်းရွေ့ဖို့ ဖြစ်နိုင် ဟု ပြောဆိုနေ ကြသည်။

“ကျန်တဲ့ရွာတွေအတွက် မဖြစ်နိုင်သော အိပ်မက်တစ်ခုလို့ မှတ်ထားလိုက်ပါ (ITD) ဝန်ထမ်း ဒေသဖွံ့ဖြိုးရေး တာဝန်ခံ ဦးမင်းကျော်ဝေကိုလည်း သွားလာဖို့အတွက် ကားစီစဉ်မပေးဘူး၊ ကျန်းမာရေးတာဝန် ခံ ဒေါက် တာဝင်းနိုင်ကိုလည်း ဆေးပေးတာများတယ် မလိုအပ်တဲ့ ကုန်ကျစရိတ်ပိုတယ်လို့ ဖိအားပေးခံနေရတယ်” ဟု ဆရာတော် ဦးသြဘာသက ဆက်လက်မိန့်ကြားခဲ့သည်။

ဒီလောက် အသေးအမွှားတွေမှာတောင် လုပ်ပေးတာရကို ကပ်စေးနည်းနေတယ်ဆိုရင် ကြီးကြီးမားမား ဆိုရင် ပိုဆိုးမယ်ဟု ဒေသခံပြည်သူများက ပြောဆိုနေကြသည်။

“ရွှေ့ပြောင်းရေးနှင့် ပတ်သက်ပြီး တာဝန်ရှိသူတွေက ဒေသခံတွေကို တစ်စုံတစ်ရာ အသိပေးတာ အခုထိ မရှိဘူး။ ပြောင်းရွှေ့ရမယ်ဆိုတာပဲ သိတာ။ ဘယ်တော့ ဘယ်အချိန် ပြောင်းရမယ်ဆိုတာ မသိကြဘူး။ ၂၀၁၃ ဇွန်လမှာ ပြောင်းရွှေ့မယ်လို့သာ အထက်က အတိအလင်းပြောနေတာ တကယ်တမ်း ကျတော့ ရွှေ့ပြောင်းရေး ကိစ္စနဲ့ပတ်သက်ပြီး နေဖို့ အိမ်ယာဆောက်ပေးနေတာတွေက အနည်းအကျဉ်းပဲ ရှိတယ်။ အခုမှ ဘဝါနေရာချထားရေးမှာ အိမ်အလုံးရေ ၃၀၀ လောက်ပဲ ပြီးသေးတယ်။ အဲဒါ တစ်ရွာစာ အိမ်ခြေတွေထက် နည်းတယ်။ နဘုလယ်ဒေသက ကျေးရွာ ၁၆ ရွာ ပြောင်းရွှေ့ရ မည် ဖြစ်ပြီး သေသေ ချာချာ စီစဉ်ပြောဆိုထားခြင်းမရှိဘဲနဲ့ အချိန်တိုတိုလေးအတွင်းမှာ ကဗျာကယာပြောင်းရွှေ့ရမယ် ဆိုရင် ဒေသခံတွေအတွက် တော်တော်အခက်အခဲရှိလိမ့်မယ်။ ဒေသခံတွေကလည်း ပြောင်းရွှေ့ရေးကိစ္စကို သိပ်စိတ်မဝင်စားဘူး။ အများစုက မပြောင်းရွှေ့ဖို့အတွက် ပြောနေကြတယ်” ဟု ထားဝယ်စီမံကိန်း ကို လေ့ လာစောင့်ကြည့်နေသည့် ထားဝယ်အမျိုးသမီးသမဂ္ဂမှ မလွင်လွင်က ရှင်းပြသည်။

ထားဝယ်စီမံကိန်းဧရိယာအတွင်းမှ ပြောင်းရွှေ့ရမည် ကျေးရွာများမှာ နဘုလယ်ဒေသရှိ မူးဒူး၊ ပရဒပ်၊ လဲရှောင်၊ ဆင်ကြီးနှင့် မယင်းကြီးရွာများကို ဘ၀ါကျေးရွာသစ်သို့ အရင်ပြောင်းရွှေ့မည်ဖြစ်ပြီး ရေဖြူမြို့ နယ်ရှိ မင်းဒပ်၊ ပိန်းရှောင်၊ ကျောက်ဘွဲ့ကုန်း၊ သစ်တိုထောက်၊ ရလိုင်၊ ပုဂေါဇွန်း၊ သပြေဇွန်း၊ ရက္ခတပင် အင်း၊ ဝက်ချောင်း၊ ခမောက်ချောင်း စသည်တို့ကို ပုဂေါဇွန်းရှိ စက်မှုဇုန်သစ် အနီးသို့ ပြောင်းရွှေ့ မည် ဖြစ်ကြောင်း၊ လောင်းလုံမြို့နယ်ရှိ ညောင်ပင်ဆိပ်ရွာကိုမူ ပန်းတင်အင်း ရွာဆီသို့ ရွှေ့မည် ဖြစ်ကြောင်း သိရသည်။

ထာားဝယ်လူထုအသံ မှကူးယူမျှဝေသည်။