၂၇ စက်တဘာ ၂၀၁၄
ထိုင်းနိုင်ငံ လက်ရှိ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာသည် လာမည့် အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ တရားဝင် ခရီးစဉ်သွားရောက်ရန် ရှိပြီး ထိုင်း-မြန်မာ စီးပွားရေး အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး လုပ်ဆောင်မည်ဟု သတင်းရရှိသည်။
အထူးသဖြင့် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံချိန်တွင် ထိုင်းနှင့် မြန်မာ ၅၀ ရာခိုင်နှုန်းစီ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရှိသည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်ပြီး ပြန်လည်စတင်၍ အရှိန်မြှင့်လုပ်ဆောင်နိုင်ရေး မျှော်လင့်ထားသည်ဟု ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြီးခဲ့သော ဇွန်လ ၁၃ ရက်က ကျင်းပသည့် ၂၀၁၅ ခုနှစ်အတွက် ဘတ်ဂျက်ဆိုင်ရာ အစည်းအဝေးအပြီးတွင် တွေ့ရသော ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ (ဓာတ်ပုံ – Time) |