ဖိုးစိုးသူ
|
သောကြာနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ၀ကုန်း ကျေးရွာအနီးရှိ ရေဖြူချောင်းနှင့် ပျားသားချောင်းအနီးတွင် အရှေ့တိုင်း ကုမ္ပဏီမှ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းကြောင့်ရွာငါးရွာမှ ဒေသခံများ အတွက် သောက် သုံးရေမသန့်ရှင်းမှုနှင့် စိုက်ပျိုးရေးလုပ်ငန်း ခက်ခဲမှုများ ကြုံတွေနေရသည်ဟု ဒေသခံများက ပြောသည်။
“ခဲသတ္တုတူးဖော်တာဖြစ်တဲ့အတွက် ချောင်းရေတွေက နုန်းရေတွေပဲ စီးဆင်းနေတယ်။ ဒီချောင်းကို အမှီပြုပြီးနေကြတဲ့လူတွေအတွက် သောက်သုံးရေ အခက်အခဲဖြစ်သွားကြတယ်။ နောက်ပြီး စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင် ကြတာဖြစ်တဲ့အတွက် ဒီရေတွေနဲ့ အပင်တွေကို လောင်းရင် အပင်တွေ သေ ကြတယ်။ ဒါ့ကြောင့် ဒီစီမံကိန်းကို မလိုလားဘူး” ဟု ၀ကုန်းကျေးရွာမှ ဦးဇော်အောင်က ပြောသည်။