Sunday, July 29, 2012

ထားဝယ်မိုး

ထားဝယ်မိုး
(သားကြီး )

တိမ်သလ္လ္လာညိုကာ ယိမ်းအဖွဲ့လို ”က”
ဟိုမှာဒီမှာ ကပြာကယာ
ပြေးဆော့ကာနေ နေကြပြီဆို
အမိုးမလုံက ကမ်းကုန်အောင်ဖာဖို့ပြင်ကွဲ့
ခွက်ဖလားမကျန်အောင်ပ စိတ်ဆိုးကာမာန်မယ့်မိုး။

ပလီပလာ တီတီတာတာ
မူယာ မာယာ နွဲ့ ကာ မချွဲတတ်ပါဘု
မာယာဆို ပမာကို ပြစရာမရှိသမို့
ဝေဟင်မှာ တိမ်ညိုတွေ ကျောက်ချရင်ပ
ကွင်းပြင်မှာ မင်းထင်သလို သွားမနေနှင့်ကွဲ့
တဝေါဝေါအော် မင်းဆီကို မိုးစစ်ဆင်တော့မယ်
ထီးအသင့်ပြင်ထား။


 ရွာပြီဆို တဂျီဂျီ တအီအီ မစဲပါဘု
မရွာဘူးဆို နွေလိုနေရောင်ဟာ လူလုံးပြသပေါ့
မိုးစက်တွေ ဘယ်သူခိုးတယ် တွေးမိထင်မှား
အထင်ဟာမကြာပါ အစဉ်အလာမိုးသည်းဟာဖြင့်
ဆက်တိုက်မစဲ တစ်ပတ်ဆိုတာ အောက်ထစ်ပဲမို့
တစ်ခါရွာ တစ်ခါရေကြီးတာ ကြုံရသကွဲ့
စိတ်ကြီးတဲ့မိုး။

ထားဝယ်မိုး တကယ်ဆိုးတယ် မပြောနိုင်ပါဘု
အညာတမာ အဆောင်မှားကွေးရအောင်ပ
အတန်းလစ်တာ စေတနာနဲ့ပါကွဲ့……….အဟဲ့
မဒီပျို အဘယ်ကို သွားမှာလဲကွယ်
ကျွတ်ဖါကို ဖောင်ဖွဲ့ပို့မယ် ကမ္ဘာအဆုံးထိလား
မြှော့ရယ်၊ ကျွတ်ကယ်မကြောက်ပါလေနဲ့ ငါ့ကိုသာဖက်ပါကွဲ့
မိုးသည်းတိုင်း ပြောမဆိုင်းစကားတစ်ခွန်းဟာဖြင့်
ငပိသုပ်နဲ့ ဗိုက်အပြည့်အုပ်ပြီးရင်ပ
သိန်းတန်သီချင်းနဲ့ ထမင်းလုံးစီစောင်ခြုံကွေးမယ်
ထားဝယ်မိုးဟာ ဒါမျိုးက တအားငြိမ့်ပါရဲ့
ကွယ်…….သိကြားမင်းဖယ်ထား။

သားကြီး
Dawei Watch facebook မှကူးယူဖော်ပြပါသည်။  

Tuesday, July 24, 2012

ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများမှ တနင်္သာရီတိုင်း အစိုးရအဖွဲ့နှင့် ထားဝယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ ( DDPC ) ကို အိတ်ဖွင့်စာပေး




Dawei Watch မှတစ်ဆင့်ကူးယူတင်ပြသည်။

ထားဝယ်စီမံကိန်း မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်ရေး ထပ်မံအတည်ပြု

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၈ မိနစ်

မဇ္ဈိမသတင်းဌာန ။        ။ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် စီးပွါးရေးဇုန် တည်ထောင်ရေး၊ အရှေ့အလယ်ပိုင်းဒေသနှင့် အိန္ဒိယမှ အရှေ့တောင်အာရှ ဒေသသို့ ပိုမိုကောင်းမွန်သည့် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းတခု ဖန်တီးရေးတို့နှင့် ပတ်သတ်သည့် ကတိကဝတ်များကို ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအနေဖြင့် တနလာင်္နေ့က ထပ်မံ အတည်ပြုခဲ့ကြသည်။

ထားဝယ်စီမံကိန်းအား ထိုင်းနိုင်ငံ၏ အကြီးဆုံး ကန်ထရိုက်တာ Italian-Thai ကုမ္ပဏီက ဦးဆောင်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆ဝ ဘီလီယံ နီးပါး ကုန်ကျနိုင်သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်လပ်က သတင်းစာ ရှင်းလင်းပွဲ တခု၌ သတင်းထောက်များကို ပြောကြားခဲ့ရာတွင် စီမံကိန်း ဖွံ့ဖြိုးရေးနှင့် ပတ်သတ်သည့် ကိစ္စရပ်များအပါအဝင် စီမံကိန်း ဆက်လက်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဝန်ကြီးအဆင့် အဆက်အသွယ် ထားရှိမည်ဟုလည်း ဆိုသည်။
Thein-Sein-Thai-trip-1
ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေသော သမ္မတဦးသိန်းစိန်သည် ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်ရှိ လမ်ချာဗန်ရေနက်ဆိပ်ကမ်းသို့ တနင်္ဂနွေ ဇူလိုင် ၂၂ ရက်မွန်းလွဲပိုင်းက သွားရောက်လေ့လာရာ ထိုင်းအရာရှိများက ရှင်းလင်းတင်ပြနေပုံ။ (ဓာတ်ပုံ- MJA)

“ကျမတို့ရဲ့ ဆွေးနွေးပွဲမှာ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း အပြည့်အဝ တိုးတက်ရေးနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရှေ့ဆက်ဖို့ ထိုင်းအစိုးရရဲ့ ကတိကဝတ်တွေကို ကျမ အနေနဲ့ ထပ်မံအတည်ပြု လိုက်ပါ တယ်” ဟု ထိုင်းဝန်ကြီးချုပ် ယင်လပ်က ဆိုသည်။

ထားဝယ်စီမံကိန်းတွင် သံမဏိ စက်ရုံ၊ ရေနံဓါတုစက်ရုံ၊ ရေနံ သန့်စင်စက်ရုံ တို့ ပါဝင်သည့် ၂၅ဝ စတုရန်း ကီလိုမီတာ ရှိသော စက်မှုဇုန်တခု အပြင် မီးရထားလမ်းတခုနှင့် ထိုင်းနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းများနှင့် စက်မှုဇုန်များ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများသို့ ဆက်သွယ်နိုင်မည့် အဝေးပြေးလမ်းမ ကွန်ယက်သစ်လည်း ပါဝင်မည်
ဖြစ်သည်။

Thursday, July 19, 2012

ထားဝယ်မြို့နယ်တွင် ကုမ္ပဏီများ ထပ်မံ သစ်ခုတ်မည်ကို ဒေသခံများ စိုးရိမ်နေ

 Thursday, 19 July 2012

ဇူလိုင်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နှင့် ၁၃မိုင် ကွာဝေးသော အညာဖျားကျေးရွာအုပ်စုတွင် လာမည့် နွေရာသီ၌ သစ်ထုတ်လုပ်ရေး ကုမ္ပဏီ များက ထပ်မံ၍ သစ်များ လာရောက်ခုတ်ယူမည်ဟု ယခင်လက ပြောဆိုခဲ့သည့်အပေါ် ဒေသခံ ပြည်သူများက စိုးရိမ်လျှက်ရှိသည်။
“ကုမ္ပဏီတွေက နွေကျရင် ကျနော်တို့ဘက်က သစ်တွေကို လာခုတ်ယူအုံးမယ်လို့ အရင်လက လာပြောသွားတယ်လေ။ အဲဒါ ဘယ်ကို တိုင်လို့ တိုင်ရမှန်းလည်း မသိဘူး။ သူတို့က နေပြည်တော်က ပါမစ်ရတယ်ဆိုပြီး လုပ်နေကြတာကိုး”ဟာ ဒေသခံ ညောင်ချောင်းရွာသား တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
သစ်ကုမ္ပဏီများဖြစ်ကြသည့် Delco နှင့် May Flower ကုမ္ပဏီများမှာ လွန်ခဲ့သည့် ၂နှစ်ခန့်က အညာဖျားကျေးရွာအုပ်စုအနီးရှိ ကျေးရွာ လူထုပိုင် ဥယျာဉ်ခြံမြေများကို နေပြည်တော်မှ လုပ်ပိုင်ခွင့်ပါမစ်ဖြင့်ဟုဆိုကာ သိမ်းယူသွားခဲ့ပြီး မတန်တဆ လျော်ကြေးများပေးရာ အချို့ ခြံပိုင်ရှင်များမှာ လက်မခံသူများလည်း ရှိသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “အစိုးရပိုင်သစ်တောအပြင် ရွာသား ၅ဦးပိုင်တဲ့ ဥယျာဉ်ခြံလည်း ပါပါတယ်။ ၂ဦးကို အလျော်ပေးပါ တယ်။ တစ်ဦးကို ၃၅သိန်းနဲ့ပါ။ ကျန် ၃ဦးက မယူဘူး။ ခြံထဲမှာရှိတဲ့ အပင်တွေက ၃၅သိန်းမကဘူးလို့ ပြောပါတယ်။ တိုးတောင်းတာ လည်း မပေးဘူး။ တရားစွဲမယ်ဆိုတော့လည်း ဘယ်လိုလုပ်ရမှန်းမသိလို့ အခုလို ကြာနေတာပါ။ နေပြည်တော်က ပါမစ်ရတယ်လို့ ပြော တော့လည်း မတိုင်ရဲတာ ပါပါတယ်”ဟု ဆိုသည်။
ထိုသို့ သစ်ခုတ်ရာတွင် ရရှိသည့်လုပ်ပိုင်ခွင့်(ပါမစ်)မှာ တန် ၁၀၀ဟု ကုမ္ပဏီ တာဝန်ရှိသူများကဆိုသော်လည်း တစ်ပတ်အတွင်း တန် ၈၀၀ခန့် ခုတ်ယူသွားသည်ကိုတွေ့ရကြောင်း မျက်မြင်သက်သေ ဒေသခံများက ပြောဆိုနေကြသည်။
“ကားတွေနဲ့ တိုက်ချနေတာကို တွေ့တာပေါ့။ ကားတစ်စီးမှာ ဘယ်နှစ်တန်ဆံ့သလဲဆိုတာ ကျနော်တို့လည်း သစ်လုပ်နေတော့ တန်ကို ခန့်မှန်းလို့ရတာပါ။ သစ်တွေကို ထားဝယ်ရေနက်ဆိပ်ကမ်းဘက် သယ်တာတွေ့ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
သိမ်းဆည်းခံလိုက်ရသည့် ဥယျာဉ်ခြံများထဲတွင် အုန်း၊ သရက်၊ ပိန္နဲ၊ အင်၊ ကညင် စသည့် နှစ်ရှည်ခံ သစ်ပင်ကြီးများရှိရာ ထိုသစ်တော များကို ခုတ်လှဲခြင်း မရှိစေရေးအတွက် ကျေးရွာလူထုအနေဖြင့် မည်သူ့ထံသို့ အကူအညီ တောင်းခံရမှန်းမသိ ဖြစ်နေရသည်။
အညာချောင်းကျေးရွာအုပ်ချုပ်ရေးမှုး ဦးမြင့်အောင်မှ သစ်စတင်ခုတ်မည့်အချိန်တွင် ကုမ္ပဏီကိုသွားရောက်ပြောဆိုရာ လျော်ကြေးလိုချင် ပါက လက်မှတ်ထိုးနိုင်ပြီး လက်မှတ်မထိုးပါက လျော်ကြေးလုံးဝ မပေးနိုင်ကြောင်းနှင့် အလကား သိမ်းမည်ဖြစ်ကြောင်းပြောဆိုသည်ဟု သိရသည်။
“ကျနော်တို့ကို နင်တို့ ဒီသစ်တောတွေ ရှိလို့လည်း ဘာထူးမှာလည်းလို့ ပြောပါတယ်။ ရွာကို ဘာလုပ်ပေးမှာလဲဆိုတော့လည်း ဘာမှ မလုပ်ပေးဘူးလို့ ပြောတယ်။ လောလောဆယ်တော့ သစ်တောကို ဖြတ်ဆင်းတဲ့ချောင်းဟာ သစ်တောမရှိတော့တဲ့အတွက် နွေမှာခမ်းလို့် ရွာကလူတွေ ရေ ခက်ခဲပါတယ်”ဟု အုပ်ချုပ်ရေးမှုးနှင့်အတူ လိုက်ပါပြောဆိုသူ ရွာသားတစ်ဦးက ပြောသည်။
အညာဖျားကျေးရွာအုပ်စုတွင် ကရင်ရွာများဖြစ်သော ဓားသွေးကျောက်ရွာ၊ ညောင်ချောင်းရွာ၊ ဆိပ်ချောင်းရွာနှင့် အခြားရွာ ၂ရွာ ပါဝင်ပြီး ဒေသခံလူထုမှာ တောင်ယာ၊ ဥယျာဉ်ခြံမြေလုပ်ငန်းများဖြင့် အသက်မွေးနေကြရသည့်အတွက် ယခုကဲ့သို့ သိမ်းယူခြင်းကြောင့် ၎င်းတို့၏ စားဝတ်နေရေးကို ခက်ခဲစေသည်ဟု ထိုဒေသရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Friday, July 13, 2012

ထားဝယ်မှာရသော စားချင်စဖွယ်အစားအစာများ၊ မုန့်များ













ပုံများမှာ ဖေ့စ်ဘုတ်မှသော်လည်းကောင်း၊ ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်းရရှိခြင်းဖြစ်သည်။

Thursday, July 12, 2012

ထားဝယ်တက္ကသိုလ်

ထားဝယ်တက္ကသိုလ်ပုံများကို ရိုက်ကူးကာ ဖေ့စ်ဘုတ်ဓါတ်ပုံတွင်တင်ပေးထားသော ဆရာဖိုးဇော်(ထားဝယ်)အား ကျေးဇူးတင်ရှိပါသည်။




Wednesday, July 11, 2012

ထားဝယ်ရိုးရာမုန့်လက်သုပ်
















Tavoyan (Dawei) Traditional Noodle (ထားဝယ်ရိုးရာ-ကပြားမုန့်လက်သုပ်) ပအုန်းရည်နဲ့ ချက်ထားတာနော်။ ချဉ်လွန်းလို့ ငံပြာရည်နဲ့ ဆားတောင် မနိုင်တော့ဘူး။ 
 
 မှ Yowne Ngel facebook wall


Tuesday, July 10, 2012

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ထားဝယ်ခရိုင်) ကို စတင်ဖွဲ့စည်းလိုက်ပါပြီ


 ဗွီဒီယိုမှတ်တမ်းကို DVB News' Video မှတစ်ဆင့်ကူးယူဖော်ပြပါသည်။ 

ထားဝယ်တက္ကသိုလ် ၃ ခု ကျောင်းသားသမဂ္ဂဖွဲ့
2012-07-08(RFA)
ဇူလိုင် ၇ ရက် အရေးအခင်း နှစ် ၅၀ ပြည့်ပြီးတဲ့ နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ကျောင်းသားသမဂ္ဂကို မောင်းမကန် ကမ်းခြေမှာ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
ထားဝယ် ၀ိဇ္ဇာသိပံ္ပတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် နဲ့ ကွန်ပြူတာတက္ကသိုလ်က ကျောင်းသူ ကျောင်းသား ၇၀ ခန့် တက်ရောက်တယ်လို့  အတွင်းရေးမှူး ဖြစ်တဲ့ ၀ိဇ္ဇာသိပံ္ပတက္ကသိုလ်က ရူပဗေဒ ကျောင်းသား ကိုဇေယျာမင်းက အာအက်ဖ်အေကို ပြောပါတယ်။
အခုကတော့ ဗကသများ အဖွဲ့ချုပ်ဆိုပီး တခါတည်း ဖွဲ့လိုက်တာ။ ပထမတော့ သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ ဆိုပြီး စလုပ်တယ်။ ကျနော် ရန်ကုန်သွားပီး ပြန်ဆင်းလာတော့ ဗကသများ အဖွဲ့ချုပ် ထားဝယ်ခ၇ိုင်ဆိုပြီး တခါတည်း တန်းဖွဲ့လိုက်တာ။ ကျနော်တို့ ထားဝယ်ကို ကိုမင်းကိုနိုင်တို့ ရောက်လာတယ်။ ကိုမင်းကိုနိုင်တို့ ကိုပြုံးချိုတို့က ကျနော့်ကို ပြောတယ်။ ထားဝယ်မှာ ကျောင်းသားသမဂ္ဂ တခု ဖွဲ့ဖို့အတွက် ပြောပြီးတော့ အဲ့နောက်မှာ ကျနော် ကျောင်းသားတွေခေါ်ပြီးနဲ့ ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီဆိုပြီး ပထမဆုံး စဖွဲ့တယ်။
တလလောက် ကြာသွားပြီပေါ့နော်။ အဲ့ဒီနောက် ကျနော် ရန်ကုန်သွားတယ်။ ကိုကျော်ကိုကိုနဲ့ ဆက်သွယ်တယ်။ ကိုကျော်ကိုကိုက မူကြမ်းတွေ ပေးပြီးတော့ ဒီနေ့ပဲ ကျနော်တို့ ဒီမှာ ဖွဲ့လိုက်တာ။
ဗကသများ အဖွဲ့ချုပ် (ထားဝယ်ခရိုင်) ကို ကော်မတီဝင် ၃၀ ဦးခန့်နဲ့ ဖွဲ့စည်းခဲ့တယ်လို့ ကိုဇေယျာမင်းက ပြောပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်) ရဲ့ မူ ၅ ချက်ပေါ် အခြေခံပြီး ဒီမိုကရေစီ ပညာရေး ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေး နဲ့ ငြိမ်းချမ်းရေး အတွက် ရည်ရွယ် လုပ်ဆောင်မယ်လို့ ကိုဇေယျာမင်းက ပြောဆိုပါတယ်။

ထားဝယ်ခရိုင်ကျောင်းသားသမဂ္ဂဖွဲ့စည်းပုံ

by Abfsu Dawei on Sunday, July 8, 2012 at 10:29pm · (ABSFU Dawei facebook wall မှကူးယူသည်)
                 ထားဝယ်ခရိုင်ကျောင်းသားသမဂ္ဂ
  1. ကိုမင်းလွင်ဦး        (နည်းပညာတက္ကသိုလ်)      - ဥက္ကဌ
  2. ကိုတင်အောင်ဌေး (ထားဝယ်တက္ကသိုလ်)         - ဒု ဥက္ကဌ
  3. မ၀င့်ဝါယု             (ကွန်ပျုတာတက္ကသိုလ်)      - ဒု ဥက္ကဌ
  4. ကိုဇေယျာမင်း                                               - အတွင်းရေးမှူး
  5. မနေသက်သက်နွေး(နည်းပညာတက္ကသိုလ်)     - တွဲဘက်အတွင်းရေးမှူး(၁)
  6. ကိုသျှားအောင်       (နည်းပညာတက္ကသိုလ်)     - တွဲဘက်အတွင်းရေးမှူး(၂)
  7. ကိုဝသုန်နိုင်                                                  - ဘဏ္ဍာရေးမှူး
  8. မအေးမာချို           (ထားဝယ်တက္ကသိုလ်)        - တွဲဘက်ဘဏ္ဍာရေးမှူး

ထားဝယ်ရိုးရာ ယက်ကန်း

ထားဝယ်ရိုးရာယက်ကန်း

ချည်ခင်
ထားဝယ်အမျိုးသမီးတစ်ဦးချည်ခင်လုံးနေစဉ်
ထားဝယ်အမျိုးသမီးတစ်ဦးချည်ခင်လုံးနေစဉ်