Monday, July 29, 2019

ဂျပန်ပါဝင်လာတော့မည့် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း

ချမ်းမြထွေး 25 JUL 2019   | 
မြန်မာတိုင်းမ်အပတ်စဉ်



ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ ပင်မစီမံကိန်းကို အကောင်အထည်ဖော် ရန် မြန်မာ“ဂျပန်“ထိုင်း သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ဂျပန်ပါဝင် လာရေး အစိုးရဝန်ကြီးများအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Joint Cooperation Committee - JCC) ဆွေးနွေးမှုများ စတင်တော့မည်ဖြစ်သည်။


ထိုင်း“မြန်မာအကြားသဘောတူညီချက်အရ ကနဦးအဆင့်တွင် အကောင်အထည်ဖော်ရမည့် ကိစ္စများသည် ၁၀ နှစ်တာကာလသို့ ရောက်သည့်တိုင် တည်ဆောက်ရေးစီမံကိန်းများ သိသိသာသာ တိုးတက်လာခြင်းမရှိသေးပေ။ 
သို့ရာတွင် ပင်မစီမံကိန်းကို အကောင်အထည်ဖော်မည့်အဆင့်တွင် ဂျပန်ပါဝင်လာရေးကြိုးပမ်းမှုသည် ခပ်စိပ်စိပ်ဖြစ်လာခဲ့ကာ ဂျပန် “ မြန်မာ အစိုးရ အကြား စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးအဆင့် ဆွေးနွေးပြီးပြီ ဖြစ်သည်။  
"စီမံကိန်းတစ်ခုလုံး အကောင်အထည်ဖော်မယ့်အဆင့်မှာ ဂျပန်ပါဝင်ပြီး သုံးနိုင်ငံအစိုးရ ပေါင်းလုပ်သွားမယ်။ စီမံကိန်းအမြန်ဆုံးအကောင်အထည်ပေါ် အောင်တော့ ကြိုးစားဆောင်ရွက်နေပြီ"ဟု အထူးစီးပွားရေးဇုန်စီမံကိန်းများကို ကိုင်တွယ်နေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ထားဝယ်မြို့၏မြောက်ဘက် ကီလိုမီတာ ၂၀ အကွာတွင် အရှေ့တောင်အာရှ ၏အကြီးဆုံး စက်မှုကုန်သွယ်ရေးဇုန်ကြီးအဖြစ် ဟက်တာ ၂၀çဝ၀ဝ နီးပါးရှိသောမြေပေါ်တွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် မြန်မာနှင့်ထ ိုင်းအစိုးရအကြား နှစ်နိုင်ငံပူးတွဲဆောင်ရွက်မှုအဖြစ် ၂၀ဝ၈ ခုနှစ်က စတင်ခဲ့သည်။
ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းကို မြန်မာနှင့် ထိုင်း နားလည်မှုစာချွန် လွှာရေးထိုးထားပြီး ကနဦးအဆင့်အတွက် အကောင်အထည်ဖော်သူအနေဖြင့် အီတာလျံထိုင်းကုမ္ပဏီက လုပ်ဆောင်ခဲ့သည်။ ပင်မစီမံကိန်းကို အကောင်အထည်ဖော်မည့်အဆင့်၌ မြန်မာ“ဂျပန်“ထိုင်း သုံးနိုင်ငံဆောင်ရွက်ရန် ဦးသိန်းစိန်အစိုးရလက်ထက်တွင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။
လက်ရှိတွင် ဂျပန်ပါဝင်သော သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းသည် အောင်မြင်နေပြီး အလားတူ ထားဝယ်အထူးစီးပွားရေးဇုန်သည်လည်း ဂျပန်ပါဝင်လာပါက ကောင်းလာမည်ဟု မြန်မာအစိုးရက မျှော်မှန်းထားသည်။
"ဂျပန်ပါဝင်လာရင်တော့ ပိုပြီးကောင်းသွားမယ့် အနေအထားပါ။ ဂျပန် အစိုးရဘက်ကလည်း အခုလက်ရှိမှာ စိတ်ဝင်စားတဲ့အနေအထား တွေ့ရတယ်။ မြန်မာ“ဂျပန်ပူးပေါင်းတာက အလားအလာကောင်းတဲ့ အနေအထားဖြစ်တယ်" ဟု ဦးခင်မောင်လွင်က ပြောသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) သည် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာမှုများ လုပ်ဆောင် ထားပြီး တရားဝင်အစီရင်ခံစာထွက်ရှိရန် ဆောင်ရွက်နေသည်။ 
"ဂျပန်က ကမ္ဘာမှာတောင် နာမည်ရတဲ့ နိုင်ငံတစ်နိုင်ငံ။ ထိုင်းနိုင်ငံက ကျွန်တော်တို့ဆီမှာ စက်ရုံ၊ အလုပ်ရုံတွေ လာပြီးရင်းနှီးမြှုပ်နှံဖို့ လုံးဝမထင်ဘူး။ သူတို့နိုင်ငံအတွင်းမှာပဲ စက်ရုံတွေထောင်ပြီး တနင်္သာရီတိုင်းအတွင်းက အလုပ်သမားတွေကိုပဲ ခေါ်ပြီးလုပ်ခိုင်းမယ့်သဘောရှိတယ်"ဟု ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းတည်နေရာရှိ ရေဖြူမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးကြည်စိုးက သုံးသပ်သည်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနေရာနှင့် ဆက်စပ်၍ အခြားပင်လယ် ကမ်းခြေနေရာများတွင် ခရီးသွားလုပ်ငန်း၊ ရေလုပ်ငန်း၊ ငါးသယံဇာတမှ စက်မှုကုန်ချောထုတ်လုပ်သည့် စက်ရုံများ၊ မွေးမြူရေးအစာထုတ်လုပ်သည့် လုပ်ငန်း၊ ပင်လယ်ရပ်ခြားခရီးသွားလာမှုအပြင် စီးပွားရေးလုပ်ငန်းရှင်များ သွားလာမှုများလာမည်ဖြစ်သည်။ ထို့ကြောင့် ဒေသတွင်းရှိ ငါးမွေးမြူရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း ဆက်စပ်လုပ်ငန်းများ ပေါ်ပေါက်လာနိုင်သည်ဟု ဒေသခံများက ပြောသည်။
တစ်ပြိုင်နက်မှာပင် ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့လာနိုင်ပြီး ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများသည် လုပ်ငန်းကျွမ်းကျင်မှုဖြင့် ပြန်လာ၍ မိသားစုနှင့် အတူနေနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းတွင် ဂျပန်ပါဝင်လာပါက ဂျပန်နိုင်ငံမှ စက်ရုံအလုပ်ရုံများ ဝင်ရောက်လာမည်ဖြစ်ရာ ဒေသခံများ အလုပ်အကိုင်ရရှိလာမည်ဖြစ်ကြောင်း ဦးကြည်စိုးက ပြောသည်။ 
ကုမ္ပဏီနှင့် မြန်မာအစိုးရကြားချုပ်ဆိုခဲ့သော စာချုပ်ရှစ်ခုတွင် နှစ်ဖက်ဖြည့်ဆည်းရမည့်အချက် စုစုပေါင်း ၇၈ ချက်ရှိပြီး ၅၅ ချက်ကို အီတာလျံထိုင်း က ဖြည့်ဆည်းရမည်ဖြစ်ပြီး ကျန်အချက်မှာ မြန်မာအစိုးရဘက်က ဖြည့်ဆည်း ရမည်ဖြစ်သည်။ မြန်မာအစိုးရဘက်က လုပ်ဆောင်ရမည့်ကိစ္စများတွင် မြေငှားသဘောတူစာချုပ်၊ EIA, SIA, One Stop Service နှင့် အခြားအချက်များ ပါဝင်သည်။
ကနဦးအဆင့်တွင် လုပ်ဆောင်ရမည့် စီမံကိန်းစုစုပေါင်း ကိုးခုရှိပြီး နှစ်လမ်းသွားကားလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦးစက်မှုဇုန်၊ ကနဦးမြို့ပြလုပ်ငန်းများ ပါဝင်သည်။ အချို့စီမံကိန်းများကို စတင်ထားသော်လည်း ကုမ္ပဏီက ပြီးပြတ် အောင် လုပ်ဆောင်ခြင်းမရှိဘဲ ရပ်နားထားသည်ဟု ထားဝယ် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဆန်းက ပြောသည်။
အဓိကကျသော နှစ်လမ်းသွားကားလမ်း၊ လျှပ်စစ်နှင့် ရေနက်ဆိပ်ကမ်းစီမံ ကိန်းငယ် စသည့် အရေးကြီးသော စီမံကိန်း သုံးခုခန့်ကို အီတာလျံထိုင်းကုမ္ပဏီ က ပျက်ကွက်ခဲ့သည့်အတွက် မြန်မာအစိုးရက ထိုင်းအစိုးရဆီမှ ချေးငွေယူ၍ လုပ်ဆောင်ခဲ့ရသည်ဟု ထားဝယ်အထူးစီးပွားရေးဇုန်ကော်မတီမှ သိရသည်။ 
နှစ်လမ်းသွားကားလမ်းဖောက်ရန် ချေးငွေသဘောတူညီချက်ရရှိပြီးဖြစ်ကာ  မြေပြင်တွင် လေ့လာဆန်းစစ်မှုလုပ်ငန်းများ စက်တင်ဘာလကုန်တွင်ပြီးစီးပါက ချေးငွေသဘောတူညီချက် စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။ လမ်းဖောက်ရန် တင်ဒါခေါ်ယူရမည်ဖြစ်ပြီး ၂၀၂၀ နှစ်လယ်ပိုင်းခန့်တွင် လမ်းဖောက်လုပ်မှု စတင်နိုင်မည်ဟု ခန့်မှန်းထားသည်။
မြန်မာဘက်မှ ဆောင်ရွက်ရန် နောက်ဆုံးကျန်ရှိနေသည့် မြေငှားစာချုပ် သဘောတူညီချက်ကို ထိုင်းနိုင်ငံသို့ မကြာမီပေးပို့သွားရန်ရှိပြီး ယင်းကိစ္စပြီး ပါက မြန်မာနိုင်ငံဘက်မှ လုပ်ဆောင်ပေးရမည့်ကိစ္စများ ပြီးစီးပြီဖြစ်သည်ဟု ဦးခင်မောင်လွင်က ပြောသည်။
ကနဦးအဆင့်ကို အကောင်အထည်ဖော်နေသည့်  အီတာလျံထိုင်းကုမ္ပဏီက လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးကိစ္စကိုJCC အစည်းအဝေးတွင် အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ကာ ကုမ္ပဏီဘက်က မဆောင်ရွက်နိုင်ပါကရှင်းလင်းခြင်းကိစ္စများ ဆောင်ရွက်ရန် စီစဉ်နေသည်ဟု ၎င်းက ပြောသည်။
အီတာလျံထိုင်းကုမ္ပဏီအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို၂၀ဝ၈ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ သော်လည်း စီမံကိန်းများ အကောင်အထည်ဖော်မှုမရှိခြင်း၊ နှောင့်နှေးကြန့် ကြာခြင်းများရှိခြင်းကြောင့် ကုမ္ပဏီသည် စာချုပ်ကိုလိုက်နာခြင်းမရှိဟု ဦးမြင့်ဆန်းက ပြောသည်။
"စီးပွားရေးအရ တွက်ခြေမကိုက်ဘူးဆိုရင်လည်း ထွက်ပေါ့။ တခြားတင်ဒါ ခေါ်မှာပေါ့။ အခုကျ ထွက်လည်းမထွက်ဘူး။ လုပ်လည်း မလုပ်ဘူး။ နိုင်ငံတော်အနေနဲ့ ဘယ်လိုလုပ်မလဲ။ အရင်တုန်းက သူကုန်ထားတဲ့ ပိုက်ဆံတွေကို ပေးလိုက်ပြီး ထုတ်လိုက်မလား။ ဒီတိုင်းပဲဆက်ထားမလား။ ဒီတိုင်းပဲဆက်ထား ရင်တော့ ထုံးစံအတိုင်းပဲ နှောင့်နှေးခြင်းဗျူဟာနဲ့သွားနေမှာပဲ။ အစိုးရဘက်က အားနည်းချက်က မူဝါဒမပြတ်ဘူး"ဟု ဦးမြင့်ဆန်းက ၎င်းအမြင်ကို ပြောသည်။
အီတာလျံထိုင်းကုမ္ပဏီသည် ၂၀ဝ၈ မှ ၂၀၁၃ ခုနှစ်ထိသာ လုပ်ငန်း အနည်းငယ်ဆောင်ရွက်ခဲ့ပြီး ယင်းနောက်တွင် ယခုအချိန်ထိ အကောင်အထည် ဖော်မှုလုံးဝမရှိဘဲ လုပ်ငန်းရပ်ဆိုင်းထားခဲ့သည်။ ထိုသို့ရပ်နားထားမှုသည်  ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းအပြင် ဒေသဖွံ့ဖြိုးရေး၊ စီမံကိန်းနှင့် ပူးတွဲပါလာမည့် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်လာရန် မျှော်လင့်ခဲ့ခြင်းအတွက် အားမလိုအားမရဖြစ်စေ ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့ပြင် စက်မှုဇုန်ဧရိယာအတွင်းပါဝင်သည့် ဥယျာဉ်ခြံ၊ လယ်ယာမြေများကို နိုင်ငံတော်က သိမ်းဆည်းထားသော်လည်း ဥပဒေလုပ်ထုံး၊ လုပ်နည်းနှင့်အညီ မြေယာလျော်ကြေးပေးခြင်း၊ အစားထိုးမြေပြန်လည်ပေးခြင်းများကို လုပ်ဆောင် ပေးထားခြင်းမရှိဟု ဆိုသည်။ ထို့ပြင် စီမံကိန်းဧရိယာထဲရှိ မြေများကို လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇) လျှောက်ထားခြင်းကိစ္စများတွင် ဒေသခံများက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည်ဟု ထားဝယ်ဒေသခံ ဦးသန်းဝင်းက ပြောသည်။
အီတာလီလျံထိုင်းကုမ္ပဏီနှင့် မြေယာလျော်ကြေးပြဿနာများစွာရှိခဲ့ပြီး လျော်ကြေးပေးရာတွင်လည်း တန်းတူညီမျှမဟုတ်ဘဲ စီမံကိန်းအစီအစဉ်များကို ပွင့်လင်းမြင်သာစွာ သိခွင့်မရခဲ့ခြင်းများအပြင် ကြိုတင်ပြင်ဆင်မှုအပိုင်း လွန်စွာ  အားနည်းခဲ့သည့်အတွက် မြေယာဈေးကစားခြင်းဒဏ်များ ခံခဲ့ရကြောင်း၊ မြေယာဈေးကစားသူကြောင့် မြေယာလျော်ကြေးကို ဒေသခံများက ကောင်းမွန် စွာမခံစားခဲ့ရဟု ဒေသခံတစ်ဦးက ပြောသည်။
အစိုးရအဖွဲ့အနေဖြင့် မြေယာကိစ္စများနှင့် ပတ်သက်၍ အရင်ဦးဆုံးပြေလည်မှုရအောင် ဖြေရှင်းထားသင့်သည်ဟု ဦးကြည်စိုးက ပြောသည်။
ကနဦးစီမံကိန်းကို ဦးစွာလုပ်ဆောင်ရန် ရှစ်နှစ်ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။ ယခုအခါ ကနဦးအဆင့်နှင့် ပင်မစီမံကိန်းကို တစ်ပြိုင်နက်တည်းလုပ်ဆောင်ရန် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ဆွေးနွေးမှုကို အစိုးရပိုင်းကလည်း သဘောတူညီကြောင်း၊ စီမံကိန်းကို အဓိကအကောင်အထည်ဖော်ရန် ငွေကြေးအင်အားတောင့်တင်းသည့်ကုမ္ပဏီ လိုအပ်သည်ဟု ဦးမြင့်ဆန်းက ပြောသည်။
https://myanmar.mmtimes.com/news/126047.html

Wednesday, July 10, 2019

တနင်္သာရီတိုင်းသို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ပုဂံထက်ကျော်

ထားဝယ်၊ ဇွန်

တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့နိုင်ငံခြားခရီးသည်ဝင်ရောက်မှုမှာ ၃ နှစ်ဆက်တိုက်ပုံဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကိုကျော်တက်သွားကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးလှထွေးကပြောကြားသည်။
“နိုင်ငံခြားခရီးသွားဝင်ရောက်မှုက အခု ပုဂံကို ကျော်နေပြီ“ဟု ဦးလှထွေးက ဆိုသည်။

တနင်္သာရီတိတိုင်းအတွင်း ၂၀၁၈ ခုနှစ်တွင် ခရီးသည်ဝင်ရောက်မှုမှာ ၃၅၀၀၀၀ ဦးကျော်ရှိပြီး နှစ်စဉ်ခရီးသည် ဝင်ရောက်မှုမှာ ပုံမှန်မြှင့်တက်နေကြောင်းတနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးညိုအေးက ပြောသည်။

ပုဂံဒေသသို့ နိုင်ငံခြားခရီးသည် ၂၀၁၆ ခုနှစ်တွင်၂၈၀၀၀၀ ကျော်၊ ၂၀၁၇ ခုနှစ်တွင်၃ သိန်းကျော်၊ ၂၀၁၈ ခုနှစ်တွင်၂ သိန်းခွဲကျော်ဝင်ရောက်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးသို့နိုင်ငံခြားခရီးသည် ဝင်ရောက်မှုမှာ၂၀၁၆ ခုနှစ်တွင် ၃၃၀၀၀၀ကျော်၊ ၂၀၁၇ ခုနှစ်တွင် ၃၄၀၀၀၀ကျော်၊ ၂၀၁၈ ခုနှစ်တွင် ၃၅၀၀၀၀ကျော်ရှိခဲ့သည်ဟု တနင်္သာရီတိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခကြောင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ကျဆင်းချိန်ကပင် တနင်္သာရီတိုင်း ဒေသကြီးခရီးသွားလုပ်ငန်းမှာ ကျဆင်းခဲ့ခြင်း မရှိပေ။
“ခရီးသွား ကျဆင်းချိန် ၂၀၁၆၊ ၂၀၁၇ ခုနှစ်မှာ တောင်ကျမသွားဘူး၊ ကျွန်တော်တို့ဒေသ ပုံမှန် data အမြဲတမ်း  ဦးမော့နေတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မှ ဦးညိုအေးက ဆိုသည်။

တိုင်းအတွင်း ခရိုင် ၃ ခုရှိသည့်အနက်ကော့သောင်းခရိုင်မှာ   နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှု အများဆုံး ဖြစ်ပြီး တိုင်းအတွင်း စိတ်ဝင်စားစရာကောင်းသည့်  ကျွန်းများတွင် စနစ်တကျ ခရီးသွားလုပ်ငန်း လုပ်နိုင်အောင်အတွက် ပြင်ဆင်မည်ဟု သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးလှထွေးက ပြောသည်။

ခရိုင်အလိုက် ခရီးသွားကော်မတီကို ဖွဲ့စည်းထားပြီး ခရီးသွားများအဆင်ပြေမွေ့စေရေးအတွက် အဆိုပါကော်မတီများက လုပ်ဆောင်သွားမည်ဟု၎င်းက ထပ်လောင်းပြောကြားသည်။
မြန်မာနိုင်ငံတွင် ရန်ကုန်၊မန ္တလေး၊  ပုဂံနှင့်  အင်းလေးတို့မှာခရီးသွားဝင်ရောက်မှုအများဆုံးနေရာများဖြစ်သည်ဟုတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ  သိရသည်။

တင့်လွင်၊ ဟသၤာမီဒီယာ၊  ဇွန် ၁၈၊ ၂၀၁၉

Friday, August 12, 2016

“တောင်းမှပေး၊ တိုက်မှရ “သည့် မူအစား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး ထားဝယ်လူငယ် ကိုယ်စားလှယ်အဖွဲ့ တောင်းဆို

Dawei Watch- Auust 4, 2016

“တောင်းမှပေး၊ တိုက်မှရ ” သည့် မူအစား တိုင်းရင်းသားများ ရသင့် ရထိုက်သည့် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးတို့ကို စံနှုန်း တစ်ရပ်အရ တန်းတူရရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရေး မြန်မာနိုင်ငံလုံး ဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံသို့ တက်ရောက်နေသည့် ထားဝယ်လူငယ် ကိုယ်စားလှယ်များက တောင်းဆိုလိုက် သည်။

ယင်းတောင်းဆိုချက်ကို ညီလာခံ သို့ တင်သွင်းသည့် ထားဝယ်လူငယ် ကိုယ်စားလှယ်အဖွဲ့၏ စာတမ်းတွင် ထည့်သွင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့ဟာ ထိုက်သင့်တဲ့ နယ်မြေ၊ လူဦးရေရှိတဲ့ လူမျိုးတစ်မျိုးဖြစ် လို့ တောင်းစရာလည်း မလိုဘူး၊ အကြမ်းဖက်တဲ့နည်းနဲ့ လက်နက်ကိုင် တိုက်ယူရတဲ့ အစဉ်အလာကြီးကိုလည်း ဆက်မရှိစေချင်တော့ဘူး၊ ယဉ်ကျေးတဲ့ နိုင်ငံရေးစနစ်အရ တန်းတူညီမျှမှုရှိစွာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံတော်မူဝါဒကို ချမှတ်ကြဖို့ ဆိုလိုတာပါ” ဟု ထားဝယ် လူငယ်ကိုယ်စားလှယ်အဖွဲ့မှ ကိုကျော်မင်းထိုက်က ပြောသည်။

Saturday, September 27, 2014

အာဏာသိမ်း စစ်ခေါင်းဆောင် ထိုင်းဝန်ကြီးချုပ် မြန်မာပြည် လာမည်

၂၇ စက်တဘာ ၂၀၁၄


ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြီးခဲ့သော ဇွန်လ ၁၃ ရက်က ကျင်းပသည့်
၂၀၁၅ ခုနှစ်အတွက် ဘတ်ဂျက်ဆိုင်ရာ အစည်းအဝေးအပြီးတွင် တွေ့ရသော
ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ (ဓာတ်ပုံ – Time)

ထိုင်းနိုင်ငံ လက်ရှိ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာသည် လာမည့် အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ တရားဝင် ခရီးစဉ်သွားရောက်ရန် ရှိပြီး ထိုင်း-မြန်မာ စီးပွားရေး အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး လုပ်ဆောင်မည်ဟု သတင်းရရှိသည်။

အထူးသဖြင့် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံချိန်တွင် ထိုင်းနှင့် မြန်မာ ၅၀ ရာခိုင်နှုန်းစီ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရှိသည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်ပြီး ပြန်လည်စတင်၍ အရှိန်မြှင့်လုပ်ဆောင်နိုင်ရေး မျှော်လင့်ထားသည်ဟု ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။

Thai leader to visit Myanmar next month to help revive Dawei projects

Sep 25, 2014
BANGKOK, Sept. 25 (Xinhua) -- Thai leader Gen. Prayuth Chan- ocha will pay an official visit to Myanmar next month in a bid to push for the delayed Dawei deep-sea port and industrial estate projects, a high-ranking Thai diplomat said on Thursday.

According to Thai Ambassador to Nay Pyi Taw, Pitsanu Suwannachot, Gen. Prayuth has picked Myanmar in his first official trip overseas since he was named premier.

Prayut Myanmar trip to boost delayed port plan

State visit scheduled for Oct 7, source says

Bangkok Post | 26 Sep 2014
Writer: Wassana Nanuam, Amornrat Mahitthirook & Anucha Charoenpo

Myanmar’s stalled Dawei development project is expected to get a big boost when Thai Prime Minister, Prayut Chan-o-cha, visits the country next month.

Although the prime minister has yet to specify the exact schedule, the visit is likely to be early in October, said Pisanu Suvanajata, Thai ambassador to Rangoon.

But an army source said Gen Prayut’s visit is planned for Oct 7, after he chairs the National Council for Peace and Order meeting at Ban Mangkasila in Saphan Khao.