Saturday, December 8, 2007

လောကသရဖူ လျောင်းတော်မူဘုရားကြီး

ထားဝယ်ဒေသ၏ အထင်အရှား ဘုရားများတွင် တဆူအပါအဝင်ဖြစ်သည့် “လောကသရဖူ လျောင်းတော်မူဘုရားကြီး”သည် ထားဝယ်မြို့မှ ၄ မိုင်ခန့်အကွာ ထားဝယ်မြို့နယ်၊ အလယ်ကုန်း ကျေးရွာတွင် တည်ရှိသည်။ သမိုင်းစာအုပ်အထောက်အထားများအရ ကောဇာသက္ကရာဇ် ၁၂၉၂ ခု၊ တပေါင်းလတွင် တည်ထားကိုးကွယ်၍ ဉာဏ်တော်အလျား ၁၆၂ တောင်၊ ပလ္လင်တော်အလျား ၂၀၀ တောင်၊ ပလ္လင်တော်အနံ ၄၀ တောင်၊ မြေပြင်မှ အမြင့် ၅၂ တောင် အသီးသီးရှိသည်ဟု မှတ်သားသိရှိရပါသည်။ မိတ်ဆွေသူငယ်ချင်းများ ဖူးမျှော်ကြည်ညိုနိုင်ရန် ဓါတ်ပုံများကို တင်ပေးလိုက်ပါသည်။










(ဓါတ်ပုံများပေးပို့သူ ဦးသောင်းရီနှင့် အချက်အလက်ရှာဖွေပေးသူ ကိုရဲမင်းနိုင်တို့အား ကျေးဇူးတင်ပါသည်။)

4 comments:

  1. ဘုရားဖူးခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင် . . .ထားဝယ်က ဘုရားတွေ တစ်ခါမှ မဖူးဘူးသေးလို့ပါ။ဘုရားဖူးခေါ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. ငယ်ငယ်ကသာ ထားဝယ်ကို ရောက်ဖူးတာဗျ။ အခုကြီးလာတော့ မရောက်ဖြစ်ဘူး။ အခုလို တင်ပေးတာ ကျေးဇူးနော်။ မသွားရဘဲနဲ့ ဘုရားဖူးခွင့်ရတာပေါ့။

    ReplyDelete
  3. ကျေးဇူးတင်ပါတယ်ဗျို့။

    ReplyDelete
  4. thank you so much. Mr.Dawei thar for posting all valuable picturs and news from our place. These are heritage for all of us / tavoyans.

    ReplyDelete