Monday, July 29, 2013

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအား ထိုင်းနိုင်ငံနှင့် ပူးတွဲလုပ်ဆောင်နေသော်လည်း စီမံကိန်း အလုံးစုံ ချုပ်ကိုင်ခွင့်အား မြန်မာနိုင်ငံ ပိုင်ဆိုင်မည်

on Sunday, 28 July 2013 03:17

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအား ထိုင်းနိုင်ငံ အစိုးရအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင် နေသော်လည်း စီမံကိန်းနှင့် သက်ဆိုင်သည့် လုပ်ပိုင်ခွင့်များအား မြန်မာနိုင်ငံမှသာ အဓိကချုပ်ကိုင် သွားမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။



၂၀၀၈ ခုနှစ်မှ စတင်ခဲ့သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ လက်ရှိကာလအထိ စီမံကိန်းများ လို အပ်သည့် အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင်နိုင်ခြင်း မရှိသည့်အပြင် စီမံကိန်းအား ဦးဆောင် လုပ်ခဲ့ သည့် ထိုင်းနိုင်ငံအခြေစိုက် အီတာလျံ-ထိုင်း ကုမ္ပဏီမှ ငွေစိုက်ထုတ်နိုင်မှု အခက်အခဲကြောင့် နုတ် ထွက် သည့် အနေအထားများနှင့် ရင်ဆိုင်ခဲ့ရကာ စီမံကိန်း အောင်မြင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပင်မကုမ္ပဏီဖြစ်သည့် Special Purpose Vehicle-1 အား နှစ်နိုင်ငံ ပူးတွဲတည်ထောင်၍ ကုမ္ပဏီ မှတ်ပုံတင်မှုအား ထိုင်းနိုင်ငံတွင် တည်ထောင်မှတ်ပုံ တင်ခဲ့သဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်းအား ထိုင်းနိုင်ငံမှ အလုံးစုံ ချုပ်ကိုင်မည်ဟု ပြည်သူများ ယူဆနေမှုအပေါ်စိုးရိမ်မှုမရှိရန် ပြောကြားခဲ့ခြင်း ဖြစ် သည်။

တချို့လူတွေ ပြောနေသလို ဒီစီမံကိန်းကို ထိုင်းနိုင်ငံက ချုပ်ကိုင်မှာ မဟုတ်ပါဘူး။ Special Purpose Vehicle-1 ကို ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ခဲ့တာကလည်း စီမံကိန်း အောင်မြင်ဖို့ နိုင်ငံတကာ ချေးငွေရရေး၊ ထိုင်းနိုင်ငံ အများပိုင် ကုမ္ပဏီအဖြစ်ပြောင်းပြီး ထိုင်း Capital Market မှာ ရှယ်ယာရောင်းချနိုင်ပြီး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံဖို့ စတဲ့အချက်တွေကြောင့် . . . . .

ထိုသို့ ပင်မကုမ္ပဏီ Special Purpose Vehicle-1 အား ထိုင်းနိုင်ငံတွင် မှတ်ပုံတင်စေ ခဲ့သော်လည်း ဒုတိယ ပင်မ ကုမ္ပဏီဖြစ်သည့် Special Purpose Vehicle-2 ကိုမူ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ကာ ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် စီမံကိန်းဆိုင်ရာ အရေးကြီး ဆုံးဖြတ်ချက်များအား မြန်မာနိုင်ငံ အစိုးရမှ တာဝန်ယူမည် ဖြစ်သည်။

"တချို့လူတွေ ပြောနေသလို ဒီစီမံကိန်းကို ထိုင်းနိုင်ငံက ချုပ်ကိုင်မှာ မဟုတ်ပါဘူး။ Special Purpose Vehicle-1 ကို ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ခဲ့တာကလည်း စီမံကိန်း အောင်မြင်ဖို့ နိုင်ငံတကာ ချေးငွေရရေး၊ ထိုင်းနိုင်ငံ အများပိုင် ကုမ္ပဏီအဖြစ်ပြောင်းပြီး ထိုင်း Capital Market မှာ ရှယ်ယာရောင်းချနိုင်ပြီး စီမံ ကိန်းအတွက် ရင်းနှီးမြှုပ်နှံဖို့ စတဲ့အချက်တွေကြောင့် ထိုင်းနိုင်ငံမှာ လုပ်ခဲ့တာပါ။ Special Purpose Vehicle-1 ကို ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအဖြစ် သတ်မှတ်ထားသလို Special Purpose Vehicle-2 ကိုလည်း ထိုင်း-မြန်မာ ပူးတွဲပိုင်ဆိုင်တဲ့ ကုမ္ပဏီအဖြစ် မြန်မာနိုင်ငံမှာ မှတ်ပုံတင် ပြီး မြန်မာနိုင်ငံမှာ Capital Market ရှယ်ယာရောင်းချနိုင်အောင် လုပ်ဆောင်မှာပါ" ဟု ဦးအေးမြင့်က ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်အား စတင်တည်ထောင်ခဲ့သည့် အီတာလျံ-ထိုင်း ကုမ္ပဏီအနေဖြင့် လက်ရှိ ကာလ တွင် ထားဝယ်အထူးစီးပွားရေးဇုန်မှ နုတ်ထွက်ခြင်း မရှိသေးဘဲ ယင်းကုမ္ပဏီ အနေဖြင့် ပြန် လည်မြှုပ်နှံမှုများ ပြုလုပ်လျှင်ပင် ယခင်အခြေအနေကဲ့သို့ ထားဝယ်အထူးစီးပွားရေးဇုန်အား ချုပ်ကိုင်နိုင်ခွင့် ရရှိမည်မဟုတ်ကြောင်း ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းရေးဆွဲရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဖြစ်သူ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင် က ပြောကြားခဲ့ သည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အောင်မြင်ရေးအတွက် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအ ကား ရှယ်ယာရှင်များ သဘောတူစာချုပ်၊ သင်းဖွဲ့စည်းမျဉ်းနှင့် မူဘောင်သဘောတူ စာချုပ်များအား လက် မှတ်ရေးထိုးရန် စီစဉ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ နိုင်ငံခြားဆက်ဆံရေး ဦးစီးဌာနနှင့် ထိုင်းနိုင်ငံဘက်မှ အိမ်နီး ချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ တာဝန်ယူ လုပ်ဆောင်မည်ဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား အောင်မြင်အောင် လုပ်ဆောင်နိုင်ရေးအတွက် ဂျပန်နိုင်ငံအား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ပါဝင်လာစေရန် လုပ်ဆောင်နေပြီး ထိုင်း၊ မြန်မာ၊ ဂျပန် သုံးနိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။

Eleven Media Group  မှကူးယူမျှဝေသည်။

Myanmar to retain control on Dawei deep seaport project

on Sunday, 28 July 2013 21:10

Myanmar government will retain its control over the Dawei deep seaport project that is being co-developed with Thailand, according to the chairman of project implementation committee.

Aye Myint,  Labour, Employment and Social Security Minister, speaking at a press conference on Saturday, tried hard to clear a growing public concern about the fate of the company running the project that was recently registered in Thailand.

“The project will not be controlled by Thailand as the others say. Special Purpose Vehicle-1 was registered in Thailand to be able to get international loans and to sell shares as a public company in Thailand’s capital market,” said Aye Myint, the former indusrial minister.
“Like Special Purpose Vehicle-1 that is regarded as the Dawei economic zone development company, Special Purpose Vehicle-2 will be formed by Myanmar and Thailand. It will be registered in Myanmar to sell shares locally,” he added.

Dawei Deep Seaport and Special Economic Zone Project was first initiated by the Italian-Thai Company in 2008. Following the Italian-Thai’s difficulty in financing the project implementation, Myanmar and Thai governments formed a joint venture named Special Purpose Vehicle-1 to overcome the bottleneck.

“The Italian-Thai has not withdrawn from the Dawei project but it will no longer have complete control over the project as before even if the company would make reinvestments,” said Set Aung, chairperson of rules and regulation sub-committee for Dawei project and the deputy minister for national planning and economic development.

Meanwhile, Myanmar’s Foreign Affairs Ministry and Thailand’s Neighboring Countries Economic Development Cooperation Agency are discussing the required agreements between Myanmar and Thai shareholders and the association policies. The two countries are also making discussions with Japan inviting its partnership for the Dawei project.




0 comments:

Post a Comment