Thursday, July 25, 2013

မိသားစု

အားလုံးစုံစုံညီညီမှဆိုရင်
ကျွန်တော်မှာ မိသားစုဘ၀ မရှိဘူး
အိမ်မှာလား၊ အဖွားရယ်၊ကျွန်တော်ရယ်၊ အောင်နက်ရယ်
ဖုန်းလာရင် အဖေနဲ့ အမေက ငိုသံကြီးနဲ့

ကျွန်တော့် မမြင်ဖူးတဲ့ ညီလေးက
ကျွန်တော့်ကို
“ကိုကို” တဲ့

ရွာမှာလား
အဖွားတွေရယ်၊ မြေးတွေရယ်ပေါ့

မြေပုံပေါ်မှာ
ကျွန်တော်တို့က တစ်ယောက် တစ်နေရာ
မြေပုံပေါ်မှာ
မိသားစုတွေ တကွဲတပြား
 

သေမှန်းမသိ ရှင်မှန်းမသိတွေလည်း တပုံကြီး
ဝေဒနာတွေ တစ်လှေကြီး
ဒါဏ်ရာတွေ တစ်လှေကြီး

“ရှမ်းကမ်း*” “ရှမ်းကမ်း” နဲ့
အထုပ်ကိုယ်စီဆွဲ တဖွဲဖွဲ

ရွာကထွက် ဘယ်တော့မှန်းမသိတဲ့ အိမ်ပြန်ချိန်နဲ့
မိသားစုဘ၀လေးကို ထုခွဲပြီး ထွက်သွားခဲ့တယ်။

အခုချိန် ကျွန်တော်ကို မေးရင်
“ရွာဆိုတာလား
မူကြိုနဲ့ ဘိုးဘွားရိပ်သာ ပေါင်းထားတာပါဗျာ”

ကွန်းဂန်
[*ထားဝယ်တွင် ယိုးဒယားကို ရှမ်းကန်းဟု ခေါ်သည်]


From: Dawei Watch

0 comments:

Post a Comment