Monday, March 18, 2013

မတ်လ (၁၇)ရက်နေ့ မနက်က ထားဝယ်ခရိုင် ကံပေါက်ဒေသကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်

Total E&P ရေနံနဲ့သဘာဝဓာတ်ငွေ့ စီမံကိန်း ကုမ္ဗဏီ အစီအစဉ်နဲ့ လေ့လာဆွေးနွေးဖို့ မတ်လ (၁၇)ရက်နေ့ မနက်က ထားဝယ်ခရိုင် ကံပေါက်ဒေသကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အုန်းပင်ကွင်း ကျေးရွာ၊ မိချောင်းလောင်းကျေးရွာနဲ့ ဇာတီကျေးရွာတွေကို သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေး။ ရွာသားတွေ ပြောပြတဲ့ လမ်း၊လျှပ်စစ်မီးနှင့် GSM ဖုန်းလိုင်းများမိအောင် ပြုလုပ်ပေးရန် တောင်းဆိုချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ကြိုးစားပေးမယ်လို့ ပြောကြားခဲ့။

ပညာရေးနဲ့ကျန်းမာရေးကိုတော့ ဒေသခံတွေက ကျန်းမာရေးအတွက် ဆေးပေးခန်းတွေ ဆရာဝန်တွေကို လိုနေကြောင်းနဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေရှိပြီး ဆရာဆရာမ ကောင်းကောင်းမရှိတာကိုပါ တင်ပြတောင်းဆိုခဲ့ကြပါတယ်

(iCJ: ပြည်သူပြည်သား သတင်းသမားပေးပို့သည်)


သတင်းဌာန - DVB

0 comments:

Post a Comment