Thursday, September 19, 2013

ငြိမ်းချမ်းရေးဆိုတာ ဘာလဲ?

လူတိုင်း ငြိမ်းချမ်းရေးကို လိုလားကြသည်၊ တမ်းတကြမည်ဟု ယူဆရပါသည်။ တကယ်တော့ ထိုငြိမ်းချမ်းကို ရှာဖွေနေကြသူများက ရှာဖွေကြသလို မိမိတယောက် မိသားစု တခုမှာ ရှာဖွေတွေ့ရှိကြသလို မိမိတယောက် မိသားစုတခုမှ အစပြုပြီး ကျေးရွာတရွာ လူမျိုးစုတစ်ခု ထိုမှ ဒေသ၊ တိုင်း/ပြည်နယ်၊ နိုင်ငံ၊ နိုင်ငံအစုများမှ ကမ္ဘာကြီးငြိမ်းချမ်းမည်ဖြစ်ပါသည်။

ဒါဆို ငြိမ်းချမ်းရေးဆိုတာဘာလဲ? ဘယ်လိုလုပ်ဆောင်မလဲ? စသည့်မေးခွန်းတွေ ရှိလာပါသည်။ အဖြေရှာကြရအောင်လေ…………..


ထာဝရငြိမ်းချမ်းရေးပြောပြော စစ်မှန်ငြိမ်းချမ်းရေးလို့ဆိုဆို လိုအပ်တာက နာလည်မှုသဘောပေါက်မှု ကတိတည်ကြည်မှု တာဝန်ယူ တာဝန်ခံမှု တွေအရေးကြီးပါတယ်ဆိုတာအရင်ပြော ပါရစေ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်ဘာသာဝင်ဖြစ်နေပါစေ လူတိုင်းငြိမ်းချမ်းခြင်းလိုလားတောင်း တ ကြသူတွေဖြစ်ပါတယ်။ တပါကယ်ဆိုငြိမ်းချမ်းရေးကို ငွေပေးပြီးဝယ်လို့လဲမရ ယခုအချိန်တွင် ရှိနေပြီလားတွေးကြည့်ရင်မြင်သာပါတယ်၊ အမှန်တရားကို လူတိုင်းလက်ခံ ပြီး လိုက်နာကျင့်သုံးမှ သာ စစ်မှန်သောငြိမ်းချမ်းရေးရမည်ဖြစ်ပါသည်။ အမှန်တရားကိုသိမြင်လာ အောင်လုပ်ဆောင်ရ မည်ဖြစ်ပါသည်၊ အမှန်တရားကို ဖော်ထုတ်ပြီး နောက်မဖြစ်လာအောင် တာဝန်ယူတာဝန်ခံမှုတွေ လုပ်ဆောင်ရမည်၊ ဥပမာ- ကချင် တွင် သမ္မတ က အပစ်ခက်ရပ်စဲ ပါ ဟုကြေငြာသော်လည်း မရ ထပ်မံဖြစ်ပွားပြီးဒေသခံများ ဒုက္ခ ရောက်ရပါသည်၊ နောက် မိတ္ထိလား တွင် လည်းကြည်နိုင်ပါသည် ရွှေဆိုင် ကိစ္စဖြစ်ရပ်မှာ မနက်ဖက် ဖြစ်ပွားပြီးဖြစ်သော်လည်း နောက် ဆက်တွဲဖြစ်ရပ်ရှိလာပါသည်။ တကယ်တော့ ကျနော်တွေးမိမြင်မိတာက လူကို လူလို့ဘဲ့မြင်လိုက် ပါဘယ်ဘာသာကိုးကွယ်တယ် ဆိုတာအသာမေ့ထားလိုက်ပါ ဘယ်သာတရားအယူအဆဖြစ်ပါစေကောင်းအောင်ဘဲ့လမ်းညွှန်ထား ပါတယ် ကိုယ့်ဘာသာကိုယ်ယုံကြည်သက်ဝင်နေရင် ဘာပြဿနာမှဖြစ်လာမှာမဟုတ်ဘူးလွတ် လပ် စွာကိုးကွယ်ယုံကြည်ခွင့် ရှိပါတယ် ဒါပေမဲ့ နှိပ်စက် ပြီး ဒီဘာသာဝင်ရမည်ဆိုတာကိုတော့ လက်မခံနိုင်ပါဘူး။ လောက ထဲမှာ အသိတရား ရှိစေဖို့ လူတိုင်းဟာ တာဝန်ယူမှု တာဝန်ခံမှုရှိရမည် ဖြစ်ပါသည် ၊ ငါက ဗမာ နင်ကတိုင်းရင်းသား ဆိုပြီး ခွဲ ခြားမှုမလုပ်သင့်သလို နင်ကလူမဲ ငါကလူဖြူ ဆိုပြီးခွဲခြားဆက်ဆံခြင်းလည်း မလုပ်သင့်ဘူး လေ ဒီလိုခွဲခြားဆက်ဆံတာ လုံးဝ ငြိမ်သက်လာမည် မဟုတ်ပါ နောက်တခုက နင်တို့ကမိန်းမသား အိမ်မှာနေ အိမ်အလုပ်ဘဲ့လုပ်ရမယ် ဆိုတာကလည်း မဖြစ်ချေ ၂၁ ရာစုမှာ မိန်းမ များကလည်းပါဝင်လှုပ်ရှား နိုင်ပါသည် အောင်မြင်နေသောစီးပွားရေး လုပ်ငန်းရှင်များ နိုင်ငံရေးသမားများတွင် မိန်းမ များပါဝင်လာပြီ ဖြစ်ပါသည်။ တကယ်တော့ စစ်မှန် သောငြိမ်းချမ်းရေး ထာဝရငြိမ်းချမ်းရေး အပေါ်လူတိုင်းလိုလားလျှင်အကြော က်တရားကင်းဝေး ပြီး တောင်းတခြင်းကင်းဝေး ပြီး လူတိုင်းဟာ တာဝန်ယူမှု တာဝန်ခံမှု ရှိရမယ် ဒီလိုသာလူတိုင်းလိုက် နာကျင့် သုံး ပြီဆိုလျှင် တကယ် သာယာလှပသော ငြိမ်းချမ်းရေးဖြစ်လာ မည် ဖြစ်ပါသည်။ တ ကယ်တော့ ကိုယ်ချင်းစာစိတ် မထားကြတာ အဆုံးဆုံးပါ တကယ်တမ်း လုပ် မည်ဆိုပါကငါသာ ဖြစ်ရင် ဆိုပြီးတွေးကြည့်လိုက်ပါ စဉ်းစားပါ နောက်လုပ်သင့်သလား မလုပ်သင့် သလားပေါ်လာ လိမ့်မည် မလွဲပါ။ အထက်ကပြောတိုင်းလုပ်မည် နောက် င၀ိုင်း(ငွေ)ပေးတိုင်း လုပ် မည်ဆိုပါက ဘာဖြစ်လာမလဲ တွေးကြည့်ပါတော့လေ။

လူတိုင်းမြင်သာတာက ငြိမ်းချမ်းရေးဆိုတာ စစ်မက်ဖြစ်ပွားနေသော နေရာမျှသာကွက်ကွ က်ကွင်းကွင်းမြင်သာထင်သာရှိကြသည်။ ထိုမျှသာမကပါ ထိုစစ် ဖြစ်ပွားနေသောနေရာတွင်မဟုတ် ပါ ကျန်ဒေသနေရာ အသီးသီးတွင်လည်း ငြိမ်းချမ်းမှုပျက်ပြားနေကြသည်ဖြစ်ပါသည်။ (ဥပမာ- ကိုယ်ပိုင် မြေ မိဘ ဖိုးဖွားလက်ထက်ကတဲက လုပ်ကိုင်စားသောက်လာသောမြေကို သိမ်းယူ နေ လျှင် သိမ်းတဲ့လူက စိတ်ချမ်းမြေ့ပျော် ရွှင်နေချိန်မှာ ခံခဲ့ရသူ ဘ၀ဟာ ဘယ်လိုဖြစ်နေမလဲ ပြန်မကြ ည့်တဲ့ဘူးလေ လျှော်ကြေးမဟုတ် နစ်နာကြေးမဟုတ်ပေးခဲ့တယ်လေ တကယ်တော့ တာဝန်ယူ တာဝန်ခံ မှုတွေရှိမည် စာနာစိတ်ရှိမည်ဆိုပါက အစားထိုးအသက်မွေးဝမ်းကျောင်းပေးသင့် ပါတယ် ဒါမှ သူ့ဘ၀ ကြောင်းကြမှု ကင်းဝေးနေထိုင် နိုင်မည် ဖြစ်ပါသည် ယခုတော့ ယခုတော့…… ဒီလို) တကယ်တမ်းစစ်မှန်သောငြိမ်းချမ်းရေးဖော်ဆောင်နေပြီ အမှန်တကယ်လုပ်ဆောင်နေပြီ ဆိုလျှင် တာဝန်ယူ တာဝန်ခံ မှုလုပ်ဆောင်ရန်မှ မပြီး ကတိတည်ကြည်ဖို့ပါ အရေးကြီးပါသည်။ အာဏာ ပါ ၀ါ ရှိသူကိုသာ အလိုတော်ကျ လုပ်ဆောင်မည်လော? ဓနငွေကြေးရှိသူတွေကိုသာမြောက်စားအလို တော်ကျ လုပ်ဆောင်မည်လော? ဒေသခံပြည်သူတွေ ဟာ မခံစားရဘူးလား? မေးစရာပါအပစ်ရပ် စဲ ငြိမ်းချမ်းရေးလဲ အောက်ခြေ ဒေသခံများကိုပါ ပါဝင်ဆွေးနွေးလိုပါသည်၊ ဒါမှ အနှစ်သာရရှိလာ မည်၊ ကျန်ဒေသတွေမှာလဲ မြေသိမ်းယာသိမ်း ကိုလည်း ဘာကြောင့်သိမ်းရတယ်ဒေသခံပြည်သူ တွေကို ပွင့်လင်းမြင်သာအောင် ဆွေးနွေးစေချင်ပါသည်၊ နောက် ပြန်လည်ကုစား မှုများကိုလည်း ထိထိရောက်ရောက်လုပ်ပေးစေချင်ပါသည်။ ဒီလိုသာ ဆက်သွားနေရင် ဟန်ပြ ရုပ် ပြ ငြိမ်းချမ်းရေး ဖြစ်လာပြီး လုံးဝ ငြိမ်းသက်မည်မဟုတ်ပါ၊ တကယ်တော့ ပြည်သူ့တပ်မတော် ပြန်လည်ဖြစ်စေလို လျှင် အရင်က ပြဿနာ များ ယခုဖြစ်နေသောပြဿနာ များကို တာဝန်ယူ တာဝန်ခံလုပ်ဆောင်ပြီး ဘာဖြစ်သင့်တယ် ဘာလုပ်သင့်တယ် သေသေချာချာ တွေးတော စဉ်းစားလုပ် ဆောင်မှသာဖြစ် မည်ဖြစ်ပါသည်၊ ဒီလိုမှ မဟုတ်ရင် ငြိမ်းချမ်းရေးဆိုတာ ဘယ်လဲ ဘာလဲ? အဖြေ ဟာရှာမတွေ့နိုင် မမြင်နိုင်ဖြစ်နေပါမည်။

ယခုအချိန် မှ မတူညီ တာ အသာထား ဘာအတွက်လုပ်နေတာလဲ ငြိမ်းချမ်းရေး အတွက် လုပ်ဆောင် နေကြတယ် ဆိုရင် အတူ လက်တွဲပြီး စစ်မှန်သော ငြိမ်းချမ်းရေး ဖြစ်လာအောင် လုပ်ဆောင် ပါမည် မြန်မာ ပြည် ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်ရာ တွင် တက်နိုင်သောထောင့်မှ ပါဝင်လုပ်ဆောင် ပါမည် ၊ ဒေသ တစ်ခုမှ မြန်မာပြည်သို့ လက်တွဲ ညီညီ စစ်မှန်သောငြိမ်းချမ်းရေး ရလာအောင် ဖော်ဆောင် ကြပါစို့။

                                                                                         ဖိုးသင်္ချာ(ထားဝယ်)

0 comments:

Post a Comment