Saturday, July 27, 2013

ထားဝယ်တိုင်းရင်းသားများပါတီ တည်ထောင်ရန် ကြိုးပမ်းနေခြင်းအပေါ် ဘယ်လိုထင်မြင်မိပါသလဲ

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့တွင် လူပုဂ္ဂိုလ် ၁၉  ဦးတို့က “ထားဝယ်တိုင်းရင်းသားများပါတီ” တည်ထောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ကြသည်။

ထိုသို့ လျှောက်ထားသူ ပုဂ္ဂိုလ် ၁၉ ဦးတို့မှာ Dawei Watch စာမျက်နှာတွင် ဖော်ပြထားချက်အရ အောက်ပါအတိုင်းဖြစ်ကြောင်း သိရသည်။ 

ထားဝယ်ဆိပ်ကမ်း စီမံကိန်းတွင် ပူးပေါင်းလုပ်ကိုင်ရန် Rojana ကုမ္ပဏီ သဘောတူ

on Friday, 26 July 2013
7.26.16

မြန်မာနိုင်ငံတွင် ပြုလုပ်အကောင်အထည် ဖော်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် စက်မှုဇုန် တည်ထောင်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ရန် ထိုင်းနိုင်ငံ အခြေစိုက် Rojana စက်မှုကုမ္ပဏီက သဘောတူလိုက်ပြီ ဖြစ်သည်။


Thursday, July 25, 2013

မိသားစု

အားလုံးစုံစုံညီညီမှဆိုရင်
ကျွန်တော်မှာ မိသားစုဘ၀ မရှိဘူး
အိမ်မှာလား၊ အဖွားရယ်၊ကျွန်တော်ရယ်၊ အောင်နက်ရယ်
ဖုန်းလာရင် အဖေနဲ့ အမေက ငိုသံကြီးနဲ့

ကျွန်တော့် မမြင်ဖူးတဲ့ ညီလေးက
ကျွန်တော့်ကို
“ကိုကို” တဲ့

ရွာမှာလား
အဖွားတွေရယ်၊ မြေးတွေရယ်ပေါ့

မြေပုံပေါ်မှာ
ကျွန်တော်တို့က တစ်ယောက် တစ်နေရာ
မြေပုံပေါ်မှာ
မိသားစုတွေ တကွဲတပြား
 

သေမှန်းမသိ ရှင်မှန်းမသိတွေလည်း တပုံကြီး
ဝေဒနာတွေ တစ်လှေကြီး
ဒါဏ်ရာတွေ တစ်လှေကြီး

“ရှမ်းကမ်း*” “ရှမ်းကမ်း” နဲ့
အထုပ်ကိုယ်စီဆွဲ တဖွဲဖွဲ

ရွာကထွက် ဘယ်တော့မှန်းမသိတဲ့ အိမ်ပြန်ချိန်နဲ့
မိသားစုဘ၀လေးကို ထုခွဲပြီး ထွက်သွားခဲ့တယ်။

အခုချိန် ကျွန်တော်ကို မေးရင်
“ရွာဆိုတာလား
မူကြိုနဲ့ ဘိုးဘွားရိပ်သာ ပေါင်းထားတာပါဗျာ”

ကွန်းဂန်
[*ထားဝယ်တွင် ယိုးဒယားကို ရှမ်းကန်းဟု ခေါ်သည်]


From: Dawei Watch

မြန်မာ့အထူးစီးပွားရေးဇုန်များကို အရှေ့တောင်အာရှ စီးပွားရေးနိုင်ငံများ စိုးရိမ်

မင်းသူရ | တနင်္လာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၃ ခုနှစ် 
 
မြန်မာနိုင်ငံတွင် မကြာမီအကောင်အထည်ဖော်မည့် အထူးစီးပွားရေးဇုန်များ ပြီးစီးမည်ကို အရှေ့တောင် အာရှစီးပွားရေး နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများက စိုးရိမ်လာကြကြောင်း စီးပွားရေးဆိုင်ရာပညာရှင်များက ပြောကြသည်။

မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့ဦးဆောင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ အကြောင်းအရာ ဆွေးနွေးပွဲတွင် ယင်းသို့ ပြော ကြားလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်လျက်ရှိသည့် ရေနက်ဆိပ်ကမ်း ပူးတွဲပါရှိသော ရခိုင်ပြည် နယ် ကျောက်ဖြူမြို့နယ်တွင်ရှိသော ကျောက်ဖြူရေနက် ဆိပ်ကမ်း အထူးစီးပွားရေးဇုန်၊ ထားဝယ် အထူး စီးပွားရေး ဇုန်၊သီလဝါ အထူးစီးပွားရေးဇုန်များသည် အရှေ့တောင် အာရှနိုင်ငံများတွင် မည့်သည့် နိုင်ငံမှ မတည်ရှိသော ပထဝီဆိုင်ရာ အချက်အချာကျသော နေရာတွင် တည်ရှိနေခြင်းကြောင့် ယင်းနိုင်ငံများက စိုးရိမ်ကြခြင်းဖြစ်ကြောင်း ဒေါက်တာအောင်ထွန်းသက်က ရှင်းပြသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် သတ်မှတ်ထားသော မြေနေရာသည် စင်ကာပူနိုင်ငံ ထက် နှစ်ဆ ကျယ်ဝန်းပြီး ၎င်းသည် အားသာချက်ဖြစ်သည်ဟု ဒေါက်တာအောင်ထွန်းသက်ကဆိုသည်။


ကျောက်ဖြူရေနက်ဆိမ်းကမ်း အထူးစီးပွာရေးဇုန်သည် စကာပူနိုင်ငံ ဆိမ်ကမ်းနှင့် မလက္ကာ ရေလက်ကြား တို့ကိုဖြတ်သန်း သွားလာစရာ မလိုဘဲ အချိန်တိုအတွင်း ဥရောပမှတရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွားလာနိုင်သည်။

“ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံကို ယှဉ်လို့မရတဲ့အချက်က မြန်မာနိုင်ငံက အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အရှေ့အာရှ နိုင်ငံတွေကို ကုန်းလမ်းဆက်သွယ်နိုင်တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်နေတာပဲ” ဟု ဒေါက်တာ အောင်ထွန်းသက် ကဆိုသည်။

ကုန်းလမ်းက ရေလမ်းထက် အချိန်ကုန် သက်သာသဖြင့် လုပ်ငန်းရှင်များက သဘောကျကြသည်။

မြန်မာနိုင်ငံသည် အထူးစီးပွားရေးဇုန်များကို အကောင်အထည် ဖော်ရာတွင် တုံ့ဆိုင်းမနေသင့်ဘဲ အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း၊ တရုတ်နိုင်ငံသည် စီးပွားရေးဇုန် ပြုပြင်ပြောင်းလဲခဲ့ရာတွင် တံငါရွာကို အထူးစီးပွားရေးဇုန် လုပ်၍ စတင်ခဲ့ရာမှ ယခုအခါတွင် နိုင်ငံလူပေါင်း သန်းနှစ်ရာခန့်ကို အလုပ် အကိုင်ပေးနိုင်သည့် အနေအထား အထိပင်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အိမ်းနီချင်းနိုင်ငံများ နှင့် ယှဉ်လျှင် နှစ်၂၀ခန့်ပင် နောက်ကျနေသောကြောင့် အမြန်ဆုံး အကောင်အထည် ဖော် သင့်ကြောင်း မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့၏ဘောဂဗေဒ အဖွဲ့ခေါင်းဆောင် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်က ထောက်ခံပြောကြားသည်။

အရှေ့တောင်အာရှနိုင်ငံများတွင် အကြီးဆုံးဖြစ်လာမည်ဆိုသည့် ထားဝယ် အထူး စီးပွားရေးဇုန်ကို ၂၀ဝ၈ ခုနှစ်တွင်မြန်မာအစိုးနှင့် အီတာလျှံ-ထိုင်း ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ပြီး ယင်းဇုန် ဧရိယာသည် မြေ ဧက စုစုပေါင်းခြောက်သောင်း ကျော် ကျယ်ဝန်းပြီး ရေနက်ဆိမ်းကမ်းနှင့် စက်မှုဇုန် အမြောက်အမြား ပါဝင်ကာ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

သီလဝါအထူးစီးပွားရေးကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအစိုးတို့ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီ ထားပြီး အဆိုပါ အထူးစီးပွားရေးဇုန်တွင် အဆင့်မြင့် စက်မှုလုပ်ငန်းများနှင့် အထည်ချုပ်စက်ရုံများ၊ သင်္ဘောဆိမ်းကမ်းတို့ ပါဝင်ပြီး ဧက ၅၀ဝ၀ ကျယ်ဝန်းသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို စတင် အကောင်အထည် ဖော်ရန် ဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေး မှုများ ပြုလုပ်ခဲ့ပြီး ယင်းစီမံကိန်း  ဆောက်လုပ်ရန်အတွက် နိုင်ငံတကာသို့ တင်ဒါခေါ်ရန် စီစဉ်လျက် ရှိသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံသည် အထူးစီးပွားရေး ဇုန် ၁၅၀ရှိပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံတွင် ၃၅၊ ဖိလစ်ပိုင်နိုင်ငံတွင်၂၀၊ မလေးရှားနိုင်ငံတွင်၂၅၊ အင်ဒိုနီး ရှားနိုင်ငံတွင် ၁၂ ခန့်ရှိသည်။

 မဇ္ဈိမ သတင်းဌာန မှ ကူးယူဝေမျှသည်။



Friday, July 12, 2013

ထားဝယ်အထူး စီးပွားရေးဇုန် ဥပဒေနှင့် မြန်မာအထူး စီးပွားရေးဇုန် ဥပဒေတို့အား ဖျက်သိမ်း


Published on Jul 12, 2013
ထားဝယ်အထူး စီးပွားရေးဇုန်တွင် လုပ်ကိုင်နေသော အီတာလျံထိုင်းကုမ္ပဏီ ဘဏ္ဍာရေးကြောင့် ရပ်နား

Eleven Media Group  မှ ကူးယူမျှဝေသည်။

Thursday, July 11, 2013

တိုင်းအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဌာနများ ပူးပေါင်းရန်တိုက်တွန်း





ထားဝယ၊် ဇွန် ၂၉

တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသော မူးယစ်ဆေးဝါး ရောင်းဝယ်၊ ဖြန့်ဖြူး၊ သုံးစွဲမှုများ တိုက်ဖျက်ရေး သက်ဆိုင်ရာ ဌာနအားလုံးပူးပေါင်းလုပ်ဆောင်ရန် တနသာင်္ရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဇွန်လ ၂၆ ရက်နေ့တွင် အသိပေး တိုက်တွန်းခဲ့ကြောင်း ထားဝယ်မြို့အခြေစိုက် အကောက်ခွန်ဌာနမှ အရာရှိ တစ်ဦး က ပြောကြား သည်။

သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနများအပါအဝင် တက္ကသိုလ်နှင့်အခြေခံ ပညာကျောင်းများ အဆင့်ထိ အသိပေးစာ ပို့တိုက်တွန်း ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

"လဝက ဆိုလည်း လဝက၊ ရဲဆိုလည်းရဲ၊ သူ့အလုပ်ပဲ သူလုပ်မနေဘဲ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ် သက်လာရင် အားလုံးဝိုင်းဖော်ထုတ် သတင်းပေးကြဖို့ တိုက်တွန်းတဲ့သဘောပါ" ၄င်းကဆိုသည်။

ထားဝယ်မြို့တွင် ဒိုင်ကြီးအချို့မှ တဆင့် လူငယ်များအကြား အချင်းချင်း အချိတ်အဆက်ဖြင့် မူးယစ်ဆေး ဝါး ဖြန့်ဖြူး၊ ရောင်းဝယ်အသုံးပြုကြကြောင်း ထားဝယ်တက္ကသိုလ်မှ ဆရာတစ်ဦးကပြောကြားသည်။
"ကျောင်းထဲထိ အချိတ်အဆက်ရှိတယ်" ဟု ၄င်းကဆိုသည်။
တနသာၤရီ
တိုင်းဒေသကြီးအတွင်းတွင် တနသာင်္ရီ၊ ပုလော၊ မြိတ်မြို့နယ် များတွင် ဘိန်းစာမှုန့်များ အများဆုံး အသုံးပြုကြပြီး ထားဝယ်တွင် လည်း ဖြန့်ဖြူးရောင်းချလာနိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

ဘိန်းစာရွက်များကို နယ်စပ်တစ်လျှောက် မြန်မာကုမ္ပဏီများထံမှ မြေယာ ငှား ရမ်းထားသော ထိုင်းကုမ္ပဏီများက ရာဘာပင်များအကြား စိုက် ပျိုးကြ ကြောင်း နယ်စပ်တစ်လျှောက် ဆီအုန်း၊ ရာဘာစိုက်ပျိုးရေး လုပ် ငန်းများနှင့် ပတ်သက်၍ သုတေသနပြုနေသူ အသက်၃၀ အရွယ်ရှိ လူငယ်တစ်ဦးကပြောကြားသည်။

"စိုက်ထားတာ ရာဘာ ထက် ဘိန်းစားပင်က ပိုများတယ်" ဟု၎င်းကဆိုသည်။
ယင်းနောက် တနသာင်္ရီဒေသတွင်းအပြင် ကမ်းလွန်ပင်လယ် ဆလုံများနေ ထိုင်ရာ ကျွန်းများအထိလည်း ပျံ့နှံ့ ရောက်ရှိပြီး ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသော ရေလုပ်သားများ အများဆုံး အသုံးပြုကြောင်း ယင်းက ဆိုသည်။"ပိုအလုပ်လုပ်နိုင်အောင်ဆိုပြီးတော့လည်း လှေသမားတွေက သုံး ကြတယ်" ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

တက္ကသိုလ်နယ်မြေအတွင်း သာမက ထားဝယ်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းသား အချို့သည်လည်း ကော်ရှူခြင်း၊ ဂျော်ကီဆေးပြား များ ကို အုပ်စုလိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော် လည်းကောင်း သုံးစွဲကြကြောင်း မြို့ပေါ် အခြေခံပညာအထက်တန်းကောင်းသားအချို့ထံမှ စုံစမ်းသိရှိရသည်။

"အချို့က စွဲစွဲမြဲမြဲ သုံးတယ်။ အချို့ကတော့ လက်တည့်စမ်းကြတာပါ" ဟု ထားဝယ်မြို့ပေါ်ရှိ တက္ကသိုလ် ဝင်တန်းကျောင်းသားတစ်ဦးကဆိုသည်။
ယင်းဆေးပြားများကို ထားဝယ်မြို့လယ်ရှိ ကွမ်းယာဆိုင်အချို့တွင်ပင် လွယ်ကူစွာ ဝယ်ယူရရှိနိုင်ကြောင်း ၄င်းတို့ထံမှ သိရသည်။

အသက်၁၅ နှစ်မှ ၂၅ နှစ်အတွင်း မွန်လူငယ်၄၀ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါးသုံးစွဲကြကြောင်း မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး တနသာင်္ရီတိုင်းဒေသကြီးတွင်မူ ရာ ခိုင်နှုန်း မည်မျှရှိသည်ကို မသိရပေ။

ထိုင်းမြန်မာနယ်စပ်မှတဆင့် မူးယစ်ဆေးဝါးများ အများဆုံးရောင်းဝယ်သယ်ယူကြပြီး ယင်းနယ် စပ်တောတောင် များတွင် ချက်လုပ် ကြခြင်းဖြစ်ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင် ရာမူး ယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင် ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံပေါင်းတန်ဖိုး အမေရိ ကန်ဒေါ်လာ သန်း လေးရာတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီးခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်း ဒုတိယအများဆုံး ထုတ်လုပ်သောနိုင်ငံ ဖြစ်သည်။

  တနင်္သာရီအပတ်စဉ်ဂျာနယ် အတွဲ (၁)၊ အမှတ် (၄) မှ ကူးယူဖော်ပြသည်။

Tuesday, June 18, 2013

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ပူးပေါင်းဆောင်ရွက်ရန် ဂျပန်နိုင်ငံအားဖိတ်ကြားထား


Published on Jun 18, 2013
ထားဝယ်အထူးစီးပွားရေးဇုန်တွင် မြန်မာ၊ ထိုင်း၊ ဂျပန်သုံးပွင့်ဆိုင်အစည်းအဝေးကို ဆောလျင် စွာဆောင်ရွက်ရန်လို

Eleven Media Group  မှတစ်ဆင့်မျှဝေသည်။