Thursday, July 11, 2013

တိုင်းအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဌာနများ ပူးပေါင်းရန်တိုက်တွန်း





ထားဝယ၊် ဇွန် ၂၉

တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသော မူးယစ်ဆေးဝါး ရောင်းဝယ်၊ ဖြန့်ဖြူး၊ သုံးစွဲမှုများ တိုက်ဖျက်ရေး သက်ဆိုင်ရာ ဌာနအားလုံးပူးပေါင်းလုပ်ဆောင်ရန် တနသာင်္ရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဇွန်လ ၂၆ ရက်နေ့တွင် အသိပေး တိုက်တွန်းခဲ့ကြောင်း ထားဝယ်မြို့အခြေစိုက် အကောက်ခွန်ဌာနမှ အရာရှိ တစ်ဦး က ပြောကြား သည်။

သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနများအပါအဝင် တက္ကသိုလ်နှင့်အခြေခံ ပညာကျောင်းများ အဆင့်ထိ အသိပေးစာ ပို့တိုက်တွန်း ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

"လဝက ဆိုလည်း လဝက၊ ရဲဆိုလည်းရဲ၊ သူ့အလုပ်ပဲ သူလုပ်မနေဘဲ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပတ် သက်လာရင် အားလုံးဝိုင်းဖော်ထုတ် သတင်းပေးကြဖို့ တိုက်တွန်းတဲ့သဘောပါ" ၄င်းကဆိုသည်။

ထားဝယ်မြို့တွင် ဒိုင်ကြီးအချို့မှ တဆင့် လူငယ်များအကြား အချင်းချင်း အချိတ်အဆက်ဖြင့် မူးယစ်ဆေး ဝါး ဖြန့်ဖြူး၊ ရောင်းဝယ်အသုံးပြုကြကြောင်း ထားဝယ်တက္ကသိုလ်မှ ဆရာတစ်ဦးကပြောကြားသည်။
"ကျောင်းထဲထိ အချိတ်အဆက်ရှိတယ်" ဟု ၄င်းကဆိုသည်။
တနသာၤရီ
တိုင်းဒေသကြီးအတွင်းတွင် တနသာင်္ရီ၊ ပုလော၊ မြိတ်မြို့နယ် များတွင် ဘိန်းစာမှုန့်များ အများဆုံး အသုံးပြုကြပြီး ထားဝယ်တွင် လည်း ဖြန့်ဖြူးရောင်းချလာနိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

ဘိန်းစာရွက်များကို နယ်စပ်တစ်လျှောက် မြန်မာကုမ္ပဏီများထံမှ မြေယာ ငှား ရမ်းထားသော ထိုင်းကုမ္ပဏီများက ရာဘာပင်များအကြား စိုက် ပျိုးကြ ကြောင်း နယ်စပ်တစ်လျှောက် ဆီအုန်း၊ ရာဘာစိုက်ပျိုးရေး လုပ် ငန်းများနှင့် ပတ်သက်၍ သုတေသနပြုနေသူ အသက်၃၀ အရွယ်ရှိ လူငယ်တစ်ဦးကပြောကြားသည်။

"စိုက်ထားတာ ရာဘာ ထက် ဘိန်းစားပင်က ပိုများတယ်" ဟု၎င်းကဆိုသည်။
ယင်းနောက် တနသာင်္ရီဒေသတွင်းအပြင် ကမ်းလွန်ပင်လယ် ဆလုံများနေ ထိုင်ရာ ကျွန်းများအထိလည်း ပျံ့နှံ့ ရောက်ရှိပြီး ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသော ရေလုပ်သားများ အများဆုံး အသုံးပြုကြောင်း ယင်းက ဆိုသည်။"ပိုအလုပ်လုပ်နိုင်အောင်ဆိုပြီးတော့လည်း လှေသမားတွေက သုံး ကြတယ်" ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

တက္ကသိုလ်နယ်မြေအတွင်း သာမက ထားဝယ်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းသား အချို့သည်လည်း ကော်ရှူခြင်း၊ ဂျော်ကီဆေးပြား များ ကို အုပ်စုလိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော် လည်းကောင်း သုံးစွဲကြကြောင်း မြို့ပေါ် အခြေခံပညာအထက်တန်းကောင်းသားအချို့ထံမှ စုံစမ်းသိရှိရသည်။

"အချို့က စွဲစွဲမြဲမြဲ သုံးတယ်။ အချို့ကတော့ လက်တည့်စမ်းကြတာပါ" ဟု ထားဝယ်မြို့ပေါ်ရှိ တက္ကသိုလ် ဝင်တန်းကျောင်းသားတစ်ဦးကဆိုသည်။
ယင်းဆေးပြားများကို ထားဝယ်မြို့လယ်ရှိ ကွမ်းယာဆိုင်အချို့တွင်ပင် လွယ်ကူစွာ ဝယ်ယူရရှိနိုင်ကြောင်း ၄င်းတို့ထံမှ သိရသည်။

အသက်၁၅ နှစ်မှ ၂၅ နှစ်အတွင်း မွန်လူငယ်၄၀ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါးသုံးစွဲကြကြောင်း မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး တနသာင်္ရီတိုင်းဒေသကြီးတွင်မူ ရာ ခိုင်နှုန်း မည်မျှရှိသည်ကို မသိရပေ။

ထိုင်းမြန်မာနယ်စပ်မှတဆင့် မူးယစ်ဆေးဝါးများ အများဆုံးရောင်းဝယ်သယ်ယူကြပြီး ယင်းနယ် စပ်တောတောင် များတွင် ချက်လုပ် ကြခြင်းဖြစ်ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင် ရာမူး ယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင် ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံပေါင်းတန်ဖိုး အမေရိ ကန်ဒေါ်လာ သန်း လေးရာတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီးခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်း ဒုတိယအများဆုံး ထုတ်လုပ်သောနိုင်ငံ ဖြစ်သည်။

  တနင်္သာရီအပတ်စဉ်ဂျာနယ် အတွဲ (၁)၊ အမှတ် (၄) မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment