Sunday, September 30, 2012
Saturday, September 29, 2012
ထားဝယ်စီမံကိန်း အရှိန်မြှင့်ရန် မြန်မာ-ထိုင်း ပူးတွဲကော်မတီ ဖွဲ့မည်
မဇ္ဈိမ သတင်းဌာန ။ ။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့
ရောက်ရှိနေကြသော ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ နှင့် မြန်မာ သမ္မတ
ဦးသိန်းစိန်တို့သည် ထားဝယ်ရေနက် စီမံကိန်းကို အရှိန် အဟုန် မြှင့်တင်ရန်
အတွက် အဆင့်မြင့် ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီတရပ်ကို ထိုင်းနှင့်မြန်မာ
ပူးတွဲဖွဲ့စည်းရန် ကြာသပတေးနေ့က သဘောတူညီခဲ့ကြသည်။
ဘဏ္ဍာရေး အခက်အခဲများ ကြုံတွေ့နေရသည့် စီမံကိန်း ရှေ့ဆက်နိုင်ရေးအတွက် နှစ်နိုင်ငံ ထိပ်တန်း အစိုးရ အရာရှိများ ပါဝင်ကြသည့် ‘အဆင့် သုံးဆင့်’ ပါဝင်သော အုပ်စုများအား စုစည်း ချိတ်ဆက်၍ လုပ်ဆောင်ရန်ဖြစ်သည်။
‘အဆင့် သုံးဆင့်’ ပါဝင်သည့် စနစ်တွင် မြန်မာ ဒု-သမ္မတ နှင့် ထိုင်း ဒု-ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေး ဝန်ကြီးဖြစ်သူ ကစ်တီရတ် နရနောင်း Kittiratt Na-Ranong တို့ ဦးဆောင်သည့် ပူးတွဲကော်မတီ၊ ထိုင်းနိုင်ငံ အမျိုးသား စီးပွါးရေးနှင့် လူမှုဖွံ့ဖြိုးရေးရုံးမှ ဦးဆောင်သည့် ညှိနှိုင်းရေး ကော်မတီတခုနှင့် အခြေခံ အဆောက်အအုံများ၊ စက်မှုဇုန်များ၊ စွမ်းအင်များ၊ လူမှုဖွံ့ဖြိုးရေး၊ တရားဥပဒေရေးရာနှင့် ဘဏ္ဍာရေးတို့ကို စီမံဆောင်ရွက်ရန်အတွက် ကော်မတီခွဲခြောက်ခုတို့ ပါဝင်သည် ဟု သတင်းတရပ်က ဆိုကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းဆောင်းပါး တပုဒ်တွင် ရေးသား ဖော်ပြထားသည်။
မြန်မာသမ္မတ
ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ တို့
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ ရောက်ရှိနေစဉ် ထားဝယ် ရေနက်ဆိပ်ကမ်း
စီမံကိန်းကိစ္စကို ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။
(Photo: Yingluck Shinawatra / Facebook)
ထို ကော်မတီခွဲများအား နှစ်နိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးများက ဦးဆောင်ကြလိမ့်မည်ဟု ဆိုသည်။
“ဒီနှစ် နိုဝင်ဘာမှာ ကမ္ဘောဒီးယားမှာ လုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ထိုင်း နဲ့ မြန်မာဟာ စီမံကိန်း အစီအစဉ်ကို ကြေညာပါလိမ့်မယ်။ ပြီးတော့ ဘန်ကောက် [ထိုင်း] အစိုးရဟာ မကြာခင်မှာ ပထမဆုံး အစည်းအဝေး ကို လက်ခံကျင်းပ ပါလိမ့်မယ်” ဟု သတင်းရပ်ကွက် တခုက ဆိုသည်။
အစည်းအဝေးများတွင် ထည့်သွင်းဆွေးနွေးကြမည့် အခြား ကိစ္စရပ်များတွင် ရန်ကုန် သီလဝါ ဆိပ်ကမ်း၌ အထူးစီးပွါးရေးဇုန် တခု ထူထောင်ရေးတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်လည်း ပါဝင်သည်ဟု ဆိုသည်။
ထားဝယ်စီမံကိန်းတွင် ထားဝယ်ရေနက် ဆိပ်ကမ်း တည်ဆောက်ခြင်း၊ သဘောင်္ကျင်း အဆောက်အဦးများ တည်ဆောက်ခြင်း၊ ရေနံဓါတုစက်ရုံဇုန် တည်ထောင်ခြင်း၊ ရေနံသန့်စင်စက်ရုံ တရုံ၊ သံမဏိစက်ရုံနှင့် လျှပ်စစ် ဓါတ်အားပေး စက်ရုံများ တည်ဆောက်ခြင်း၊ ထားဝယ်-ဘန်ကောက် အဝေးပြေးလမ်းမ နှင့် ရထားလမ်း ဖောက်လုပ်ခြင်းများအပြင် ကားလမ်းနှင့် ရထားလမ်း တလျှောက်တွင် ရေနံပိုက်လိုင်းတခု သွယ်တန်းခြင်းတို့ ပါဝင်သည်ဟု သဘောတူညီချက်က ဆိုထားသည်။
၂ဝ၁၈ ခုနှစ်တွင် ပြီးစီးလိမ့်မည်ဟု အကြမ်းဖျင်း ခန့်မှန်းထားသည့် ထားဝယ်စီမံကိန်းတွင် သံမဏိ စက်ရုံများ၊ ရေနံ သန့်စင်ရေး စက်ရုံများ၊ ရေနံဓါတုစက်ရုံဝင်းတခုနှင့် လျှပ်စစ် ဓါတ်အားပေး စက်ရုံများ ပါဝင်မည့်အပြင် အချက်အချာ ဗျူဟာကျသည့် ထားဝယ် ရေနက်ဆိပ်ကမ်းကိုလည်းတည်ဆောက် မည်ဖြစ်ရာ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသများအတွက် မလက္ကာ ရေလက်ကြားကို ဖြတ်ရန် မလိုတော့ဘဲ ပိုမိုတိုတောင်းသော သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတခု ဖြစ်လာမည် ဖြစ်သည်။
မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် မကြာသေးခင်ကလည်း တောင်ဘက်စွန်းရှိ ထားဝယ် အထူးစီးပွါးရေးဇုန်နှင့် ဘန်ကောက်မြို့ တောင်ဘက် ချောင်ဘူရီ နယ်ရှိ Laem Chabang စက်မှုဇုန်တို့အကြား ဆက်သွယ်ရေးလမ်းကြောင်း တည်ထောင်ရန် သဘောတူညီခဲ့ကြပြီး ဆွေးနွေးမှုများမှာ ဇူလိုင်လထဲတွင် ပြီးဆုံးခဲ့သည်။
http://www.mizzimaburmese.com/news/business/10183-2012-09-28-12-23-20.html
Saturday, August 4, 2012
ထားဝယ် အထူးစီးပွားရေးဇုန်
03.08.2012
ဗမာစစ်အစိုးရနဲ့ အီတာလျံ-ထိုင်း (Italian-Thai Development Public
Company Limited) ကုမ္မဏီတို့ သဘောတူခဲ့ကြတဲ့ ထားဝယ် အထူးစီမံကိန်းဇုန်နဲ့
ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့
မြန်မာနဲ့ ထိုင်းအစိုးရတို့ ဇူလိုင်လနှောင်းပိုင်းက နားလည်မှုစာချွန်လွှာတွေ
လက်မှတ်ထိုးကြပါတယ်။ ဒေသခံတွေရဲ့  ကန့်ကွက်မှု၊ ကျောက်မီးသွေးသုံး
လျှပ်စစ်ဓါတ်အား စီမံကိန်းကို ဇန္နဝါရီလအစောပိုင်းမှာ ဦးသိန်းစိန်အစိုးရက
ရပ်ဆိုင်းမှု၊ ငွေရင်းအလုံအလောက်ရဖို့ ခက်ခဲမှု စတာတွေကြောင့်
နှောင့်နှေးကြန့်ကြာမရေမရာ ဖြစ်နေတဲ့ စီမံကိန်းကို ဖြစ်မြောက်အောင်လုပ်ဖို့
ထိုင်းနဲ့ဗမာအစိုးရတို့က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး ၂၀၁၄ မှာ အာဆီယံဥက္ကဌလုပ်မယ့် ဗမာအစိုးရရဲ့  လိုအပ်ချက်တွေကို ကူညီရေး၊ လူသားစွမ်းရည်တိုးတက်ဖို့ ပူးတွဲဆောင်ရွက်ရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရာမှာ ကူညီရေး၊ လောင်စာစွမ်းအင်ကိစ္စမှာ ပူးတွဲလုပ်ဆောင်ရေး စတာတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ မြန်မာနဲ့ ထိုင်းအစိုးရတို့ ဆုံးဖြတ်ကြပါတယ်။ အကျယ်အဝန်း စတုရန်းမိုင် တစ်ရာမှာ အထူးစီးပွားရေးဇုန် တည်ဆောက်မယ့် (၁၀) နှစ် စီမံကိန်းပါ။ နောက်ပြီးတော့ ကားလမ်း-ရထားလမ်း ဖောက်ပြီး ထိုင်းနိုင်ငံနဲ့ ဆက်ထားမှာ ဖြစ်ပါတယ်။
ရေနက်ဆိပ်ကမ်းအပြင် သင်္ဘောကျင်း၊ ရေနံဓာတုစက်ရုံ၊ ရေနံချက်စက်ရုံ၊ သံမဏီစက်ရုံ၊ လျှပ်စစ်ဓါတ်အားစက်ရုံ၊ ဓါတ်မြေသြဇာစက်ရုံ စတာတွေကို အကျယ်အဝန်း စတုရန်းမိုင် (၁၀၀) ရှိမယ့် အထူးစက်မှုဇုန်မှာ တည်ဆောက်မယ့် (၁၀) နှစ် စီမံကိန်း ဖြစ်ပါတယ်။ အခြေခံအဆောက်အအုံ တည်ဆောက်ဖို့ ဒေါ်လာသန်းရှစ်ထောင် ကုန်ကျမယ်လို့ ခန့်မှန်းပြီး တဆင့်ပြီးတဆင့် တိုးချဲ့ သွားရင် ဒေါ်လာသန်း ငါးသောင်းကျော်အထိ ကုန်ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အလွန်ကြီးမားတဲ့ စီမံကိန်းဖြစ်တာမို့ ငွေရင်းစိုက်ထုတ်နိုင်ရေးဟာ အဓိက ပြဿနာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်ရဲ့  ခရီးစဉ်အတွင်းမှာ ထိုင်းအစိုးရပိုင် PTT () စွမ်းအင်ကုမ္မဏီက ဒေါ်လာသန်း သုံးထောင် စိုက်ထုတ်ဖို့ ကတိပြုလိုက်ပါတယ်။ ထိုင်းအစိုးရကစပြီး ရင်းနှီးမြုပ်နှံတာကြောင့် အခြားနိုင်ငံတွေ ပါဝင်ဖို့ အလားအလာရှိသွားပါတယ်။
ထိုင်းမှာအခြေစိုက်ပြီး (၁၅) နိုင်ငံမှာ ရင်းနှီးမြုပ်နှံထားတဲ့ Charoen Pokphand ခေါ် CP အုပ်စုကလည်း လာမယ့် (၃) နှစ်အတွင်း ဒေါ်လာသန်း (၅၅၀) ထားဝယ် အထူးစီမံကိန်းဇုန်မှာ ရင်းနှီးပြီး စိုက်ပျိုးရေးနဲ့ မွေးမြူးရေးလုပ်ငန်းတွေ လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။ CP အုပ်စုဟာ ဒေါ်လာသန်း (၁၅၀) မြန်မာပြည်မှာ ရင်းနှီးထားပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၉၀) က တရုတ် ညီအကို တည်ထောင်ခဲ့တဲ့ CP အုပ်စုဟာ တရုတ်ပြည်မှာ ဈေးကွက်ဖွင့်တုန်းကလည်း ရှေ့ တန်းကပါဝင်ပြီး နိုင်ငံတကာကုမ္မဏီတွေနဲ့ လက်တွဲလုပ်ကိုင်ပါတယ်။ အကြီးဆုံး ဘိလပ်မြေကုမ္မဏီဖြစ်တဲ့ Siam Cement ခေါ် SCG ကလည်း ဒေါ်လာသန်း (၃၃၀) စိုက်ထုတ်ပြီး ထားဝယ်မှာ ဘိလပ်မြေစက်ရုံ တည်ဆောက်တော့မယ်လို့ ဆိုပါတယ်။ ထားဝယ်တင်မကဘဲ အခြားနေရာမှာ စီးပွားရေးလုပ်လိုတဲ့ ထိုင်းကုမ္မဏီတွေလည်း ရှိပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေထွက်လာဖို့ စောင့်နေကြတာလို့ ဆိုပါတယ်။
ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်တဲ့အတွက် ထိုင်းကသာ အများဆုံး အကျိုးအမြတ်ရလိမ့်မယ်လို့ Australia နိုင်ငံက ပါမောက္ခ Sean Turnell က ဗွီအိုအေ ကို ပြောပြပါတယ်။ ထားဝယ် စီမံကိန်းရဲ့  အဓိကရည်ရွယ်ချက်က ထိုင်းနိုင်ငံရဲ့  အနောက်ဖက် ဆိပ်ကမ်းအဖြစ် ထိုင်းကုန်ပစ္စည်းတွေ အလွယ်တကူ မြန်မြန်ဆန်ဆန် ဝင်ထွက်နိုင်ဖို့ ဖြစ်ပါတယ်။ မလက္ကား ရေလက်ကြားကို ဖြတ်ပြီး ထားဝယ် နဲ့ ထိုင်းကို ပိုက်လိုင်းနဲ့ ဆက်သွယ်ပြီး အရှေ့ အလယ်ပိုင်းက သယ်ယူလာတဲ့ ရေနံစိမ်းကိုလည်း တင်သွင်းနိုင်တယ်လို့ တွက်ထားပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့  အကျိုးစီးပွားကို မြှင့်တင်ရာမှာ ထားဝယ် အထူးစီးပွားရေးဇုန်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။

Wednesday, August 1, 2012
မောင်းမကန် ကမ်းခြေ မြေယာကိစ္စ ဒေသခံ များ ထားဝယ် အများပိုင် ကုမ္ပဏီထံ တောင်းဆိုချက်ပို့
http://www.ddamyanmar.com/?p=554
DDPC မှ ၎င်းတို့ လုပ်ပိုင်ခွင့်ရသည့် မြေဧရိယာရှိ သီဟိုဠ်ပင် များအား ဘူဒိုဇာ များဖြင့် ရှင်းလင်း သဖြင့် ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားပြီး နှစ်ပတ်ခန့်အကြာ ကုမ္ပဏီနှင့် မောင်းမကန် ဒေသခံများ ၃ ကြိမ်မြောက် တွေ့ဆုံပြီး ချိန်တွင် ယင်းသို့အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းဖြစ်သည်။
ကြိုးပြင် ကာကွယ်တော အတွင်း ကျရောက် နေသည့် ဒေသ တစ်ခုလုံးအား မြေယာ ပိုင်ဆိုင်မှု အခိုင်အမာ ရရှိရေးအတွက် နိုင်ငံတော် အစိုးရနှင့် ပြည်သူ့လွှတ်တော်အား တိုက်တွန်း ပေးရန်၊ စီမံကိန်း အတွက် အမှန်တကယ် လိုအပ်သည့် မြေ ဧရိယာကိုသာ ယူရန် လုပ်ပိုင်ခွင့် ရသည့် မြေအား ဒေသခံ များ၏ သဘောထား မပါဘဲ လွဲပြောင်း၊ ရောင်းချ ခြင်း မပြုရန် နှင့် ဒေသ ဖွံ့ဖြိုးရေးအတွက် မည်သည့် လုပ်ငန်းများ ဆောင်ရွက် မည်ကို တိကျခိုင်မာ ပွင့်လင်းစွာ ထုတ်ဖော်ပြောရန် စသည့်အချက် ၄ ချက်ဖြင့် ပေးပို့ခဲ့သည်။
ကုမ္ပဏီအနေဖြင့် မည်သည့် လုပ်ငန်းများကို မည်သို့ ဆောင်ရွက်မည် မြေဧက မည်မျှခန့်လိုမည်ကို တိတိပပ မပြောနိုင်ဟု မောင်းမကန် ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင် ဦးဇော်ဝင်းက ပြောသည်။
မောင်းမကန် ကျေးရွာ၏ မြောက်ဘက် မောင်းမကန် ကမ်းခြေနှင့် ပန်းတင်အင်း ချောင်းကြား မြေနေရာတွင် ဒေသခံများ၏ သဘောထားကို မေးမြန်း စုံစမ်းခြင်းမရှိဘဲ စက်ယန္တရားများ အသုံးပြု ရှင်းလင်းသဖြင့် ဒေသခံများက မကျေမနပ်ဖြစ်နေကြသည်။
“လုံးဝ မကျေနပ်ဘူး။ ဘယ်သူ့ကိုမှ အသိမပေးဘဲ သူတို့ဟာ သူတို့ လုပ်နေကြတယ် ” မောင်းမကန် ဒေသခံ ဦးထွန်းခင်က ဖွင့်ဟသည်။
ယခုလက်ရှိ အချိန်တွင် မောင်းမကန် ကျေးရွာအပါအ၀င် ကျေးရွာ ဆယ်ရွာခန့်သည် ၂၀၀၁ ခုနှစ်မှစပြီး ကြိုးဝိုင်းပြင်ပ ကာကွယ်တောအဖြစ် သတ်မှတ်ခံထားရပြီး ၂၀၀၇ ခုနှစ်မှ စတင်ကာ တရားဝင် မြေခွန်များ ရပ်စဲသွားကြောင်း ဒေသခံများ၏ အကြုံပြုစာတွင် ဖော်ပြသည်။
ကြိုးပြင်ပ ကာကွယ်တော ဧရိယာအတွင်းရောက်နေသည်
“ရွာတွေကို ကြိုးပြင် ကာကွယ်တော အဖြစ်က ပယ်ဖျက်စေချင်တယ်” ဟု ၎င်း၏ ဆန္ဒကို ထုတ်ဖော်ပြောသည်။
မောင်းမကန် ဒေသခံများမှ ပေးပို့သည့် စာကိစ္စနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက်မည်ကို ဇူလိုင်လ ၂၆ ရက်နေ့ ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ အစည်းအဝေးပြီးမှ သိနိုင်မည်ဖြစ်ကြောင်း DDPC ရုံးထံမှ သိရသည်။
“သြဂုတ်လဆန်းပိုင်းမှာ လာပြီးတော့ သေသေချာချာ ရှင်းပြဖို့ရှိပါတယ်” ဟု DDPC ကုမ္ပဏီ၏ ဥက္ကဌ ဦးခင်စိုးက တယ်လီဖုန်းမှတဆင့် ပြောကြားသည်။
စီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို ထင်သာမြင်သာ ဖော်ပြ တိတိကျကျ ပြောပြမှ သာလျှင် ဒေသခံများအနေဖြင့် တိကျသည့် ဆုံးဖြတ်ချက်ကို ချနိုင်မည်ဟု မောင်းမကန် ဒေသခံ ကိုယူသိန်းက ဆိုသည်။
“ အခုက သုံးမယ့် ဧရိယာ ဘယ်လောက်ဆိုတာကိုလည်း မပြောနိုင်ဘူး” ဟု ကိုယူသိန်းက ထောက်ပြသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ထားဝယ် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ
ယင်းကဲ့သို့ မြေယာ ပြဿနာများဖြစ်ရခြင်းသည် မြေယာ ဥပဒေ၏ လျော့ရဲမှု ၊ ဒေသခံများ၏ ဗဟုသုတ နည်းပါးမှု နှင့် ကျေးရွာ အုပ်ချူပ်ရေးမှုးအပါအ၀င် ဌာနဆိုင်ရာများ၏ ပေါ့လျော့မှုကြောင့်ဟု ထားဝယ် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့မှ ဦးကျော်ကျော်သက်က သုံးသပ်သည်။
DDPC မှ လုပ်ပိုင်ခွင့်ရသည့် ဧရိယာမှာ ကမ်းခြေမြောက်ပိုင်းဖြစ်ပြီး ကမ်းခြေတောင်ပိုင်း ဧရိယာသည် ၃၇၀ ဧက ကျော်ရှိပြီး ကာကွယ်ရေး ၀န်ကြီးဌာန (ကြည်း) ပိုင် မြေဖြစ် သတ်မှတ်ထားသည်ဟု ဒေသခံများက ပြောသည်။
DDPC မှ လုပ်ပိုင်ခွင့်ရသည့် ဧရိယာတွင်းရှိ သီဟိုဠ်ပင်များကို မောင်းမကန်ကျေးရွာအုပ်စုဝင် အိမ်ခြေ ၁၂၀ ခန့်ရှိသည့် ကဗွီးနှစ်ပင်ကျေးရွာနှင့် အိမ်ခြေ ၃၀၀ ခန့်ရှိသည့် အံတောပြင်ကျေးရွာ နှစ်ရွာမှ အခြေခံ လူထု အများစုမှီခိုသည်ဟု ထားဝယ် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။
“ဒေသခံတွေရဲ့ အကျိုးကိုလိုလားပြီး သူတို့ ဘ၀ စာနာနိုင်တဲ့ ဒါရိုက်တာ အဖွဲ့ဖွဲပြီး ညှိနှိုင်း ဆောင်ရွက်သင့်တယ်” ဟု ဦးကျော်ကျော်သက်က အကြံပြုသည်။
ထားဝယ်ဒေသဖွံဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ (DDPC) အား ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် စတင် အကောင်အထည် ဖော်ပြီး အမှုဆောင် ဒါရိုက်တာ ၄၆ ဦး ၊ ဒေသခံ အစုရှယ်ယာရှင် ၆၀၀ ကျော်နှင့် စတင် တည်ထောင်ခဲ့ပြီး ထားဝယ်ဒေသတွင် စီးပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်နေသည်။
From Dawei Watch
Sunday, July 29, 2012
ထားဝယ်မိုး
ထားဝယ်မိုး
(သားကြီး )
တိမ်သလ္လ္လာညိုကာ ယိမ်းအဖွဲ့လို ”က”
ဟိုမှာဒီမှာ ကပြာကယာ
ပြေးဆော့ကာနေ နေကြပြီဆို
အမိုးမလုံက ကမ်းကုန်အောင်ဖာဖို့ပြင်ကွဲ့
ခွက်ဖလားမကျန်အောင်ပ စိတ်ဆိုးကာမာန်မယ့်မိုး။
ပလီပလာ တီတီတာတာ
မူယာ မာယာ နွဲ့ ကာ မချွဲတတ်ပါဘု
မာယာဆို ပမာကို ပြစရာမရှိသမို့
ဝေဟင်မှာ တိမ်ညိုတွေ ကျောက်ချရင်ပ
ကွင်းပြင်မှာ မင်းထင်သလို သွားမနေနှင့်ကွဲ့
တဝေါဝေါအော် မင်းဆီကို မိုးစစ်ဆင်တော့မယ်
ထီးအသင့်ပြင်ထား။
ရွာပြီဆို တဂျီဂျီ တအီအီ မစဲပါဘု
မရွာဘူးဆို နွေလိုနေရောင်ဟာ လူလုံးပြသပေါ့
မိုးစက်တွေ ဘယ်သူခိုးတယ် တွေးမိထင်မှား
အထင်ဟာမကြာပါ အစဉ်အလာမိုးသည်းဟာဖြင့်
ဆက်တိုက်မစဲ တစ်ပတ်ဆိုတာ အောက်ထစ်ပဲမို့
တစ်ခါရွာ တစ်ခါရေကြီးတာ ကြုံရသကွဲ့
စိတ်ကြီးတဲ့မိုး။
ထားဝယ်မိုး တကယ်ဆိုးတယ် မပြောနိုင်ပါဘု
အညာတမာ အဆောင်မှားကွေးရအောင်ပ
အတန်းလစ်တာ စေတနာနဲ့ပါကွဲ့……….အဟဲ့
မဒီပျို အဘယ်ကို သွားမှာလဲကွယ်
ကျွတ်ဖါကို ဖောင်ဖွဲ့ပို့မယ် ကမ္ဘာအဆုံးထိလား
မြှော့ရယ်၊ ကျွတ်ကယ်မကြောက်ပါလေနဲ့ ငါ့ကိုသာဖက်ပါကွဲ့
မိုးသည်းတိုင်း ပြောမဆိုင်းစကားတစ်ခွန်းဟာဖြင့်
ငပိသုပ်နဲ့ ဗိုက်အပြည့်အုပ်ပြီးရင်ပ
သိန်းတန်သီချင်းနဲ့ ထမင်းလုံးစီစောင်ခြုံကွေးမယ်
ထားဝယ်မိုးဟာ ဒါမျိုးက တအားငြိမ့်ပါရဲ့
ကွယ်…….သိကြားမင်းဖယ်ထား။
သားကြီး
Dawei Watch facebook မှကူးယူဖော်ပြပါသည်။

Subscribe to:
Posts (Atom)