Sunday, September 2, 2007
လှမ်းခဲ့ပါ့ တိုင်းသာရီ
ကြည်ညိုဖူးမြင်
ရှင်ကိုးရှင်နှင့်
ပျော်ရွှင်ကမ်းခြေ
မောင်းမကန်မြေနှင့်
အဆန်ခရီး
ကားစီးရန်ကုန်
စုံလျှင် မြိတ်သို့
လေးမြို့နယ်ပိုင် ထားဝယ်ခရိုင်။
လေးကျွန်းဆီမီး
သိမ်တော်ကြီး၏
ထီးရိပ်အေးမြ
လှပဆိပ်ကမ်း
ကုန်ဈေးတမ်းနှင့်
ငါးဖမ်းစက်လှေ
ပုဇွန်တွေပေါ
ကုန်ချောထုပ်ပိုး
လေးမြို့နယ်ပိုင် မြိတ်ခရိုင်။
တောင်ကုန်းထက်က
ထူးလှစေတီ
ကြည်ညိုဖွယ်နှင့်
ဘုရင့်နောင်ကုန်း
ရှုမဆုံးနှင့်
ဝင့်ထည်လှပ
လမ်းမ သွယ်သွယ်
နယ်စပ်ကုန်ပို့
နှစ်မြို့နယ်ပိုင် ကော့သောင်းခရိုင်။
ထားဝယ်၊ မြိတ်နှင့်
တဆင့်ကော့သောင်း
ခရိုင်ပေါင်းစု
တိုင်းပြု တနင်္သာရီ
ဝေစည်လျှမ်းပ
လွမ်းစရာ့။
အေးကြည်ချမ်းမြ
လှမ်းခဲ့ပါ့။ ။
ချမ်းမြငြိမ်း
တနင်္သာရီတိုင်းမဂ္ဂဇင်းဟောင်းတအုပ်ထဲမှ ကဗျာတပုဒ်ဖြစ်ပါတယ်။ မဂ္ဂဇင်းက အဖုံးနှင့် အတွင်းစာမျက်နှာတချို့ မရှိတော့လို့ အတွဲ၊ အမှတ်၊ ထုတ်ဝေခုနှစ်တွေကို မဖော်ပြနိုင်ပါ။ အထက်ပါဓာတ်ပုံမှာ ထားဝယ်မြို့ အဝင်ဝမှ လွမ်းမောဖွယ်ရာ ထန်းပင်တန်းကြီးဖြစ်ပါတယ်။ စာရေးရင်းတောင် ထားဝယ်ကို လွမ်းလာပြီဗျာ။ အခုတော့ ကဗျာစာသားထဲမှာ ပါတဲ့အတိုင်း သာယာချမ်းမြအုံးပါ့မလား မသိပါဘူး။ မြန်မာတနိုင်ငံလုံးက သာယာချမ်းမြေ့ဖွယ် မကောင်းတော့တာ ကြာပြီမဟုတ်လား။
2 comments:
  1. မကျက်သေးတဲ့အနာ
    ပိုးရွက်နီအကောင်တရာ
    ကိုက်တာထက်
    နာကျင်တစက်စက်
    ခံရခက်လိုက်ပါဖိ
    မိဝေး လွန်းဆိုးပဲလန်း....
    အိမ်ပြန်ချင်ဆိုးဘဲလန်း.....
    ReplyDelete
  2. မကျက်သေးတဲ့အနာ
    ပိုးရွက်နီအကောင်တရာ
    ကိုက်တာထက်
    နာကျင်တစက်စက်
    ခံရခက်လိုက်ပါဖိ
    မိဝေး လွန်းဆိုးပဲလန်း....
    အိမ်ပြန်ချင်ဆိုးဘဲလန်း.....
    ReplyDelete