Wednesday, October 2, 2013

Related News to Dawei Deep Sea Port (Sept 24 - Oct 2, 2013)



Myanmar to tap ADB for Dawei loans

Bangkok Post - Published: 2 Oct 2013

The stagnant Dawei deep-sea port and industrial project took a small step forward after Myanmar agreed to secure loans from the Asian Development Bank (ADB) to invest in significant infrastructure development.

Deputy Prime Minister and Commerce Minister Niwatthamrong Bunsongphaisan said yesterday that at the recent tripartite meeting with Thailand and Japan that Myanmar remains strongly committed to Dawei, saying that the project will play a significant role in the nation's future economic development.

Thailand, Myanmar and Japan held a meeting in Yangon last Friday to discuss ways to get the Dawei deep sea port and industrial project off the ground.

ထားဝယ်များသည် ဒေသခံတိုင်းရင်းသားများ(သို့) ဌာနေတိုင်း ရင်းသားများဖြစ်တယ်



၇.၉.၂၀၁၃ရက်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဆောက်အဦးမှာ လွှတ်တော်ဥက္ကဌကြီးဦးစီးပြီး ဆွေးနွေး ပွဲတစ်ခုလုပ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ရေးဆွဲထားတဲ့ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း ကို ဆွေးနွေးကြပါတယ်။ပါတီတွေ၊ ၈၈ မျိုးဆက်၊ တိုင်းဒေ သကြီးလွှတ်တော်အမတ်တွေ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ဥပဒေချုပ်တွေ သာမက ထွေ/အုပ်ဝန်ထမ်းတွေ၊ အစိုးရအဖွဲ့တွေ၊ လူထုအခြေပြုအဖွဲ့တွေတက်ရောက်ဆွေးနွေးခဲ့ပါတယ်။

Tuesday, September 24, 2013

ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်လိုကြလျှင်



 ထင်လင်းဦး (Wisdom Villa) 


မြန်မာပြည်သူပြည်သား အများစု ပြောကြသော စကားတစ်ခွန်းရှိပါသည် '' အေးအေးဆေးဆေးပဲ နေချင်တယ်၊ နိုင်ငံရေးတွေ ဘာတွေလည်း စိတ်မဝင်စားပါဘူး။ ဘယ်အစိုးရတက်တက် ကိုယ့်ထမင်း ကိုယ်ရှာစားရမှာပဲ'' ဟူသော စကားဖြစ်ပါသည်။ အလွန်စာနာ နားလည်ဖွယ်ကောင်းလှသော စကားတစ်ခွန်း ဖြစ်ပါသည်။ ထို့ထက်ပို၍ ဆိုခွင့်ရလျှင် အလွန်လူသားပီသသော စကားတစ်ခွန်းလည်း ဖြစ်သည်ဟု ဆိုချင်ပါသည်။

လူ့ဘဝ၏ အဓိက လိုအပ်ချက်မှာ စားဝတ်နေရေး ဖြစ်ပါသည်။ မိမိတို့ အသက်ခန္ဓာ တည်မြဲရေးအတွက် အဓိက လိုအပ်သော အစားအစာ (ထမင်းတစ်နပ်)။ မိမိတို့ ကာယိနြေ္ဒထိန်းသိမ်းကာကွယ်ရန် ဖုံးလွှမ်းအပ်သော အဝတ်တန်ဆာ၊ မိမိတို့ မိသားစုအတွက် မှီခိုရန် နားနေရန် အိပ်စက်ရန် လိုအပ်သောနေစရာတို့သည် လူသားတို့အတွက် မရှိမဖြစ် တောင့်တကြောင့်ကြနေရသော အရာများဖြစ်ပါသည်။ သာမန်ပြည်သူများအဖို့ သမ္မတဖြစ်ရေး၊ ဝန်ကြီးဖြစ်ရေး၊ လွှတ်တော်အမတ်ဖြစ်ရေး၊ ပါတီခေါင်းဆောင်ဖြစ်ရေးဆိုသည်တို့မှာ အိပ်မက်ထဲတွင်ပင် ပေါ်မလာသည့် အကြောင်းတရားများ ဖြစ်ပါသည်။ နေစရာ တစ်ခုရှိ၍ စားရေးနှင့် ဝတ်ရေးကို အဆင်ပြေပြေဖွေရှာ စားသောက်နေကြနိုင်လျှင် သူတို့၏ဘဝမှာ ပြီးပြည့်စုံနေပြီ ဖြစ်ပါသည်။

Sunday, September 22, 2013

Thursday, September 19, 2013

ငြိမ်းချမ်းရေးဆိုတာ ဘာလဲ?

လူတိုင်း ငြိမ်းချမ်းရေးကို လိုလားကြသည်၊ တမ်းတကြမည်ဟု ယူဆရပါသည်။ တကယ်တော့ ထိုငြိမ်းချမ်းကို ရှာဖွေနေကြသူများက ရှာဖွေကြသလို မိမိတယောက် မိသားစု တခုမှာ ရှာဖွေတွေ့ရှိကြသလို မိမိတယောက် မိသားစုတခုမှ အစပြုပြီး ကျေးရွာတရွာ လူမျိုးစုတစ်ခု ထိုမှ ဒေသ၊ တိုင်း/ပြည်နယ်၊ နိုင်ငံ၊ နိုင်ငံအစုများမှ ကမ္ဘာကြီးငြိမ်းချမ်းမည်ဖြစ်ပါသည်။

ဒါဆို ငြိမ်းချမ်းရေးဆိုတာဘာလဲ? ဘယ်လိုလုပ်ဆောင်မလဲ? စသည့်မေးခွန်းတွေ ရှိလာပါသည်။ အဖြေရှာကြရအောင်လေ…………..