ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့တွင် လူပုဂ္ဂိုလ် ၁၉ ဦးတို့က “ထားဝယ်တိုင်းရင်းသားများပါတီ” တည်ထောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ကြသည်။
ထိုသို့ လျှောက်ထားသူ ပုဂ္ဂိုလ် ၁၉ ဦးတို့မှာ Dawei Watch စာမျက်နှာတွင် ဖော်ပြထားချက်အရ အောက်ပါအတိုင်းဖြစ်ကြောင်း သိရသည်။
- ဦးမောင်မောင်အေး (လောင်းလုံး)၊
ဇူလိုင် ၂၄ ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားပုံ - ဦးဇော်ဦး (ရန်ကုန်)၊
- ဦးအေးမင်း (ထားဝယ်)၊
- ဦးလူအေး (ကော့သောင်း)၊
- ဦးအောင်လင်း (ကော့သောင်း)၊
- စောကဲဒို (မေတ္တာ)၊
- ဒေါ်နွယ်နီသိန်း (ထားဝယ်)၊
- ဒေါ်သက်သက်အေး (ထားဝယ်)၊
- ဒေါ်သက်သက်ဇင် (ထားဝယ်)၊
- ဦးသန်းဆွေ (သရက်ချောင်း)၊
- ဦးစိုးသိန်း (ထားဝယ်)၊
- ဦးသန်းဝင်း (ထားဝယ်)၊
- ဦးရာဇာစိုး (ထားဝယ်)၊
- ဦးရဲလင်းမြင့် (ရန်ကုန်)၊
- ဦးသန့်ဇင် (ထားဝယ်)၊
- ဒေါ်သန္တာစိုး (ရန်ကုန်)၊
- ဦးလေးလွင် (နဘုလယ်)၊
- ဦးသူရိန်လှိုင် (ရန်ကုန်)
- ဦးဘိုဘိုအောင် (ရန်ကုန်)
အတည်မဖြစ်သေးသည့် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပါတီ၏ ရည်ရွယ်ချက်ကို အောက်ပါအတိုင်း အချက် (၃) ချက်ဖြင့် ထည့်သွင်းဖော်ပြထားသည်ကို လေ့လာတွေ့ရှိရသည်။
(က) တိုင်းရင်းသားလူမျိုးစု ကြီးငယ်မရွေး တန်းတူရည်တူဖြင့် စစ်မှန်သော ပြည်ထောင်စုစနစ် ထူထောင်ရာတွင် အထောက်ကူဖြစ်ရေး။
(ခ) နိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးများအားလုံး မိမိ၏ စာပေ၊ ယဉ်ကျေးမှု၊ ဘိုးဘွားအစဉ်အဆက် ပိုင်ဆိုင်လာသော အရင်းအမြစ်၊ အမွေအနှစ်များကို ပြည်ထောင်စုစနစ်နှင့်အညီ လွတ်လပ်စွာ စီမံခန့်ခွဲ နိုင်ရေး။
(ဂ) ထားဝယ်ဒေသအပါအ၀င် နိုင်ငံတ၀န်း၊ ကမ္ဘာတ၀န်း နေထိုင်လျက်ရှိသော ထားဝယ်တိုင်းရင်းသား လူမျိုးများ၏ ရပိုင်ခွင့်၊ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကို ဖော်ဆောင်ရေး။
ယခုကဲ့သို့ ထားဝယ်ဒေသနှင့် ထားဝယ်လူမျိုးတို့အား ကိုယ်စားပြု၍ နိုင်ငံရေးပါတီ တည်ထောင်ရန် ကြိုးပမ်းခြင်းသည် ပထမဦးဆုံးအကြိမ်လည်း ဖြစ်သည်။
မိတ်ဆွေအနေဖြင့် “ထားဝယ်တိုင်းရင်းသားများပါတီ” တည်ထောင်ရန် ကြိုးပမ်းနေခြင်းအပေါ် မည်သို့ ထင်မြင်မိပါသနည်း။
မိမိ၏ ထင်မြင်ချက်များကို Comment တွင် ရေးသားပေးကြပါရန် တောင်းဆိုအပ်ပါသည်။
x x x x x
ပျော်ရွှင်မိပါတယ်။။
ReplyDeleteWe wait to along time. We are Tavoyan Generation for new life. We are welcome. For Tavoyan Youth Organization (Sangkhlaburi Area)
ReplyDeleteHtun Lwin
Email; dhtunlwin@gmail.com
ထားဝယ်တိုင်းရင်းသားတို့အတွက် အကောင်းဆုံးလမ်းပြပေး နိုင်ပါစေ...
ReplyDeleteပြည်သူတွေမျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လာဖို့ ကို အပြည်အ၀အာမခံပါတယ်။ အကြံကောင်းများလည်းပေးကြပါလို့တောင်းခံပါတယ်။ အခု ထားဝယ်တိုင်းရင်းသားများပါတီ(ဗဟို)ရုံခန်းကို အမှတ်၂၈၅၊ နိဗ္ဗာန်လမ်း၊အိုးလုပ်ရပ်၊ထားဝယ်မြို့ မှာဖွင့်ထားပါတယ်။ ဦးအေးမင်း(ထားဝယ်)
ReplyDelete