Sunday, August 4, 2013

ထားဝယ်ငါးပိ

July 31, 2013
ငါးပိဆိုတာကတော့ ထားဝယ်တွေရဲ့ အမျိုးသားရေး လက္ခဏာတခုလို့ဆိုနိုင်ပါတယ်။ ငါးပိက ပရိုတင်း ဓာတ်လည်း ကြွယ်ဝတဲ့ အစားအစာဆိုပဲ။ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရ ဓာတ်စာတွေ ကို ဖြည့် တင်းပေး တဲ့ အနှစ်သာရတုံးဆိုပါတော့။ ကျနော့်အဖွားဆို ငါးပိသိပ်မကြိုက်ပါဘူး။ ထမင်းစားပွဲပေါ်မှာ ငါးပိကြော်၊ ငါးပိထောင်း၊ ငါးပိဖုတ်၊ ငါးပိသုပ်လေးခွက်ကတော့ အမြဲတမ်းမင်းမူနေလို့ အမေက အဖွားကို ငါးပိထကိုက်လိမ့်မယ်လို့တောင် ပြောယူရပါတယ်။ ထားဝယ်နဲ့ ငါးပိက ဘယ်လောက် သဟဇာတဖြစ် သလဲဆိုရင် သွေးလည်းမတိုးကြဘူး၊ ဝက်ခြံလည်းမပေါက်ကြပါဘူး၊ အသားလည်း မမည်းကြပါဘူး။ မာပုံကတော့ မြန်မာ့လက်ဝှေ့ကျော် တွေ့မရှောင်ကိုပဲ ကြည့်ပါတော့။


ထားဝယ် မုန့်လက်သုပ်

July 31, 2013
ထားဝယ်မုန့်လက်သုပ်ကို မကြိုက်တဲ့ ထားဝယ်ရယ်လို့ မတွေ့ဖူးပါ။ ထားဝယ်များတင် ကြိုက်တာမဟုတ် မွန်၊ ဗမာ၊ ကရင်များကလည်း တသသ စွဲလမ်း ကြိုက်နှစ်သက်ကြပါတယ်။ စားဖူးသူတိုင်း မကြိုက်မရှိတဲ့ စားသောက်ဖွယ်ရာတမျိုးလို့ ဆိုရမယ်ထင်ပါတယ်။

ထားဝယ်မုန့်လက်သုပ်ဟာ အမြင်မှာတော့ ရခိုင်မုန့်တီနဲ့ အဆင်တူပါတယ်။ ဒါပေမယ့် ဟင်းရည်ချက်ပုံကျတော့ အတော်ကို ကွဲလွဲပြီး အရသာကလဲ မတူပါဘူး။ မတူပုံက ရခိုင်မုန့်တီဟင်းရည်မှာ ငရုတ်ကောင်းထည့်တယ်၊ ထားဝယ်ဟင်းရည်မှာတော့ မထည့်ပါ။ စပါးလင်ပင်ကိုပဲ ထည့်ပါတယ်။ ထားဝယ်ဟင်းရည်မှာ (ပအုန်းရည်) က အဓိကကျပါတယ်။ ရခိုင်မုန့်တီဟင်းရည်မှာ ပအုန်းရည်မထည့်ပါ။ ငါးသုံးတာကတော့ တူပါတယ်။ ချိုတဲ့ငါးကို အသုံးပြုကြရိုး ထုံးစံပါပဲ။ ထားဝယ်ဟင်းရည်မှာ နနွင်းထည့်သလို ရခိုင်ဟင်းရည်မှာ မထည့်ပါဘူး။ တခြား မတူညီတဲ့အချက်တွေလည်း ရှိပါသေးတယ်။

ထားဝယ်မုန့်လက်သုပ် ဟင်းရည်ချက်နည်းကတော့

Saturday, August 3, 2013

Rojana, ITD to jointly develop Dawei Industrial Estate

The Nation
July 30, 2013

Rojana Industrial Park and Italian-Thai Development are joining forces to enter the promising Myanmar market with the establishment of the Dawei Industrial Estate on a 127,000-rai site.

Jirapongs Vinichbutr, managing director of Rojana, said yesterday that considering the great opportunities arising from the continuing growth of investment in Asean, the company agreed to club together with ITD to set up a company to develop the project in phases.

အီတာလျံ-ထိုင်း ကုမ္ပဏီ အနေဖြင့် ထားဝယ်အထူး စီးပွားရေးဇုန်မှ ထိုင်း-မြန်မာ အကျိုးတူ လုပ်ဆောင်မည့် မူဘောင်သဘောတူစာချုပ် အသက်ဝင်ချိန်တွင် နုတ်ထွက်မည်

Friday, 2 August 2013
8.2.12
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း တစ်နေရာအား ၂၀၁၂ ခုနှစ် မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)

ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် အဓိက မြှုပ်နှံသူအဖြစ် လုပ်ကိုင်ဖူးသည့် အီတာလျံ-ထိုင်း ကုမ္ပဏီမှာ စီမံကိန်းမှ နုတ်ထွက်ခြင်း မရှိသေးဘဲ အဆိုပါ စီမံကိန်းအား အဓိကချုပ်ကိုင်မည့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ရေးထိုးမည့် မူဘောင် သဘောတူ စာချုပ် အသက်ဝင်ချိန်မှသာ အပြီးသတ် နုတ်ထွက် မည် ဖြစ်ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်က ပြောကြားသည်။

Thursday, August 1, 2013

Clean coal technology to be used in Dawei power plant

On Tuesday, 30 July 2013
Daily July 30 Dawei SEZ

A work site in Dawei Special Economic Zone. (Photo-Phyoe Zin)
Clean coal technology will be used at a new power plant in Dawei Special Economic Zone in southern Myanmar, according to the Dawei project management committee.
“We aim to build a power plant that uses clean coal technology to provide electricity from the Dawei project,” Thaung Lwin, the committee’s chairman, told a press conference on July 27. The power plant is to be installed at a capacity of 600 mega watt and to be completed by 2017.

ဂျပန်ပါဝင်နိုင်ရန် ထားဝယ်အထူးစီးပွားရေးဇုန် မူဘောင် သဘောတူညီချက်စာချုပ် ပြန်ပြင်မည်

တနင်္လာနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၃ ခုနှစ်

ဘဏ္ဍာရေး အခက်အခဲများကြောင့် ကြန့်ကြာလျက်ရှိသည့် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ဂျပန် ပါဝင်လာရန်အတွက် ၂၀၁၀ ခုနှစ်က အီတာလျံ-ထိုင်းနှင့် မြန်မာအစိုးရချုပ်ဆိုခဲ့သော မူဘောင် သဘောတူ ညီချက် (frame work agreement) စာချုပ်ကို ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် တည်ဆောက်ရေးအထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌအလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။

ထားဝယ် အထူးစီးပွါးရေးဇုန် ၇၅ နှစ်စီမံကိန်း အဆင့်ဆင့် ထုတ်ပြန်ကြေညာ

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၃ ခုနှစ်

တနင်္သာရီတိုင်းတွင် တည်ဆောက်မည့် ထားဝယ် အထူး စီးပွါးရေးဇုံ (SEZ) အတွက် ၇၅ နှစ် စီမံကိန်း ကို မြန်မာနိုင်ငံက ရေးဆွဲထုတ်ပြန်လိုက်ကြောင်း ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။ အဆိုပါ စီမံကိန်းအရ မဟာဗျူဟာ လက်တွဲဖက် နိုင်ငံများအဖြစ် ထိုင်းနိုင်ငံအပြင် ဂျပန်နိုင်ငံနှင့်ပါ ဆောင်ရွက်မည်
ဖြစ်ပြီး အထူးစီးပွါးရေးဇုန် အကောင်အထည်ဖော်ရေးအတွက် တည်ဆောက်လုပ်ကိုင်မည့်သူများနှင့် နိုင်ငံ တကာ တင်ဒါများကို ကြေငြာခေါ်ယူ သွားမည် ဖြစ်သည်။