Thursday, August 1, 2013

ဂျပန်ပါဝင်နိုင်ရန် ထားဝယ်အထူးစီးပွားရေးဇုန် မူဘောင် သဘောတူညီချက်စာချုပ် ပြန်ပြင်မည်

တနင်္လာနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၃ ခုနှစ်

ဘဏ္ဍာရေး အခက်အခဲများကြောင့် ကြန့်ကြာလျက်ရှိသည့် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ဂျပန် ပါဝင်လာရန်အတွက် ၂၀၁၀ ခုနှစ်က အီတာလျံ-ထိုင်းနှင့် မြန်မာအစိုးရချုပ်ဆိုခဲ့သော မူဘောင် သဘောတူ ညီချက် (frame work agreement) စာချုပ်ကို ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် တည်ဆောက်ရေးအထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌအလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။

ဂျပန်ပါဝင်ရန်အတွက် ထိုင်းနှင့် မြန်မာတို့က တရားဝင်ဖိတ်ခေါ်ခဲ့ပြီး မြန်မာနှင့် ဂျပန်၊ ထိုင်းနှင့် ဂျပန်တို့ သီးခြားဆွေးနွေးပြီး ဖြစ်သည်။ သုံးနိုင်ငံဆွေးနွေးပြီးပါက မူဘောင်ကို ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ဦးအေးမြင့်က ဆက်ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို အဓိက ဖော်ဆောင်မည့် အီတာလျံ-ထိုင်းကုမ္ပဏီမှာ ငွေကြေးမလုံလောက်
သောကြောင့် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ပထမအဆင့်အနေဖြင့်သဘာတူညီထားသော ဒေသ ဖွံ့ဖြိုးရေးအတွက် ကျောင်းများဆေးရုံးများအပြင် စီမံကိန်းသတ်မှတ်ချက်တွင် ပါဝင်သော ရေနက် ဆိမ်း ကမ်း၊ အဝေးပြေးလမ်းကြီးတို့ကို ယခုအချိန်အထိ အကောင်အထည်ဖော်ရန်ခက်ခဲနေကြောင်း ပြည်ထောင် စုဝန်ကြီး ဦးအေးမြင့်က ရှင်းပြသည်။

“ခုထက်ထိကျေးရွာတွေဖယ်ခိုင်းပြီး မြေလျော်ကြေးပေးတဲ့ အဆင့်ပဲရှိပြီး ပထမအဆင့် စီမံကိန်းကို မလုပ်ဆောင်နိုင်သေးဘူး”ဟု ၀န်ကြီးက မဇ္ဈိမသို့ပြောသည်။

“ဒီစီမံကိန်းကအရမ်းကြီးတော့ ငွေကြေးအများကြီးလိုတယ်၊ ဒီတော့ ကမ္ဘာမှာ အချမ်းသာဆုံး စာရင်းဝင်တဲ့ ဂျပန်ကို ဖိတ်ခဲ့တယ်၊ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ မဟာဗျူဟာမြောက်ဆက်ဆံရေးနိုင်ငံလည်းဖြစ်ပြီး သူက သီလ၀ါ အထူးစီးပွားရေးဇုန်မှာ အခုလက်ရှိ အကောင်အထည်ဖော်နေတဲ့ နိုင်ငံလည်း ဖြစ်တယ်”ဟု ဦးအေးမြင့်က ဂျပန်နိုင်ငံကို ဖိတ်ခေါ်ခြင့်နှင့် ပက်သက်၍ ရှင်းပြသည်။

သီလ၀ါ အထူးစီးပွားရေဇုန်၏ ဥပဒေရေးရာ လုပ်ထုံးလုပ်နည်း ညှိနှိုင်ရေးကဏ္ဍဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်ကလည်း ယင်းစီးပွားရေးဇုန်တွင် ပါဝင်နေသည့် ထိုင်းနှင့် မြန်မာနိုင်ငံများကိုလည်း နစ်နာ မှုမရှိစေရန်အတွက် မူဘောင် သသောတူညီချက်ကို ဂျပန်နိုင်ငံက သေသေချာချာ ရေးဆွဲစေလိုပြီး ယင်း မူဘောင်သဘောတူညီ ပြန်လည်ပြင်ဆင်ပြီးပါက အီတာလျံ-ထိုင်း ကုမ္ပဏီသည် စီးပွားရေဇုန် အကောင် အထည် ဖော်ဆောင်ရေးတွင် ပါဝင်တော့မည်မဟုတ်ကြောင်း ဆိုသည်။

အီတာလျံ-ထိုင်းကုမ္ပဏီက ဆောင်ရွက်ခဲ့သော တည်ဆောက်မှုများအတွက် နိုင်ငံတကာ အသိအမှတ်ပြု ကုမ္ပဏီတစ်ခုကို ငှားရမ်းတွက်ချက်ပြီး ကုန်ကျစရိတ်ငွေပြန်ပေးရမည်ဟု ဦးအေးမြင့်ကဆိုသည်။

၂၀၀၈ ခုနှစ် မေလ ၁၉ ရက်က စင်ကာပူ နိုင်ငံတွင် မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးများက ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် အစီအစဉ်နှင့်ပတ်သက်၍ နားလည်မှု စာချွန်လွှာ စတင်ရေးထိုးခဲ့သည်။ 

Mizzima  မှကူးယူမျှဝေသည်။

0 comments:

Post a Comment