Wednesday, November 14, 2012

လာမည့်နှစ် ထားဝယ်စီမံကိန်း တစ်ရွာသာ ကနဦးပြောင်းရွေ့ရမည်

ထားဝယ်၊ နိုဝင်ဘာ ၉

ထားဝယ်စီမံကိန်းကြောင့် ပြောင်းရွှေ့ရန် ရာထားခံရသည် ကျေးရွာပေါင်း ၁၆ ရွာအနက် လာ မည့်နှစ် ကျောင်းဖွင့်ရာသီအချိန်တွင် ကျေးရွာ တစ်ရွာသာ ကနဦး ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း ထားဝယ် စီမံကိန်းလုပ်ငန်း အထောက်အကူပြုအဖွဲ့ ဥက္ကဌ ဦးတင်မောင်ဆွေက ပြောကြားသည်။

လာမည့် ၂၀၁၃ ဇွန်လခန့်တွင် ထားဝယ်စီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာပေါင်
း၁၆ ရွာမှ ဒေသခံ သုံးသောင်းကျော် ပြောင်းရွှေ့ပေးရမည်ဟု နိုဝင်ဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် ဧရာဝတီ သတင်း ဌာန တွင် ဖော်ပြထားသော်လည်း ဦးတင်မောင်ဆွေက ထိုသို့ပြောဆိုခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အိမ်အလုံး ၃၄၃ လုံးသာ တည်ဆောက်ပြီးစီးပြီဖြစ်သည့်အတွက် ကျေးရွာ တစ်ရွာ (သို့မဟုတ်) အများဆုံး နှစ် ရွာခန့်ကိုသာ ၂၀၁၃ ခုနှစ် ပထမ နှစ်ဝက်အတွင်းတွင် ပြောင်းရန် အဆင် သင့်ဖြစ်မည်ဖြစ်ကြောင်း ဦးတင်မောင်ဆွေက ဆိုသည်။

“ဇုန် ( အထူးစီးပွားရေးဇုန်) ကလည်း လက်ရှိမလုပ်သေးဘူးလေ။ ဆိုတော့ ရွာတွေ သူဟာနဲ့ သူ နေ လို့ရပါသေးတယ်” ဟု ဦးတင်မောင်ဆွေက ပြောသည်။

အထူးစီးပွားရေးဇုန်တွင် ရင်နှီးမြှပ်နှံမည့်သူများရှိလာမှသာလျှင် စက်ရုံတည်ဆောက်မည့် နေရာအလိုက် တစ်ခုချင်း ဖြည်းဖြည်းချင်း ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း၊ ယခုနှစ်ကုန်တွင် ပြန်လည်နေရာချ ထားရေး အတွက် အိမ် အလုံး ၅၀၀ ခန့်သာ ပြီးမည်ဖြစ်ကြောင်း၊ ပြန်လည်နေရာချထားရေးနေရာများတွင် ရေမီး အစုံဖြစ်မှ သာလျှင် ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။

ထားဝယ်စီမံကိန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ထိုင်း-မြန်မာပူတွဲကော်မတီ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

“ဒု ၀န်ကြီးတွေ အများကြီးပါတယ်ဆိုတော့ လုပ်ငန်း ပိုသွက်လာမှာပေါ့” ဟု ဦးတင်မောင်ဆွေက မှတ်ချက်ပြုသည်။

ထားဝယ် စီမံကိန်းကို ၂၀၀၈ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ပြီး ယခုနှစ်ကုန်တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းကို စတင်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ကနဦး တည်ဆောက်မည့် အသေးစားနှင့် အလတ်စား စက်ရုံများအတွက် ဧက တစ်ရာကျော် ရှိသည့် မြေနေရာကို စတင်ရှင်းလင်းနေပြီဖြစ်သည်။

Dawei Watch

0 comments:

Post a Comment