Wednesday, November 14, 2012

ဖွံ့ဖြိုးမှုကန့်လန့်ကာနောက်က ထိုင်းအရှေ့ပိုင်း အမှိုက်ဇုန်နှင့် အသက်ရှူကျပ်နေသော မဲခေါင်မြစ်စာမျက်နှာများ (၁)

 San Na Yone Facebook Wall မှတစ်ဆင့်ပြန်လည်ဝေမျှပါသည်။
November 12, 2012
 
မီးတောက်မီးလျှံများနှင့် မီးခိုးများတလူလူဖြစ်နေသောခေါင်း တိုင်များမိုးကောင်းကင်ပေါ်ထောင် ထားပြီး ရေဆိုးစွန့်ပစ်မြောင်းများ ဖင်ခုထိုင်ထားသော စက်ရုံများက             လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ အရှေ့ ပိုင်း ရာယောင်းခရိုင် မက်ထဖွတ် ဒေသ၏အမှတ်အသားတစ်ခုဖြစ်နေ ပါပြီ။ ထိုင်းနိုင်ငံ၏ အကြီးဆုံးစက် မှုလုပ်ငန်းဒေသ၊ စက်မှုစီးပွာရေး  ဖွံ့ဖြိုးသောအရပ်ဒေသဟု ဒေသ မျက်နှာစာမှာ နဖူးစည်းတပ်ထား သော်လည်း ဖွံ့ဖြိုးမှုကန့်လန့်ကာ နောက်ကွယ်မှာတော့ အမှိုက်ဇုန် သက်သက်ပါပဲဟု ပျက်စီးဆုံးရှုံးမှု ကြီးလာသောသဘာဝပတ်ဝန်းကျင်   နှင့် လူမှုဘ၀များကို ရင်ဆိုင်လာရ  သည့် ဒေသခံများက ထင်မြင်လာ ကြပါသည်။

၁၉၈၀ပြည့်နှစ်မတိုင်မီက တံ   ငါသည်များနှင့် လယ်သမားများနေ ထိုင်သောကျေးရွာငယ်တစ်ခုအဖြစ် ကနေ ၁၉၈၁ခုနှစ်ကစပြီးအပြောင်း  အလဲဖြစ်ခဲ့ပါသည်။ ထိုင်းအစိုးရက အရှေ့ဘက်ပင်လယ်ဖွံ့ဖြိုးရေးစီမံ ကိန်းဆိုပြီး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ရေနံချက်စက်ရုံ၊ ရေနံဓာတုစက်ရုံ၊ ပလတ်စတစ်စက် ရုံ၊ ကျောက်မီးသွေးစက်ရုံနှင့်အခြား ဆက်စပ်စက်ရုံများပါဝင်သောအကြီး စားစက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်စေခဲ့ခြင်းဖြစ်ကာ မက်ထဖွတ်ဒေသကိုအကြီးအကျယ်  ပြောင်းလဲစေခဲ့ပါသည်။ မြေဧက ၁၆၀၀၀၀န်းကျင်အသုံးပြုထားသော စက်မှုဇုန်မှာ စက်ရုံ၁၀၀ကျော်တည် ဆောက်ထားပြီး ဒေသတွင်းစီးပွား ရေးဖွံ့ဖြိုးတိုးတက်လာသလိုအခြား  တစ်ဖက်မှာလည်း ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်က ဆိုးရွားစွာ ပျက်ယွင်းလာပါသည်။

]]ကမ်းခြေက သုံးလို့မရတော့ ဘူး။ ငါး၊ ပုစွန်၊ ကဏန်းတို့ကို တခြားဒေသက ၀ယ်စားရတယ်။ ကလေးတွေပင်လယ်ရေဆော့ဖို့ အ  ဝေးကိုခေါ်ပြီးဆော့ခိုင်းရတယ်}}ဟု  မက်ထဖွတ်ဒေသခံ မစ္စပချလီက  ပြောပြပါသည်။

မက်ထဖွတ်ဒေသခံတို့ အစဉ် အစိုက် အသုံးပြုလာခဲ့သော လေ၊  ရေ၊မြေအားလုံးညစ်ညမ်းလာခဲ့ခြင်း  ဖြစ်ပါသည်။ ရှူရှိုက်ရသော လေထု အတွင်းညှော်နံများသင်းနေသလို မိုးရေနှင့်ရေတွင်းရေကန်ကရေများ ကိုလည်း သောက်သုံးရန်မ၀ံ့မရဲဖြစ် လာကြပါသည်။ အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါ၊ အရေပြား ရောဂါ၊ သွေးကင်ဆာ၊ အဆုတ် ကင်ဆာစသည့်ရောဂါများဖြစ်ပွား နှုန်းသိသိသာသာမြင့်တက်လာပြီး နောက်ပိုင်း ဒေသခံများက ဖွံ့ဖြိုး သောစက်မှုဇုန်ကြီး၏ ကန့်လန်ကာ နောက်ကွယ်က ညစ်ညမ်းသော အမှိုက်ဇုန်ကြီးကို လူမြင်ကွင်းထဲ ထုတ်ပြရန်ကြိုးစားခဲ့ပါသည်။

]]ထိုင်းအနေနဲ့ တိုးတက်ချင် စိတ်လောသွားတယ်}}ဟု မက်ထ ဖွတ်ဒေသခံ မစ္စတာဆူထက်က ပြောကြားပါသည်။
၁၉၉၇ခုနှစ်ဝန်းကျင်မှစပြီး  စက်မှုဇုန်ကြောင့် မက်ထဖွတ်ဒေသ ၏ သဘာဝပတ်ဝန်းကျင်နှင့် ကျန်း မာရေးချို့ယွင်းမှုသတင်းအချက်အ လက်များကို ထိုင်းမီဒီယာများတွင် ဖော်ပြခဲ့သလို လူထုလှုပ်ရှားမှုများ ကိုလည်း ဆက်တိုက်ပြုလုပ်ခဲ့ပါ သည်။ အဆိုပါ ဖွံ့ဖြိုးရေး စက်မှု ဇုန်နှင့်ပတ်သက်ပြီး အငြင်းပွားမှု များ၊ပြဿနာများဖြစ်ပွားမှုများပြား  လာကာပျက်ယွင်းလာသောသဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘ၀အရေး လှုပ်ရှားသူများကို ဖွံ့ဖြိုးတိုးတက် မှုကို မလိုလားသူများအဖြစ်တံဆိပ် ကပ်လာကြသလို စက်မှုဇုန်နှင့်ပတ် သက်သောတာဝန်ရှိသူများနှင့်  လုပ်ငန်းရှင်များကိုလည်း သဘာဝ  ပတ်ဝန်းကျင်နှင့် ဒေသခံများ၏လူ မှုဘ၀ကိုဖျက်ဆီးကြသူများအဖြစ်  ထင်မြင်ယူဆမှုများဖြစ်လာပါသည်။

သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာသောလူမှုဘ၀တည်ဆောက် ရေးအတွက် တိုက်ပွဲဝင်မှုများက ထိုင်းအစိုးရ၏ အာရုံစိုက်မှုနှင့် အ လေးထားမှုအချို့ကို ရရှိခဲ့သော် လည်း စက်မှုဇုန်ကတော့ တဖြည်း ဖြည်းအရွယ်အစားကြီးမားလာပါ သည်။ ထို့ပြင် မက်ထဖွတ်ဒေသ တွင်သာမကရာယောင်းမြို့အနီးကို ပါ စက်မှုဇုန်ထပ်မံတိုးချဲ့ခဲ့ပါသည်။ လက်ရှိအချိန်တွင် ရာယောင်းစက် မှုဇုန်တွင် အကြီးစားစက်ရုံ၄၀ကျော် လည်ပတ်နေပြီဖြစ်ပြီး ထပ်မံတိုးချဲ့ ရန်အတွက်ပြင်ဆင်မှုကိုတော့ ရာ ယောင်းဒေသခံအချို့ကအပြင်းအထန် ကန့်ကွက်လျက်ရှိပါသည်။

]]အကောင်းဆုံးကတော့ တိုင် တစ်တိုင်တောင်လာစိုက်မခံနဲ့}}ဟု ရာယောင်းမြို့ ၅ရပ်ကွက်မှ ထိုင်း အမျိုးသမီးကြီးတစ်ဦးက ဓာတုဗေ ဒသုံးစက်ရုံစီမံကိန်းများနှင့် ပတ် သက်ပြီးထင်မြင်ချက်ပေးပါသည်။

ထိုင်းအစိုးရအနေနှင့် နိုင်ငံ စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင် နိုင်ရန်အတွက် ထိုင်းအနောက်ပိုင်း နှင့် တောင်ပိုင်းတွင်စက်မှုဇုန်ကြီး များ၊ရေနက်ဆိပ်ကမ်းများထပ်မံတည် ဆောက်ရန်ပြင်ဆင်နေသော်လည်း ဒေသခံများ၏ကန့်ကွက်မှုများကြောင့် အကောင်အထည်ဖော်ရန် အခက် တွေ့နေပါသည်။ အကျိုးဆက် အနေဖြင့် မြန်မာနိုင်ငံရှိ ထားဝယ် ဒေသကို ထိုင်းအစိုးရကမျက်စောင်း ထိုးလာခြင်းဖြစ်ပါသည်။ ၂၀၁၁ခု နှစ် ဇန်န၀ါရီလ ၂၇ရက်နေ့တွင်  ပြ ဋ္ဌာန်းခဲ့သောမြန်မာအထူးစီးပွားရေး  ဇုန်ဥပဒေနှင့် ထားဝယ်အထူးစီးပွား ဇုန်ဥပဒေထုတ်ပြန်ပြီးနောက် အီ တာလျံ-ထိုင်းအများပိုင်ကုမ္ပဏီက  ထားဝယ်အထူးစီးပွားရေးဇုန်စီမံ ကိန်းအကောင်အထည်ဖော်ရန် စတင်ကြိုးစားခဲ့ပါသည်။

စီမံကိန်းစတင်ပြီးမကြာမီ မ ဂ္ဂါဝပ် ၄၀၀၀ထွက်ရှိမည့် ကျောက် မီးသွေးသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းရပ်ဆိုင်း လိုက်ရသည့်အချိန်တွင် PTTအပါ အ၀င် ထိုင်းစက်မှုလုပ်ငန်းကြီးများ နှင့် နိုင်ငံတကာစက်မှုလုပ်ငန်းများ  ၀င်ရောက်ရန် တွန့်ဆုတ်သွားပြီး နောက်ပိုင်း တာဝန်ယူအကောင် အထည်ဖော်မည့် အီတာလျံ-ထိုင်း ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံရန်ငွေ ကြေးအခက်အခဲဖြစ်ပေါ်လာပါသည်။ လက်ရှိအချိန်တွင် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်းအကောင် အထည်ဖော်ရန်အတွက်ထိုင်းအစိုးရ က ငွေကြေးကူညီထောက်ပံ့မှုပေး ထားသော်လည်း ထောက်ပံ့ငွေနည်း ပါးသောကြောင့် ဂျပန်၏ ငွေကြေး ကူညီထည့်ဝင်မှုကို စောင့်မျှော်နေရ ချိန်ဖြစ်ပါသည်။

ထားဝယ်အထူးစီးပွားရေးဇုန် သည် ထိုင်း မက်ထဖွတ်ဒေသတွင်း ရှိ အကြီးစားစက်မှုဇုန်များထက် ၁၀ဆပိုမိုကြီးမားပြီး စီမံကိန်းအား လုံးပြီးစီးပါက စီးပွားရေးဖွံ့ဖြိုးမှု မြင့်မားလာပါမည်။ အလားတူမက် ထဖွတ်ဒေသခံအချို့ပြောသောစက်မှု ဇုန်အမည်ခံ အမှိုက်ဇုန်ကြီး၏ သ ဘာဝပတ်ဝန်းကျင်၊ကျန်းမာရေးနှင့် လူမှုဘ၀အပေါ် သက်ရောက်မှု ဆိုး ကျိုးကလည်းထုထည်ကြီးမားမည် ဖြစ်ပါသည်။

မြန်မာအစိုးရအနေဖြင့် ထား ၀ယ် အထူးစီးပွားဇုန်စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် စိတ်အားထက်သန်လျက်ရှိပြီး လွန် ခဲ့သည့် နိုဝင်ဘာလ ၅ရက်နေ့က ဒုတိယသမ္မတဦးဥာဏ်ထွန်းဦးဆောင် သော အဆင့်မြင့်ကိုယ်စားလှယ်အ ဖွဲ့သွားရောက်ကာ ထားဝယ်အရေး အတွက်သွားရောက်ဆွေးနွေးခဲ့ပါ သည်။ ထိုင်းဝန်ကြီးချုပ် ယင်လတ်  ကလည်း ထားဝယ်ဇုန်တွင် ထိုင်း နိုင်ငံက ကူညီပေးရန် အသင့်ဖြစ်  နေပြီဖြစ်ကြောင်းနှင့် အခြားစီးပွား ရေးနယ်ပယ်များတွင်ထိုင်းလုပ်ငန်း  ရှင်များစိတ်ဝင်စားမှုများအကြောင်း ကို ထည့်သွင်းပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် အကောင် အထည်ဖော်မည့်အခြားအထူးစီးပွား ရေးဇုန်ဖြစ်သောသီလ၀ါနှင့်ကျောက် ဖြူဇုန်များနှင့် အာဆီယံဒေသတွင်း အထူးစီးပွားရေးဇုန်များထက်များစွာ ကြီးမားသည့်ထားဝယ်ဇုန်သည် ၂၀၄ ဒသမ ၅ စတုရန်းကီလိုမီတာ (၅၀၅၃၅ ဒသမ ၀၂ဧက) ကျယ် ၀န်းပြီး ရေဖြူမြို့နယ်မှ ၄၇၉၆၃ ဒသမ ၄၉ဧက၊ လောင်းလုံမြို့နယ် မှ ၂၅၇၁ ဒသမ ၅၃ဧက ပါဝင်မည်  ဖြစ်ပါသည်။ ဇုန်အတွင်း နယ်မြေ ခြောက်ခုခွဲခြားထားပြီး အကြီးစား စက်မှုဇုန် ၂ခု၊ အလယ်အလတ်အ ကြီးစားစက်မှုဇုန် ၁ခု၊ အလတ်စား စက်မှုဇုန်၁ခု၊ အသေးစားစက်မှုဇုန်  ၁ခုနှင့် မြို့ပြလူနေအိမ်ရာ ၁ခုတို့ ကို တည်ဆောက်ရန် လျာထား ကြောင်းမြန်မာအစိုးရ၏ထုတ်ပြန် ချက်များတွင်ဖော်ပြထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ဘီလျံရှိမည်ဖြစ်ပြီး စုစုစီမံ ကိန်းကာလမှာ ၁၀နှစ်လျာထားပါ သည်။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ဆိပ်ကမ်းအလျား ၃၅၀၀မီတာနှင့် အကျယ်၅၀၀မီတာ ရှိမည်ဖြစ်ပြီး တန်ချိန်သုံးသိန်းတင် ပင်လယ်ကူးသင်္ဘောအစင်း ၅၀ တစ်ပြိုင်တည်းဆိုက်ကပ်နိုင်မည်ဖြစ် ပါသည်။ လက်ရှိအချိန်တွင် အထူး  စီးပွားရေးဇုန်ဆိပ်ကမ်းမှ ထိုင်း- မြန်မာနယ်စပ် ဖူနမ်ရွမ်အထိ ၁၃၂ ကီလိုမီတာအကွာအဝေးကို မီတာ ၂၂၀ အကျယ်ရှိ ကားလမ်း၊ ရထား လမ်း၊ဓာတ်အားလိုင်း၊ဓာတ်ငွေ့ပိုက် လိုင်းများပါဝင်သော လမ်းဖောက် လုပ်ရန်မြန်မာဘက်မှပြင်ဆင်နေပြီး ထိုင်းဘက်ကလည်း ဘန်ကောက် မြို့အနီး ဘန်ယန်းမှ ကန်ချနာဘူ ရီ-ဖူနမ်ရွမ်အထိ ၁၇၅ကီလိုမီတာရှိ လမ်းဖောက်လုပ်ပြီးဖြစ်ကြောင်းသိရသည်။

ထားဝယ်ဇုန်နှင့် ရေနက်ဆိပ် ကမ်းအတွက် လိုအပ်သည့်လျှပ်စစ် ဓာတ်အားရရှိရေးအတွက် ကျောက် မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်များတည် ဆောက်မည်ဖြစ်ပြီး ရေအလုံအ လောက်ရရှိရေးအတွက် တလိုင်း ယားချောင်းနှင့် ခမောင်းချောင်းကဲ့ သို့ ချောင်းငယ်များကို လျှိုပိတ်ကာ ဆည်တည်ဆောက်မည်ဖြစ်ပါသည်။

အထူးစီးပွားရေးဇုန်အတွင်း စိုက်ပျိုးရေးထွက်ကုန်အခြေခံစက် မှုလုပ်ငန်းများ၊ အထည်ချုပ်စက်ရုံ များ၊အငယ်စားစက်မှုလုပ်ငန်းများ၊  အီလက်ထရောနစ်လျှပ်စစ်ပစ္စည်း များ၊ ကွန်ပျူတာနည်းပညာသုံး အဆင့်မြင့်စက်ရုံများ၊ သတ္တုနှင့် သတ္တုအခြေခံကုန်ထုတ်စက်ရုံများ၊ စက်ကိရိယာနှင့် အင်ဂျင်စက်ရုံများ၊ စက္ကူစက်ကဲ့သို့ စက်ရုံများပါဝင် မည်ဖြစ်သလို မက်ထဖွတ်ဒေသ၏ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာ ရေးနှင့် လူမှုဘ၀များကို ပျက်စီးစေ ခဲ့သည့် ရေနံချက်လုပ်ငန်း၊ ရေနံ ဓာတုလုပ်ငန်း၊ ကျောက်မီးသွေး စက်ရုံ၊ ပလတ်စတစ်စက်ရုံ၊ ဓာတ် မြေသြဇာစက်ရုံကဲ့သို့ဓာတုဗေဒသုံး  စက်ရုံကြီးများကိုလည်းတည်ဆောက် မည်ဖြစ်ပါသည်။

ထိုင်းအခေါ်]ဒ၀ိုင်}ဟုခေါ်သော ထားဝယ်ဒေသကို စက်မှုဖွံ့ဖြိုးမှု၏ ဆိုးကျိုးဒဏ်ခံစားနေသည့် မက်ထ ဖွတ်ဒေသခံများက စိုးရိမ်ပူပန်နေ ကြပါသည်။ သဘာဝပတ်ဝန်းကျင် နှင့် ကျန်းမာရေး ထိခိုက်ဆုံးရှုံးနိုင် ခြေစစ်တမ်းများပြုလုပ်ရန်၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ် ထုံးလုပ်နည်းများအားကောင်းခိုင် မာအောင်ရေးဆွဲထားရန် အကြံပြု ကြပါသည်။ ထို့အတူ မက်ထဖွတ် ဒေသခံတို့ ထိုင်းအစိုးရကို တိုက်ပွဲ ၀င်ခဲ့ရသောသတင်းအချက်အလက်  ပွင့်လင်းစွာထုတ်ပြန်ပေးမှုကို ရရှိ နိုင်ရေးနှင့် ဒေသခံများပါဝင်ခွင့်ရ ရေးအတွက်ကြိုတင်အားထုတ်ထား သင့်ကြောင်း တိုက်တွန်းခဲ့ပါသည်။

]]စီးပွားရေးတိုးတက်မှုကို မဆန့်ကျင်ဘူး။စီးပွားရေးတိုးတက် ကောင်းမွန်သလို ကျန်းမာရေးကိစ္စ တွေကောင်းမွန်ဖို့လိုတယ်။ မက်ထ ဖွတ်ကို သင်ခန်းစာယူပါ။ထားဝယ် အနေနဲ့ ကိုယ့်ဘက်က အဆင့်သင့် ဖြစ်နေဖို့လိုတယ်}}ဟု ထိုင်းပြည်သူ့ ကျန်းမာရေးဝန်ထမ်း မစ္စတာတမ နွန်က ဆိုပါသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ထားဝယ်အထူးစီးပွားရေးဇုန်သည်  အာဆီယံနိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် တရုတ်(ယူနန်ပြည် နယ်)တို့အတွက် အဓိကအရေးပါ နေသည့် အရပ်ဒေသဖြစ်ပါသည်။ ရေနက်ဆိပ်ကမ်းစီမံကိန်းပြီးစီးပါ က မလက္ကာရေလက်ကြားအပေါ် အားထားရမှုလျော့နည်းသွားမည် ဖြစ်ပါသည်။ ထို့ပြင်တရုတ်၊အိန္ဒိယ နှင့် အာဆီယံနိုင်ငံတို့အကြား ကုန်း တွင်းကူးသန်းရောင်းဝယ်မှုမြင့်တက် လာမည်ဖြစ်ပြီးဒေသတွင်းကုန်ထုတ် လုပ်မှုအတွက် ထားဝယ်ဒေသက အချက်အခြာဖြစ်လာမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေး၊ စက်မှုဖွံ့ဖြိုးရေး အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ၊စက်မှုလုပ်ငန်းများတည်ထောင် လုပ်ကိုင်ခွင့်ပေးရမည်ဖြစ်သော် လည်း အခြားတစ်ဖက်တွင်လည်း  သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံ များ၏လူမှုဘ၀ကို အလေးထားရန် လည်းလိုအပ်ပါသည်။ လာမည့် ၁၀စုနှစ်များအတွင်း ထားဝယ်သည် အနည်းနှင့် အများပြောင်းလဲလာ တော့မည်။ မီးခိုးခေါင်းတိုင်များ၊ ရေဆိုးမြောင်းများနှင့်အတူ မြို့ပြ ဆန်လာတော့မည့် ထားဝယ်ဒေသ အတွက် မက်ထဖွတ်ဒေသခံတို့၏ အမှာစကားက]]မက်ထဖွတ်ကို သင် ခန်းစာယူပါ}}ဟူ၍သာ . . .။
စည်သူအောင်/ Printed By Weekly Eleven News Journal

0 comments:

Post a Comment