Wednesday, November 14, 2012

ဘိလပ်ရောက် ယင်လပ် ထားဝယ် ဈေးကွက် တင်ရောင်း

From (Dawei Watch)

ဘန်ကောက်၊ နိုဝင်ဘာ ၁၄

ဗြိတိန်သို့ ရောက်နေရှိသော ထိုင်း ၀န်ကြီးချုပ် ယင်လပ် ရှင်နာဝပ်တရာသည် ထားဝယ်စီမံကိန်း၏ မဟာဗျူဟာနှင့် ယင်းစီမံကိန်းအပေါ်မူတည်၍ ချိတ်ဆက်ဆောင်ရွက်နေပုံကို ဗြိတိန်လုပ်ငန်းရှင်များကို ဆွေးနွေး ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက တောင်ကိုရီးယားသမ္မတနှင့် တွေ့ဆုံစဉ်က လည်း ထားဝယ်စီမံကိန်း၏ အရေးပါပုံကို ယင်လတ်က ထည့်သွင်းပြောဆိုခဲ့သေးသည်။

“ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်ရေးနှဲ့ ချွန်ဘူရီခရိုင်၊ လန်ချဘန် ရေနက်ဆိပ်ကမ်းတို့ မဟာဗျူဟာ ကျကျ ချိတ်ဆက်နိုင်ရေး ကြိုးပမ်းနေပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းပင်လယ်ကွေ့နှင့် အိန္ဒိယ သမုဒ္ဒရာကို ချိတ်ဆက်မည့် ယင်းဆိပ်ကမ်းနှစ်ခုကြား လမ်းနှင့် ရထားလမ်းများကို မြန်မာနှင့် ထိုင်း အစိုးရချင်းက စီစဉ်အကောင်ထည်ဖော်နေသည်။

“ဘန်ကောက်ကနေ အိန္ဒိယ ဆိပ်ကမ်းဖြစ်တဲ့ ချန်နိုင်ကို ကုန်ပစ္စည်းပို့ချိန်ကို တ၀က်လောက်လျော့သွားမယ်။ မလ္လကား ရေလက်ကြားကနေ ၆ ရက် ပို့နေရာကာ ထားဝယ်ရေနက်ဆိပ်ကမ်းကနေ ၃ ရက်ပဲ ကြာမယ်” ဟု သူမက ပြောဆိုသည်။

ဗြိတိန်နှင့် ထိုင်း စီးပွားရေး လုပ်ငန်းရှင်များတက်ရောက်သော ပွဲတစ်ခုတွင် “၂၀၁၃ ထိုင်းနိုင်ငံတွင် အခွင့်အလမ်း များသော နှစ်” ခေါင်းစဉ်ဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လတ်က ဟောပြောခဲ့ခြင်းဖြစ်သည်။

Ref: Bangkok Post

0 comments:

Post a Comment