http://www.news-eleven.com/index.php?option=com_content&view=article&id=16389:2012-11-14-05-17-49&catid=45:2009-11-10-07-45-41&Itemid=113 |
|
|
November 14, 2012 (Eleven Media Group) |
ဘောလူးချောင်းတစ်လျှောက်၌ ရွှေလာရောက်ရှာသူများအား တွေ့ရစဉ်
ယခုလက်ရှိ ဘောလူးချောင်း၌ ရွှေလာရောက်ရှာသူများတွင် မြန်မာပြည်မြောက်ပိုင်းရှိ ကချင်ပြည်နယ်မှ ရွှေရှာသူ အများဆုံးလာရောက်လုပ်ကိုင်နေကြပြီး ဒေသခံရွှေရှာသူများဖြင့်ဆိုလျှင် လူဦးရေတစ်သောင်းကျော် အထိ ရှိနေကြောင်း၊ ရွှေရှာသည့် ရွှေအဆိုင်း ၄၀ ကျော်ရှိပြီး တစ်ဆိုင်းလျှင် လူ ၂၀ ခန့် ၀င်ရောက်လုပ်ကိုင်ကြ ကြောင်း၊ ဘောလူးချောင်းမှာ တနင်္သာရီမြစ်လက်တက်တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံနယ်စပ်ဘက်သို့ သွယ်တန်းနေ ကြောင်း၊ အဆိုပါနေရာမှာ သင်္ဘောဦး ကျေးရွာအုပ်စုအတွင်း ပါဝင်ကာ တနင်္သာရီမြို့နယ်မှ ရေလမ်းခရီး ၁၂ နာရီ သွားရကြောင်း သိရသည်။ “ကျွန်တော်တို့ သွားရောက်လုပ်ကိုင်တာကတော့ အခုဆိုရင် လေးလကျော်သွားပြီ ရွှေတွေကတော့ အတုံးလိုက်အခဲလိုက် တွေ့ရတယ်။ ကချင်ပြည်နယ်ဘက်က ရွှေရှာတဲ့မုဆိုးတွေ ပြောပြချက်အရဆိုရင် သူတို့ လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလိုရွှေအတုံးအခဲ တွေ့ရတဲ့ ဘောလူးချောင်းလိုနေရာမျိုးကို မတွေ့ဖူး ကြောင်း၊ သူတို့တောင်အံ့သြမိကြောင်း ပြောပါတယ်။ ပုံမှန်အတိုင်းဆိုရင် ချောင်းတစ်လျှောက်မှာ ရွှေကျင်တဲ့ အပြားတွေနဲ့ အမှုန်လေးတွေကို ကျင်ယူရပေမယ့် ဒီမှာကတော့ ရေပန်းနဲ့ကမ်းပါးတွေ၊ တောင်စောင်းတွေကို ထိုးချလိုက်ပြီး အောက်ကိုကျလာတဲ့ အနည်တွေထဲမှာ ရွှေတွေကို ကောက်ယူတဲ့ပုံမျိုးဖြစ်နေပါတယ်။ အဲဒီထဲမှာ တစ်နိုင်တစ်ပိုင်လေးတွေလည်း ရွှေကျင်တဲ့အပြားလေးတွေနဲ့ လိုက်ကျင်တာတောင် တစ်နေ့ကို အတော်လေး တွက်ခြေကိုက်ပါတယ်။ ကချင်ပြည်နယ်ဘက်က ရွှေရှာတဲ့ အမျိုးသမီးကြီးတစ်ယောက်မှာလည်း ပိဿာနဲ့ချီပြီး လေးတဲ့ ရွှေတုံးကြီးကို ရသွားသလို ဓာတ်ဗူးအရွယ်လောက်ရှိတဲ့ ရွှေတုံးကြီးကို ရသွားတဲ့သူတွေလည်း ရှိတယ်။ သိရသလောက်ကတော့ ရွှေအချိန် ၆၀ ကျပ်သားကျော်အထိ အတုံးကြီးတွေရနေတာလည်း ရှိတယ်” ဟု ဘောလူးချောင်းတွင် သွားရောက်ရွှေရှာနေသူ တနင်္သာရီဒေသခံတစ်ဦးက ပြောသည်။
ဘောလူးချောင်းတစ်လျှောက်မှ ရရှိခဲ့သော ရွှေတုံးရွှေခဲများကို တွေ့ရစဉ်
“အခုဆိုရင် တနင်္သာရီမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ လူငယ်၊ လူလတ်ပိုင်းအတော်များများ ရွှေရှိတဲ့ အဲဒီ နေရာကို သွားရောက်နေကြပြီး ရတဲ့လူတွေလည်းရှိသလို မရတဲ့လူတွေလည်းရှိတယ်လို့ သိရတယ်။ ရွှေရှာတဲ့ နေရာမှာ ရွှေအကြောင်းနားလည်တဲ့သူက လိုက်ပြပြီး ရွှေထွက်တယ်လို့ယူဆရတဲ့နေရာကို ပြနိုင်ရင် ဒီမှာရှိတဲ့ ဥယျာဉ်ရှင်ကို ငွေသိန်းဆယ်ဂဏန်းအထိပေးပြီး လုပ်ခွင့်ယူရပါတယ်။ ဒီနားမှာရှိတဲ့ တစ်နိုင်တစ်ပိုင်ဒေသခံ လက်ကျင်သမားတွေက ဒီနေရာကို ၀င်လို့မရတော့ပါဘူး” ဟု သတ္တုအကြောင်းကျွမ်းကျင်သူ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။ |
0 comments:
Post a Comment