Monday, August 12, 2013

နိုင်ငံတကာလူငယ်များနေ့

၂၀၁၃ နိုင်ငံတကာလူငယ်များနေ့ - လူငယ်များ၏ ရွှေ့ပြောင်းအခြေချ အလုပ်လုပ်ကိုင်မှု (ဖွံ့ဖြိုးမှုဆီသို့ ဦးတည်ရွေလျားခြင်း)

ပေါ်တူဂီနိုင်ငံ၏ မြို့တော် Lisbon တွင် ၁၉၈၈ ခု သြဂုတ်လ ၈ ရက်နေ့မှ ၁၂ ရက်အထိကျင်းပခဲ့သော လူငယ်များကဏ္ဍတာဝန်ယူထားသည့် ကမ္ဘာလုံး ဆိုင်ရာဝန်ကြီးများညီလာခံမ သြဂုတ်လ ၁၂ ရက်နေ့ အား နိုင်ငံတကာ လူငယ်များနေ့အဖြစ် သတ်မှတ်ပေးရန် ထောက်ခံချက်ပေးထားသည့်အပေါ် 1999 ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့၌ ၎င်း၏ဆုံးဖြတ်ချက်အမှတ်စဉ် 54/120 တွင်ပါရှိသည့်အတိုင်း ကမ္ဘာ့ကုလ သမဂ္ဂအထွေထွေညီလာခံမှ ထိုအ ဆိုပြုချက်အားအတည်ပြုပေးကာသြဂုတ်လ ၁၂ ရက်နေ့အား နိုင်ငံတကာ လူငယ်များနေ့အဖြစ်ကြေငြာလိုက်သည်။

ဤနှစ်တွင်ကျရောက်သော နိုင်ငံတကာလူငယ်များနေ့ခေါင်းစဉ်မှာ "လူငယ် များ၏ ရွှေ့ပြောင်းအခြေချ အလုပ်လုပ်ကိုင်မှု (ဖွံ့ဖြိုးမှုဆီသို့ ဦးတည်ရွေ လျားခြင်း)" ဖြစ်သည်။

နိုင်ငံတကာရွှေ့ပြောင်းအခြေချ အလုပ်လုပ်ကိုင်မှုနှင့်ပတ်သက်ပြီး ကမ္ဘာလုံး ဆိုင်ရာတွက်ချက်မှု အရေ အတွက်အရ လူငယ်များသည်လည်း အရေး ပါသောအခန်းကဏ္ဍတွင်ပါဝင်သည်။ ၂၀၁၀ ခုနှစ်တွက် ချက်မှုတွင် လူ ငယ်များ၏နိုင်ငံတကာရွှေ့ပြောင်းအခြေချအလုပ်လုပ်ကိုင်မှုတွင် ခန့်မှန်းခြေ အရ ၂၇ သန်းရှိသည်။ ရွှေ့ပြောင်းအခြေချ အလုပ်လုပ်ကိုင်မှုများမှာ တန် ဖိုးရှိသောအခွင့်အရေးများနှင့် လူမျိုးစု၊ လူထုများအတွက် ကြီးမားသော ဖွံဖြိုးတိုးတက်မှုကို သယ်ဆောင်ပေးနိုင်သော်လည်း စွန့်စားမှုများသာ မက ခွဲခြားဆက်ဆံမှုများ၊ အမြတ်ထုတ်ခံရခြင်းများစသော လက်ခံနိုင် ဖွယ်ချေ မရှိသော အခြေအနေများကိုလည်း ရင်ဆိုင်ရတတ်သည်။

၂၀၁၃ ခု နိုင်ငံတကာလူငယ်များနေ့ကို နာခံလိုက်နာ၍ ရိုသေလေးစားခြင်း သည် လူငယ်များ၏ရွှေ့ ပြောင်း အခြေချနေထိုင် အလုပ်လုပ်ကိုင်မှု၏ အခွင့် အရေးများနှင့် ရင်ဆိုင်စွန့်စားရမည့် အခက် အခဲ များနှင့်ပတ်သက်၍ နား လည်သဘောပေါက်မှုအား မြှင့်တင်ခြင်း၊ သိရှိနားလည်မှုများ အပြင် များမ ကြာမီ က ပြုလုပ်ထားသောသုတေသနသတင်းအချက်အလက်များကို ဖလှယ်ခြင်းနှင့်ဤခေါင်း စဉ် အပေါ် ပြန် လည် သုံးသပ်ဆွေးနွေးခြင်း၊ ထို့ အပြင် လူငယ်များအား ၎င်းတို့၏ရွေ့ပြောင်းအခြေချ အလုပ်လုပ် ကိုင်မှု အတွေ့အကြုံများအပေါ် ဆွေးနွေးဖလှယ်ပေးနိုင်ရန် စေ့စပ်လမ်းကြောင်း ပေးသွားမည်။

Source: United Nations ၏ရေးသားချက်အပေါ် မြန်မာဘာသာပြန်သည်။

0 comments:

Post a Comment