Monday, August 5, 2013

မြစ်ရေကြီးမှုကြောင့် မြိတ်-တနင်္သာရီနှင့် တနင်္သာရီ-ကော့သောင်းကားလမ်းများ ရေကျော်၍ ရေယာဉ်ဖြင့်သာ သွားလာနေရ

Monday, 05 August 2013
W-5-8
မြိတ်-တနင်္သာရီ အမြန်ရေယာဉ်အား တနင်္သာရီဆိပ်ကမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဇော်မိုးဦး)

တနင်္သာရီတိုင်း ဒေသကြီးအတွင်း တနင်္သာရီမြစ်ရေသည်စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့ပြီး ရေလွှမ်းမိုး များ ဖြစ် ပွားနေမှုကြောင့် မြိတ်-တနင်္သာရီ ကားလမ်းနှင့် တနင်္သာရီ-ကော့သောင်းကားလမ်းများတွင် ရေကျော်မှု များ ဖြစ်ပွားနေကြောင်း သိရသည်။ထို့ကြောင့် မြိတ်-တနင်္သာရီ-ကော့သောင်း ခရီးသည်များနှင့် ဒေသခံများ မှာ ကုန်းလမ်းခရီးမှသွား လာနိုင်ခြင်း မရှိတော့ဘဲ အမြန်ရေယာဉ်ကိုသာ အားကိုးနေရသည်ဟု ဆိုသည်။

 "ကော့သောင်းကနေ မြိတ်ကိုအသွားမှာ ကားလမ်းက ရေတွေကျော်နေတာကြောင့် သွားလို့မရတော့ပါဘူး။ ဒါကြောင့် ကားလမ်းပေါ်မှာ လှေတွေငှားပြီး တနင်္သာရီကို ရောက်လာတာ ဖြစ်ပါတယ်။ လမ်းမှာရေကျော် တဲ့နေရာတွေ ရှိပေမယ့် တနင်္သာရီနားက လယ်တောင်ယာရွာမှာ အဆိုးဆုံး ဖြစ်နေတဲ့အတွက် ခရီး သည်တွေ လှေငှားပြီး သွားလာနေရတာပါ" လို့ ကော့သောင်းမှ မြိတ်သို့သွားမည့် ခရီးသည်တစ်ဦး က ပြောကြားသည်။

ကားလမ်းရေကျော်မှုများကြောင့် ကော့သောင်းမှ တက်လာသော ခရီးသည်များသည် တနင်္သာရီ တွင် သောင်တင်နေပြီး တည်းခိုခန်းများတွင် နေရာလွတ် မရှိတော့ဘဲ အချို့ခရီးသည်များကို ဈေးများတွင် ညပိုင်းအိပ်စက်နိုင်ရန် တာဝန်ရှိသူများက စီစဉ်ပေးခဲ့ရကြောင်း သိရသည်။

မြိတ်-တနင်္သာရီလမ်းအပိုင်းနှင့် တနင်္သာရီ-ကော့သောင်းလမ်း အပိုင်းများတွင် ရေကြီးမှုများ ဖြစ်ပေါ်နေ သည့်အပြင် ပြည်ထောင်စု လမ်းမကြီးဖြစ်သော ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-ကော့သောင်း ကား လမ်းမကြီးအတွင်း ထားဝယ်-မြိတ် ကားလမ်းတွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်နေသည်။

Eleven Media Group  မှကူးယူမျှဝေသည်။

0 comments:

Post a Comment