Monday, August 5, 2013

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်ရေးနှင့် ဒေသခံများ၏ လူနေမှုဘ၀များ ထိခိုက်မှု မရှိရေးအတွက် ထားဝယ်အထူးစီးပွားရေး ဇုန်ဆိုင်ရာ ဥပဒေအား နိုင်ငံတကာ စံညွှန်းနှင့်အညီ ရေးဆွဲနေ

Sunday, 4 August 2013
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်ရေးနှင့် အဆိုပါ စီမံကိန်း လုပ်ဆောင်ခြင်းကြောင့် မူ ရင်းနေထိုင်ရာ ဒေသများမှ ဒေသခံများ၏ လူနေမှုဘ၀များ မထိခိုက်စေရေးအတွက် အဆိုပါ စီမံကိန်းတွင် ၀င်ရောက်မြှုပ်နှံမည့် နိုင်ငံတကာ ကုမ္ပဏီများ လိုက်နာရမည့် ထားဝယ်အထူးစီးပွားရေး ဇုန်ဆိုင်ရာ ဥပဒေအား နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲနေကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းရေးဆွဲရေး ဆပ်ကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ဆိုသည်။

 ထားဝယ်အထူးစီးပွားရေး ဇုန်အတွက် လိုအပ်သည့် ဥပဒေအား နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ရေး ဆွဲနိုင်ရန် နိုင်ငံတကာ ဥပဒေပြု အဖွဲ့အစည်းများနှင့် တိုင်ပင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာ ဘာသာသို့ ပြန်ဆိုသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကုမ္ပဏီ မှတ်ပုံတင်မှုအား ထိုင်းနိုင်ငံတွင် တည်ထောင်မှတ်ပုံတင်ခဲ့သဖြင့် ထားဝယ်အထူး စီးပွားရေးဇုန် အား ထိုင်းနိုင်ငံမှ အလုံးစုံ ချုပ်ကိုင်မည်ဟု ပြည်သူများ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ စီမံကိန်းအား မြန်မာနိုင်ငံမှသာ ချုပ်ကိုင်မည် ဖြစ် . . . . .

"ထားဝယ်အထူးစီးပွားရေးဇုန်ဆိုင်ရာ ဥပဒေကို နှစ်လလောက်အတွင်း အတည်ပြု ထုတ်ပြန်နိုင်ဖို့ ရှိပါ တယ်။ နိုင်ငံတကာမှာရှိတဲ့ ဥပဒေ ပညာရှင်တွေရဲ့ အကူအညီနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း ရေး ဆွဲခဲ့ပါတယ်" ဟု ဦးဆက်အောင်က ဆိုသည်။

၂၀၀၈ ခုနှစ်မှ စတင်ခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ လက်ရှိစီမံကိန်းများတွင် လိုအပ် သည့် အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင်နိုင်ခြင်း မရှိသည့်အပြင် စီမံကိန်းအား ဦးဆောင်ခဲ့သည့် ထိုင်းနိုင်ငံ အခြေစိုက် အီတာလျံ-ထိုင်းကုမ္ပဏီမှ ငွေစိုက်ထုတ်နိုင်မှု အခက်အခဲကြောင့် နုတ်ထွက်သည့် အနေအထားများနှင့် ရင်ဆိုင်ခဲ့ရကာ စီမံကိန်း အောင်မြင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပင်မကုမ္ပဏီဖြစ်သည့် Special Purpose Vehicle-1 အား နှစ်နိုင်ငံပူးတွဲ တည်ထောင်၍ ကုမ္ပဏီ မှတ်ပုံတင်မှုအား ထိုင်းနိုင်ငံတွင် တည်ထောင်မှတ်ပုံတင်ခဲ့သဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်အား ထိုင်းနိုင်ငံမှ အလုံးစုံ ချုပ်ကိုင်မည်ဟု ပြည်သူများ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ စီမံကိန်းအား မြန်မာနိုင်ငံမှသာ ချုပ်ကိုင်မည် ဖြစ်သည်။

လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ စတင်နိုင်မည့် အနေအထားတွင် ရှိမနေဘဲ လိုအပ်မည့် အခြေ ခံ အဆောက်အအုံ ကဏ္ဍများတွင် အီတာလျံ-ထိုင်း ကုမ္ပဏီအစား ၀င်ရောက်မြှုပ်နှံမည့် ကုမ္ပဏီနှင့် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ခဲ့သည့် Special Purpose Vehicle-1 မှ ရှယ်ယာရောင်းချမှုများ ပြုလုပ်၍ ရင်းနှီးမြှုပ်နှံငွေများ ရှာဖွေခြင်းနှင့် နိုင်ငံတကာ ချေးငွေများ ရရှိရန် လုပ်ဆောင်ဆဲ အဆင့်သာ ရှိနေသည်။

Eleven Media Group  မှကူးယူမျှဝေသည်။

0 comments:

Post a Comment