Thursday, October 18, 2012

ထားဝယ်ဒေသဖွံ့ဖြိုးရေးအတွက် ပါတီနှင့် ကွန်ရက်များဖွဲ့စည်းထူထောင်မည်

Dawei Watch
(From YC)

ထားဝယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းနိုင်ရန်အတွက် ထားဝယ်တိုင်းရင်းသားများပါတီနှင့် ထားဝယ်လူထု အခြေပြုအဖွဲ့များ ကွန်ရက်ကို ထူထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ထားဝယ်ဒေသကပြည်သူတွေရဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်း နိုင်ဖို့အတွက် ထားဝယ်တိုင်းရင်းသားများပါတီကို ထုထောင်သွားမှာပါ။ ၂၀၁၂ မတိုင်ခင်မှာ ပါတီထူထောင်နိုင်အောင် ကြိုးစားသွားမှာပါ။ ထားဝယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေအတွက် ထားဝယ်ပြည်သူတွေနဲ့အတူ လုပ်ဆောင်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် ထားဝယ်ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် ပါတီသာမက အင်အားကြီးလူမှုအဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်၍ ဒေသအရေးပိုမိုလုပ်ဆောင်နိုင်ရန် ထားဝယ်လူမှုအခြေပြုအဖွဲ့အစည်းများကွန်ရက်ကို အောက်တိုဘာလဆန်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

“ထားဝယ်လူမှုအခြေပြုအဖွဲ့အစည်းကွန်ရက်ကို ဖွဲ့စည်းလိုက်ပါပြီ။ ဒီအဖွဲ့က အပတ်စဉ်ပုံမှန်အစည်းအဝေးတွေပြုလုပ်ပြီးတော့ ဒေသအရေးကို ပူးပေါင်းဖြေရှင်းကြမှာပါ။ ပြီးတော့ ဒေသက NGO အဖွဲ့တွေနဲ့လည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ချိတ်ဆက်ပြီး လုပ်ဆောင်သွားမှာပါ။ ပြည်သူတို့ရဲ့ လိုအပ်နေတဲ့ ဆန္ဒတွေအတွက် အတက်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားသွားမှာပါ”ပာု ထားဝယ်လူမှုအခြေပြုအဖွဲ့များကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ထားဝယ်ဒေသ၌ ပါတီကြီးများက ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လယ်ယာမြေကိစ္စရပ်များကို လုပ်ဆောင်လျက်ရှိပြီး အခြား NGO အဖွဲ့အစည်းများက လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

YC


0 comments:

Post a Comment