Sunday, October 28, 2012

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ငါးဖမ်း စည်းကမ်း တင်းကျပ်ရန်လို

http://www.myanmar.mmtimes.com/index.php/business/1683-2012-10-17-08-00-26.html
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းနီးငါးဖမ်း လုပ်ငန်းခွင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းနီးငါးဖမ်း လုပ်ငန်းခွင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)
တနင်္သာရီတိုင်းဒေသကြီးတွင် ငါးမဖမ်း ရရာသီဖြစ်သော ဇွန်၊ ဇူလိုင်နှင့် ဩဂုတ် သုံးလတာ
ကုန်ဆုံးအပြီး ကမ်းဝေးငါးဖမ်း ရေယာဉ်များသည် ကမ်းနီးတွင် ဖမ်းဆီး ခြင်းများ ပြုလုပ်ခြင်း
ကြောင့် ကမ်းနီး ငါးဖမ်း ရေလုပ်သားများအခက်အခဲနှင့် ရင်ဆိုင်နေရသောကြောင့် စည်းကမ်း
ပိုမို တင်းကျပ်ပေးပါရန် တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံလွှတ်တော်ကိုယ်စားလှယ်
ဦးတင်စိုးက မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ်တွင် ကျင်းပသော မြန်မာနိုင်ငံရေလုပ်သားငယ်
များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။

"ကမ်းဝေး ငါးဖမ်းရေယာဉ်တွေက ကမ်းနီးမှာလာပြီး ဖမ်းတဲ့အတွက် ကမ်းနီးမှာ လုပ်ကိုင်စား
သောက်နေကြ တဲ့ ရေလုပ်သားငယ်တွေအတွက် ငါးဖမ်း ကိရိယာတွေ ပျက်စီးဆုံးရှုံးရတဲ့အ
ပြင် ငါးသယံဇာတလည်း ဆုံးရှုံးပါတယ်။ ပျက်စီးသွားတဲ့ ငါးဖမ်းကိရိယာတွေ အတွက်လည်း
အလျော်မပေးဘူး" ဟု ဦးတင်စိုးက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေလုပ်သားငယ်များသည် တစ်ဦးချင်း ၀င်ငွေနည်းပါးခြင်း
ကြောင့် ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်း နိမ့်ကျမှုများ ကြုံတွေ့လာရကြောင်း
လည်း ၎င်းက ပြောသည်။

"လက်ရှိ ရင်ဆိုင်နေရတာတွေကို နိုင်ငံတော်နဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းတွေကနေ ကူညီ
ဖြေရှင်းပေး ဖို့ မျှော်လင့်ပါတယ်။ ရေလုပ်သားငယ် တွေရဲ့ ဘ၀ကိုအာမခံချက်ပေးနိုင်မယ့် အဖွဲ့
အစည်း၊ ကော်မတီတွေ လိုအပ်လာ ပါပြီ" ဟု ၎င်းက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ တိုင်းဦးစီးမှူးဒေါက်တာ ညွန့်ဝေက ရေချို၊ ရေငန်
ငါးဥပဒေများ ပြဋ္ဌာန်းထားခြင်းသည် စည်းကမ်း ဖောက်ဖျက်သူများကို ဖော်ထုတ် အရေးယူရန်
ဖြစ်ကြောင်း ပြောသည်။

ငါးမဖမ်းရ ရာသီသတ်မှတ်ခြင်းခံရ သည့် တစ်ခုတည်းသောဒေသဖြစ်သော တနင်္သာရီတိုင်းဒေ
သကြီးအတွင်း ငါးဖမ်းကွက် ၅၂ ကွက်ရှိရာ အကွက် ၃၀ မှာ ငါးမဖမ်းရရာသီ သတ်မှတ်ချက်
တွင် ပါဝင်ခဲ့ခြင်းကြောင့် ရေလုပ်သားငယ်များ ငါးမဖမ်းရကာလအတွင်း အဆင်ပြေစေ ရန်အ
တွက် မြင်းကောင်ရေ ၂၅ ကောင် အောက်၊ လှေအရှည်ပေ ၃၀ အောက် စက်ဖြင့် မိရိုးဖလာ
ငါးဖမ်းလှေများကို ငါးရက်မှ ခုနစ်ရက်ကြား ငါးဖမ်းခွင့်ပြုခဲ့ ခြင်း ဖြစ်သည်။

"သတ်မှတ်ထားတဲ့အချိန်မှာတော့ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ ကမ်းနီးမှာ ၀င်ရောက်တာ
သက်သာပေမယ့် ငါး မဖမ်းရရာသီကုန်ဆုံးသွားတဲ့အချိန် မှာတော့ ကမ်းနီးမှာကမ်းဝေးရေ
ယာဉ် တွင်လာဖမ်းတာတွေ၊ လှေကြီးတွေက လှေငယ်တွေကို အနိုင်ကျင့်တာတွေ ဖြစ်လာ
တယ်။ ကမ်းဝေးလှေတွေရဲ့ စည်းကမ်းထိန်းသိမ်းရေးကို ခုထက်ပိုပြီး တင်းကျပ်ဖို့ လိုလာပြီ။
ကမ်းနီးရေလုပ် သားငယ်တွေရဲ့ဘ၀ လုံခြုံရေးအတွက် ကို ပိုပြီးဆောင်ရွက်ပေးသင့်တယ်" ဟု
ဒေါက်တာညွန့်ဝေက ပြောသည်။

ကမ်းနီးတွင် ထိုသို့ကမ်းဝေးရေယာဉ် များ ၀င်ရောက်ဖမ်းဆီးခြင်းဖြင့် ရေလုပ် သားငယ်တို့၏
ငါးဖမ်းကိရိယာများ ပျက်စီးစေသည့်အပြင် ကမ်းနီးပင်လယ် ပြင်ကြမ်းပြင်ကိုပါ ထိခိုက်စေနိုင်
ကြောင်း လည်း ၎င်းက ပြောသည်။

"တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ရော၊ ပြည်ထောင်စုအဆင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်
ကြီးဌာနအနေနဲ့ပါ စီမံချက် တွေရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန ကနေ ကမ်းနီးရေတိမ်
ပိုင်းအထိ စည်းကမ်း ကြပ်မတ်ပေးဖို့ ပြည်ထောင်စုအစိုးရ အဖွဲ့က ညွှန်ကြားထားတာတွေ
လည်း ရှိတယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင်ဒုဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြီးခဲ့ သည့် ငါးမဖမ်းရရာ
သီသုံးလကို တနင်္သာရီ တိုင်းတွင် သတ်မှတ်ခဲ့သော်လည်း အခြား ပြည်နယ်များတွင် ၀င်
ရောက်ဖမ်းဆီးနေ သောကြောင့် တစ်စိတ်တစ်ဒေသသာ အောင်မြင်မှုရရှိခဲ့ပြီး တနင်္သာရီတိုင်း
ဒေသကြီးတွင် တရွတ်ဆွဲငါးဖမ်းလုပ်ငန်း များမှာ မပြုလုပ်သင့်တော့ကြောင်း ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ကမ်းဝေးငါးဖမ်းရေလုပ်သား ၄၂,၄၄၆ ဦး နှင့် ကမ်းဝေးငါးဖမ်း
ရေယာဉ် ၁,၁၁၉ စင်းရှိ ပြီး ကမ်းနီးရေလုပ်သား ၁၇,၄၄၀ နှင့် ကမ်းနီးရေယာဉ် ၁၁,၆၁၈ စင်း
ရှိသည်။

မြန်မာနိုင်ငံရှိ ရေလုပ်ငန်းထွက်ကုန် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်မှာ တနင်္သာရီတိုင်းဒေသ
ကြီးမှ ထွက်ရှိခြင်း ဖြစ်ပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန်စုစုပေါင်းတန်ဖိုး အမေ
ရိကန်ဒေါ်လာ ၁၄၁ သန်းခန့်တင်ပို့ နိုင်ခဲ့သည်။

0 comments:

Post a Comment