Saturday, November 10, 2012

ထားဝယ်မှာ ကလုံးထာရွာသူရွာသားများ နိုင်ငံတော်သမ္မတထံသို့ ကန့်ကွက်လွှာပေးပို့ခဲ့

http://burmese.monnews.org/?p=5781


လွတ်လပ်သောမွန်သတင်းအေဂျင်စီ- တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ 
 ကလုံးထာကျေးရွာအနီးတည်ဆောက်မည့် ရေကာတာစီမံကိန်းကြောင့် ရေမြုပ်ဧရိယာခံရမည့် ဒေသခံရွာသူ ရွာသားများက ယခုနိုဝင်ဘာလဆန်းပိုင်းတွင် နိုင်ငံတော်သမ္မတထံသို့ ကန့်ကွက်လွှာ တစ်စောင်ပေးပို့ခဲ့သည်။

ကလုံးထာရေကာတာတည်ဆောက်ပါက ရွာနှင့်နှစ်မိုင်ခန့်ကွာဝေးသည့် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်အတွက် ၎င်းကျေးရွာသည် ရေမြုပ်ဧရိယာတွင် ပါဝင်နေပြီး အီတာလျံထိုင်း ကုမ္မဏီမှ ပြောင်းရွှေ့ပေးရန်အဆိုပြုသည့်အပေါ် ရွာသူရွာသားများက မပြောင်းရွှေ့လိုကြောင်း နိုင်ငံတော်သမ္မတထံသို့ အသနားခံစာပေးပို့ရခြင်းဖြစ်သည်။

ဒီရေကာတာစီမံကိန်းကို တည်ဆောက်လို့ရှိရင် ဘုန်းဘုန်းတို့ရဲ့ကျေးရွာကဧရိယာမှာ ရှိတဲ့ စေတီ ပုထိုး တွေ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေ ရေနစ်မြုပ်သွားမယ် အားလုံးပျက်စီးသွားမှာပေါ့၊ အဲဒါကြောင့်သူတို့က ပေးပြောင်းရွှေ့ခိုင်းလဲ ဘုန်းဘုန်းတို့က လုံးဝကိုမပြောင်းဘူး။ ဟုကလုံးထာ ကျေးရွာ ဆရာတော်က မိန့်ကြားသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့တွင် အီတာလျံထိုင်းကုမ္ပဏီတာဝန်ရှိသူများက ရွာသားများနှင့် တွေ့ဆုံရာတွင် ကျေးရွာမှ ပြောင်းရွေ့ပေးရန် တိုက်တွန်းပြောဆိုခဲ့သော်လည်း မည်သူမျှ မပြောင်းလို ကြောင်း ဆန္ဒထုတ်ဖော်မှုဖြစ်ပွားခဲ့ဖူးသည်။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ထားဝယ်အထူးစီးပွားရေးဇုန်လုပ်ငန်း အထောက်အကူပြုအဖွဲ့ဥက္ကဌ ဦးတင်မောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အီတာလျံထိုင်းကုမ္မဏီတာဝန်ရှိသူများက(၅)ကြိမ်တိုင်တိုင်လာရောက်၍ ရေကာတာစီမံကိန်း ဆောင်ရွက်မှု နှင့်ပြောင်းရွှေ့ရန်သဘောတူကြောင်းလက်မှတ်ရေးထိုးသည့် ပုံစံများဝေငှသော်လည်း တစ်ဦးတစ်ယောက်မှ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပေ။

ကလုံးထာဆရာတော်က ရွာဧရိယာကနေ နှစ်မိုင်ခန့်ဝေးတဲ့တစ်နေရာကို ရွှေ့ပြောင်းခိုင်းတယ်၊ နစ်နာကြေားရောပေးမယ်လို့တာဝန်ရှိသူတွေကပြောတယ်၊ ရွာသားတွေအနေနဲ့လျော်ကြေးလဲ မယူဘူး၊ ပြောင်းလဲမပြောင်းဘူး ဟုဆက်လက်မိန့်ကြားသည်။

ထိုဥယျာဉ်ခြံမြေမျာသည် မိဘဘိုးဘွားများလက်ထက်အက်ဆက်က ပြုစုပျိုးထောင်လာခဲ့သော ဥယျာဉ်ခြံမြေများဖြစ်ပြီး ယခုအခါ အကျိုးအမြတ်ရရှိစပြုလာသည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ် သည်။
ကလုံးထာကျေးရွာသည် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စုတွင်ပါဝင်ပြီး လက်ရှိတွင်အိမ်ခြေ ၁၈၂ အိမ်၊ လူဦးရေ ၁၀၀၀ ကျော်နှင့် စိုက်ပျိုးမြေဧရိယာ ၉၂၄၀ ဧကရှိသည်ဟု သိရသည်။ 

ဒေသခံရွာသူရွာသားများက ဥယျာဉ်ခြံမြေလုပ်ငန်းနှင့် တောတွင်းမှ သဘာဝအတိုင်း ရရှိသော ဖာလာ၊ ဓညင်း၊ ဝဥ စသောသီးနှံများကိုအမှီပြု၍ အဓိကအသက်မွေးဝမ်းကြောင်း ပြုကြသူများဖြစ်ကြသည်။

0 comments:

Post a Comment